Saturday, March 30, 2013

တစ်ရေး ကလေး ပါပဲ....လောလောဆယ်..

နှစ်နှစ်ခြိုက်ခြိုက်ကြီး
တစ်ရေး တစ်မောလောက် သေသေချာချာ အိပ်လိုက်ရရင်..

ကျောက်စရစ်အက်ကွဲ လမ်းကလေးပေါ် က
ဘ၀ အမောတွေ ပြေလေ မလား..

လှောင်အိမ်ကလေး တစ်ခု မရှိလို့တဲ့..
လွတ်လပ်ခြင်းရဲ့အောက်မှာ
မနက်က သွေးတွေ နဲ့ ဘ၀ကူးသွား ရှာတဲ့ ယုန်နက်ကလေး
အတွေး က ထွက်ပြေးမလား..

ဧည့်သည် ကွ.. အိမ်ရှင်ကွ ..
ကြိုးဝိုင်းထဲ က မျက်နှာမှာ အိုးမဲ နဲ့ သွေးသံရဲရဲ
တစ်ပါး ပိုသွားပြီ ဖြစ်တဲ့ လောကဓံ ထဲ
အလဲလဲ အကွဲကွဲ ..
Shelter ကျဉ်းကျဉ်းထဲ ရောက်သွားတဲ့
ဘ၀တွေ အကြောင်း ဟောင်းတော့ဟေ့လို့  မေ့သွား လေမလား..

လေးလံ လွန်းလှ တယ်..
ပုခုံး ဘယ်ညာ .. ရှေ့နောက် ၀ဲယာ ..
မနိုင်လုနီး ပါး ၀န်တွေ .. အကြောင်း
အံ ဆွဲ ဟောင်းကလေးမှာ.. သိမ်းထားလို့ ရမလား...

အသက်ရှုရတာ မ၀ တော့ ဘူး..
ဘယ်ရင် အုံ ထဲ စူး စူး အောင့်နေတယ်...

ကြိုးတန်းလန်း နဲ့ ငှက် ကလေး ကို မေ့လိုက်ချင်တာ က အဆိုး ဆုံး ...
လောလောဆယ်ဆယ် ..
အုန်းလက် ညိုညို တွေ အောက် တစ်ရေးလောက် အိပ်ချင်တယ်.... ။

မမသီရိ
၃၀ မတ် ၂၀၁၃