Thursday, December 30, 2010

မင်းခြေရာတွေ ငါတွေ့တယ်..

လှစ်ကနဲ .. တွေ့လိုက်မိသလိုပါပဲ
နောက်ကလိုက်ကြည့်တော့ ပျောက်သွား ပြီ...

သဲသောင်ခုံ မွမွ ပေါ်မှာတော့
လွမ်းစရာ့ သူ့ ခြေရာတွေ ထင်လျှက်ကျန်နေ..

ပုန်းညက်တွေမွှေးတာ ကို
မွှေးတဲ့ အကြောင်းပြောဖို့ ..
စဉ်းစား ရမယ်လို့ ထင်နေသူကလေး..

 တိမ်ပြာပြာတွေ နှစ်သက်တာ ..
နှစ်သက်တဲ့အကြောင်း ပြောပြ ဖို့
ခဲခဲယဉ်းယဉ်း လို့ ထင်နေသူကလေး..

ချစ်သူ့ လက်ကလေး.. ဆွဲယူ ထွေးပွေ့ ဖို့အရေး
ဘာတွေကြောင့် ဘယ်လို တုန့်နှေး..
အဝေး ကို ထွက် ထွက် ပြေးရတာလဲ..

အုန်းလက်ညိုညို .
အကြို အကြား အနောက်ဖက်ဆီက
အပြာရောင် အရိပ်ကလေး ရေ...
မင်း မျက်နှာ မမြင်ရအောင်..
မင်း ပုန်းရှောင်နေပေမဲ့...
မင့် အသက်ရှူသံ သဲ့သဲ့ က တော့
မင့် ချစ်သူ့ ရင်... လာ လာမှန် တယ် ရှင်.... ။

မမသီရိ
၁၀.၁၂.၂၀၁၀

Thursday, December 23, 2010

ထောင့်ချိုးအကွယ် ...

ပြာပြာလွှင် နေတဲ့
ကောင်းကင်ကြီးရဲ့ အောက်မှာ ..
တောင်စဉ် ညိုပြာပြာတွေ ရှိတယ် ..

တောင်စဉ်ညိုတွေရဲ့အနောက်
မိုးကုပ်စက်ဝိုင်း အကြားမှာ ပင်လယ်တစင်း ရှိတယ် ..

အဲဒီ ပင်လယ်ရဲ့ ဘေးအစွန်းနားမှာ
အနောက်ဖက်ကမ်းခြေ ရှိတယ် ..

အနောက်ဖက်ကမ်းခြေ အလွန်မှာ ..
ချစ်သူ့ မြို့ကလေး ရှိတယ် ..
 
အဲဒီ မြို့ကလေး အစွန်မှာ ..
တောင်ကုန်းကလေး တခု ရှိတယ်

အဲဒီတောင်ကုန်းလေး နံဘေးမှာ..
ပန်းခြံကလေး တခု ရှိတယ်..

ပန်းခြံကလေး မနီး မဝေးမှာ..
ရေကန်ကလေး တခု ရှိတယ်..

အဲဒီရေကန် လေး အဆုံးမှာ
လမ်းသွယ်ကလေး တခု ရှိတယ်

အဲဒီလမ်းသွယ်ကလေး ထဲမှာ
ချစ်သူ့ ကားကလေး ရှိတယ်..

အဲဒီ ကားကလေးထဲမှာ..
Music Player ကလေး တလုံးရှိတယ်..

အဲဒီ Music Player ကလေးထဲမှာ
ကဗျာကလေးတွေ ရှိတယ်..

အဲဒီကဗျာတွေ ထဲမှာ ..
ကဗျာ ဆရာ ရဲ့ ချစ်သူ ရှိတယ်..

အဲဒီ အမျိုးသမီးကလေးရဲ့ ရင်ထဲမှာ ..
သူ့ ချစ်သူ အမျိုးသား တယောက် ပဲ ရှိတယ်..

အဲဒီ အမျိုးသား ကလေး ရဲ့ ရင်ထဲမှာတော့
ဘယ်သူ ရှိသလဲ ဘယ်သူ မှ မသိနိုင်တယ်....။

မမသီရိ
၂၂.၁၂.၂၀၁၀

Wednesday, December 15, 2010

အဲဒိလက်ကလေးတွေ

နူးညံ့နေမလားဆိုတာ
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေတဲ့
အဲဒီ လက်ကလေး တစုံ..

ကျမအတွက် ပန်းတွေ.. သူ..
အဲဒီ လက်ကလေး နဲ့..
စိုက်ထားပေးခဲ့ဖူး ...

ကျမအတွက် လမ်းတွေ .. သူ..
အဲဒီလက်ကလေး နဲ့ ..
ဖောက်ထားပေးခဲ့ဖူးတယ်..

ကျမ အတွက် သီချင်းတွေ .. သူ..
အဲဒီလက်ကလေးတွေနဲ့ ..
တီးခတ် သီဖွဲ့ပေးဖူး...

ဝက်သစ်ချပင်တွေ စီတန်းနေတဲ့
ကျူးလစ်ပန်းခင်းကြားလမ်းကလေး ပေါ်
ကဗျာတွေစီရင်း လမ်းလျှောက်နေတတ်သူကလေး ရဲ့
အဲဒီလက်ကလေးတွေ..

နူးညံ့နေမလားဆိုတာ..
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေလို့..
အဲဒီ.... လက်ကလေးတွေ.......
တနေ့နေ့တော့.. ကျမ ပါးပြင်.. ဆွဲယူ ကပ်ထား ချင်သေးတယ်..။


မမသီရိ

Monday, December 13, 2010

ရင်ရိပ်အဝေးဆီမှာ

ဖောချင်း သောချင်း
လင်းချင်တိုင်း လင်းနေတဲ့ တန်ဆောင်မုန်း ရဲ့ လ အရောင်..

နှင်း မှုန်မှုန်တွေ ကလဲ
အင်တိုက် အားတိုက် ပါပဲ
ခရမ်းရောင် ရင့်တဲ့ထိ ဖြိုက်ဖြိုက်ကျ လို့...

သဇင်အဦးတွေ
နတ်တော် ပြာသို ကူးအမီ
ပွင့်ဖို့ အားယူ ဖူးကြပြီ ...

အေးစက်စက် ဆောင်းလေ..
အလွမ်းတွေ ချွေချွေ ချ..
အညှိုးကြီးလှချည်ရရဲ့...

(ဒင်း တို့ တတွေ.. )
နေနှင့် အုံး...

ချစ်သူ့ ရင် အလွှာ.. ခြုံပ၀ါ ခြုံ ရတဲ့ ည
နှစ်လွှာ တစ်ရွက် တူစုံ ဖက်ရတဲ့ ည
ရောက် ကို ရောက်ရအုံး မှာ ကွဲ့...

ခေါင်းမော့ လို့ တေး...
အေး ထား နှင့် အုံး..  အေး ချင် သလောက် အေး ပါလေ့..
လမင်း ရေ.. လင်းချင်သလောက် လင်း ပါလေ့..
ရင်ငွေ့ အလှုံ ယုံကြည်ချက်ကလေး မပျက်သရွေ့ ..
ရင်ရိပ်အဝေး မှာပေမဲ့.. အားတင်း ခေါင်းမော့.. အလွမ်းတွေ ကိုချော့ ..
ဒီ ဆောင်းညကျော့ကွင်း မှာ .. ကျမ အမိ မခံတော့... .


မမသီရိ

Monday, December 06, 2010

မင်းသိထားဖို့












ဘယ်လို အကြောင်းမျိုးနဲ့မှ
မင်း ကို ငါ မဖြားယောင်းခဲ့ဖူး..

ရူးမတတ် လွမ်းနေခဲ့တာတောင်..

ချစ်တဲ့ အကြောင်းတွေ
ထောင်သောင်းဖွဲ့ ပြောပြောနေခဲ့တာ
အဲဒါ အချစ် သက်သက်..

မင်း လမ်း ကို မင်းလျှောက်တယ်
မင်းပုလင်းကို မင်းဖောက်တယ်..
မင်း အပင်တွေ မင်း စိုက်တယ်..
မင်း တံ လျှပ် ကို မင်း လိုက်တယ်..
မင်း တံခါး ကို မင်း ပိတ်တယ်..
မင်း အခန်းမီး မင်း မှိတ်တယ်..

မင်း မွန်းကျပ်မှု မင်းလှောင်တယ်
မင်း အတ္တတွေ မင်းမွေး မြူတယ်..

