Sunday, July 04, 2010

မောင် ဂျီ

ယုံပါ ယုံပါ ဆိုတော့..
ယုံကို မယုံ ဘူး .တဲ့.... 

မယုံချင်လဲ နေကွာ.. ပြောတော့
ယုံချင်နေပြန်ရော ..ဆိုပဲ..


ယုံချင် ယုံ မယုံ ချင်နေ..လို့ ဘုတောမိတော့
မင်း က ဘာအချိုး ချိုးတာလဲ တဲ့..

ကဲ ..မခက်ပေဘူးလား..
မောင်.ဂျီ.. ကျမရဲ့ အချစ်တုံး ကလေးရယ်

ယုံချင် ယုံ မယုံချင်ရင်လဲ တကယ်နေပါတော့..

ရှင့် ကို ကျမ ချစ်တယ်....


မမသီရိ
၂၅.၆.၂၀၁၀

8 comments:

Maung Myo said...

အချစ်တုံးကလေး ရယ် တဲ့ စားလို့၇လား မမး)

ကောင်းကင်ပြာ said...

ယုံချင်ယုံ မယုံချင် နေ.....း)

kiki said...

ယုန်ပါတယ် မမရယ်..ယုန်ကင်ပေါ့ ...( ယုံ ချင် မှ ယုံ နော် .. ရွှေပြည်ကြီးမှာ မီးပြန် မှန်နေပြီ .. ဟိဟိ )
ဂျီသားလည်း စားကောင်းမယ် ထင်တယ် ....

ကိကိ ..

အိန္ဒြာ said...

မမသိရိရေ...

ကဗျာလေးဖတ်ပြီး ပြုံးနေမိပါတယ်..။
ချစ်စရာကောင်းအောင်ရေးတတ်လိုက်တာ..

မလုံမအတွက် ဆုတောင်းပေးသွားတာ ကျေးဇူးတင်ပါတယ်နော်...

ညလင်းအိမ် said...

မမသီရိက ရေးတတ်တယ်နော် ....

သုခုမလေဒီ said...

ဟားဟား မိုက်တယ် မမသီရိကဗျာလေး ။ မောင်ဂျီလေးက ဘာတဲ့လဲး)))

ရွှေရတုမှတ်တမ်း said...

ဂျီ မဟုတ်ဘူး သမင်တဲ့... ခွေ့တတ်တယ်..
ပန်းလေးရေ.. ညည်းအကိုကြီးလဲ ဝှီးချဲစီးပြီး ခုမှလျှောက်လည်ရတော့တယ်..

အရုပ်ကလေး said...

ကဗျာဖတ်ရင်း ဖတ်ရင်း .. မျောလာလိုက်တာ ..
အဆုံးသတ် စကားလုံးမှပဲ .. ရယ်ချင်သလိုလိုနဲ့ ..
နောက်ဆုံး အစအဆုံး သေချာပြန်ဖတ်လိုက်တာ ..
ကဗျာလေးက ဆန်းဆန်းလေးနဲ့ ....


ခင်ခင်မင်မင်
idulize(အရုပ်ကလေး)