Showing posts with label ကိုယ်တိုင်ရေးတဲ့ သီချင်းလိုလို. Show all posts
Showing posts with label ကိုယ်တိုင်ရေးတဲ့ သီချင်းလိုလို. Show all posts

Wednesday, April 05, 2017

အဖြူရောင်ရိုးရိုးလေး



အဖြူရောင် ရိုးရိုးလေးပဲ
ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်

သတိရခြင်းတို့ဟာ အစဉ်ပဲ
အမြဲတမ်းတ ဖို့ဆိုတာတော့ မဖြစ်ကွယ်

ချစ်တယ်… ကလေး ရယ်….။

အညိုရောင် နုနုလေး နဲ့
မင်းဆံပင်ကလေး တွေ ချစ်စဖွယ်

နေရောင်ဖျော့ဖျော့ အောက်မှာ
ခေါင်းမော့ပင့်တင်သပ်လိုက် တဲ့ပုံ ရူးမယ်…

ခက်တယ် ကလေးရယ်…
အဖြူရောင်ရိုးရိုးလေးပဲ ချစ်တယ်ပြောမယ် ..
မမြင်ရင် လွမ်းရလို့ ခက်နေသေးတယ်
အဖြူရောင် ရိုးရိုးလေးပဲ ချစ်တယ်ပြောကွယ်
မမြင်နိုင်စည်းများခြားတော့ အဖြူရောင်ရိုးရိုးလေးပဲ တို့တွေ ချစ်မယ်
ချစ်တယ် ကလေး ရယ်
လွမ်းတယ် ကလေး ရယ်..
ခက်တယ် ကလေးရယ်..

တိမ်တွေ နှုတ်ဆက်သွားတော့ ဆည်းဆာရိပ်မယ်
ထိုင်ကာငေးရင်းနဲ့ ပဲ မင်း အကြောင်းတွေးတယ်.
ရေပြင်ဟာတိုးတိတ် ဆိတ်ငြိမ်လွန်းတယ်..
လာပါ အိပ်မက်ထဲထိ .. အခြားလူ မသိကွယ်. ..
အဖြူရောင်ရိုးရိုးလေးပဲ ချစ်တယ်ပြောမယ်..
အဖြူရောင် ရိုးရိုးလေးပဲ ချစ်တယ် ကလေးရယ်… ။ 


မမသီရိ
၅.၄.၂၀၁၇

Notes ဆိုတာလဲ မသိ
Key ဆိုတာ နားမလည်
ဘာတူရိယာမှလဲ မတီးတတ်ပဲ သီချင်းတွေ ရေးဖူးတယ် .. သိမ်းထားတယ်
ခုတလော  ဘာရယ်မဟုတ် သံစဉ်ရိုးရိုးလေးတွေနှုတ်ဖျားပေါ် ရောက်လာလို့ပါ ..။
သီးချင်းကတော့ ယောကျာင်္းလေး ဆိုဖို့ သီချင်း .
တီးချင်တဲ့ သူ တွေ တီးကြည့် ဆိုကြည့်ကြပါ။