Saturday, September 15, 2012

မချိုမြိန်သော နေ့စွဲများ...

ကြည်စင်နေတဲ့ မိုး ကောင်းကင်
လွင့်နေအောင် မြင့်နေလိုက်တာများ ...
တစ်ခါ တစ်ရံ.. အမြင့်ပျံ ငှက်တွေ ဖြတ်သွား ဖြတ်လာ
တစ်ကောင် စ နှစ်ကောင်စ တော့ တွေ့သား...
ရီးလေးခိုလို့ သာ ရလိုက်ချင်..
ခပ်ဝေးဝေးမှာ..
ကားတွေ တစ်စိး တစ်လေ ဖြတ် သွား ဖြတ်လာ သံလဲကြားမိရဲ့

ဘေးနား မှာ ဆူဆူညံညံတွေ နဲ့ အထီးကျန်မှု..

ဒီကမာ ကြိး က ကျဉ်းသတဲ့... လူတွေပြောတော့ လွယ်.လွယ်.
မေမေ့ ထောင့်ချိုးကွေးကွေး ကလေးက
နံရံ လေးဖက် နဲ့မြင့်မား ..
လျှောက်ရမဲ့လမ်းက ပူပြင်း ကျယ် ပြောလွန်းလှတယ် ..

မေ့မေ့ ကြယ်ပွင့် ကလေး..
မေမေ့ ဆင် ကလေး...
မေမေ့ ၀က်ဝံ ကလေး....

တခါ တရံပေါင်း များစွာ ထဲ ..
အမှန်တရား ဟာ စိတ်ညစ်ညူး ပြီး ခြေဦးတည့်ရာ အဝေးကို ထွက်သွားတယ်..
သူ စိတ်ပြန်လည်ဖို့.. ဆုတောင်းရုံက လွဲ.. ဘာမှ မတတ်နိုင်တော့တဲ့ အခါ...
နေ့ရက် နာရီတွေ ခါးသီးလွန်း ...
အလွမ်းတွ က ရေနည်းငါးလို .. တဖျတ်ဖျတ် ခုန်...
မျက်ရည် တစ်စက်.. နှစ်စက် က ကြုံလို့ ကျတာမျိုး မဟုတ်ဖူးကွယ်...


မေ့မေ့ ကြယ်ပွင့် ကလေး... ရဲရင့်စွာ ပျော်ရွှင်ပါ..
မေမေ့ ဆင် ကလေး.... လွတ်လပ်စွာ.. ကျန်းမာ ပါ..
မေမေ့ ၀က်ဝံ ကလေး..... ကြည်လင်စွာ ဆော့ ကစားပါ..

အမှန်တရား တို့ အပြုံးနဲ့ လှည့်ပြန်လာတဲ့အခါ.. တို့တွေအကုန်လုံး ပြန်ဆုံမှာ....။


မမသီရိ
၂၀၁၂ ဇူလိုင်