Thursday, April 05, 2012

အနောက်ဖက် ကမ်းခြေ အလွမ်းများ

ကျော အောက်က အထိ အတွေ့လေးက သိမ်မွေ့ နူးညံ့လွန်းတယ်
သဲ မှုန်တွေ မွ အိ
ကောင်းကင်ပေါ်မှာတော့ ကြယ်စင်တွေ ထောင်သောင်းမက ..
ဒီမှာ အုံးလက် စိပ်စိပ် တွေ မရှိဘူး..
ငါ အမည် မမှည့်တတ် တဲ့ အပင် ပု ကလေး တချို့သာ ငြိမ်ငြိမ် ကလေး ၀ပ်လို့..
ငါ ရှုရှိုက်ရတဲ့လေ.. ချို တယ် လို့ မတွေး မိတာ တော်တော် ကြာခဲ့ပြီ.. 
မင်း ပါး က သနပ်ခါး ဘဲ ကျားကလေး လွမ်း တယ် .. လုံမ
ထိ တွေ့ ခွင့် မရခဲ့ တာ.. ကာလတွေ ဘယ်လောက် ကြာပြီလဲ ..
နီးမယ် လို့ ယုံကြည်ချက် ကို ယုံ ကြည့် ရင်းနဲ့ဝေးခဲ့ ရတာ...
အချိန်တွေ နှောင်း .. ရာသီ တွေ ပြောင်း ..
ခေတ်တွေ က လိုက်ပြောင်း ဖို့ ပဲ လိုတယ် လို့  ငါ ပို့ လိုက်တဲ့ စာ ..
စံပယ်ဖူးကလေး တွေ ဆက်ချစ်ပါ လုံမ ရေ..
အမေ့အိမ် နားက ပိတောက်ပင် ကြီး ရော ကျန်းကျန်းမာမာ ရှိရဲ့လား..
ငါ့ စိတ်ကူးထဲမှာ တော့ သင်္ကြန် သံချပ်တွေ တလှေကြီး ပေါ့...
ရွာ လယ် လမ်းကလေး မှာ ဖုံ တွေ ထူတုန်း ပဲ ထင်ရဲ့...
ငါ့ ကဗျာစာအုပ်ကလေးတွေ ဖုံ သုတ်ထားပေးပါ လုံမ..
ငါ့ ဂစ်တာ အိုအို ကလေး လဲ ဂရုစိုက်ပေးပါ..
ဟို အလတ်ကောင် .. ယူတီး ပြီး သေချာ သိမ်း ဖို့ ပြောပေးအုံး..
ငါ ပြန်လာတဲ့ အခါ................
    ငါ ပြန်လာတဲ့ အခါ...............

ငါ့ မျက်လုံး တွေ လေးလံ နေပြီ.. လုံမ....

မင်း နံနက်ခင်းတွေ သာယာ ပါစေ........
အိပ်မက် ကလေးတွေ လှ ခဲ့ ရဲ့လား.........။

မမသီရိ
၅.၄.၂၀၁၂


3 comments:

သိင်္ဂါကျော် said...

ငါ ရှုရှိုက်ရတဲ့ လေ.. ချို တယ် လို့ မတွေး မိတာ တော်တော် ကြာခဲ့ပြီ..
အမေ့အိမ် နား ပိတောက်ပင် ကြီး ရော ကျန်းကျန်းမာမာ ရှိရဲ့လား..
:)

မမသီရိ said...

ကျေးဇူးပါ မသိင်္ဂါ ရေ
ဝါ ကျတွေ ပြင်လိုက်ပါတယ်..
သုတ်သုတ် သုတ်သုတ်နဲ့ ရေးရတာမို့လို့ တကြောင်း
မစေ့စပ်တာက တကြောင်း..း)

Anonymous said...

ဖတ်ရတဲ့စာသားတိုင်းသဘောကျနှစ်ခြိုက်တယ်