Wednesday, May 20, 2009

ဖီဒဲလ် ကပ်စထရို၏ ကမ္ဘာကျော်လျှောက်လဲချက် အပိုင်း (၃)

ကမ္ဘာကျော်ခဲ့တဲ့ ဒီလျှောက်လဲချက်ရှည်ကြီးကို ကပ်စထရို တင်သွင်းစဉ်က သူ့ အသက် ၂၇ နှစ်သာ ရှိပါသေးတယ်။ ဒီလျှောက်လဲချက် မိန့်ခွန်းရှည်ကြီးဟာ အဲဒီခေတ်တုန်းဆီက လွတ်လပ်ရေး လှုပ်ရှားနေကြတဲ့ ကိုလိုနီ တိုင်းပြည်တွေက လူငယ်တွေ နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေအတွက် တန်းဖိုး ကြီးလှတဲ့ ရှေ့ဆောင်လမ်းပြ အဆိုအမိန့်တွေ ဖြစ်ခဲ့ပါတယ်။ အာဏာရှင်တွေ အုပ်စိုးနေတဲ့ တိုင်းပြည်တွေက အစိုးရတွေ အတွက် ရှက်လန့်တကြား၊ ကြောက်လန့်တကြား ဖြစ်သွားစေခဲ့ တဲ့မိန့်ခွန်း ရှည်ဆိုလဲ မှားမယ် မထင်ပါဘူး။ သူ့ရဲ့ လျှောက်လဲ ချက်က ၅ နာရီကျော်ကြာ်ခဲ့တာ မို့ ကမ္ဘာပေါ် က အရှည်ကြာဆုံး လျှောက်လဲချက်တွေ ထဲက တခုအပါ အ၀င်ပါ။ ကျမအနေနဲ့ ကတော့ အဲဒီအထဲကမှ ကျမ နှစ်သက် တဲ့ အစိတ်အပိုင်းတွေကို ပဲ ကောက်နှုတ်တင်ပြသွား ပါ့မယ်။ ဒီလျှောက်လဲချက်ရှည် ကြီးကို English လို မူရင်းအတိုင်း ဖတ်ချင်ရင်တော့ ကျမတင်ပြထားခဲ့တဲ့ အပိုင်း (၂) မှာ မှတ်ချက်ဝင်ပေးသွားတဲ့ ကိုမျိုးမြင့်မောင် ရဲ့ မှတ်ချက်ထဲက အတိုင်း ဒီမှာ (http://www.marxists.org/history/cuba/archive/castro/1953/10/16.htm) သွား ဖတ်နိုင်ပါတယ်။

...............................
.................................................
...............................

