Wednesday, December 05, 2012

လေညှင်း.. လမင်း... နဲ့ ....

ဘေးနားက မီးပွင့် ကို ပိတ်ချလိုက်မှ ..
လ.  က .. ကဗျာ ဆန်စွာ လင်းခွင့်ရတော့တယ်.. ..

မနီးမဝေး တစ်ဖက် ကမ်း ...မှုန်လဲ့လဲ့ ရီ....
.ချွေချ တဲ့ လ ရောင် တွေ သောက်သုံးလို့
မြစ် ပြင် ပြေပြေပြစ်ပြစ် ကလေး ကျတော့ ..
ရွှေမှုန် မိတ်ကပ် တွေ နဲ့တဖျပ်ဖျပ် တောက်ပ....
လှလိုက်တာ ကွယ်.... 

နေ့လည်ဖက်မှာ ဆို ....
ရှားပါး တဲ့ လေနုလတ်ဆတ်ကလေး ..
ပုန်း ပုန်းနေတတ်တဲ့ လေနုလတ်ဆတ်ကလေး  ..
ခုမှ...    အပြေးလာ ဆော့မြှူ ..
ချစ်ချင်အောင်ကြူ နေတော့တာပဲ..
ပျောက်လိုက်တာ ကွာ..လို့ .. စိတ် တို ပြတော့....
ဟိုး.. လယ်ကွင်းတွေ ဆီ..
တောအုပ် ..အုပ်.. တောင် ညိုညိုတွေ ဆီ.. အလည် သွား ခဲ့ သတဲ့...
မြို့ပြ က သူ့ ကို မချစ်တော့ ဘူး လို့..  သူ အတွေး တွေ ၀င်....
မခုံမင်ကြမှတော့... သူက လဲ မချစ်ချင် တော့ဘူး ကို...

လေနုကလေး ရယ်... လမင်း ကို တို့တွေ ကြည့်ကြမယ်
သူ လင်း ခွင့် ရ သမျှ ပြည့် ပြည့် ၀၀ လင်း လို့..
ဘယ် သူ ရယ်.. ဘယ် ၀ါရယ် လို့.. သူ မရွေးချယ်..
ညီညီ မျှမျှ .. သူ့ အလင်းတွေ ချ ချ ပေး ..
ငါ တို့တွေ ငေး ကြရတာ.. သူ့ ရဲ့ ရင့်ကျက် မှု ပဲ မဟုတ်ဘူးလား ကွယ်..

ကျမ ကတော့ .. သူ့ ကိုချစ်တယ်..
လ ကွေးကွေး ကလေး .. လ ပြည့်ဝ ကလေး...
မိုးတိမ် တွေ ထူ တုန်းဆို.. ကျမ က လွမ်းရ..
နှင်းမှုန်တွေ သဲ တုန်းဆို.. ကျမ က လွမ်းရ..

(တယ် ဒီကလေးမ.. ထစ်ကနဲ ရှိ လွမ်း ရ.. ထစ်ကနဲ ရှိ.. ချစ်ရ...)
အဲသလို ဆူ မလို့လား.. ကွဲ့....
ကျမ ကတော့... လေညှင်းကလေး လဲ ချစ် ပါတယ်....။


မမသီရိ
၅ ဒီဇင်ဘာ ၂၀၁၂

2 comments:

လွင်ပြင်လှိုင်းငယ် said...

မနီးမဝေး တစ်ဖက် ကမ်း ...မှုန်လဲ့လဲ့ ရီ....
.ချွေချ တဲ့ လ ရောင် တွေ သောက်သုံးလို့
မြစ် ပြင် ပြေပြေပြစ်ပြစ် ကလေး ကျတော့ ..
ရွှေမှုန် မိတ်ကပ် တွေ နဲ့တဖျပ်ဖျပ် တောက်ပ....
လှလိုက်တာ ကွယ်....

စာသားတွေအရမ်းလှတယ် ။

အားပေးလျက်ပါ

Thwin said...

လေညှင်းလေးကို လည်း ချစ်လို့ ရပါတယ်...။ နှင်းမှုန်တွေကိုလည်း လွမ်းလို့ ရပါတယ်..။