မင်း ဆက်ထုံး တွေ အကြောင်း မင်း ဆွေးမြေ့တယ်..
မင်း ရိုးသားတဲ့ အကြောင်း မင်း အရောင်တင်ဖို့ ကြိုးစား တယ်..
ဒီလိုနဲ့ပဲ ငါ က မင်းကို မချစ်ရရိုး တဲ့လား... 
ဒီလိုနဲ့ပဲ ငါ က မင်းကို မလွမ်းရရိုး တဲ့လား... 


မှတ် ထားလိုက်ပါ့ ကွဲ့ ...

ငါ (မင်း ကို) လွမ်း တယ်.... လွမ်း ရုံ သက်သက်..
ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..
ငါ (မင်း ကို) သတိရတယ်.. သတိရ ရုံ သက်သက်..

ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..

ဆူးတွေ ၀ှက်ထားသူ ကို လာလာ မနှဲ့ ပါနဲ့
နောင်တ.. မှာ အုပ်ထိမ်းသူ မဲ့ တယ်..............။

မမသီရိ

Saturday, November 27, 2010

ချစ်သူ့ စွန်

မင်း နီးစေချင်သလား
အနီးဆုံးကို လာခဲ့မယ်....


မင်း ဝေးစေချင်သလား.
အဝေးဆုံးမှာ နေပေးမယ်....


အတင်း အလျှော့
မောင်... လို သလို ဆော့ နိုင် ရဲ့..

ကျမ က မောင့် ရဲ့ စွန်ကလေး ပါ..........။



မမသီရိ
၂၆.၁၁.၂၀၁၀

Wednesday, November 24, 2010

လွမ်းတေး

ကောင်းကင်က သူ့ အလိုလို ပြာတဲ့ဟာ
ကိုယ့်အလွမ်းကြောင့်လိုလို..

တောင်တန်းတွေကသူ့အလိုလို မှိုင်းနေတဲ့ဟာ
ကိုယ့်အလွမ်းကြောင့်ပဲ လိုလို...

ရိုးမတောတွေ သူ့ အလိုလို ညို့နေတာ..
ကိုယ့်အလွမ်းတွေကြောင့် လိုလို..

ပင်လယ်ကဗွီးတွေ သူ့အလိုလို တီးတိုး သီချင်း ငြီးနေတဲ့ဟာ..
ကိုယ့်အလွမ်းကြောင့်လိုလို...

နှင်းတွေ တအိအိ တဖွဲဖွဲ မှုန်နေတာ
ကိုယ့်အလွမ်းတွေကြောင့်လိုလို..

တိုတိုထွာထွာ မရှိဖူးသူမို့
ပိုပို သာသာ အမြဲလွမ်းနေမိတဲ့သူ...

မြေနီလမ်းကလေးရေ..
အတောင်မဲ့နေတဲ့ချစ်သူလေးကို..
မရောက် အရောက်ခေါ်လာပေး..

အလွမ်းတေးသီတဲ့ ငှက်ကလေး မောလှပြီ.....။


မမသီရိ
၂၀.၁၁.၂၀၁၀

Sunday, October 31, 2010

သူ့ကိုသာ...

ယောနိသောမနသိကာရ
သင့်တင့်စွာ နှလုံးသွင်းခြင်း.. ရှင်းရှင်းကြီးသိပါရဲ့..

အချိန်ကအကောင်းဆုံးသမားတော်
ကျော်ကြားလှတဲ့ ဒီစကားတခွန်း
ရင်းနှီးလွန်းလှချည်ရဲ့..

အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိတဲ့ မေတ္တာ..
သူကြင်မှ ကိုယ်ကြင်တဲ့ ချင်းစိမ်းနဲ့ မိတ်သလင်အကြောင်း..        
သဒ္ဒါအလွန်.. တဏှာ ကျွံတော့ ဆင်းရဲရတဲ့ ဒုက္ခသစ္စာ သဘော..
ဟိုး.. စောစောထဲက.. ကောင်းကောင်းကြီး သိခဲ့တာပေါ့ ညီမလေးရယ်…

အသိခေါက်ခက်.. အ၀င်နက်တယ်ပဲပြောပြော..
ပေါပေါများများ အလကားရလို့ သောက ၀ယ်တယ်ပဲဆိုဆို..
သူ့ကိုချစ်မိတဲ့ ခံစားချက်စွန်ကလေး..မမ လွှတ်ပေးမိပြီကွဲ့..
လျှော့ကြိုးတကုန်.. စကြာဝဠာ ကိုစုန်ချင်လဲစုန်ပါစေတော့..
စီးမျော သွားတဲ့ အလွမ်းတွေသာ.. သူ့ထံပါး အချိန်တိုင်းစေ…..

