Tuesday, July 13, 2021

ရှင်သန်ခြင်းရွင်သန်ျခင်း

 ရှင်သန်ခြင်း က
ကြည့် 

မမသီရိ
၁၃ ဇူလိုင် ၂၀၂၁

-----------------

ရှင်သန်ခြင်း က
နေရာတကာ မှာ ရှိနေတာ ကို
ကြည့် 
ပြာအိအိ မိုးကောင်းကင်အထက်မှာ
ခပ်နွဲ့ နွဲ့ လေပြေအေးအောက်မှာ
မြေဆီအနှစ်မရှိပဲ နဲ့ တောင် ရှင်သန်နေတဲ့ ငါ့လျှောက်လမ်းလေးရဲ့ ဘေးက မြက်ရိုင်းတွေကြားမှာ
ယုတ်စွအဆုံး မရှင်သန်နိုင်တော့ဘူးလို့ လက်လျှော့ရမလို ဖြစ်ခဲ့တဲ့ ရေခဲနှင်းဆီပင်ကလေးက အဖူးတွေ အပွင့်တွေ မယုံနိုင်စရာကောင်းအောင် ဝေဆာလာတာ
တကယ်တော့ ရှင်သန်ခြင်း က မင့် ဘေးနားမှာပါ
လိုအပ်တာ ဆိုလို့ ရှင်သန်လိုတဲ့ ဆန္ဒတစ်စုံတစ်ရာ ရယ်သာ။ 
အတူတူ ရှင်သန်ကြစို့ ရဲ့ လို့ 
ငါ အော်ပြောလိုက်တဲ့အခါ မင်း အသေအခြာ ကြားတဲ့ အကြောင်း ငါ တပ်အပ်သိနေတာ
ငါတို့ အတူတူ ရှင်သန် နေလို့ပါ။

မမသီရိ
၁၃ ဇူလိုင် ၂၀၂၁
----------------


No comments: