Wednesday, November 24, 2010

လွမ်းတေး

ကောင်းကင်က သူ့ အလိုလို ပြာတဲ့ဟာ
ကိုယ့်အလွမ်းကြောင့်လိုလို..

တောင်တန်းတွေကသူ့အလိုလို မှိုင်းနေတဲ့ဟာ
ကိုယ့်အလွမ်းကြောင့်ပဲ လိုလို...

ရိုးမတောတွေ သူ့ အလိုလို ညို့နေတာ..
ကိုယ့်အလွမ်းတွေကြောင့် လိုလို..

ပင်လယ်ကဗွီးတွေ သူ့အလိုလို တီးတိုး သီချင်း ငြီးနေတဲ့ဟာ..
ကိုယ့်အလွမ်းကြောင့်လိုလို...

နှင်းတွေ တအိအိ တဖွဲဖွဲ မှုန်နေတာ
ကိုယ့်အလွမ်းတွေကြောင့်လိုလို..

တိုတိုထွာထွာ မရှိဖူးသူမို့
ပိုပို သာသာ အမြဲလွမ်းနေမိတဲ့သူ...

မြေနီလမ်းကလေးရေ..
အတောင်မဲ့နေတဲ့ချစ်သူလေးကို..
မရောက် အရောက်ခေါ်လာပေး..

အလွမ်းတေးသီတဲ့ ငှက်ကလေး မောလှပြီ.....။


မမသီရိ
၂၀.၁၁.၂၀၁၀

3 comments:

ရွှေရတုမှတ်တမ်း said...

ပန်းလေး..
ပြန်ရောက်ပြီလား...
အတောင်မဲ့နေတဲ့ချစ်သူဆိုတော့...
လေယာဉ်ပျံတော့ မဟုတ်ဘူး..မော်တော်ကားဖြစ်လောက်တယ်..
ဒါမှ မြေနီလမ်းကခေါ်လို့ရမှာ..

မေပယ်လ် said...

ဆောင်းက မိုးယိုပြနေတာ
ကိုယ့်အလွမ်းကြောင့် မဟုတ်ဘူး
နိဝင်ဘာက ဒီဇင်ဘာထက် လှနေတာ
ကိုယ့်အလွမ်းကြောင့် မဟုတ်ဘူး

ဝေလင်း said...

သိပ်မှန်တာပဲအစ်မရေ..
လွမ်းများလွမ်းပြီလားဆို အရာရာတိုင်းကို လွမ်းသောမျက်စိနဲ့ပဲ ကြည့်မိတော့တာကိုးး