ရူးတယ်လို့ထင်ထင်.. ပိုတယ်လို့မှတ်မှတ်..
ချစ်မိလို့ ချစ်ခဲ့တဲ့ နောက်မှ.. ရပ်မရ တော့တဲ့ အချစ်တွေနဲ့
.. သူ့အပျော်.. သူ့သောက.. ကောက်ယူ မျိုမျို ချ..ရင်း

လေတိုးသံအကြား.. သူ့အသံလား မှတ်ဆဲ..
အိပ်မက်တွေထဲ.. သူ့ကို အမြဲထည့်မက်ဆဲ..
နေခြည်ဖြာ အဝေ့.. သူ့ကိုယ်ငွေ့ အဖြစ်မှတ်ဆဲ..
တမ်းတခြင်းမြစ်.. သူ့ကိုလွမ်းခြင်းနဲ့.. လျှံမြဲ..
အလွမ်းပင်လယ်.. သူ့ကိုချစ်ခြင်းနဲ့ အသက်ဝင်ဆဲ..
အဲဒီဥယာဉ်ကလေးမှာ.. သူ့ကို မြတ်နိုးခြင်း ပန်းများသာ ပွင့်ဆဲ..
အဲဒီတောင်တန်းတွေက .. သူ့အပေါ်ငြိတွယ်ခြင်းနဲ့… ပြာမြဲ..

ညီမလေး.. ရဲ့….
မမ လေ.. ... ... ... ... သူ့ကိုပဲ ချစ်တယ်.. …..။

မမသီရိ

Sunday, October 24, 2010

မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သော အလံများ

အောက်မှာတွေ့ရတဲ့ အလံတွေကို တော့ မြန်မာနိုင်ငံ ရှေးဟောင်းအလံများ ခေါင်းစဉ်နဲ့ http://fotw.fivestarflags.com/mm-hist.html  ဆိုဒ်မှာတွေ့ရတာပါ .. သုတေသီရဲ့ အဆိုအရတော့ မြန်မာအလံတွေရဲ့ အကြောင်းကစိတ်ဝင်စားစရာ ကောင်းပေမဲ့ ခုချိန်ထိ ပြည့်စုံစွာ မစုဆောင်းနိုင်သေးဘူး လို့ ဆိုပါတယ်..


အပိုင်း (၁)

ဒီအလံ ၆ ခု ကတော့ ဗြိတိသျှ လက်အောက် မကျရောက်မီက မြန်မာနိုင်ငံတော် အတွင်း အသုံးပြုခဲ့သော အလံတော်များပါတဲ့ ..

(၁) ရွှေဟသာင်္ အလံ တော် ( ၁၃၀၀ - ၁၅၀၀ အကြား)


(၂) သူရဲကြီး အလံ (၁၃၀၀ - ၁၈၈၅ အကြား)


(၃) ကုန်းဘောင်ခေတ်အလံ (၁၇၀၀ - ၁၈၈၅)
 (၄) ၁၉ ရာစု အလယ် မင်းတုန်းမင်း ခေတ်အလံ

(၅) ဒေါင်းအလံများ



အပိုင်း (၂)


 (၁) Uncertain flag, 1937-1939

 (၂) 9 February 1939 (introduced 6 February) - 1941

 (၃)  Governor's Flag 1939-1941

(၄)  1940 - 1945: Japanese rule

(၅) 1942 Synyethe-Wunthann party

 (၆) Japanese puppet state 1 August 1943 - 1945

(၇) Anti-Japan movement 1943 - 1945





(၈)  1948-1974 Flag of Burma

(9)  1974 - 2010


(၁၀) ၂၀၀၆ - ၂၀၀၇ မှာ အဆိုပြုပြီး အတည်မပြုနိုင်ခဲ့သော အလံ

 http://flagspot.net/images/m/mm-pro07.gif

 

