Thursday, December 27, 2012

ငယ်သူငယ်ချင်း..

ကျမ ပြူတင်းနားမှာ..
ဂေါ်သဇင် ရနံ့ တွေ ဘယ်သူ လာချ သွားတာလဲ ...

မွှေးတယ်.. ရင်ထိ အောင် အေး..
ငယ်ငယ် ဘ၀ တွေ .. အတွေး ထဲ မှာ ရုတ်တရက်ပြေးလွှား..
နှင်းတွေ.. ပန်း ဖွေးဖွေး..ညွတ်ညွတ် .. အဆုပ် ဆုပ်..နဲ့ ခဲ နေပုံ...
ကျမတို့ ရွာလမ်း ကလေး က ဖုံတွေ ထူထူ နဲ့ ပေါ့..
ဒါပေမဲ့.. ဘယ်သူ ကဗျာ မဆန်ဘူး ပြောမလဲ..
သူငယ် ချင်း ရဲ့ ဖိနပ် ပါး ခြေသံ.. တဖျပ် ဖျပ်နဲ့..
ကျမတို့ ကျောင်း သွား တဲ့ လမ်း ပေါ်မှာ...

ပန်းချစ်သူ ကျမအတွက်
နှင်းဆီ ဖူးတွေ လဲ သူ က ပေးဖူးတယ်...
ဂေါ်သဇင် ခိုင် တွေ လှိုင်လှိုင်ပွင့်တော့ ..
သူ့ လွယ် အိတ် ကြီးကြီး ထဲ ထည့် ၀ှက်..
ကျမ ကို ရုတ်တရက် . အံသြ စေခဲ့ ပုံ..
သူငယ် ချင်း လေး ရေ... မင်း ရဲ့ ကြံပင် တွေ သန်စွမ်း ရဲ့ မဟုတ်လား..
ဂေါ် သဇင် တွေ ပွင့် တိုင်း ကျမ ကို လွမ်း နေသလား..
အပြန်လမ်း အတွက်.. ဘာ ကို ခက် လို့ ခက် မှန်း မသိအောင်..
ဘ၀ တွေ က ရှုပ်ထွေး ပွေလီ.. ကျမ စီး နေကျ ပင်စယ်လ်ဟီး ကြောင့် များ လား လို့
ရံခါ ရံဖန်.. ဆိုလဲ.. တွေး မိပေါ့...
ဖယောင်းတိုင်မီး လေး နဲ့ တို့ တွေ စာ တူတူ ကျက်ဖူး တယ်..
လ ရောင် အောက် မှာ.. သီ ချင်းတွေ လဲ တူတူ ငြီးဖူးရဲ့..
မင်း မြေပဲ ပင်တွေ ဘာလို့ ဒီလောက် သန်စွမ်း ခဲ့ သလဲ..
ငါ .. မတွေးခဲ့ ဖူးပေမဲ့.. မြေကြီး ရနံ့ နဲ့ မင်း လက် ထူကြမ်း ကလေးတွေ
ခုတော့ ငါ့ အလွမ်း စာရင်းမှာ ထိပ် ဆုံးက ပေါ့ကွယ်....
နေအုံးကွဲ့... ကျမ ရောက်နေတဲ့ မြို့ က.. ဆောင်း ကို ကြိုက်ပုံ မရဘူး.. .
ကျမချစ် တဲ့ ဂေါ်သဇင် ကို သူ မသိဘူး...
သူ့ အနား မှာ..သနားစဖွယ် ဥသြ ငှက် တွေ.. ၁၂ ရာသီလုံး ချွဲနွဲ့ ..
တစ်နှစ် ပတ် လုံး နွေ ဘွဲ့ ကို ပဲ သီ သကွဲ့ ....
ဆောင်း မရှိတာ နဲ့.ပဲ. ကျမ အလွမ်းတွေ က ပို သည်း ရ သလားတော့ မသိ နိုင်ခဲ့...
သရီးဒီ ဖန်သား ပြင်တွေ နဲ့ ဝေး တဲ့ နေရာ.. ကျမ ခဏ တော့ ပြန်လာ ချင်တယ်..
ဂေါ်သဇင်တွေ ကျမ အတွက် မွှေး ပါစေ လား...
ဖြစ်နိုင် ရင်တော့.. နွားလှည်း ကလေး လဲ စီး ချင်သေးတယ်...
ကျမ ကြိုက် တဲ့ ..မြေပဲ ဥတွေ .. ပြုတ်ကျွေး ပါ..
ပြီး တော့ ဟိုး အရင် က .. လို ပဲ ကျမ ကို.. ဆက်ချစ်ပါ...
မင်း ဆံပင် ရှည်ရှည်  အတွက်.. ကလစ် လှလှ လေး ကျမ ၀ယ် ထားတယ်....။

မမသီရိ
၂၇ ဒီဇင်ဘာ ၂၀၁၂




Wednesday, December 19, 2012

ရင်ကိုမှန်သော ကာတွန်းများ (၁)

 








