Saturday, November 27, 2010

ချစ်သူ့ စွန်

မင်း နီးစေချင်သလား
အနီးဆုံးကို လာခဲ့မယ်....


မင်း ဝေးစေချင်သလား.
အဝေးဆုံးမှာ နေပေးမယ်....


အတင်း အလျှော့
မောင်... လို သလို ဆော့ နိုင် ရဲ့..

ကျမ က မောင့် ရဲ့ စွန်ကလေး ပါ..........။



မမသီရိ
၂၆.၁၁.၂၀၁၀

9 comments:

မောင်မျိုး said...

း)

ကဗျာလေးက ချစ်စရာလေး

ATN said...

သည်ကဗျာလေး... ကြိုက်လို့... ခွင့်မတောင်းပဲ အကို့ ဘလော့မှာ ရှဲထားတယ်... ဆောရီး...

ATN said...

အင်း...

သည်ကဗျာလေးကို...

အကို ကြိုက်သလို ပြန်ရေးကြည့်မိတယ်...

မင်း...
နီးစေချင်သလား...
ကြိုးများကို...
မင့် နှလုံးသားနဲ့
နီးသွားအောင်
ဆွဲယူတုပ်နှောင်လိုက်ပါ့...

မင်း...
ဝေးစေချင်သလား...
ကြိုးများကို...
မင့် နှလုံးသားနဲ့...
ဝေးသည်ထက်ဝေးသွားအောင်
လျော့ဖြေပေးထားလိုက်ပါ့...

ကြိုးတချောင်းအတပ်ခံထားရတဲ့
နှလုံးသားဆိုတာ စွန်ပါပဲ...

မင်း ကျွမ်းကျင်သလိုများသာ
ဆော့ကစားလိုက်ပါ့...
အချစ်... ရဲ့...

မင်းရဲ့... ရစ်ဘီးကလေး...
မင်းလက်ကလေးထဲ မှာ
ရှိနေနိုင်သေးသမျှပေါ့... လေ...

ATN

အုပ်ကြီး said...

ကံကြမ္မာ လေအဝှေ့ မှာ
လွင့်မှာတော့စိုးတယ်..
ကြံ့ကြံ့ခံနိုင်ပါစေဗျာ ..

ရွှေရတုမှတ်တမ်း said...

ဒါဆိုရင်တော့...မောင်တော့ ကြက် ဖြစ်မှ အဆင်ပြေမယ်..
မြန်မြန် စွန် သုတ်ခံရအောင်လို့...

သိင်္ဂါကျော် said...

ကဗျာလေးက တိုတိုလေးနဲ့ ထိမိတယ်နော်.. ချစ်စရာလေး..

~ဏီလင်းညို~ said...

ဟုတ်ပအစ်မသီရိရယ်........
ကဗျာလေးက တိုတိုလေးနဲ့...ကောင်းတယ်ဗျာ...။
နေကောင်းတယ်ဟုတ်......။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ယောနက်သန် said...

ကဗျာလေးမိုက်တယ်။

လင်းဒီပ said...

ကြားကနေ မှန်စာကောင်းကောင်းတိုက်ထားတဲ့ အနှောက်အရှက် ဖိုက်တာစွန်တစ်ကောင် လာဖြတ်သွားရင်တော့ မလွယ်ဘူးနော် :))