Friday, January 21, 2011

ငါ့ရဲ့ကဗျာဆရာလေး (၂)

ကဗျာ ဆရာ ဆိုတာ
မာယာ တွေ များတယ် တဲ့
ငါ့ရဲ့ ကဗျာ ဆရာ ကလေးရေ... ..

စကားလုံးတွေ လှအောင်ဖွဲ့
လူတွေရဲ့ နှလုံးသား ကို ဖြားယောင်း
အသုံး အနှုန်း အဟောင်း တွေ တောင် ပြောင်လို့ လက်လို့လင်း
ကဗျာ ဆရာ ရဲ့ ကဗျာ အတွင်းမှာ..

သူများတွေတော့ မသိ
မင့် နှလုံးသားလေးပဲ ကွက်ကြည့်မိတဲ့ ကျမ
အနက်ရှိုင်းဆုံး တူးဆွ
မင်း ရဲ့ ကာရံတွေမှာ ပဲ အလဲလဲ အကွဲကွဲ..

မင်း ရဲ့ ရေကြည်အိုင်လေးထဲ
ကျမ နှစ်လိုစွာ ကူးခပ် ဆဲ

မင်း ဥယာဉ် လေးထဲ
ကျမ ခုံမင်စွာ ပျံ ၀ဲ ဆဲ

မင်း ရဲ့ အိမ်လေး ထဲ
ကျမ ကြည်နူးစွာ အိပ်စက်ဆဲ..

မင်း စိတ်ကူးပုံရိပ်တွေ ထဲ
ကျမ ရှိနေတယ် ဆိုတာ ယုံကြည်မြဲ..

မင်းရဲ့ နှလုံးသားထဲ..
ကျမရှိနေတယ်လို့ ယုံကြည်ဆဲ..

မင်းရဲ့ ကဗျာတွေ ထဲ
ကျမ ရှိနေတယ် လို့ သေချာဆဲ..

မာယာများတယ် ဆိုတဲ့ လူတွေ ရဲ့စကား..
ကျမ သိမ်းမထားပါဘူး ကွဲ့ ကျမ ရဲ့ ကဗျာ ဆရာလေး ရေ.....


မင်းကသာ ချိုတယ်ပြော
ပင်လယ် ရေ က ဆားကြောတွေ အကြောင်း ကျမ ငြင်းမှာမို့...
ညာချင်ရင်တောင် ညာလိုက်ပါအုံးကွဲ့..
အချစ်ကြောင့်ပဲလား...... 
မောင့် ကဗျာတွေ .... ကျမ ကတော့ ဆက် ယုံချင်...။

မမသီရိ

2 comments:

မိုးယံ said...

အချစ်စိတ်နဲ့ ပဲ ဆက်ယုံလိုက်ပါ မမသိရိ ရယ်။

ကဗျာ ဆိုတာတော့ အတွေးအခေါ်တွေ ခံစားချက်တွေ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ အနုပညာလို့ပဲ မြင်ပါတယ်ဗျာ။

zue said...

ချစ်ရင် အပြစ်မမြင်တော့ဘူးတဲ့..
အပြစ်မြင်နေရင် ဘယ်ချစ်လို့ ရပါ့မလဲနော် ...း)