Monday, August 23, 2010

မြီရှင်

ရှုံးမယ် မြတ်မယ်လို့ မသေချာ..
ရှုံး ဟယ် မြတ်ဟယ်လို့ လဲ မမျှော်ကိုး..
မေတ္တာကိုသာ တနင့်တပိုး ရင်းနှီးခဲ့ခြင်းမျိုးပါ့..

တိုးပွားလာခဲ့တာတွေကတော့..
အလွမ်းချင်းများ..

အတိုးတွေ ရော..
အရင်းတွေရော...
နေ့ပြန်တိုး ညပြန်တိုး.. ညပြန်တိုး နေ့ပြန်တိုး...
ဆထက်ထမ်းပိုး.. တိုးပြီးရင်းနဲ့ တိုးနေခဲ့..
ရာသီရဲ့ ဘဏ္ဍတော်တိုက်တွေမှာ....

ပြန်တောင်းလို့သာ ရ . ရ စတမ်းဆို..

ကျမရဲ့ ချစ်သူလေး ... မောင်...
ဒီသံသရာ ကိုလှည့်ပြန်ပြီး ပြေးလို့ဆုံးအောင် ဆပ် ပါ လဲ
အရင်းသော်မှ.. ကျေဖွယ်မမြင် ..

ကဲ... ပြောခဲ့ကြစမ်းပါအုံး ရှင်တို့ရယ်...
အချစ်မြီရှင် ဖြစ်ခဲ့တဲ့ ကျမ

သူ့ဆီက အကြွေးတွေ ပြန်တောင်းရမလား ရယ်လို့...။

မမသီ၇ိ
15.8.2010

5 comments:

နွေဆူးလင်္ကာ said...

အဲဒါပေါ့ဗျ ... ကြွေးယူပြုံးပြုံး တောင်းတော့ မုန်းဆိုတာ ..

လင်းဒီပ said...

ကြွေးယူပြုံးပြုံး တောင်းတော့မုန်း
မဆုံးသော်လည်း အချစ် ပျက်၏ :P

မောင်မျိုး said...

အကြွေးမရရင် ဂျပန်ခေတ်က ချစ်တီးတွေလို လူသိမ်းလိုက်း)

သုခုမလေဒီ said...

အကြွေးဆိုတာ မထားကောင်းဘူး မမသီရိ..
အဆင်ပြေပျော်ရွှင်နိုင်ပါစေ...

ချစ်ကြည်အေး said...

အချစ်ကြွေးတွေ...အချစ်ကြွေးတွေ...အဲဒါတွေကို
အဆုံးလို့သာ မှတ်ထားလိုက် မမရေ...ဒါမှ စိတ်ချမ်းသာမယ်....:)