Wednesday, November 16, 2011

အရည်မရ အဖတ်မရ ကဗျာ

ကြားရ တာတွေ အရည်မရ အဖတ်မရ..
မြင်ရတာတွေ အရည်မရ အဖတ်မရ


အရည်မရ အဖတ်မရ စကား
အရည်မရ အဖတ်မရ ကဗျာ
အရည်မရ အဖတ်မရ .. စာတမ်းများ
အရည်မရ အဖတ်မရ.. လမ်း မထက်မှာ..
လေဖမ်း ငါးချဉ်သုတ် အကြင်နာ
လေပွား လေယား caring
အရည်မရ အဖတ်မရ အချစ်တွေ နဲ့
အရည်မရ အဖတ်မရ အဟုတ်ကြီး မှတ်
အရည် မရ အဖတ်မရ ဟေးလား ၀ါးလား..
အရည်မရ အဖတ် မရ ကုန်လွန်သွား မှာ သိနေရက်..
အရည်မရ အဖတ်မရ အချိန်တွေ ဖြုန်း
အရည်မရ မဖတ်မရ.. လပ်လျား လပ်လျား
ကိုယ့်ထမင်း ကိုယ်စား .. လူတကာ မျက်စိစပါးမွေး စူးအောင် လမ်းသလား
ဟီရိ နဲ့ သြတ္တပ  အရည်မရ အဖတ်မရ ဖြစ်သွား


တကယ်ဆို..
တွေးနေမိတာကိုက အရည်မရ အဖတ် မရ ပါလား..
ငါ့ အရည်မရ အဖတ်မရ .. ကဗျာ...



မမသီရိ
၁၆ နိုဝင်ဘာ ၂၀၁၁

2 comments:

Anonymous said...

မမသီရိရေ
ကဗျာဆိုတာ ခေတ်ရဲ့ ပဲ့တင်သံလို့ ဆက်ရေးချင်နေတာ


မအယ်

Anonymous said...

အရည်မရ..အဖတ်မရကဗျာပေမယ့်
ဖတ်တဲ့သူအတွက်..
အရည်ရော.အဖတ်ပါ..ကျန်သွားတယ်း)
ကိုယ်တိုင်လည်း.အရည်မရအဖတ်မရသူတစ်ဦးပါလေ
လေးစားလျှက်
မိစံ