Saturday, April 30, 2011

ချစ်သော အကိုကြီး ကောင်းရာဘုံမှာ ပျော်ပါစေ

 ဘယ်လိုမှ မယုံချင်ပါ
ဘာကိုမှ မယုံချင်ပါ

 အကိုကြီးနဲ့ နောက်ဆုံး ဆက်သွယ်ဖြစ်တဲ့ စာ..

အကိုကြီး ..ကောင်းရာဘုံမှာ ပျော်ပါစေ

ချစ်တဲ့ ညီမလေး မမသီရိ

 ....................................................................................................................
ma lay
အကိုကြီး မတွေ့တာအတော်ကြာပြီ နယ်တွေ ခရီးထွက်ရတာမျးနေတာနဲ့ သင်တန်းတွေ များနေတာန...
Apr 20 (11 days ago)

ma layLoading...Apr 20 (11 days ago)


 Reply |ma lay to maungnaipe
show details Apr 20 (11 days ago)

အကိုကြီး
မတွေ့တာအတော်ကြာပြီ
နယ်တွေ ခရီးထွက်ရတာမျးနေတာနဲ့ သင်တန်းတွေ များနေတာနဲ့ အကိုကြီးနဲ့ မဆက်သွယ်အားဘူး
နေကောင်းရဲ့လား
သင်္ကြန်တုန်း က ကောင်းမှုတွေလုပ်ရင်း အကိုကြီး အတွက်လဲ ဆုတောင်းဖြစ်ပါတယ်
သတိရနေပါတယ် အကိုကြီး

ချစ်ခင်လျက်
ညီမ မမသီရိ


PS: အကိုကြီး ဖုန်းနံပါတ်လေး ပေးထားပါ အဆင်ပြေရင် ခေါ်ရအောင်
 Reply ForwardNai is not available to chat

Nai Peအကိုကြီးနှမ..ပန်းလေးရာ ညည်းကိုပျောက်နေလို့သတိရနေတာ အလုပ်တွေ ရှုတ်နေမှာပဲဆိုပြီ...
Apr 20 (10 days ago)

Nai PeLoading...Apr 20 (10 days ago)


 Reply |Nai Pe to me
show details Apr 20 (10 days ago)

အကိုကြီးနှမ..ပန်းလေးရာ

ညည်းကိုပျောက်နေလို့သတိရနေတာ  အလုပ်တွေ ရှုတ်နေမှာပဲဆိုပြီး
စာမရေးဖြစ်တာ၊ အကိုကြီးလဲ ခု...နေကောင်းကျန်းမာတယ်၊ အစကတော့ ကင်ဆာဆိုပြီး..ခုမဟုတ်တော့ပြန်ဘူးတဲ့၊ အကိုကြီးခရီးထွက်...လျောက်လည်နေလို့ ၊ အရင်အပတ်ကတော့ ခရီးပန်းပြီး ဖျားသေးတယ်၊ အကိုကြီး ဖုန်းနံပါတ်နဲ့
e mail ကိုအကိုကြီးဘလော့ဂ်မှာ တင်ထားသေးတယ်၊ ဖုန်းနံပါတ်က ၈၃၂ ၂၆၆ ၂၄၂၂ 832 2662422

အကိုကြီး

2 011/4/20 ma lay
- Show quoted text -

ma lay to Nai
show details Apr 20 (10 days ago)

အကိုကြီး
တကယ်ပြောတာလား
ဒါဆို မမတို့ မေတ္တာတွေ အကိုကြီး တကယ် ရတယ်ပေါ့
ပျော်လိုက်တာ အကိုကြီး
ဘ၀မှာ ရှားရှားပါးပါး ဖြစ်မှာ နော် မယုံ နိုင်စရာပဲ

တကယ်တော့ အကိုကြီးဆီ စာရေး ရင် ရင်ထဲ မကောင်းလွန်းလို့ သတိရတိုင်းမရေးတာပါ

ခုတော့ ဘယ်လိုပျော်မှန်းမသိဘူး ..

ချစ်တဲံ့ ညီမလေး မမသီရိ




(ပြီးခဲ့တဲ့ အောက်တိုဘာမှာတုန်းက အကိုကြီး အတွက် ရေးပေးခဲ့ဖူးသေးတဲ့ စကားလုံးမဲ့စွာ.. )

Sunday, April 24, 2011

ချဉ်ခြင်းများ

အိပ်မပျော်ခြင်းများကိုသာ
ငါ အလိုရှိတယ်
ဒါမှသာ သူ့ကိုလွမ်းချင်တိုင်း လွမ်းလို့ရမှာ မို့..

ညနေခင်းများကိုသာ
ငါ အလိုရှိတယ်..
ဒါမှသာ သူ့ အလင်းရောင်ကလေး ထွေးပွေ့ ခွင့်ရမှာ ကိုး..


သစ်ရွက်ကြွေ များကိုသာ
ငါအလိုရှိတယ်..
သူ့ ကို မြတ်နိုးခြင်း ပြန်လည် နုသစ်စေမှာမို့..

မုတ်သုံလေများကိုသာ..
ငါ အလိုရှိတယ်..
သူ့ ကိုယ်သင်း ရနံ့ များ သယ်ဆောင်လာတတ်တာမို့..

သူ့ ချစ်ခြင်းများ ကိုသာ..
ငါ အလိုရှိတယ် ..
တဘ၀မှာ တခါသာ အချစ်မှန်း သေချာ သိပြီ မို့..


မမသီရိ
၂၁.၂.၂၀၁၁

Tuesday, April 19, 2011

မိတ်ဆွေလေးအတွက်

လက်ထဲမှာ
မီးအိမ်ကလေး ရှိနေရက်နဲ့
ဘာလို့ ဒီအတိုင်း အမှောင်ထဲ စမ်းလျှောက်မလဲ
ထွန်းညှိပစ်လိုက်ပါ ရဲရဲ...

ကိုယ့်ရှေ့မှာ
ပန်းကလေးတပွင့်ရှိနေရက်နဲ့..
ဘာလို့ ဒီအတိုင်း ညှိုးနွမ်းစေရတာလဲ..
ကောက်ယူ မွှေးပစ်လိုက်စမ်းပါ ရဲရဲ...

ကိုယ့်ရှေ့မှာ..
သစ်သီးကလေး တလုံး ရှိနေရက်နဲ့..
ဘာလို့ ဒီအတိုင်းပုပ်သိုး စေမလဲ..
ကောက်ယူ စားပစ်လိုက်စမ်းပါ ရဲရဲ..

မင်း ရှေ့မှာ..
မင်းကို အလွန်တရာ ချစ်သူလေး ရှိနေရက်နဲ့..
ဘာလို့ ဒီအတိုင်း ရပ်နေရတာလဲ..
လှမ်းယူထွေးပွေ့လိုက်စမ်းပါ ရဲရဲ......။


မမသီရိ
၂၀၁၁ ဖေဖေါ်ဝါရီ

Monday, April 18, 2011

နှုတ်ဆက်သံစဉ်

နေ့ဖို့ ညစာ ချန်မထားဘူးရယ်လို့
အပစ်တင်မစောလိုက်နဲ့အုံး
ရှိရှိသမျှ ပုံအော ချစ်ချခဲ့သူကို...

ချစ်လို့ ရသလို အကုန်လုံးချစ်ခဲ့
နေ့နဲ့ ညနဲ့ နွေနဲ့ မိုးနဲ့
ဆောင်းနဲ့ နှင်းနဲ့.. အမြဲပဲ သွန်းဖြိုး... ချစ်မိုးတို့ စွေ....
ဘယ်လောက်ပင် ချစ်ခဲ့လေ ဆိုသော်ငြား...

သစ်ရွက်ကို ချွေချတာ လေမဟုတ်ရ
ပန်းပွင့်တွေချွေချတာ နေမဟုတ်ရ...
သူ့သဘာဝ သူတို့ မြေခကြတာ..

မင်းနဲ့ ငါ.. ဆုံခဲ့ကြတာ ကံကြမ္မာ သဘောအရ..
မင်းနဲ့ငါ.. ချစ်ခဲ့ကြတာ နှလုံးသား အလိုအရ..


ကာလ တခု... အကြာ..........


လျှော့ကြိုးကုန်လို့.. ခုန်ထွက်တာမျိုး မဟုတ်ပေမဲ့..
နေ့ဖို့ညစာမကျန်အောင် ဘောင်အလွန်ပေးဆပ်ချစ်ခဲ့ပေမဲ့..

အချစ်ရယ်.. မင်းနေသာမယ်ထင်လို့.. မင်းနဲ့ ငါ.. ဝေးကြတော့မယ်...
နှုတ်ဆက်ခဲ့ပါတယ်.. မင်းဆန္ဒ အလို အရ...



မမသီရိ
၇.၂.၂၀၁၁

Wednesday, April 13, 2011

ပိတောက်က ပိတောက်.. တယောက်က တယောက်..

သင့်အားချစ်ခြင်းဖြင့်
လင်းထိန် တောက်ပခဲ့ဖူးသော ကောင်းကင်တခု

သင့်အားတမ်းတခြင်းများဖြင့်
မှုံမှိုင်းနေခဲ့ဖူးသော မနက်ခင်းများစွာ

သင့်အားလွမ်းမောခြင်းများဖြင့်
ဖုံးအုပ်လွှမ်းခြုံထားခဲ့သော မြူခြေဝေ တောင်တန်းရှည်..

သင့်ရင်ကို ထိုးဖောက်မြင်သာရန်
ချောင်းကြည့်ခဲ့ဖူးသော ရွက်ကြွေ လမ်းကလေး

သင့် အနီး ပါးတွင်သာ ဖူးပွင့်ဝေဆာလိုသော
ပိတောက်ပန်း ၀ါဝါ များ..

ခုတော့...
အကြောင်းခြင်းရာ များစွာတို့ ဖြင့်
ပိတ်လှောင်မွှန်ကြပ်နေသော အခန်းငယ်ကလေး တခု အတွင်း မှာ... မင်း ရဲ့ ငါ.....။



မမသီရိ
၁၃.၄.၂၀၁၁

Saturday, April 09, 2011

အလွမ်းနွေ

သစ်ရွက်ခြောက်တွေ ... သဲသဲကြွေ..
လေရူး လေပွေ...........  ဝှေ့ဝှေ့ မွှေ..

ဆုံရန်တွေးချင့်.. မျှော်လင့်ရင်မော..
သောက ရက်ရှည်... အလွမ်းနွေ....

မမသီရိ
၉.၄.၂၀၁၁