Wednesday, January 19, 2011

အစိမ်းရောင်

ခုတလော
လမှာ အစိမ်းရောင်အလင်းတန်းတွေစီးနေတယ်လို့..
မီဒီယာတွေ ကအဆက်မပြတ် ကြေငြာချက် ထွက်နေတဲ့ ရက်တွေ မှာ..

ညက ဆွေ့ဆွေ့ ခုန်အောင်လင်းနေတဲ့ လပြည့်ချိန်

သူက..
အမှတ်သည်းခြေ ကို မရှိဘူးလို့..
ပုဏ္ဍရိတ်ပန်းတွေ က အချင်းချင်း အတင်းစကားပြောကြတယ်..


ဆောင်းခို ငှက်တွေ တစီတတန်းကြီး ကတော့

သတင်းစကား ပါးလိုက်သလား မေးမှာစိုးလို့ ထင်ပါ့
ခေါင်း ကို ယို့ .. ဟိုး မြင့်မြင့်ကပဲ ပျံ..

အချစ်ဆိုတာ ဦးတာ နှောင်းတာ နဲ့ ဆိုင်သလား..
ကာလ အတို အရှည်တွေ နဲ့ ဆိုင်သလား
ကြည့်ပျော် ရှုပျော် ရှိတာ မရှိတာ နဲ့ ပတ်သက်သလား..
အသံချိုတာ မချိုတာနဲ့ အချိုးကျသလား
နီးတာ ဝေးတာ နဲ့ ရော ထိစပ်နေသလား..

အကောင်အထည် ပြစရာ မရှိပါဘူး ဆိုပါမှ..

မှော်ဝင်နေတဲ့ နှင်းတွေ က
လှောင်ပြောင်ရီမော သောသော ညံ လို့....
ဆောင်တော်ကူး အရွက် မှောင်မှောင်တွေတောင်
အမှောင်ရိပ်ထဲ နှင်းစက်ကြောင့် လက်လက်ပြောင်..
သူတို့ကတော့ ပြောအား ရှိပေမပေါ့..
ညရီ မိုးချုပ်တာနဲ့ မွှေးချင်တိုင်းမွှေးခွင့်ရတာကို.. 


အလွမ်းတွေ နဲ့ ပဲ ခဏခဏ ခြေချုပ်မိနေသူ..
အကြောင်းမဲ့ အကျိုး မဲ့
လှိုက်ကနဲ လှိုက်ကနဲ
ချစ်ချင် သလို ချစ်လို့ရတာ မဟုတ်ပဲ နဲ့
ရင်ထဲ က သိမ့်သိမ့် တုန်တဲ့ထိ ချစ်နေမိ သူကလေး..

လရောင်က ချို
နှင်းတွေက စို..
သူမကလေး အလွမ်းတွေ နဲ့ ပဲ ငို...........။



မမသီရိ

3 comments:

kiki said...

{ လရောင်က ချို
နှင်းတွေက စို..
သူမကလေး အလွမ်းတွေ နဲ့ ပဲ ငို..... }

သနားပါတယ် ။
ကိုယ်ပိုင်အလင်းရောင် မရှိတဲ့လ မှာ ဘယ်က အစိမ်းရောင် အလင်းတန်းတွေ ထွက်နေတာလဲ ဟင်။ ကမ္ဘာကြီး တကယ်ပျက်တော့မှာလား..လို့  ဟင့်..

ကိကိ

သိင်္ဂါကျော် said...

အလွမ်းတွေ နဲ့ ပဲ ခဏခဏ ခြေချုပ်မိနေသူ..
အကြောင်းမဲ့ အကျိုး မဲ့
လှိုက်ကနဲ လှိုက်ကနဲ
ချစ်ချင် သလို ချစ်လို့ရတာ မဟုတ်ပဲ နဲ့
ရင်ထဲ က သိမ့်သိမ့် တုန်တဲ့ထိ ချစ်နေမိ သူကလေး..

အချစ်ဆိုတာ သူ့အလိုလို ဖြစ်လာတဲ့ အရာပဲကိုးနော်..

မိုးခါး said...

ဒီနေ့တင်ပဲ ခပ်စိမ်းစိမ်း ကဗျာ၂ပုဒ် ဖတ်လိုက်ရတယ် ..း))