(၁၁) အသစ်စက်စက် အလံတော်

 

အပိုင်း (၃)

၃ ရောင်ချယ် အလံများနဲ့ ပတ်သက်လို့ ၀ီကီထဲမှာ တွေ့ရတဲ့ ပုံတွေ

[edit] Green, red, and yellow

[edit] Horizontal tricolors


အပိုင်း (၄)

အရွယ်တူ ကြယ်ဖြူ ၁၄ လုံး နဲ့ ကြီးပြင်းလာခဲ့ရတာမို့ အဲဒီအလံတွေမီးရှို့ရမယ်လို့ရုတ်တရက်ကြီး ကြားလိုက်ရတော့ အလန့်တကြား ဖြစ်မိရပါတယ်..။

အနီရောင်သည် ရဲရင့်ခြင်း၊ အပြာရောင်သည် ငြိမ်းချမ်းခြင်း တည်ကြည်ခြင်၊ အဖြူရောင်သည်သန့်စင်ခြင်း ရိုးသား ခြင်း၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး သည် ပြည်နယ်နှင့်တိုင်း ၁၄ ခု အား တန်းတူညီမျှသည်ဟု ကိုယ်စားပြုခြင်း၊ စပါးနှံ နှင့် စက်သွား သည် မြန်မာပြည်၏ အခြေခံအင်အားဖြစ်သော အလုပ်သမား နှင့် လယ်သမားထုအား ကိုယ်စားပြုခြင်း.................ဤသည်တို့ မှာကား.. ကျမ တို့ ငယ်စဉ်က ရင်းနှီးကျွမ်းဝင်ခဲ့ရသော ပြည်ထောင်စု နိုင်ငံတော် အလံ အကြောင်းပင်ဖြစ်ပေသည်။


ကြာသပတေးနေ့ က ရုတ်တရက်ကြီး သင်္ခါ ရသဘောတရား နဲ့ မီးလောင်တိုက်သွင်းခံလိုက်ရသော ကြယ် ၁၄ ပွင့်ရံ နိုင်ငံတော် အလံ ၏ အကြောင်း အား အကြောင်းကြောင့် ကျမ စနေနေ့ ညနေက မှ သိခဲ့ရပြီး.. စိတ်ပျက် လက်ပျက် ဖြစ်နေသော ကျမ . ကို ကျမတို့ PD က မင်း နှယ် . မင်းတို့ တိုင်းပြည်မယ် အစိုးရသစ် ပါလီမန်ဖွဲ့ပြီးတဲ့ချိန် ပြန်ပြင် ရင် ရတဲ့ ကိစ္စတွေပဲ Take it easy. လို့ ပြောလိုက်တာမို့ .. ဟုတ်သား ပဲလေ.. လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်မိပါတယ်. ...ဒါပေမဲ့..  ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ အခြေအနေက ဘယ်လိုမှန်း မသိ နိုင်သေးတာကတော့ တပိုင်း ပေါ့လေ... ပြီးတော့ .. အလံ အသစ်လဲ တာနဲ့ အလံ အဟောင်းက မီးရှို့ စရာ လိုလို့ လား...

လာမဲ့မျိုးဆက် သစ်က လူငယ်လေး တွေ သူတို့ အလံ တော်ကို ဘယ်လို ပုံ ဖော်ကြမလဲ.. ဆက်လက်တွေးတောနေမိပါတယ်.

အားလုံးကိုခင်မင်လေးစားတဲ့


မမသီရိ






Tuesday, October 19, 2010

ဗွေး


ဗွေးရေ..
မင်းဆီမှာ ဆန်း နေတဲ့ လက
ငါ့ညတွေကိုလဲ ဖြတ်သွားတယ်ကွဲ့..
ညမွေးပန်းတွေ  မွှေးတာကလဲ
နေရာမရွေးပါလား ဗွေးရေ…
မိုးလေ ကင်းလွတ်တော့မဲ့ နှင်းအရိပ်တွေ ပုန်းလျှိုးကြည့်လာတဲ့ ဆောင်းကြိုရက်တွေမှာ…
ရွာနဲ့ဝေးတာကြာပေမဲ့.. အလွမ်းတွေက လတ်ဆတ်ဆဲပါ ဗွေး…

