Tuesday, November 13, 2012

ရောက်မိ ရောက်ရာ..



အပြာရောင် ကောင်းကင်ပေါ်မှာ .. တိမ်တိုက်တွေ ဟို တစ်စ ဒီ တစ်စ ရှိနေတယ်...
မင်း နာမည် လေး.. Google ပေါ် မှာ.. ငါလိုက်ရှာတယ်...
Sandy ကြောင့် လူတွေ ငို ကြတဲ့ အကြောင်း ပြောချင်နေလို့ 
ရွှေဘို ငလျင်က နောင်ထွက်မဲ့ ပထ၀ီ ပြဌာန်းချက်မှာ ပါလိမ့်မယ်
ကချင် က ကလေးလေး တွေ.. ရခိုင်က ကလေးလေးတွေ..
ဘယ်ဘာသာ.. ဘာလူမျိုးပဲ ဖြစ်စေ..
သူတို့ ရဲ့ စာသင်ကျောင်းတွေ .. အဝေး တစ်နေရာ ထွက်သွားလို့ ...
ကလေးလေး တစ်ယောက် ကမေးတယ်.. မေမေ.. သား ဘယ်တော့ ကျောင်းပြန်တက်ရမလဲ ..တဲ့...
နောက် ကလေးလေး တချို့ ကတော့.
သွေးအိုင်ထဲ က သူတို့ အမေ တွေ အကြောင်း ည ည ဆို အိပ်မက်ဆိုးတွေ နဲ့...
သူတို့ ကို ချော့ သိပ်မဲ့ အမေတွေ မရှိတော့ဘူး.. သူတို့ ကို ယုယ မဲ့ အမေတွေ မရှိတော့ဘူး...
ကယ်ဆယ်ရေး စခန်း က ကြမ်းပြင် တွေ ..ဘယ်လောက် တောင် ကြမ်းရှ လေမလဲ ကွယ်....

KTV အခန်းထဲက ဆယ်ကျော်သက်မကလေး က အလုပ် ပါးနေတုန်း အတွေး ၀င်တယ် ..
ကျောက်စိမ်းတွေ က... သူတို့ မိသားစု တွေ သေ ကွဲ ကွဲစေ တဲ့.. မှော်မိ ကျောက်ခဲ တွေ လို့..
ပင်လယ်ထဲ မှာ အလို အလျှောက်ထွက် တဲ့ ဂက်စ် တွေ နဲ့ .. ငါ သေနတ် ကိုင်မိတော့ မယ်တဲ့ ..
ဟို ကောင်လေး တစ်ယောက် ကပြောလာ တာ.. .

ကြည့်ပါအုံး ဟို နားမှာ.. သစ်ပင်တွေ မရှိတော့ဘူး...
ပိုးသတ်ဆေး နိုင်းချင်းနဲ့.. အစား အသောက် တွေ အတွက် ဘယ်သူ ကမှ ပူပင်ရကောင်းမှန်း မသိ
စာတွေ လိုက် ရှာပြီး ရွေး ၀ယ် သူ.. သိပ် စိတ် မမှန် သလို မျိုး..
ကင်ဆာ.. ဆေးရုံကြီး မှာ.. ကုတင် တွေ မပိုဘူး လို့..
တာဝန်ကျ ဆရာဝန်မကလေး တစ်ယောက် .. က ခပ်ငြိး ငြီး ဆို တယ် ..
တကယ်တော့ သူလဲ ပဲ.. လမ်းဘေး က အကင်လှလှဆို နှစ် နှစ် သက်သက်...

ကမ္ဘာ့ ကုလသမဂ္ဂ ဟာ ငါတို့ အစိုးရ မဟုတ်ဖူးလို့..
တစ်စုံ တစ်ယောက် က အလန့် တကြားထ အော်တော့ ..
ဘေး နား က လူတွေ က လဲ .. ယောင် ၀ါးဝါး နဲ့.. .ဘာကြီးလဲ ဟ ..UN ဆိုတာ တဲ့..
ကျောင်းသုံးစာအုပ်တွေ ပြန်လည် စိစစ်သင့်ပြီ...
သင်ကြားပေးသူတွေ.. အရည်အချင်း မြှင့် သင့် ပြီ...
သီလ စောင့် ဖို့ အရေး.. အူ မတောင့် အောင်.. လုပ်ပေးကြပါ အုံး .. 
တချို့က တော့ လက်ဖက်ရည်ဆိုင် မှာ.. လူ့ အခွင့်အရေးတွေ တိုက်ပွဲ ၀င်တယ်..
မျက်နှာ စာအုပ်ဟာ ... နိုင်ငံရေး စင်မြင့်.. လှုံ့ ဆော်ရေး စင်မြင့်..
ဝါဒ ဖြန် ချီရေး အတွက်.. လူ့အခွင့် အရေး စစ်မျက်နှာအသစ်ဖွင့် ကြတယ်..
မီဒီယာ အခွင့်အရေး တွေ ကောင်းကောင်း အသုံးချပြီး 
ခြိမ်းခြောက် ခံ.. စော်ကားခံရသူတွေ အတွက် ကျတော့ရော.. ဘယ်သူ အကာကွယ်ပေးမလဲ...

