Saturday, March 19, 2011

နွေဦးအလွမ်း

တပေါင်း တန်ခူး မိုးသားကျူးတဲ့
နွေဦးကာလ .. လေရူးထ ခိုက်
သစ်ရွက် လိုက်ကြွေ... ရှိုက်လေသလား..

တစ်ရွက်
နှစ်ရွက်
သုံး ..လေး ရွက်ပေါ့
လေ ဟုန်စီးရင်း မြေခင်းကိုသက်
အခက်မှာကျဲ .... ခွဲခဲ့ ပင်အို..
ရွက်ပျိုအတွက်.. နေရာဖယ်ပေး..
သူတို့လေးတွေ....

....
........
..............................
လွမ်းရွက်လေးတွေ
သဲသဲ ကြွေ ခဲ့.. အချစ်ရဲ့ ၇င်...
သခင်မြင်လှဲ့..
ရှာပေးသူမဲ့ .. ဝေးနေခဲ့ လို့
နွေဦး အနမ်း .. ကံကော်ပန်းတောင်
ယောင်လို့ မမွှေး.. ပန်းဖို့ ဝေး
ရင်ထဲ လှိုက်ငို....
နွေကြို.. ဥသြ.. လွမ်း သံနှောခိုက်....


....
..
လွမ်းလိုက်တာကွယ်....
ရွက်ကြွေလေးတွေ ပုံနေသလို..
ဥသြ ငှက်ကလေး ငို နေသလို..
ကျမ ရင်ထဲ လဲ.. အလွမ်း တွေ ပို....
ဆုံကြမဲ့ရက်.. တောင်းဆုချို........။

မမသီရိ
မတ် ၁၉၊ ၂၀၁၁

1 comment:

အကိုကြီး said...

အကိုကြီးနှမ ပန်းလေး..
စာမရေးတာကြာလို့ မအားဘူးလား..နေကောင်းရဲ့လား..
တွေးနေတာ..ခုမှပြန်တွေ့ရတော့တယ်..