Tuesday, June 29, 2021

လမ္း. လမ်း

လမ်း

 








ပမ်း တယ်ဆိုရင် ခဏရပ်




အားရ ပါးရ အော်ရီမယ်




တစ်ခါ ဆက်လျှောက်ကြစို့ရဲ့ 



 

မမသီရိ

၂၉  ဇွန် ၂၀၂၁

 

 

လမ်း

 

အချို့လမ်းတွေက ရှည်တယ်

အချို့လမ်းတွေက တိုတယ်

ရှည်တယ်ဆိုတာ တိုတာ ရှိလို့လား

တိုတယ်ဆိုတာ ရှည်တာ ရှိလို့လား

အချင်းတွေများစရာ မလို - အငြင်းတွေ ပွားစရာမလို

တိုတို ရှည်ရှည် ဒီခရီး

ကိုယ်စီ လျှောက်ကြရမယ် ကွဲ့

ပမ်း တယ်ဆိုရင် ခဏရပ်

ဘလက်ခ်ကော်ဖီ ကလေးသောက်ကြမယ်၊

ပန်းပွင့်ကလေးတွေ လိုက်ငေးမယ်

မိုး တိမ်တွေ ကို မော့ကြည့်မယ်

အားရ ပါးရ အော်ရီမယ်

ကြောင်ကလေး ကို ပွတ်သပ်ပေးမယ်

လိပ်ပြာ ကလေးတွေ နဲ့ စကားပြောမယ်

အသက် ဝဝ ရှုလို့ ပြီးပြီ ဆို

တစ်ခါ ဆက်လေ ျှာက်ကြစို့ရဲ့ 

မရောက် အရောက် ရောက်ကြရမဲ့ ခရီး

လမ်း ရဲ့ .. ခေါ် ဆောင်ရာ ဆီ .. .။

 

မမသီရိ

၂၉  ဇွန် ၂၀၂၁

No comments: