Friday, August 13, 2010

အတွင်းကြေ

တကယ်တော့...
ပင်လယ်ကမ်းစပ်က လေနုအေး ရယ်
တောင်တန်းတွေပေါ်က လေပြေလေးရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
လတ်ဆတ်ခြင်းကတော့ အတူတူပါပဲ...

ပြီးတော့..
အိုအေစစ်ထဲက စမ်းရေအေးရယ်
ရိုးမပေါ်က စိမ့်ရေလေးရယ်
ဘာများကွာခြားလို့လဲ ကွယ်
ကြည်လင်ခြင်းကတော့ အတူတူ ပါပဲ

ကြည့်လိုက်အုံး...
ဆာဟာရက နှင်းဆီ ပွင့်ရယ်..
ဥရောပ က နှင်းဆီ ပွင့်ရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်..
မွှေးပျံ့ ရနံ့ က အတူတူ ပါပဲ...

တွေးကြည့်လိုက်တော့..
အချစ်ပုခုံး ပေါ်က လရောင်ရိပ်ရယ်..

အချစ်ပါးပေါ်က ရှက်ပြုံးလေးရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်...
ကြည့်နူးမှု ကတော့ တူခဲ့တာပဲ

အတူတူပါပဲ..
အာကာအစွန်အဖျားနားက တိမ်နုနုလေး တဆုပ်ရယ်
မှန်ပြတင်းတံခါး တခုနောက် ချစ်သူ့ အရိပ်ကလေးရယ်
ဘာများကွာခြားလို့လဲကွယ်
ထိတွေ့ ထွေးပွေ့ လို့မှ မရနိုင်တာပဲ..

ဒီလိုနဲ့ပဲ ..
မှိတ်ထားတဲ့ မျက်လုံးပေါ်က အိပ်မက်ကလေးရယ်
ပျော်စရာ ကောင်းတဲ့ အတိတ်ဘ၀ ဆိုတာရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
ဖမ်းယူ ဆုပ်ကိုင်လို့မှ မရနိုင်တာပဲ..

ရင်ထဲမှာ..
နာကျင် လွမ်းဆွတ်မှုတွေ နဲ့ ကြေကွဲနေပါတယ် အချစ်ရယ်.....။


မမသီရိ

4 comments:

လင်းဒီပ said...

အစ်မ မိုက်တယ် ။ စာသား အသွားလေးတွေ..။
ဒါပေမယ့် ခေါင်းစဉ် သိပ် မကြိုက် ။ ရိုးနေတယ် ။

သုခုမလေဒီ said...

ကဗျာလေးလာခံစားသွားတယ် မသီရိ..

လင်းဒီပ said...

အစ်မ ဆောရီးနော် ... ခံစားမိသလို ပြောလိုက်တာ ခေါင်းစဉ် ပြန်ပြောင်းထားတာ တွေ့လို့ .. :)

Unknown said...

မမသီရိ ကြေကွဲနေသည်