ရွာထိပ် သိမ်တော်ဝင်းထဲမှာ ထွန်းညှိချိတ်ဆွဲထားမဲ့ ရောင်စုံမီးပုံးတွေ..
ရွာလယ်ချောင်းကလေးမှာ.. မျှောကြမဲ့ ဖောင်ဆီမီးကလေးတွေ..
ယုန်နားရွက် မီးပုံးကလေးတွေနဲ့ စီတန်းခဲ့ကြတဲ့ ငါတို့ရဲ့ ငယ်ဘ၀တွေ..
လက်တွန်းမီးပုံးကလေးတွေ နဲ့ ရွာပတ်ခဲ့ကြတဲ့ ငါတို့ရဲ့ ငယ်ဘ၀တွေ…

တောင်ခြေနားဆီက လယ်ကွင်းတွေကလဲ 
ရွှေရောင်ဝင်းနေလောက်ပြီပေါ့..
ဝါကျွတ်တော့မှာမို့..
အင်္ကျီ အသစ်တွေ ချုပ်ထားပြီလား ဗွေး..
ငါကြိုက်တဲ့ အပြာရောင်ပဲ နင် ၀ယ်မယ်ဆိုတာ ငါက သေချာနေပြန်သေးသကွဲ့..
ဟိုကောင် လူအေး က မိန်းမရပြီ လို့ ငါ ကြားရဲ့…
တရန်အေးပေမဲ့..
အပျိုကြီးဖားဖား မင်းအနား ..
ဘယ်အကောင်တွေများ ကပ်ပါးချောင်းမြောင်း နေမလဲ.. ငါမတွေးရဲ
ငါ မတွေးချင်…
ငါတို့ ရင်ချင်းအပ်ခွင့်. တနေ့ကတော့ 
အသင့် စောင့်ကြိုနေတယ်
ဘယ်ဆီ ဘယ်ဝယ်.. သေချာတယ်လားလို့ မမေးလာပါနဲ့အုံး ဗွေးရယ်…
အဲဒီ တခုသော ၀ါအကျွတ်… ငါတို့ ဆက်စောင့်ကြစို့ ရဲ့……
ငါ ရှိမနေနိုင်သေးတဲ့ ဒီဝါ အကျွတ်မှာ တော့.. ငါ့ ကိုလွမ်းရင်း နဲ့ ပျော်ပေါ့ကွယ်…………….။


မမသီရိ
၁၄.၁၀.၂၀၁၁

Friday, October 15, 2010

ဟိုက ဒီက ပို့ကြတယ် .... THIS IS wonderful..

ဟိုတနေ့က အာရှနိုင်ငံတခု မှာဆုံခဲ့မိတ်ဆွေမလေး တယောက်က မေးလ် တစ်စောင်ပို့လာတယ်.. ဖော်ဝါ့မေးလ် တွေဆိုတာ ဟိုကပို့ ဒီကပို့ နဲ့ သိသင့်တာလေးတွေ ဝေမျှချင်တာလေးတွေ ခံစားချက်တွေ ကို မိတ်ဆွေတွေကြားထဲမှာ မျှဝေကြတာမျိုးမဟုတ်လား..။ မဆန်းဘူး ဆိုပေမဲ့.. အကြိမ်ပေါင်း များစွာမှာတော့ အတော့်ကို အဓိပါယ်လေးနက်ပြည့်ဝပြီး ဘ၀ အတွက် ယူတတ်ရင် ရတဲ့ အတွေးအခေါ်တွေ ခံစားမှုတွေကိုရစေပါတယ်... .. ဒီလို အကြောင်းအရာလေးတွေကို တချို့ဆို တကယ့်ကို အချိန်ယူပြီး တည်ဆောက်ထားကြတာမျိုးမို့ အံ့သြရတာလဲ မနည်းတော့... ရှာရှာဖွေဖွေ ကြံကြံဖန်ဖန်တွေ. .စေတနာတွေ.. စိတ်ကူးတွေ... ဖန်တီးမှုတွေ.. တကယ်တော့ အပြောကျယ်လှတဲ့ သတင်းနဲ့ နည်းပညာ သမုဒ္ဒရာကြီးထဲမှာ စိတ်ကူးအတွေးအခေါ်တွေကို စိတ်ရှိလက်ရှိ လွတ်လွတ်လပ်လပ်ကြီး ကွန့်မြူး ထားကြတာတွေ မနည်းမနော ပါ... 

