ရွင္သန္ျခင္း က
ေနရာတကာ မွာ ရွိေနတာ ကို
ျကည့္
ျပာအိအိ မိုးေကာင္းကင္အထက္မွာ
ခပ္နြဲ႕ ႏြဲ႕ ေလေျပေအးေအာက္မွာ
ေျမဆီအနွစ္မရွိပဲ နဲ႕ ေတာင္ ရွင္သန္ေနတဲ့ ငါ့ေလ်ွာက္လမ္းေလးရဲ႕ ေဘးက ျမက္ရိုင္းေတြျကားမွာ
ေနရာတကာ မွာ ရွိေနတာ ကို
ျကည့္
ျပာအိအိ မိုးေကာင္းကင္အထက္မွာ
ခပ္နြဲ႕ ႏြဲ႕ ေလေျပေအးေအာက္မွာ
ေျမဆီအနွစ္မရွိပဲ နဲ႕ ေတာင္ ရွင္သန္ေနတဲ့ ငါ့ေလ်ွာက္လမ္းေလးရဲ႕ ေဘးက ျမက္ရိုင္းေတြျကားမွာ
ယုတ္စြအဆုံး မရွင္သန္နိုင္ေတာ့ဘူးလို့ လက္ေလ်ွာ့ရမလို ျဖစ္ခဲ့တဲ့ ေရခဲနွင္းဆီပင္ကေလးက အဖူးေတြ အပြင့္ေတြ မယုံနိုင္စရာေကာင္းေအာင္ ေဝဆာလာတာ
တကယ္ေတာ့ ရွင္သန္ျခင္း က မင့္ ေဘးနားမွာပါ
လိုအပ္တာ ဆိုလို့ ရွင္သန္လိုတဲ့ ဆႏၵတစ္စုံတစ္ရာ ရယ္သာ။
အတူတူ ရွင္သန္ျကစို့ ရဲ႕ လို့
ငါ ေအာ္ေျပာလိုက္တဲ့အခါ မင္း အေသအျခာ ၾကားတဲ့ အေျကာင္း ငါ တပ္အပ္သိေနတာ
ငါတို့ အတူတူ ရွင္သန္ ေနလို့ပါ။
မမသီရိ
၁၃ ဇူလိုင္ ၂၀၂၁
-----------------
ရှင်သန်ခြင်း က
နေရာတကာ မှာ ရှိနေတာ ကို
ကြည့်
ပြာအိအိ မိုးကောင်းကင်အထက်မှာ
ခပ်နွဲ့ နွဲ့ လေပြေအေးအောက်မှာ
မြေဆီအနှစ်မရှိပဲ နဲ့ တောင် ရှင်သန်နေတဲ့ ငါ့လျှောက်လမ်းလေးရဲ့ ဘေးက မြက်ရိုင်းတွေကြားမှာ
ယုတ်စွအဆုံး မရှင်သန်နိုင်တော့ဘူးလို့ လက်လျှော့ရမလို ဖြစ်ခဲ့တဲ့ ရေခဲနှင်းဆီပင်ကလေးက အဖူးတွေ အပွင့်တွေ မယုံနိုင်စရာကောင်းအောင် ဝေဆာလာတာ
တကယ်တော့ ရှင်သန်ခြင်း က မင့် ဘေးနားမှာပါ
လိုအပ်တာ ဆိုလို့ ရှင်သန်လိုတဲ့ ဆန္ဒတစ်စုံတစ်ရာ ရယ်သာ။
အတူတူ ရှင်သန်ကြစို့ ရဲ့ လို့
ငါ အော်ပြောလိုက်တဲ့အခါ မင်း အသေအခြာ ကြားတဲ့ အကြောင်း ငါ တပ်အပ်သိနေတာ
ငါတို့ အတူတူ ရှင်သန် နေလို့ပါ။
မမသီရိ
၁၃ ဇူလိုင် ၂၀၂၁
----------------