Wednesday, April 13, 2011

ပိတောက်က ပိတောက်.. တယောက်က တယောက်..

သင့်အားချစ်ခြင်းဖြင့်
လင်းထိန် တောက်ပခဲ့ဖူးသော ကောင်းကင်တခု

သင့်အားတမ်းတခြင်းများဖြင့်
မှုံမှိုင်းနေခဲ့ဖူးသော မနက်ခင်းများစွာ

သင့်အားလွမ်းမောခြင်းများဖြင့်
ဖုံးအုပ်လွှမ်းခြုံထားခဲ့သော မြူခြေဝေ တောင်တန်းရှည်..

သင့်ရင်ကို ထိုးဖောက်မြင်သာရန်
ချောင်းကြည့်ခဲ့ဖူးသော ရွက်ကြွေ လမ်းကလေး

သင့် အနီး ပါးတွင်သာ ဖူးပွင့်ဝေဆာလိုသော
ပိတောက်ပန်း ၀ါဝါ များ..

ခုတော့...
အကြောင်းခြင်းရာ များစွာတို့ ဖြင့်
ပိတ်လှောင်မွှန်ကြပ်နေသော အခန်းငယ်ကလေး တခု အတွင်း မှာ... မင်း ရဲ့ ငါ.....။



မမသီရိ
၁၃.၄.၂၀၁၁

2 comments:

လင်းဒီပ said...

အခုတော့ ပိတောက်ကလည်း တစ်နေရာ...
တစ်ယောက်ကလည်း တစ်နေရာ ဖြစ်နေပြီပေါ့..

Anonymous said...

ငါ့ရဲ့မင်း...ကရော.. ဘယ်လိုနေမလဲကွယ်....