ရံဖန်ရံခါ စိတ်ဓါတ်ကျနေတုန်း စိတ်အားတက်ကြွဖွယ် မေးလ်တွေ၊ စိတ်ကြည်နူးစရာလေးတွေ ဖတ်လိုက်ရရင် စိတ်အပြောင်းအလဲလေးတွေဖြစ်ပြီး စိတ်သက်သာရာရဖူးတဲ့ အကြိမ်တွေလဲများခဲ့ပါပြီ..။ စာဆိုရင် စာအုပ်ကလေးကိုင်ပြီး အိပ်ယာပေါ်လှဲဖတ်ရတဲ့အရသာကို ဘာနဲ့မှ မလဲနိုင်သေးပေမဲ့.. တနေ့ ပြီး တနေ့ အချိန်တွေ လုံးပါးပါး ပါးခဲ့တဲ့ နောက်ပိုင်းမှာတော့ ဖန်သားပြင်ပေါ်က စာမျက်နှာတွေကိုသာ အချိန်လု ဖတ်ရတဲ့ အဖြစ်ကို ရောက်လာနေပါတော့တယ်....
 
ဟိုနေ့က ရတဲ့ဖောဝါ့မေးလ်လေးဆို တကယ့်ဂန္တ၀င် .. အောင့်သက်သက် မျက်နှာပူပူနဲ့ ရီလိုက်ရတာ အူတွေ ကို နာတဲ့ထိ.. မြန်မာရာဇ၀င်ထဲမှာ ဆင်ဖြူပိုင်တဲ့မင်းတွေဟာ တန်ခိုးထွားတယ်.. ဆင်ဖြူရှိတဲ့နိုင်ငံက  မိုးကောင်းပြီး ဆန်ရေစပါး ပေါကြွယ်တယ် ဆိုတာမို့လား.. ကျမတို့ဘကြီးတယောက် က ဆင်ဖြူတွေကို အင်မတန်မှ စွဲလမ်းတယ်လေ.. ငါးစီးရှင်ဖြစ်ဖို့ တစီးပဲ လိုတော့တာမို့.. .ရွှေဥာဏ်တော်စူးရောက်သူ သကောင့်သားကလေးတယောက်က ဆင်ဖြူတကောင် လုပ်ပေးတာ.. မေးလ် အကြောင်းအရာက ဆင်ဖြူ နောက်တစီးရပြန်ပြီ.. ဆိုလို့.. စိတ်ဝင်တစား..နဲ့ တွဲထားတဲ့ပုံကလေး ကို အားတက်သရော ဖွင့်လိုက်တာ..
ဘာတွေ့တယ် ထင်သလဲ.... အသားဖြူလူမျိုး (ဘကြီးရဲ့ အမျိုးပေါက်ဖေါ်လဲ ဖြစ်ချင်ဖြစ်နိုင်တယ်..း) ယောင်္ကျားတစ်ယောက်ရဲ့ ငယ်ပါကလေးမှာ.. နားရွက်တပ်.. မျက်လုံးနှစ်လုံးတပ်ထားတာ..

ခုနက မိတ်ဆွေမလေး အကြောင်းဆက်ပြောရရင် သင်တန်းကာလ ၁ လလောက်မှာ ဆုံခဲ့တဲ့ လူ ၁၀၀ ကျော်လောက်ထဲမှာ သူမက ထူးထူးခြားခြားကလေး...။

ဆိုဟယ် ကဟယ် နဲ့ အမြဲပျော်ရွှင်တက်ကြွနေတတ်တာ.. သူတင်ပျော်တာမျိုးမဟုတ်ပဲ သူ့နံဘေးနားက လူတွေကိုပါ ဆွဲဆွဲ ခေါ် ပျော်တတ်တဲ့သူ.. တိုက်ကပ်နွယ်ပင်ကလေး လို့ အမည်ရတဲ့ သူမက ကိုယ့်အပေါ်မှာ လဲ အတော်ဖေးဖေမမ ရှိရှာတာပါ..။.. သူ့ဆီက ပဲ သူတိုနိုင်ငံရဲ့ စာမျက်နှာတွေမှာ မတွေ့ နိုင်တဲ့အတွင်းကျကျ ယဉ်ကျေးမှုတချို့ကို သိခွင့်ရခဲ့ရသလို.. မြန်မာလူမျိုးတွေလိုပဲ ပျော်စရာကို ရှာကြံပျော်တတ်တဲ့ ဓလေ့ စရိုက်လေးတွေကိုလဲ မြည်းစမ်းခွင့်ရခဲ့ပါတယ်.. အဲဒီ အမျိုးသမီးလေးက .. မကြာခဏ ဆိုသလိုကပဲ မေတ္တာ တရား နဲ့ နွေးထွေးခြင်း၊ မိတ်ဆွေ၊ ဘ၀ နဲ့ နေပျော်ခြင်း၊ ငြိမ်းချမ်းရေး နဲ့ ဆိုင်တဲ့ မေးလ်ကလေးတွေ ပို့ ပေးတတ်ပါတယ်..

ခုတလောမှာ.. အလုပ်တွေ အရမ်းများပြီး.. လူက စိတ်ဖိစီးမှုတွေ ရှိနေပုံ ရပါတယ်.. အရာတော် တော်များများကိုစိတ်တိုလွယ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်.. ကိုယ့်အပေါ် ကောင်းလွန်းသူတွေနဲ့ ကိုယ့်အဖေအရင်းနဲ့ ထပ်တူကောင်းလွန်းတဲ့ကိုယ့်အထက်အရာရှိကိုတောင် ကလန်ကဆန်ပြန်ပြောမိတဲ့ထိ ဖြစ်နေလို့အမြဲပဲ သတိထားနေရတဲ့အပြင်.. ဘာမဟုတ်တာလေးတွေကို ၀မ်းနည်းချင်တဲ့စိတ်တွေ ဖြစ်ဖြစ် လာလို့ အားတင်းရတဲ့ ရက်တွေမှာ .. ဒီမေးလ်က ဓါတ်ပုံတွေ ကြည့်ပြီး စာတွေ ဖတ်လိုက်ရတော့.. အတော်အတန် စိတ်သက်သာရသလိုတွေ့မိတာမို့.. ကိုယ့်ဘလော့လေး မှာ သိမ်းလိုက်ပါတယ်... .. ဓါတ်ပုံ ရဲ့ အောက်မှာ ပါတဲ့ စာတွေကတော့ မကြာခဏ မြင်ရဖတ်ရပေမဲ့.. ဓါတ်ပုံတွေ ကြည့်ပြီး နောက် ခု တကြိမ်ပြန်ဖတ်တော့ အရသာက ပိုလေးနက်သလို တွေ့မိတယ်... ဓါတ်ပုံတွေကိုလဲ တကယ် နှစ်သက်မိတယ်..(အသက်ကြီးလာလို့ထင်ရဲ့ အသက်ကြီးကြီး ပုံတွေနဲ့ ကလေးပိစိ ပုံတွေ ပို နှစ်သက်လာသလိုလို..း).
မြန်မာလိုရေးထားတဲ့ ဒီစာတွေကို မိတ်ဆွေမလေးဖတ်တတ်မှာ မဟုတ်ပေမဲ့.. ကျေူးဇူးပါ Ivy ရေ...
































































































Never look down on anybody, unless you're helping them up.
Read quietly then send it back on its journey

To realize
The value of a sister/brother
Ask someone
Who doesn't have one.

To realize
The value of ten years:
Ask a newly
Divorced couple.

To realize
The value of four years:
Ask a graduate.

To realize
The value of one year:
Ask a student who
Has failed a final exam.

To realize
The value of nine months:
Ask a mother who gave birth to a stillborn.

To realize
The value of one month:
Ask a mother
Who has given birth to a premature  baby..

To realize
The value of one week:
Ask an editor of a weekly newspaper.

To realize
The value of one minute:
Ask a person
Who has missed  the train, bus or plane.

To realize
The value of one-second:
Ask a person
Who has survived an accident.

Time waits for no one.
Treasure every moment you have.

You will treasure it even more when
You can share it with someone special.

To realize the value of a friend or family member:
LOSE ONE.

Remember....

Hold on tight to the ones you love!



Audrey Hepburn

အားလုံးကိုချစ်ခင်လေးစားတဲ့
မမသီရိ