Friday, November 21, 2008

ချစ်သမီး အလိမ္မာ

သမီးလေး ရေ..
လွန်ခဲ့တဲ့ ၁၄ နှစ်
နှင်းတွေ နဲ့ မိုးတွေ နဲ့
ဒွေးရော ယှက်တင်.. ကမ္ဘာမြေပြင်မှာ
ရော နေတဲ့ ညနက်နက် တစ်ခုမှာ
မေ့ သမီးလေး..
မေမေ့ဆီ ရောက်ခဲ့ တာပေါ့..
....
သောက်ရှူး ကြယ်စင်လို..
လင်းလက်တဲ့ မျက်ဝန်း အစုံ နဲ့
လောကထဲ ကို ထိုးခွဲ ကြည့် ဘို့..
မေမေ့ ဘေးနား သမီးလေး ရောက်ခဲ့ တာနော်...
.......
မေမေ ပျော်ရင် ပျော်
မေမေ ငို ရင် ငို..
မေမေ မဲ့ တော့ မဲ့
မေမေ တွေ ဝေနေတဲ့ အခါမျိုး မှာလဲ
မေမေ့ ဘေးနား သမီးလေး.
အားပေးနေခဲ့တာ ပေါ့..။
...
မကြာတော့ တဲ့ ကာလ တစ်ခုမှာ
မေ့ သမီး..
လောကကြီးထဲ တိုး ၀င် ဘို့
မေမေ့ ရင်ခွင် ကို
စွန့်ခွာ သွားတော့မှာ..
မေမေ ရင် ဆိုင် ရတော့မယ် မီး ရယ်...
............
တစ်ကယ်တော့ သမီး ဟာ..
မေမေ့ ရဲ့ခွန်အား
မေမေ့ရဲ့ ထီးကလေး
မေမေ့ အပေါ် နားအလည်ဆုံး..
မေမေ့ အတွက် အရာရာ ခံ စားပေ ခဲ့ တာ..
ကျေးဇူး တင်ပါ တယ် မီး ရယ်...။
.....
မေ့ သမီးရွက် လွှင့်တော့ မယ့် ရက်တွေ အတွက်
မေမေ တင် ကြို သတ္တိတွေ မွေး နေခဲ့ ပြီ..
မေ့အနား က ခွာသွားတော့ မဲ့ မေ့ သမီး အတွက်
မေမေ ကြို တင် လွမ်း ဆွတ်နေရပြီ...
လောက အလယ် မွှေးပျံ့ လာမဲ့
မေမေ့ ပန်းပွင့် လေး အတွက် ..
မေမေ တင်ကြို ကြည် နူးနေခဲ့ပြီ..။
....
မေ့ သမီးဟာ
မေမေ့ အတွက် တော့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
မေမေ့ အတွက် အမြဲ လိမ္မာပေးခဲ့ တာ..
ကျေးဇူး ပါ သမီးလေး ရယ်...။
(၂၀.၁၁.၂၀၀၈ မှာ ကျရောက် တဲ့ ချစ် သမီး..`အလိမ္မာ` ရဲ့ ၁၄ နှစ်ပြည့် မွေးနေ့အတွက်..)
မမသီရိ. (၂၁.၁၁.၂၀၀၈)

Thursday, November 20, 2008

သံသယ တမ်းခြင်း


တဖျောက်ဖျောက်နဲ့

အိမ်အမိုးထက်. ဆော့လျက်သက်ဆင်း

နှင်းပွင့်ခြေသံ နာခံနေရင်း

ဆုံခဲ့ တဲ့ အကြောင်းပြန်ပြောင်း စဉ်းစား

လွမ်း သင့်သလား လို့လေ.....။


တချက်ချက်နဲ့..

နာရီလက်တံ.. သန်းခေါင်ယံကို..

စည်းချက်မှန်မှန်...ဖြတ်ဆန်ကျော်သွား

...

အိပ်မပျော်ပဲ အတွေးထဲမှာ

အိပ်ပျော်နေလဲ.အိပ်မက်ထဲမှာ

...

အကြင်နာ ထဲ အရောင်တွေ ကဲ သလား

ရက်စက်မညှာ ချွေကာသွားမလား

အပျော်သဘောလား

ရိုးရိုး လားလေ..

သံသယတွေ ရင်မှောဝေဆဲ....။


ကံကြမ္မာရယ်..ဘယ်လိုကြောင့်များ

ရေစက်ကယ် ကြုံ ဆုံစေခဲ့လဲ..

ငြိုး အတေးများ ရေး မှတ်ထားသလား..

