Thursday, August 19, 2010

ကျမရဲ့ သောင်မတင်ရေမကျကလေး

(((((ဟမ်))))
.....
ထားခဲ့ပါဆိုတော့လည်း
ပြည်လှည့်ပြန်လှည့် ကြည့်
မျက်ဝန်းမှာ သံယောဇဉ် အရိပ်အယာင်တွေ ရှိတယ်

လိုက်ခဲ့မယ်ဆိုတော့လဲ
ရှောင်ဖယ် ရှောင်ဖယ်ပုန်း
မပြုံးတတ် ပုံဖမ်း မုန်းချင်ယောင်ဆောင်တယ်

(((( အော် ))))
တွေးရကျပ်ပါဘိတော့..
မောင် .. မောင်.. မောင်.. ရဲ့...

လူသားပေါင်း သန်း ခြောက်ထောင်အလယ်..
လွယ်လွယ်နဲ့ ဆုံ ခဲ့ကြတာ မဟုတ်..
လွယ်လွယ် နဲ့ တွေ့ခဲ့ ကြတာ မဟုတ်...
လွယ်လွယ် နဲ့ ချစ်ခဲ့ရတာ မဟုတ်...
ကံတရား ရယ်..
ရေစက်ရယ် ဆိုတာ ရှိခဲ့တယ်...

ဆူးတွေ ငုတ်တွေ ရှိတယ်
လျှိုတွေ မြောင်တွေ ရှိတယ်...
နံရံတွေ တောင်တွေ မြင့်တယ်..
နွေမုန်းတိုင်း.. သဲနေတဲ့ ရက်တွေ မှာပဲ..
ကံ့ကော် ၀တ်ဆံတွေ တုတူ မွှေး..
အိုအေစစ် ရေကြည်အေးကို အတူတူဖော်..
တိမ်ပြာပြာတွေ အတူတူစီး...
လောကဓံ ဆိုတာတွေ ခါး ဆည်း ခံ...
ဒဏ်ရာ ဒဏ်ချက်တွေ နာကျင်နေပါလျှက်
ငို ခါငို.. ပြုံးခါပြုံး..ကုန်းရုန်း ဖြတ်သန်း လာခဲ့ကြရတာ..

ဇာတ်လမ်း အလယ် ရောက်ပြီးနေခါမှ...
အကျယ်ချဲ့တာတွေ လုပ်မနေပါနဲ့တော့
ကျမ ရဲ့ သောင်မတင်ရေမကျကလေး ရေ..

ကျမက ရိုးရိုးလေး ပဲ ပြောချင်တယ်..

ချစ်မှာလား ရှင်..ရဲရဲ ချစ်ပေါ့..
ထားမှာလား ရှင်.. ထားခဲံ့လိုက်တော့..
ထာခဲ့ မှာလား.. တကယ် ပြန်လှည့်မကြည့်နဲ့တော့ ရှင်....။

မမသီရိ
၁၅.၈.၂၀၁၀

5 comments:

Maung Myo said...

ချစ်မှာလား ရှင်..ရဲရဲ ချစ်ပေါ့..
ထားမှာလား ရှင်.. ထားခဲံ့လိုက်တော့..
ထာခဲ့ မှာလား.. တကယ် ပြန်လှည့်မကြည့်နဲ့တော့ ရှင်....။

တစ်ခါခါတော့ မိန်းမ တွေက ယောက်ျားတွေထက် အချစ်မှာ ပိုသတ်တိရှိကြတယ်နော့် ကဗျာလေးမှာ မိန်းမတစ်ယောက်ရဲ့ အချစ်ရဲရင့်မှုတွေကိုတွေ့လိုက်ရတယ်။

နွေဆူးလင်္ကာ said...

မြောင်းပေးတဲ့ ကဗျာပဲ ... ရေလာမလာတော့ မသိဘူးနော် ဟီးဟီး

လင်းဒီပ said...

လူသန်းများစွာထဲက ဒီလိုဆုံကြဖို့ ဒီလိုအခြေအနေပေးဖို့ဆိုတာ...။

ရွှေရတုမှတ်တမ်း said...

ပန်းလေး....
နေကောင်းရဲ့လား..
အကိုကြီး

သုခုမလေဒီ said...

မမသီရိ သူကမပြတ်သားတာလား..
ကဗျာလေးခံစားဖတ်သွားတယ်။
အဆင်ပြေပျော်ရွှင်ပါစေ မမသီရိ။