Friday, November 23, 2012

သည် မှာ တော့ .... ဆောင်း...

 ဒီချိန်ဆို... တောင်တန်းတွေ ရဲ့ မနက်ခင်းတွေ က
နှင်းရည်တွေ စို လူးလို့ ရှိပေမပေါ့....
ကျမရဲ့ .. အလွမ်းတောင်ကြား ကလေး က..
နှင်းမှုန်တွေအောက်မှာ.. ဆိတ်ဆိတ်ကလေး.. ရှိနေလိမ့်မယ်...

တေးဆိုနေကျ အပြာ ရောင်ငှက် ကလေး.. ကရော..
ကျမ ကို လွမ်းနေမှာ လား...

နှင်း လူ ရုပ်ကလေး တွေ ချစ်တတ်သူကလေး တယောက် ကို
ကျမ က တော့ လွမ်း ရပေါ့ ..
ဟင့် အင်း..
ကမ်းခြေ ..  မှာ.. လဲ .. လေတွေ အေးစိမ့်နေမှာ သေချာတယ်...
အုန်းလက်ညိုညို တွေ ရဲ့ တေးသံ ကိုလဲ ငါ လွမ်းတယ်...
နှင်းတွေ စိုနေတတ်တဲ့ .. လမ်း အိုအို လေး..
မနက် မနက် ဆို.. ငါ .. ထ ...  ထ လမ်း လျှောက်ခဲ့.....
ခရမ်းသွေး ဝေနေတဲ့ နှင်းတွေ ဟာ တကယ်ပဲ မွှေး သလား...
ဂစ်တာသံ .. တိုးတိတ်ကလေး ကို လဲ လွမ်းတယ်....
ဆောင်း ထဲမှာ. .. လပြည့်ည ဘယ် နှစ်ခု ရှိသလဲ ..  ရှင် မသိဘူး မို့လား..
ကိုင်းပင် ရှည်ရှည်တွေ နဲ့ အဝေးပြေး လမ်း မ ဟာ..
ဆောင်းမှာ လင်း တဲ့  လပြည့် ည ကြောင့် ဘယ်လောက် ဂုဏ်တက် ခဲ့ သလဲ ...
စိတ်ကူး နဲ့ တောင်.. ကျမရဲ့ နှလုံးသားတွေ ကျန်းမာ လာ...

ငါ့ ရဲ့ အညို ရောင်လည်စည်းကလေး..
ငါ့ ကို လွမ်းနေမယ် လို့ .. ငါ က တကယ်ပဲ  သေချာ နေ...
ငါ့ ဆွယ်တာ ကလေးတွေ .. နွေး ခွင့် မရ တာ.. သိပ်တော့ မဟုတ်သေးပါဘူး..
ဖန်လုံ အိမ် အာနိ သင် က .. ကျမ နဲ့ ထိပ်တိုက်ကြီး လာ တိုး.. (စိတ် တိုတယ်..)...
အေးချင် လို့ လေအေးပေးစက်တွေ နှိုးတော့ မှ.. ကမ္ဘာ ကြီးက ပို နွေးလာ..
ကျမ က... ပန်ကာ လေ လဲ မကြိုက်ဖူး...
ရိုးပြတ်နံ့ သင်း နေတဲ့.. နုနုနယ်နယ် လေမျိုး သာ  ကိုယ့်ကို ထွေးပွေ့ခွင့် ပေးချင်...သူ ..
ရေအေးအေး ကြိုက်သူ.. ငါ့ လို ငပျင်းတွေ ကြောင့် အအေး ခံ သေတ္တာ တွေ နဲ့ ကမ္ဘာကြီး က ငိုကြွေးနေ..

....ဆောင်း................. ရေ့............................................
ကျမ.. လွမ်းတယ်..................................................

ကျမ ..  အလွမ်းတွေ တပုံ တပင် ကို... နောက်ဖက် ဆီ က မြစ်ကွေ့လေး ထဲ
မနက် မနက် ဆို... ကျမလေ.. .. သွန် ..သွန် ချ........

ခု... ကျမ နေနေ တဲ့ မြို့မှာ..တော့  .. ဆောင်းဟာ...
အရှက်သည်းစွာ နဲ့.. Shopping Mall တွေထဲမှာ..သာ........................။


မမသီရိ
၂၃ နိုဝင်ဘာ...၂၀၁၂

2 comments:

မိုးနတ်ကြယ်စင် said...

ညလေးလဲ သဘာဝကို
မြတ်နိုးသူမို့...ရေခဲသေတ္တာထဲက အစားအစာ နဲ့ရေ
ကိုလဲ မကြိုက်...အဲကွန်းဆိုတာများဝေးပါ့...
ပြီးတော့...ဆောင်းကိုလဲသိပ်ချစ်သဗျ...မနဲ့တူတူ
ပေါ့ဗျာ....အရေးအသားလေးညက်ညောတယ်နော်မ.
မရေ...မကဗျာလေးကို သိပ်ကြိုက်တယ်ဗျ..
ခင်တဲ့...မိုးနတ်

သိင်္ဂါကျော် said...

ဆောင်းပီပီသသ အေးတဲ့ နေရာလေးတစ်ခုကို လွမ်းမိ သွားပါတယ်..