Sunday, April 15, 2012

ပိတောက်လို မချစ် တစ်ယောက်ကို ချစ်တဲ့ အချစ်တွေ..

ပိတောက်..
 မြှောက်လို့လဲ မရ..
ချောက်လို့လဲ မကျ..
မိုးဖွဲ ကလေးနဲ့ သူ ပွင့်ချင်တဲ့ ရက်
သူ ကိုယ်တိုင် တွက်ချက် ...
အချိန် နဲ့ အခါ နဲ့
စည်းနဲ့ ကမ်းနဲ့ .. ပွင့် မဲ့ အရေး...
ဟိတ်ဟန်တွေ တစ်ပုံ  တစ်ထွေး ..

အချစ်..
အခွင့်အရေး ပေးပေး မပေးပေး..
မင်း ကို ချစ်တဲ့ အတွေး..
စက္ကန့် ကလေး မိနစ်ကလေး..
နေ့ ကလေး ည ကလေး
မိုး ကလေး နွေ ကလေး..
ပိတောက်လို ရက်ရွေးမနေတော့ဘူး
ရာသီ တိုင်းမှာ ချစ်ပါရစေ....။


မမသီရိ
၁၄.၄.၂၀၁၂

1 comment:

လင်းဒီပ said...

ဖတ်လို့မရတော့ဘူးဗျ ။ သစ်ရွက်တွေ အ၇မ်းများနေလို့ ။ လှည်းကျင်းပေးပါဦး :D