ရင်မဆန့်အောင် ပိတ်လှောင် အလွမ်း

နွမ်းလျ မပြေ ဆယ်နေ ပူကဲ

ခံစားချက်များ နှလုံးသားထဲ..

တင်းကျပ် မွန်းလျက်ပါပဲ လေ....။ ...။


မမသီရိ

Thursday, November 13, 2008

တဂိုး၏ အချစ် စာစုများ

တစ်ကယ် တမ်းပြောရရင် ဒီအကြောင်းအရာနဲ့ ဒီစာစုလေးကို ဖေါ်ပြဘို့ အချိန်အတော်လေး ယူခဲ့ရပါ တယ်..။ မြန်မာ ဘလော့ဂ်ဂါ လောကလေး ကို ကျွန်မ တတ်နိုင်သလောက် လေ့လာကြည့်တော့ အများစု က တစ်ကယ့်ကို ရည်ရွယ်ချက်ကောင်း.. အတွေး အခေါ် ကောင်း.. ခံစားမှုကောင်း.. တင်ပြမှု ကောင်းလေးတွေနဲ့ ကြိုးစား ပမ်းစား ရေးသာ တင်ပြထားတာတွေ တွေ့ရတော့ ကိုယ့်ကိုကိုယ် အားငယ်မိပါတယ်..။

အချိန် အတော်ကြာ စဉ်းစားပြီး တဲ့ နောက် မှာ တော့
ဟိုမရောက် ဒီမရောက် ..ကဘောက်တိ ကဘောက်ချာ.. မတောက် တစ်ခေါက်လေး နဲ့.. မြန်မာ ဘလော့ဂါ လောကထဲ မရဲ တရဲ တိုးဝင်မိချင် တဲ့ အတွက် ဘယ်သူ ကမှ ရယ်ပွဲ မဖွဲ့ လောက်ဖူးရယ် လို့ ဇွတ် အားတင်းပြီးတော့ ..
ငယ်ငယ် တုန်းက အမြတ်တနိုး ၀ယ် ယူ သိမ်းဆည်းဖူး တဲ့ ရာဘင်ဒြာနသ်တဂိုး .. တဂိုးစာနုယဉ် ဆိုတဲ့စာအုပ်ထဲ က နှစ်သက် ခံစားမိတဲ့ စာစု တစ်ချို့ ကို ပြန်လည် မျှဝေလိုက်တာဖြစ်ပါတယ်.. ။
ကျမဆီမှာ ခုလက်ရှိနေတဲ့ စာအုပ်က စာပေလောက စာအုပ်တိုက်က ၁၉၉၈ မှာ ဆဌမ အကြိမ် ပြန်လည်ပုံနှိပ်တဲ့ ၁၉၇၆ သြဂုတ်လ က တည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာအုပ် ပါ...။ ပါဝင် ဘာသာပြန်ဆိုသူတွေ က မိုးမိုး (အင်းလျား) ၊ မောင်ဇေ၊ မောင်မျိုးညွန့်၊ ပုသိမ်မောင်းစိမ်းသူ၊ မောင်သန့်စင်၊ တက္ကသိုလ်ညိုဝင်ေးအာင်နဲ့ တက္ကသိုလ်မိုးမိုး တို့ ဖြစ်ပါတယ်..။

