Saturday, July 24, 2010

ဘာအကူအညီမှ မလို

စာစောင်တွေပေါ်
နေးလ် အတ်တ် (Nail Art) တွေ တွေ့တော့မှ
အော- လက်သည်းလေးတွေ ပြင်အုံးမှ လို့ တွေးမိ...

လှတ ပတ ကြွနေတဲ့
ကောင်မလေးတွေ မြင်မိ မှ
ငါ လဲ.. အလှပြင်ဆိုင် သွား အုံးမှ လို့ တွေးမိ

ကက်သရင်းဇီတာဂျူံး
ပြုံးနေတာ တွေ့တော့မှ
အော်.. အလှအပ တွေ ထိမ်း အုံးမှလေ.. လို့ စဉ်းစား မိ


ရေကူးဝတ်စုံ နဲ့
မော်ဒယ်လေးတွေ တွေ့တော့မှ
ခါး က အဆီ ပိုတွေ လျှော့အုံးမှ လို့ တွေး မိ

ကြော်လှော် ချက်ပြုတ်နံ့တွေ ရတော့မှ
တခုခု တော့ စားအုံးမှ ပဲလေ လို့ သတိရမိ

ပန်းရနံ့ တချို့
နှာခေါင်းနား လာတို့ တော့မှ
ရေမွှေးလေး တပုလင်းလောက် ၀ယ်အုံးမှ လို့ စဉ်းစားမိ..

ဘုရားကျောင်းဖက်ဆီက
ခေါင်းလောင်းသံတွေ ကြားမိမှ
အော်.. ဘုရား တရားလေးတော့ လုပ်အုံးမှ လို့ တွေးမိ

အဲသလောက်ထိ မှိုင်းမိမှုန်မှုန်ဝေနေခဲ့ပြီး မှ...
သူ့ ကို့ လွမ်းဖို့ အရေးကျတော့..
ဘာပဲ လုပ်လုပ် မလုပ်လုပ်
သတိရခြင်း သံပတ်တွေ တင်းနေတဲ့
တမ်းတ ဆွတ်ပျံ့ ခြင်းတွေ ပြည့်နှက်နေတဲ့ ရင်အုံ တအုံက..

ဘာကိုမှ
မြင်စရာ မလို..
ကြားစရာ မလို..
မွှေးစရာ မလို ..
ထိတွေ့ စရာ မလို..
အချိန်မရွေး
နေရာမရွေး
ရာသီမရွေး..
သူ့ ကိုချစ်ခြင်း တွေ နဲ့.သာ. လျှံ လျှံ စိမ်း စိမ်းစို........။


မမသီရိ

10 comments:

Anonymous said...

မမသီရိရေးမှပဲ ကိုယ့်ချစ်သူကို ကိုယ်သတိရဖို့ သတိရမိတယ်။:))

မအယ်

Nge Naing said...

ကျွန်မလည်း ချစ်သူသာ မရှိဖူးပေမဲ့ သက်ရှိသက်မဲ့ ဘာမဆို လွမ်းတတ်တဲ့ အလွမ်းဓါတ်ခံ ရှိပါတယ်။ မမသီရိ အလွမ်းတွေ အလွမ်းတွေ အဆုံးသတ်နိုင်ပါစေ။

နွေဆူးလင်္ကာ said...

ကျနော်နဲ့တူတယ် အမြဲတမ်း လွမ်းနေတာလေ ..

ညလင်းအိမ် said...

အားပါးပါး ချစ်သူရှိတဲ့ သူတွေဆိုတော့ ပြောကြပေါ့ဗျာ ... အဟင်း ..း) ...

မမသီရိ ရေးလိုက်ရင်တော့လား ကဗျာတွေက ဖတ်လို့ကိုကောင်းတယ် ..

kaungkinpyar said...

အချိန် တိုင်းလွမ်းးးးး)

ခြေလှမ်းသစ် said...

ဒီအတွက်ကတော့ ဘူအကူမှ မလိုဘူးထင်တယ် ... မသီရိ ရဲ့ ရင်တွင်းဖြစ်လေးတွေက တကယ်ပဲ ....

Maung Myo said...

ဖြစ်ရလေ မမ ရယ် အဲဒီလောက်တောင်မှလား ...

လိုချင်လိုက်တာ အဲ့လိုချစ်သူလေးများတစ်ယောက်လောင်း)

လင်းဒီပ said...

အဲသလောက်တောင် ချစ်သတဲ့လား အစ်မရယ် :)

သုခုမလေဒီ said...

လွမ်းနေတာလား မမသီရိ..

မိုးခါး said...

လွန်ဒယ်ကွယ် .. မမသီရိတို့ကတော့ .. ဟွင်းးး ပြောချင်ဘူး .. :P :))