ခေတ်အဆက်ဆက်မှာ ကာတွန်းဆရာတွေ ဟာ ခေတ် နဲ့ ပြည်သူတွေ ရင်ထဲက စကားတွေ ကို အရုပ် အသွင် ပြောင်းပြီး ချယ်မှုန်း ဖေါ်ထုတ် တင်ပြကြပါတယ်.. မြန်မာပြည် ကာတွန်းလောကကို ဦးဆောင် မြှင့်တင်ပေးခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်း ကို ရည်မှန်း ဂုဏ်ပြု သော ကာတွန်းပြပွဲ မှာ တင်ဆက်ခဲ့ကြတဲ့ ကာတွန်းတွေ ထဲ က ရင် ကို လာထိ သော ကာတွန်းလေး တွေ ကို အမှတ်တရ ဒီဘလော့ မှာ .. သိမ်းလိုက်ပါတယ် ... တချို့ သော ကာတွန်းတွေ က ရုပ်ပြောင်ဆိုပေမဲ့ အတွေးတွေ တလှေကြီး နဲ့ ၀မ်းနည်းစေမှာ ဖြစ်ပေမဲ့ အားလုံးပဲ နဲနဲ ဖြစ်ဖြစ်တော့ ပြုံးနိုင်ကြပါစေ... ပုံလေးတွေ တချို့ကျန်နေပါသေးတယ် .. ကွန်ပျုတာ က လေးနေတာ မို့..  အပိုင်း (၂) မှာ ထပ်ပြီး မျှဝေ ပေးပါ့မယ်.. ..
































မမသီရိ
၁၉ ဒီဇင်ဘာ ၂၀၁၂

Photo Credit to TAMARA with many thanks

Wednesday, December 12, 2012

အလွမ်း







လွမ်းလို့ သေသွားသူတွေ ရှိသလား မသေချာပေမဲ့...
သေလောက်အောင် လွမ်းနေမိတာတော့ အမှန်....။



မမသီရိ
၁၂.၁၂.၁၂

Saturday, December 08, 2012

I Love You



I Love You


You spent your time with me
more than your friends and others


You sacrificed your life for your heart
more than people know about you…


You're kind absolutely to me
more than I care to you..


You always forgive me whenever I make mistakes
 more than I expected from you


You love me with your deep heart
more than I love you and share to you..


You inspire me like a morning sun rise 
more than everything in this World ..


You are the shiniest one..
You are the greatest one…
 who ever I met in my life..
I will be nothing without you..
I Love you… I love you… 

I Love you

         
      mamathiri
      21 June 2011

Wednesday, December 05, 2012

လေညှင်း.. လမင်း... နဲ့ ....

ဘေးနားက မီးပွင့် ကို ပိတ်ချလိုက်မှ ..
လ.  က .. ကဗျာ ဆန်စွာ လင်းခွင့်ရတော့တယ်.. ..

မနီးမဝေး တစ်ဖက် ကမ်း ...မှုန်လဲ့လဲ့ ရီ....
.ချွေချ တဲ့ လ ရောင် တွေ သောက်သုံးလို့
မြစ် ပြင် ပြေပြေပြစ်ပြစ် ကလေး ကျတော့ ..
ရွှေမှုန် မိတ်ကပ် တွေ နဲ့တဖျပ်ဖျပ် တောက်ပ....
လှလိုက်တာ ကွယ်.... 

နေ့လည်ဖက်မှာ ဆို ....
ရှားပါး တဲ့ လေနုလတ်ဆတ်ကလေး ..
ပုန်း ပုန်းနေတတ်တဲ့ လေနုလတ်ဆတ်ကလေး  ..
ခုမှ...    အပြေးလာ ဆော့မြှူ ..
ချစ်ချင်အောင်ကြူ နေတော့တာပဲ..
ပျောက်လိုက်တာ ကွာ..လို့ .. စိတ် တို ပြတော့....
ဟိုး.. လယ်ကွင်းတွေ ဆီ..
တောအုပ် ..အုပ်.. တောင် ညိုညိုတွေ ဆီ.. အလည် သွား ခဲ့ သတဲ့...
မြို့ပြ က သူ့ ကို မချစ်တော့ ဘူး လို့..  သူ အတွေး တွေ ၀င်....
မခုံမင်ကြမှတော့... သူက လဲ မချစ်ချင် တော့ဘူး ကို...

လေနုကလေး ရယ်... လမင်း ကို တို့တွေ ကြည့်ကြမယ်
သူ လင်း ခွင့် ရ သမျှ ပြည့် ပြည့် ၀၀ လင်း လို့..
ဘယ် သူ ရယ်.. ဘယ် ၀ါရယ် လို့.. သူ မရွေးချယ်..
ညီညီ မျှမျှ .. သူ့ အလင်းတွေ ချ ချ ပေး ..
ငါ တို့တွေ ငေး ကြရတာ.. သူ့ ရဲ့ ရင့်ကျက် မှု ပဲ မဟုတ်ဘူးလား ကွယ်..

ကျမ ကတော့ .. သူ့ ကိုချစ်တယ်..
လ ကွေးကွေး ကလေး .. လ ပြည့်ဝ ကလေး...
မိုးတိမ် တွေ ထူ တုန်းဆို.. ကျမ က လွမ်းရ..
နှင်းမှုန်တွေ သဲ တုန်းဆို.. ကျမ က လွမ်းရ..

(တယ် ဒီကလေးမ.. ထစ်ကနဲ ရှိ လွမ်း ရ.. ထစ်ကနဲ ရှိ.. ချစ်ရ...)
အဲသလို ဆူ မလို့လား.. ကွဲ့....
ကျမ ကတော့... လေညှင်းကလေး လဲ ချစ် ပါတယ်....။


မမသီရိ
၅ ဒီဇင်ဘာ ၂၀၁၂