Friday, June 25, 2021

အလြမ္းက့ံေကာ္အလွမ်းကံ့ကော်





အလြမ္းက့ံေကာ္

 

ဖ်တ္ကနဲ 

နွာေခါင္းဖ်ားေလးကို တိုးေဝွ႕သြားတာ

အဲဒါ ေသခ်ာတယ္

က့ံေကာ္ ရန႕ံ

ရာသီ မဟုတ္ဖူးလို႕ မေျပာပါနဲ႕လား

ေႏြဦး ဟာ ခုမွ ေရာက္လာခဲ့တာပါ။

 

သိမ့္ ကနဲ

ရင္ထဲ လွဳပ္ခတ္ တလွပ္လွပ္ ျဖစ္ေန

အဲဒါ မမွားဘူး

က့ံေကာ္ ရဲ႕ အလြမ္း

အခ်ိန္အခါ မမွန္ဖူး လို့ မေျပာပါနဲ႕လား

ပန္းေတြ ရူးေအာင္ ေဝခဲ့ဖူးတဲ့ ဆံျမိတ္ကေလး ဟာ 

အားလုံးရဲ႕ အေဝးမွာ… တိတ္ဆိတ္ စြာ……….။ 

 

မမသီရိ

၂၅ ဇြန္ ၂၀၂၁

 

 

အလွမ်းကံ့ကော်

 

ဖျတ်ကနဲ 

နှာခေါင်းဖျားလေးကို တိုးဝှေ့သွားတာ

အဲဒါ သေချာတယ်

ကံ့ကော် ရနံ့

ရာသီ မဟုတ်ဖူးလို့ မပြောပါနဲ့လား

နွေဦး ဟာ ခုမှ ရောက်လာခဲ့တာပါ။

 

သိမ့် ကနဲ

ရင်ထဲ လှုပ်ခတ် တလှပ်လှပ် ဖြစ်နေ

အဲဒါ မမှားဘူး

ကံ့ကော် ရဲ့ အလွမ်း

အချိန်အခါ မမှန်ဖူး လို့ မပြောပါနဲ့လား

ပန်းတွေ ရူးအောင် ဝေခဲ့ဖူးတဲ့ ဆံမြိတ်ကလေး ဟာ 

အားလုံးရဲ့ အဝေးမှာ... တိတ်ဆိတ် စွာ……….။ 

 

မမသီရိ

၂၅ ဇွန် ၂၀၂၁

No comments: