Wednesday, March 11, 2015
ကျောင်းသား​တွေနိုင်​တယ်
မိုက်​ရူးရဲ​​တွေမဟုတ်​ဖူး
မသိလို့ တိုးတာမဟုတ်​ဖူး
ပန်းတိုင်​ရှိတယ်
အ​ရောက်​ချီတက်​မယ်
ဒေါင်း ​ဟေ့ ​ဒေါင်း  ​ဒေါင်း 
ဘယ်​သင်း​တွေ ဘယ်​အ​ကောင်​​တွေ 
ကြောက်​ချီးပန်း တုတ်​ရမ်းရမ်း
ဘယ်​သင်း​တွေဘယ်​အဝှာ​တွေ
ကြောက်​​သေးပန်းနှုတ်​ဆိတ်​စမ်း
ဒေါင်း ​ဟေ့ ​ဒေါင်း ​ဒေါင်း
ငါတို့ ​သွေး ​တွေ ​မြေမခမ်း 
လာစမ်း လာစမ်း လာစမ်း
ဒီမယ် ​​ဟေ့
ငါတို့​ကျောင်းသား
နိုင်​တယ်​​ဟေ့    
မတ်​လ အနီ
ဒီရာသီ ပဲလား 
တကယ်​ကို ဆိုက်​ဆိုက်
အချိန်​ကိုက်​ပါပဲလား
ဖုန်း​မော်​မ​သေဘူး
ဝင်း​မော်​ဦးမ​သေဘူး
ဘယ်​​ကျောင်းသားမှမ​သေဘူး
လက်​ပံတန်းလဲ မ​ကြေဘူး
ဒီမယ်​ ​ဟေ့ 
နိုင်​တယ်
ငါတို့​ကျောင်းသား
ကျောင်းသား​တွေ နိုင်​တယ်
နိုင်​တယ်​    ​ဟေ့   ။
မမသီရိ
၁၂ မတ်​ ၂၀၁၅
No comments: