နေရာတကာ မှာ ရှိနေတာ ကို
ကြည့်
ပြာအိအိ မိုးကောင်းကင်အထက်မှာ
ခပ်နွဲ့ နွဲ့ လေပြေအေးအောက်မှာ
မြေဆီအနှစ်မရှိပဲ နဲ့ တောင် ရှင်သန်နေတဲ့ ငါ့လျှောက်လမ်းလေးရဲ့ ဘေးက မြက်ရိုင်းတွေကြားမှာ
လမ်း
ပမ်း တယ်ဆိုရင် ခဏရပ်
အားရ ပါးရ အော်ရီမယ်
တစ်ခါ ဆက်လျှောက်ကြစို့ရဲ့
မမသီရိ
၂၉ ဇွန် ၂၀၂၁
လမ်း
အချို့လမ်းတွေက ရှည်တယ်
အချို့လမ်းတွေက တိုတယ်
ရှည်တယ်ဆိုတာ တိုတာ ရှိလို့လား
တိုတယ်ဆိုတာ ရှည်တာ ရှိလို့လား
အချင်းတွေများစရာ မလို - အငြင်းတွေ ပွားစရာမလို
တိုတို ရှည်ရှည် ဒီခရီး
ကိုယ်စီ လျှောက်ကြရမယ် ကွဲ့
ပမ်း တယ်ဆိုရင် ခဏရပ်
ဘလက်ခ်ကော်ဖီ ကလေးသောက်ကြမယ်၊
ပန်းပွင့်ကလေးတွေ လိုက်ငေးမယ်
မိုး တိမ်တွေ ကို မော့ကြည့်မယ်
အားရ ပါးရ အော်ရီမယ်
ကြောင်ကလေး ကို ပွတ်သပ်ပေးမယ်
လိပ်ပြာ ကလေးတွေ နဲ့ စကားပြောမယ်
အသက် ဝဝ ရှုလို့ ပြီးပြီ ဆို
တစ်ခါ ဆက်လေ ျှာက်ကြစို့ရဲ့
မရောက် အရောက် ရောက်ကြရမဲ့ ခရီး
လမ်း ရဲ့ .. ခေါ် ဆောင်ရာ ဆီ .. .။
မမသီရိ
၂၉ ဇွန် ၂၀၂၁
အချစ်၊ အမုန်း၊ ပျော်ရွင်မှု၊ ကြေကွဲခြင်း၊ တွယ်တာခြင်း၊ နာကြည်းခြင်း၊ အောင်မြင်ခြင်း၊
ရှုံးနိမ့်ခြင်း၊ စတဲ့ လူ့လောကရဲ့ သဘာဝအကြောင်းတရားတွေကြားထဲမှာ လူ ပီသချင်တဲ့
ရလိုမှု တစ်ခုပဲ ရှိပါတယ်။
မမသီရိ
ဒီ Blog Description ကို ဘလော့ စဖွင့်တုန်းကတည်းက ရေးထားခဲ့တာပါ။
ခုတော့ လူပီသဖို့ ဆိုရင် မတရားမှု ကိုမြင်ရတာ မတရားမှုလို့ သိပြီး တရားမျှတ ဖို့ ပိုအရေးကြီးမှန်း ကိုယ်တိုင်ဖြတ်သန်းရတဲ့ ဘဝ အတွေ့အကြုံတွေအရ ပိုသိလာရလို့ Blog Description ဒီနေ့ ပြောင်းပါတယ်။
အလွမ်းကံ့ကော်
ဖျတ်ကနဲ
အဲဒါ သေချာတယ်
ကံ့ကော် ရနံ့
သိမ့် ကနဲ
အဲဒါ မမှားဘူး
ကံ့ကော် ရဲ့ အလွမ်း
မမသီရိ
၂၅ ဇွန် ၂၀၂၁
အလွမ်းကံ့ကော်
ဖျတ်ကနဲ
နှာခေါင်းဖျားလေးကို တိုးဝှေ့သွားတာ
အဲဒါ သေချာတယ်
ကံ့ကော် ရနံ့
ရာသီ မဟုတ်ဖူးလို့ မပြောပါနဲ့လား
နွေဦး ဟာ ခုမှ ရောက်လာခဲ့တာပါ။
သိမ့် ကနဲ
ရင်ထဲ လှုပ်ခတ် တလှပ်လှပ် ဖြစ်နေ
အဲဒါ မမှားဘူး
ကံ့ကော် ရဲ့ အလွမ်း
အချိန်အခါ မမှန်ဖူး လို့ မပြောပါနဲ့လား
ပန်းတွေ ရူးအောင် ဝေခဲ့ဖူးတဲ့ ဆံမြိတ်ကလေး ဟာ
အားလုံးရဲ့ အဝေးမှာ... တိတ်ဆိတ် စွာ……….။
မမသီရိ
၂၅ ဇွန် ၂၀၂၁
CALAMANSI
(1)
When she got there first time in a decade ago
She didn’t like those small fruits with the taste of quite sour
She saw everyone’s meal with that; tiny citrus fruits with soy sauce
They’ve fond of that like they enjoy Ngapi*
But she loves its aroma since then
When she got there second time and the following times
She started liking its juice although it is strongly sour
She enjoyed it like everyone there, which is lovely Kalamansi
She loves its tang and She loves its smell then
(2)
When the World got its illness last about five hundred days ago
Then, the World has been sick and halt
And, human were under their own retain or ruled kept in their nests
Millions of people called for help for cure of stresses
She was also one of those and looked for MHPSS
(3)
There is a small space in the rooftop she used to walk
A small green plot has been started with some Pineapple plants
Then, many more others walked into there as family members
And, a beautiful roof-garden has been grown up there
Then, she can be seen there every early morning and every late evening by talking her flowers
(4)
She already missed her lovely Kalamansi, Calamansi
after many days with no moving to the place can enjoy she
And, luckily found her Calamansi in a Garden nursery
It was happened last two hundred days
While she drove for some plants and trees
She didn’t know that she would be delighted that much
when she saw a sparsely such kind of lemon plant as sudden
It was not in their own land,
she had no idea how they arrive to her country but just she’s happy
(5)
Her AM and her PM have been filled up with caring them
Days and Nights are keep gong then till another terrible day came in
(6)
Her own land has been under the spell of a curse
It is added to the World’s difficult times’ part
The very wicked moments for everyone has arrived but no one invite(d)
The Bloods,
The sounds of bombs,
The Gun shots
The lives lost
The Fire
The Burn up
The Cry
The Fear
The houses are left empty in the towns
The displaced people are full in the forests
The tears of mothers are flooded across the country
The moans of the wounded people have been heard from everywhere
The many people having a safe place of no where
The Children
The Women
The Elders …
All people are unsecure anywhere…
(7)
Her nights became very difficult to pass over again
Her days became filled with apprehension of any unseen things
But her Calamansi has been growing with no worries
Its’ new buds came out cheerfully and bloomed gracefully,
And tiny babies stand out soundlessly
They somehow made her relief with their wonderful fresh and greenly
Now, she has the first ever her own Calamansi
She picked up it with full of love, then, she smelled it, and she smells it…..
Calamansi is not just a Calamansi for She.
MaMa Thiri
09 June 2021