Wednesday, April 25, 2012

မျက်နှာသစ်ချိန်

တွယ်ရာမဲ့တယ်လို့ မင်းခံစားမိတယ် ဆို..
တွယ်စရာ ရှိခဲ့ဖူးလို့ ပေါ့...  ဟုတ်ဘူးလား..

တွယ်စရာ ရှိခဲ့ပါလျှက် .. အတွယ် ရ ခက်တာမျိုး..
ကြုံဖူး သူမှ သိမယ် .....     ဘယ်သူ ကယ်တင်ချင်နေတာလဲ..

ငါ တို့ ကြင်ကြင် နာနာ နေထိုင်သွား ကြရ အောင်..
စကားဆိုတာမျိုးက ဖောင်အောင်ပြောတိုင်း ကောင်းမယ် မထင်ပါနဲ့ ကွယ် ..
ငါ ဖျော် ပေးတဲ့ ကော်ဖီ ကို .. ကြိုးစား နှစ်သက် ကြည့်ပါလား..
ငါ့ ပန်းအိုး ကလေးတွေ အကြောင်း မချီးကျူးချင်ရင်တောင် မကောင်းမပြောနဲ့လား..
ငါ့ လက်ရေးတွေ မလှတာမှန်ပါတယ်.. ဒါပေမဲ့..
ငါ့ ပန်းချီကား တွေ နှစ်သက်သူတွေ အတွက် ကြည်နူးပေးရင် ဘယ်လောက်ကောင်းမလဲ..
ငါ့ ရဲ့ ည တွေ က ငါ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြာနေတတ် တာမျိုး မုန်းပါရစေ..
ကြယ်စင် တွေ တောက်ပ ပါ.. လမင်း က  ၀င်းပ ပါ.. လေပြေ က လတ်ဆတ်ပါ
ငါ့ နေ့ တွေ ကို.. ငါ ခင်း ချင် တဲ့ ပန်းတွေ နဲ့ ခင်း ခွင့် .. ငါ မရ သင့် ဘူးလို့  မင်း ထင်သလား...


နေ့ ပေါင်းများ စွာ.... ငါ့ ရဲ့ မျက်နှာသစ်ချိန် ကလေး က သာ..  ငါ အမှန် တကယ် ပိုင်ဆိုင် တဲ့ အရာ.... ။

မမသီရိ
၂၅ ဧပြီ ၂၀၁၂

3 comments:

လေပြေချို said...

ကဗျာလေးက ကောင်ပါတယ်နော်..အားပေးသွားပါတယ် :)))

သိင်္ဂါကျော် said...

ထုံးစံအတိုင်း ကဗျာကလေးက ချစ်စရာကောင်းတယ်..
စကားမစပ် အရင်ကဗျာတုန်းက အမှားပြင်ပေးတာ မဟုတ်ပါဘူး.. ကိုယ် ကြိုက်တဲ့ အပိုဒ်ကလေးကို ရေးလိုက်တာ.. :)

လေပြေချို said...

လာလည်ရင်း ကဗျာတွေကို အားပေးသွားပါတယ်နော်:)))