Wednesday, January 02, 2013

ချစ် ညီမလေး

အချိန်တန်တော့လဲ
အတောင်စုံတော့လဲ
ဝေးဝေးပြေး မြင့်မြင့်ပျံ ..
လေဟုန် ကို ဆန်ချင်ရင် ဆန်..
လေစုန် မှာ.. ဟန် ချင်ရင် ဟန်...
ပါး မို့ မို့ ကလေး ပိုင် သူရှိခဲ့ပြီ...
ပန်းဆီ ရောင် ညနေခင်းတွေ ..
အလှ ဆုံး လှ ပါစေ ညီမလေး ...
အရုဏ် တွေ က .. အစွမ်း ကုန် ဖူးအာ..
ညီမလေး ဘ၀ သာယာ ပါစေ...

ချစ်ခြင်းများနဲ့ သာ .. ဖွဲ့သီ နှောင်တုပ် ..
မလှုပ် နှိုင်လဲ ရှိပစေ ..
ပျော်ရွှင် ခြင်းတွေ ကို.. အပိုင်သိမ်းဆည်း..
ဘ၀ ခရီး ဟာ... လင်းလက်စွာ ဖြောင့်ဖြူး စေ..

အခွင့်အခါ သာ ပေးခဲ့ရင်တော့ ..
အဲဒီ ပါး ဖောင်းဖောင်းကလေး..
သနပ်ခါး သွေး လူးပေးခွင့်...ရ မိချင် ပါသေး...
ချစ်သော ညီမလေး... ..။


အတောင်အလက်စုံခဲ့ပြီသော.. ချစ်ညီမလေး သို့

ချစ်သော မမ

မမသီရိ

၂ ဇန်န၀ါရီ ၂၀၁၃

4 comments:

ခင်လေး said...

မမမမမမမမမမမ----------

ခင်လေး-----------
စကားတွေအများကြီး ပြောချင်တယ်--
ကဗျာလေး အတွက်- :kiss ပါ မမ

<3 ချစ်တဲ့- ခင်လေး

မိုးနတ်ကြယ်စင် said...

ရေးထားတာလေးက ချစ်ခြင်းအပြည့်နဲ့ နူးညံ့လိုက်တာ
မရယ်...ညီမလေးတော့ မသိဘူး...မိုးနတ်ကတော့
အဲလို ကြင်နာတတ်တဲ့ အမတစ်ယောက်လိုချင်လိုက်တာ
နှစ်သစ်မှာ ပျော်ပါစေမ...:)
ချစ်တဲ့...မိုးနတ်

Anonymous said...

ချစ်ညီမလေး..
ကံကောင်းလိုက်တာ..း))

ွှThwin said...

ချစ်ခြင်းများနဲ့ သာ .. ဖွဲ့သီ နှောင်တုပ် ..
မလှုပ် နှိုင်လဲ ရှိပစေ ..
ပျော်ရွှင် ခြင်းတွေ ကို.. အပိုင်သိမ်းဆည်း..
ဘ၀ ခရီး ဟာ... လင်းလက်စွာ ဖြောင့်ဖြူး စေ..ဆိုတော့ အဲဒီညီမလေး ပေးတဲ့ ဆုနဲ့ ပြည့် ပါစေလို့ ...။