လမ်းကွေ့ကွေ့ ကောက်ကောက်တွေ ဆုံးတော့
အဲဒိ လယ်ကန်သင်းတွေ လွန်တော့..
အဲဒိ တောင်ပြာပြာတွေ ကျော်တော့…
အ၀ါရောင် ခန်းဆီးရွရွ ရှိတဲ့ ..ကနုတ်
ပန်းတွေ ကပ်ထားတဲ့.
လတ်လတ်ဆတ်ဆတ် နှင်းဆီ ပန်း တစ်အိုး
နဲ့
စပျစ်နွယ်တွေ အခိုင်အခိုင်နဲ့..
အဲဒိ အခင်း ကတော့ ပန်းနုရောင် ဖြစ်ခဲ့တယ်…
အတူတူ နေ၀င်ဖူးပြီ
အတူတူ နေထွက် ဖူးပြီ.
တစ်ယောက်လက် ပေါ် တစ်ယောက် ..မေးထောက်လို့
အိပ်ဖူး ပြီ..
နံနက်ခင်း
နေမင်း ရဲ့ နေရောင်ခြည် ဘေးခြင်းယှဉ် ရှူသွင်း
ညခင်း..
လမင်း ရဲ့ လရောင်ခြည် ဘေးခြင်းယှဉ်
ရှုသွင်း.
ရမ္မက်မီး..
အဲဒီ ပင်လယ် ပဲကွဲ့ .. မမောတမ်း တူတူကူးခဲ့..
သောက ..
အဲဒီ တောင်တွေ ပဲ.. ဖေးမရင်း တူတူ ကျော်
ရင်ခုန်ခြင်း .
အဲဒီကမ်းစပ် ပဲ.. လက်တွဲရင်း တူတူပျော်..
စိုးရိမ် ပူပန်မှု တွေ ဝေယူကြ
ဘ၀ ရှေ့ရေးက အေးအတူ ပူအမျှ
သူ့ရင်ဘတ် နွေးနွေးပေါ်
ကျမ ပါးပြင် သွားတင်ထားတဲ့ အခိုက်..
သူ့ရင်ခုံသံမှာ .. ကျမ အိပ်မွေ့ကျ သွားလိုက်ဆို..
ဘ၀ က လုံခြုံ.. နွေးထွေး.. လေနုအေးကလေး
တေးချင်းချို..
နှစ်ယောက်သား ပေါင်းဖက်မိကြပြီးတော့မှ..
စွယ်တော်ရွက် လို့ပဲဆို ဆို … ခေါ်ခေါ်..
ကျမတို့ က.. ဘ၀ရဲ့ လက်တွဲဖော်….။
မမသီရိ
၁၇ ဧပြီ ၂၀၁၃
(To MM & MM )
1 comment:
နံနက်ခင်း
နေမင်း ရဲ့ နေရောင်ခြည် ဘေးခြင်းယှဉ် ရှူသွင်း
ညခင်း..
လမင်း ရဲ့ လရောင်ခြည် ဘေးခြင်းယှဉ် ရှုသွင်း.ဟုတ်တယ်နော်..ဒါဆို လက်တွဲဖော်တွေပေါ့..။
Post a Comment