Sunday, June 09, 2013

I won't fall down again on 3rd mistake ...

သတိရခြင်း အလျား....
ကျမ မောင်ကလေး တစ်ယောက်ရဲ့ စကား..
ခဏ ငှား သုံးပါရစေ..
ခွင့် ပြုပါ..  မောင်လေး ရေ..
......

ပေါ်လူးရှင်း အမြင့်လွန်လာတဲ့ ညှီစို့စို့ မြို့ပြ ညနေခင်းများ....
အနားယူ အိပ် စက်ခဲ့ပုံမရတဲ့ .. အနာတရ နံနက်ခင်းများ...
အပြင်မှာ...
အမွှေးရနံ့ .. ချွေး ရနံ့ .. စပယ်ရနံ့ .ချဉ်စူးစူးနံ့ ရနံ့များစွာ နေ့လည်ခင်းများ...

အေးခြင်း အတုအယောင် နဲ့ အခန်းကျဉ်း ကလေး ကတော့ ..
အနီ ရောင် နှင်းဆီ ပွင့်တွေနဲ့ ခေါင်းအုံး ကလေး တစ်လုံးကို အဖော်ပြု..
ခန်းဆီး ၀ါဝါ ထူထူ တွေ ရဲ့ နောက်ကွယ် မှာ.. 
လွမ်း ဆွတ်မှု တွေ နဲ့ စွတ်စို.. မှုန်မှိုင်း...

ဖုန်းခေါ် သံ တိတ်ဆိတ် တဲ့ ည ဟာ ..
ဒဏ်ရာ ရ ကျား တစ်ကောင် ရဲ့ ငြီးငြူ သံ နဲ့ ကြေ ကွဲ တိတ်ဆိတ်..
ညဥ့် က နက်လွန်း တယ်.. စက္ကန့်တွေ ရှည်လျားတယ်
အတိတ် က နီး လွန်းတယ်... အနာဂတ်က မှုန်လွန်း တယ်..
ကံကြမ္မာက ခါးသီး တယ်.. 
သူမ ရဲ့ နောင်တ တွေ ဟာ..
ရေတံခွန်တွေ ကို ရပ်တန့် ဖို့ မစွမ်းဆောင် နိုင်ခဲ့...

I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...

ဥာဏ်စဉ် ကို .. သတိနဲ့ ယှဉ်ကပ်ထား..
ဒီ အမှတ် ..မှတ်နေရ တာနဲ့ ကို.. သတိမရ ဖို့ ဆိုတာ မတတ်သာ ခဲ့...
နာ စရာ တွေ ရှာကြံ တွေးထား.. ဟိုနား.. ဒီနား မှာ..
ငါ .. မုန်း တီး တဲ့ .. ဆေး လိပ် ငွေ့ ..
ငါ မနှစ်မြို့ တဲ့..  ရီ ဝေ သော.. မျက် ၀န်းများ နဲ့.. ချဉ် တူး တူးး ရနံ့ တွေ...
ကန့်လန့်ကာ တစ်ချပ် နောက်ကွယ် က
ကျမ မသိနိုင်တဲ့ သူ့ day schedule များ...  သူ့ night schedule များ...
ဒီလောက် မကြိုက်တာတွေ များတဲ့ အထဲ
အဝေး ကို ပြေးထွက် ကာမှ... ဘာ ကမှ ဆောင့် မဆွဲ ပဲ.. အနီးဆုံး ပြန်ပြန် ရောက်..
ကျမလေ .. တကယ် ပဲ ဂုဏ် တွေ မောက်လိုက်ချင်ပါရဲ့ ..
ဘယ်လို မှ မစွမ်းသာ .. တော့ တဲ့ .. အဲဒိ ကစားကွင်း အလယ်..
နှစ်နှစ်သက်သက် ကြီး အလဲထိုး ခံ လိုက်ရတာနဲ့ တင်..
ရှည် လျား လွန်းပါ့ပေ့ တော့.. နေရာတကာ.. အဲဒီ သတိရ ခြင်း တွေ....

I won't fall down again on 3rd mistake ...
ပေါ်တစ်လှည့် ပျောက်တစ်လှည့်...
I won't fall down again on 3rd mistake ...
သေချာ လိုက်.. မသေချာ လိုက်..
I won't fall down again on 3rd mistake ...
ကျမ ဘာသာ ကျမ ကယ်တင်မှ ရမယ် ..
ကျမ .. ကျရှုံး သွား လို့ မဖြစ်ဖူး...
ကာလ ရှည်စွာ... စေ့ ရုံ ထားခဲ့သော.. တံခါး.. များ.............
နာကျင် စွာ..... ပြီး တော့... ... ... ...
ကျ..မ... ပိတ် လိုက် ... ပါ.... ရ ... စေ... တော့.......

WHATEVER & ANYWAY
I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...
I won't fall down again on 3rd mistake ...


မမသီရိ
၀၉ ဇွန် ၂၀၁၃


3 comments:

မိုးနတ်ကြယ်စင် said...

ကဗျာလာဖတ်သွားတယ် မ :)

Welcome said...

Fighting ... အားတင်းထား ... :)

Welcome said...

မမှားသော ရှေ့နေ ၊
မသေသော ဆေးသမား ၊
ယူ-၁၆ မကြိုက်တဲ့ ဘဘ ၊
မရှိဘူး ... တဲ့

( မှားတတ်တာ ပြောပါတယ် )

လေးစားလျက်