သိတတ်ပါဘူး ရှင်ရယ်..
`သောကကို ဆောင်ယူလာတတ်ပေမယ့်.
မေတ္တာတရားဆိုတာ..ယုံစား အားထားသင့်ပါတယ်၊
မင်းရဲ့ အသဲတံခါးကို ပိတ်မထားလိုက်ပါနဲ့ နော်`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ အချစ်ရယ်`
...
`နှလုံးသား ဆိုတာ
မျက်ရည် တစ်စက်... လင်္ကာ တစ်ပုဒ်နဲ့ အတူ.၊
ပေးဆပ်ဖို့ သက်သက် မဟုတ်လားကွယ်..`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်`
...
`ပျော်ရွှင်မှု ဆိုတာ တဒင်္ဂပါ..၊
ရယ်မော လှုပ်ရှားလိုက်ရုံ နဲ့ ဘ၀ ချုပ်ငြိမ်းသွားတတ်တယ်တဲ့..၊
နှင်းစက်လေး တစ်ပေါက်လိုပါပဲ..၊
ဝမ်းနည်းခြင်း ဆိုတာကတော့..
တည်တံ့တယ်၊ ခိုင်မြဲတယ်..၊
သည်တော့ တမ်းတ လွမ်းဆွေး ရတတ်တဲ့
ချစ်မေတ္တာတရားကို
မင်းမျက်လုံးတွေ မှာ နိုးကြားပါစေကွယ်...`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်..`
...
ကြာပွင့်လေးတွေ က
နေမင်းရဲ့ ရောင်ခြည်အောက်မှာ ပွင့်လန်းကြတယ်၊
သူ့မှာ ရှိသမျှ အားလုံး ဆုံး ရှူံးရတယ်..၊
ဆောင်းရာသီရဲ့ ဆုံးစ မရှိတဲ့ မြူနှင်းတွေ ကြားမှာတော့
အဖူး အငုံလေးတောင် မကျန်တော့ ဘူးတဲ့..`
....
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်`
မိုးမိုး (အင်းလျား)
.................................................................................................
ဝေဒနာ
ဘယ်သူမှန်း မသိဘူးကွယ်..
ကိုယ့်လက်ထဲမှာ မေတ္တာပန်း တစ်ပွင့်
တိတ်တိတ်လေး ထည့်သွားတယ်..။
...
ဘယ်သူမှန်း မသိဘူးကွယ်..
အသည်းနှလုံး ကို ခိုးသွားတယ်..
ပြီးတော့ ကောင်းကင် အနှံ့
အဝေးကို ဖြန့်ကြဲ လိုက်ပါတယ်..။
.....
သူ ဘယ်သူ လဲ ဆိုတာ သိပါပြီလား..
ဒါမှ မဟုတ် နေရာတကာမှာ
သူ့ကို ရှာနေဆဲ ပဲလား
ကိုယ် မသိပါဘူးကွယ်...
အင်း........
ကိုယ့် အတွက်..
သုခ ဝေဒနာ လေလား
ဒုက္ခ ဝေဒနာလေလား ကွယ်...။
မောင်ဇေ

ရွှေကျီး ငယ်ငယ်


မေ့ဧည့်သည်..လာလေနိုး

မျှော်ကိုးလို့..လွမ်းယောင်ယောင်

ခန်းဆောင်ပေါ် သစ်ညိုရိပ်က

ဧည့်နိမိတ်ပုံဆောင်..

...

မျှော်တော်ရောင် လွမ်းသူလေးကို..

ဖေးကူလို့ ပျော်စေအောင်..

ရွှေကျီးမောင်..အသံပေး.

လာလုငေး..မလေး..မောင်..

......

..လွမ်းရက်တာ ကြာသော်လည်း...

ပေါ်မလာ မျှော်ရှာမော လို့.

လာတဲ့ခါ လာပါလိမ့်မယ်..

မျှော်မိသူ နေမထိအောင်..

ဗေဒင်စာ မအာ စမ်းပါနဲ့..

ရွှေကျီး ငယ်ငယ်......။


မမသီရိ (၁၂.၁၁.၂၀၀၈)


Sunday, November 02, 2008

ဒိုင်ယာရီ မရေးဖြစ်သော ရက်များ အကြောင်း

..... မျက်ဝန်း တံခါး ..ပိတ်လို့ ထား လဲ..
မျက်ရိပ်ရှေ့ မှာ ... သူ ၀င်လာနေ....
ရွှန်းဝေ ပီတိ...စွဲ ငြိစရာ...
မာယာ ကင်းမဲ့... ရီ ဝေလဲ့ လို့
ညှို့ မျက်ဝန်းတွေ... ဝေ့ ၀ဲ နေခဲ့..
........
.......
...ည နာရီများ...သန်းလွဲ သွားပြီ...
..အိပ် စက်ခြင်းတွေ ခိုး ယူလေတဲ့..
..အလွမ်း တစ္ဆေ စိုးမိုး နေ...
....
.......
... ရင်မှာ တင်းကြပ် ပန်း ရသတွေ..
အဖြေ မရှိ မေးမိ ပုစ္ဆာ ....
တစ်စုံ ရာ ကို....
တမ်း တနေသလို..
.. စက် လဲ မရွှင်.... အလွမ်း ရှင်ရေ....
............
မင် တံ ထိပ်ဖျား ...မှတ်တမ်း များလဲ...
အနားယူ နေ..
မျှဝေ ခံစား....
မွန်း ကျပ်မှု များ.. လွှမ်းခြုံထား တော့...
.......
........
ကဗျာ တမ်း ခြင်း... စာ ပန်းခင်းတွေ...
...ရင် ထဲ မှာပဲ လှောင်ပိတ်နေ......။
.
.
မမသီရိ