မျိုးချစ် စိတ်ဓါတ်တွေ ရှင်သန် ထက်မြက် လွန်းလာ တယ် 
ကမ္ဘာ ကြီး က စစ်ပွဲ တွေနဲ့ ..  သွေး အလိမ်းလိမ်း ကပ်ပြီ... 
စတေ့ခ်ျ ပေါ်မှာ.. ကော်လာကတုံး နဲ့ သားကလေး ...ဒါ ..တို့ တိုင်း.. တို့ပြည်.. တို့ မြန်မာပြည်.. တဲ့ ..
ဟန်တွေ မာန်တွေ နဲ့ .. တကယ်ပဲ  ကြက်သီး ထ.. ချင် လာပြီ.....
Peace လို့ ငါ က ပြောချင်တယ်.. ငါ့ သူငယ်ချင်းကလေး တစ်ယောက် ကတော့..
ရိပ် သာ ထဲ မှာ လား တဲ့...
Peace is only upon to YOU.. ဆိုတော့... I have no doubt for that.. တဲ့..
ဒါပေမဲ့...
ဒီပြည် ဟာ.. ငါတို့ ..ပြေ... ဒီ ပြည်ဟာ.. ငါတို့ မြေ..
ဘယ်တုန်းထဲ မင်း တို့ ပိုင်တာလဲ .. မေးလာတဲ့ သူငယ်ချင်း.. ငါ စိတ် ဆိုး ချင်တယ်  ...
အဲဒီ အရင် ကရော.. ဘယ်သူ ပိုင် တာလဲ လို့ ဘေး ကတစ်ယောက် ၀င်မေး ပြန်တယ်...
ရှေးဦး လူသား တွေ... ပေါ့..
အဲဒီ မတိုင် ခင် ကရော.ကွာ....မေးခွန်းအဆုံး.. .
ငါ တို့ .. အချင်းမပွား ကြအောင်လား လို့.. မျက် နှာထားနဲ့.. ကြည့်သူ ကလေး...

ဟေ့.....
တို့ တွေ ... ကမ္ဘာ ကြီး ကို လက်ဝါးပေါ် တင်ကြည့်ကြရအောင်...
နိုင်ငံမဲ့ လူသားတွေ.. ဘယ်နိုင် ငံက မှ.. လက် မခံ ချင် ကြတော့ ရင်...
အင်္ဂါ ဂြိုလ် ဆို.. ဘယ် လို နေမလဲ....
ဒါ နဲ့ နေပါ အုံး... အကယ် လို့ များ...
အကယ် လို့ များ.... အကယ်လို့ များ လေ........
သူငယ် ချင်းလေး က...
အသားရောင် မဲ.. ပြီး.. နိုင် ငံ မရှိ တဲ့ လူ မေမေ ရဲ့ ကလေးလေး အဖြစ်နဲ့သာ..
ဒီ ကမ္ဘာ ပေါ် မှာ... မွေး ဖွား လာခဲ့ ရင်... ...
မင်း...... PEACE ဆို တာ.. ဘယ်လို တွေး မလဲ .. HUMAN ကို ဘယ်လိုရေးမလဲ ...
အဲဒီကောင်မလေး က.. တကယ်ပဲ သိချင်နေသေးတော့ တယ်...တဲ့...။

မမသီရိ
၁၃ နိုဝင်ဘာ ၂၀၁၂

2 comments:

မိုးနတ်ကြယ်စင် said...

မမသီရိရဲ့ ရောက်မိရောက်ရာကလဲ ကောင်းသဗျာ..
မ..စာတွေ အရမ်းကောင်းတယ်...
ခု လတ်တလော ဖြစ်နေတာလေးကို ချရေးပြထားတာ
မျက်စိထဲတောင်မြင်ယောင်မိတယ်..
အစကနေ အဆုံးအားလုံး...ဖတ်လို့ကောင်းလို..
အမှန်အကန်တွေချည်း.....အရေးအသားလဲ
ပြေပြစ်၏....အားကျမိတယ်မ
ညလေးကတော့ အများကြီး ကြိုးစားရအုံးမယ်ရှင်
ခင်တဲ့...မိုးနတ်

ွှThwin said...

Peace is only upon to YOU.. ဆိုတော့... I have no doubt for that.. တဲ့.တစ်ကယ်ကို သံသရ မဖြစ်မိပါဘူး..။ အားလုံး လူကိုလူ လို့ မြင်လာနိုင်ပါစေ လို့ ဆုတောင်းပေးမိတယ်..။