ချိနဲ့ပြီးအချုပ်အနှောင်ခံနေရသည့်ကျနော်တို့၏တရားစီရင်ရေး

ဂုဏ်သရေရှိတရားသူမင်းခင်ဗျား..၊ တခါဖူးမျှမကြားဖူးသေးတဲ့ အခြေအနေတရပ်ကတော့ ပေါ်ပေါက် နေပါတယ်။ အာဏာပိုင်တွေက တရားခ့တယောက်ကို တရားရုံးရှေ့ ခေါ်ထုတ်ဖို့ ကြောက်ရွံ့ နေကြ ပါတယ်။ လက်နက်မပါတဲ့ တကိုယ်တည်းသီးခြားချုပ်နှောင်ထားခြင်းခ့နေရတဲ့၊ မဟုတ်မတရား စွပ်စွဲခြင်း ခံနေရတဲ့ အကာအကွယ်မဲ့ လူတယောက်ရဲ့ ယုံကြည်ချက်နဲ့ စိတ်ဓါတ်ကို ကြောက်လန့်တကြား ဖြစ်ပြီး တုန်လှုပ်နေတဲ့ အာဏာပိုင်အစိုးရ အဖွဲ့ရှိ ဒီအစိုးရဟာ တိုင်းပြည်ကိုသွေးနဲ့ရင်းပြီး အကြမ်းဖက် အုပ်စိုးနေတဲ့ အာဏာကို အကြမ်းဖက်ရယူထားတဲ့ အစိုးရဖြစ်ပါတယ်။ ဒီအစိုးရဟာ ကျနော့ဆီက အခွင့် အရေး မှန်သမျှကို ရုပ်သိမ်း ပိတ်ပင်ခဲ့ရုံမက၊ ကျနော့ကို တရားခံ အဖြစ်သူတို့စွဲဆိုထားတဲ့ အမှုကိုတောင်မှ တရားခွင်တင်ဘို့ ငြင်းဆန်ခဲ့တဲ့ အစိုးရဖြစ်ပါတယ်။ ဒီအချိန်ဟာ ပုဂ္ဂလိက တဦးချင်း လွတ်လပ်ခွင့်တွေကို ရုပ်သိမ်းထားတဲ့ကာလ၊ ငြိမ်ဝပ်ပိပြားရေးအမိန့် ကြီးကို အစွမ်းကုန်အသုံးပြုပြီး၊ ရေဒီယို သတင်းစာ စတဲ့ ဌာနတွေကိုလဲ ဖြတ်တောက် စစ်ဆေးချုပ်ချယ် နေတဲ့ ကာလဖြစ် နေရက်နဲ့ ဒီလိုကာလမျိုးမှာ တရားခံတယောက်ရဲ့အသံ တရားခံ တယောက်ရဲ့စကားကို အကြောက်ကြီး ကြောက်နေရလောက်အောင် ဒီအာဏာရှင်အစိုးရဟာ ဘယ်လောက်တောင်တုန်လှုပ် ချောက်ခြားဖွယ် ကောင်းတဲ့ ရာဇ၀တ်မှုကြီးမျိုးတွေကို ကျူးလွန်းပြီးပြီလဲ ဆိုတာကိုတော့ စဉ်းစားကြည့် ရင်မြင်နိုင်ကြမှာပါ။ အုပ်စိုးသူအစိုးရ ရဲ့ဆန္ဒအရ၊ တရားစီရင်သူတွေရဲ့ အားနည်းချက်အရ၊ ဥပဒေမဲ့နည်းလမ်းတွေ လျှို့ဝှက်လုပ်ကြံဖန်တီးချက် အမြောက်အများတွေရဲက အကျိုးရလဒ်ကတော .................. ခုဒီတရားခွင်မှာ ကျနော်ပြောသမျှစကား တွေ ဘယ်သူတွေကမှ မလေ့လာနိုင်အောင် မသိရှိနိုင်အောင်၊ ကျနော့အသံတွေကို ပိတ်ဆို့စီမံထားပါပြီ.....ဒီလိုဆိုရင် ကျနော်တို့ ဘာလို့ တရားလွှတ်တော်အဆောက်အဦကြီးကို ဘာကြောင့်ထားဘို့ လိုအပ်မှာလဲ။ ........လူကြီးမင်းများကို ကျနော်တခု သတိပေးရပါလိမ့်မယ်.ဒါကတော့ အစောင့်စစ်သားတွေ လှံစွပ်နဲ့ ထောက်ပြီး ၀ိုင်းရံထားတဲ့ ဒီအခန်းကျဉ်းလေးကနေ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်တာဟာ ပညာမဲ့ရာ ကျလွန်းပါတယ်။ လူကြီးမင်းတို့ရဲ့ ဥပဒေကျင့်ထုံးက .. တရားခွင်ဟာ ပြည်သူ့ရှေ့မှောက်မှာစစ်ရမယ်၊ အများပြည်သူ နားထောင်ခွင့်ရှိရမယ်.. လို့ပြဌာန်းထားတယ်ဆိုတာ ကျနော်သတိပေးပါရစေ။ ခုတော့ တိုင်းသူပြည်သားတွေ အမှုစစ်ဆေးတဲ့ ဒီတရားခွင်နေရာကို မလာရောက်နိုင်အောင် တားမြစ်ခြင်းခံနေရပါတယ်။ ဒီကိုဝင်ရောက်ခွင့်ပြုတဲ့ ပြည်သူရယ်ဆိုလို့ အစိုးရရှေ့နေ ၂ ယောက်ရယ်၊ ကျနော့ပြောဆိုချက်မှန်သမျှ မရိုက်နှိပ်ဖို့ တားဆီးပြီး ဖြတ်တောက် ပိတ်ပင်ခြင်းခံထားရတဲ့ သတင်းစာတွေက သတင်းထောက် ၆ ယောက်ရယ် သာပဲ ဖြစ်ပါတယ်။ ကျနော့ရဲ့ တရားနာ ပရိတ်သတ်ဆိုလို့ ဒီအခန်းနဲ့ စင်္ကြ တလျှောက်မှာ ရှိနေတဲ့ စစ်သား စစ်ဗိုလ် ၁၀၀ လောက်သာ ရှိတယ်ဆိုတာ ကျနော်တွေ့ရပါတယ်။ သူတို့ရဲ့ လေးလေး နက်နက် နားထောင်မှုနဲ့ ယဉ်ကျေး သိမ်မွေ့မှုကို ကျနော် ကျေးဇူး ဥပကာရ တင်ရှိပါတယ်။ ကျနော့ ဆန္ဒအရ ပြောရရင် ဒီနေရာမှာ၊ ကျနော့ ရှေ့မှာ စစ်တပ်ကြီး တခုလုံးကို ရှိစေချင်ပါတယ်။ တနေ့ကျရင် အာဏာငန်းဖမ်းပြီး အကြင်နာမဲ့တဲ့ လူတစုရဲ့ လက်ချက်ကြောင့်၊ သူတို့ရဲ့စစ်ဝတ်စုံတွေပေါ်မှာ ပေကျံနေ တဲ့ ရှက်ကြောက်ဖွယ်ရာ သွေးစက် သွေးကွက်တွေကို ဒီစစ်တပ်ကြီးက ဒေါသအမျက်ချောင်းချောင်း ထွက်ပြီး ဆေးကြော သုတ်သင်ပစ်လိုက်ကြပါ လိမ့်မယ်။ ဒီမြင့်မြတ်တဲ့ စစ်သားတွေရဲ့ ပုခုံးပေါ်မှာ မတရား ဇက်ခွစီးကြတဲ့လူတွေဟာဖြင့် အဲဒီနေ့မှာ ကျဆုံးရမှာ ပါပဲ။ ပြည်သူတွေက ဒီမြင့်မြတ်တဲ့စစ်သားတွေပေါ် ခွစီးထားသူတွေကို ဆောလျင်စွာကပင် ဆွဲချသင့်ပါ တယ်။
(စာမျက်နှာ ၃၀၊ ၃၁၊ ၃၂၊ ၃၃)


ဘယ်ကျူးဘားပြည်သူတွေက သူတို့ရဲ့ဂုဏ်ရောင်ပြောင်မှုကို မထိမ်းသိမ်းပဲ နေပါ့မလဲ

................................................. ကျနောတို့ဟာ တပ်မတော်က စစ်သားရဲဘော်တွေကို ဖိနှိပ်စိုးမိုးသူတွေရဲ့ အလံကိုဖြုတ်ချပြီး၊ လွတ်လပ်ရေးတံခွန်အလ့ကို လွှင့်ထူဖို့ လက်ကမ်းရပါလိမ့်မယ်။ လူတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မဟုတ်ပဲ တမျိုးသားလုံးရဲ့ အဓိက အကျိုးစီးပွားကိုသာ ကာကွယ်ဖို့ လက်ကမ်းရပါလိမ့်မယ်။ သူတို့ရဲ့ လက်နက်တွေကို နောက်ပြန်လှည့်ပြီး ပြည်သူတွေကို ပစ်ဖို့ မဟုတ်ပဲ၊ ပြည်သူတွေရဲ့ ရန်သူတွေကို ပစ်ဖို့ ဖြစ်ပါတယ်။ ပြည်သူတွေဆိုတာ သူတို့ရဲ့ သွေးရင်းသားရင်း မိဘရင်ေးတွဖြစ်တယ်။ သူတို့ကိုယ်တိုင် ပြည်သူတွေနဲ့ လက်တွဲလာ ဖို့ ဖြစ်ပါတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ညီရင်း အကို များ ဖြစ်ကြပါတယ်။ အာဏာပိုင်တွေက သူတို့ကို မျက်မှန်စိမ်းတပ်ထားပြီး ပြည်သူတေါကို အစိုးရရဲ့ ရန်သူများအဖြစ်ဆန့်ကျင်ခိုင်းတာကို သူတို့ ပြုလုပ်မဲ့အစား၊ ကိုယ့်တိုင်းပြည်ရဲ့ ပျောရွှက်ချမ်းမြေ့မှုအတွက်ရယ်၊ ကြီးပွား တိုးတက်ဖို့ အတွက်ရယ် ကိုယ့်အသက်ကို စွန့်လွှတ်စတေးရာမှာ အလွန်မွန်မြတ်ပြီး အလွန်အဖိုးတန်တဲ့ အတွေးအခေါ်ရဲ့နောက်မှာ ချီတက်ဖို့ ဖြစ်တယ်။ ကျနော်တို့ နောက်မှာ စစ်သားရဲဘော်ပေါင်းများစွာလိုက်လာ လိမ့်မယ်ဆိုတာ သံသယရှိနေသူတွေကို ကျနော်စကား တခွန်းမေးလိုက်ချင်ပါရဲ့.... ...အဘယ်ကျူးဘားပြည်သူဟာ သူတို့ရဲ့ ဂုဏ်ရောင်ပြောင်မှုကို အမြတ်တနိုး မထိမ်းသိန်းတတ်ဖူးလဲ၊ အဘယ်နှလုံးသားဟာ လွတ်လပ်ရေး အရုဏ်ဦးမှာ တက်ကြွတောက်လောက်မှု မရှိဘူးလဲ...........

.။...။.............။..................။...........................။.............. .ပြည်သူလူထုကြီးဟာ ခေတ်မီလက်နက်တွေနဲ့ အကြမ်းဖက် အုပ်စိုးထားတဲ့ လွှမ်းမိုး အုပ်စိုးမှုကို အကူအညီမဲ့ ဖြုတ်လို့မရနိုင်ဘူး ဆိုတဲ့ ဒဏ္ဍာရီပုံပြင်ကို ပျက်ပြားအောင် ကြိုးပမ်းမှုတွေ ရှိလာပါပြီ။ ..........။...........။ ....လက်နက်မဲ့ ပြည်သူတွေကို ခွန်အားချိနဲ့ပြီး အကြွင်းမဲ့အနုံချာဆုံး ဘ၀ ရောက်အောင် အညံ့ခံ အရှုံးပေးအောင်. ကိုယ်စိတ်နှစ်ပါး ဗုံးဗုံးကျအောင် စစ်ရေးအင်အားပြပွဲတွေ နဲ့ ဖန်တီးလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ပြည်သူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူမယ်လို့ သူတို့ဆုံးဖြတ်ချက်ချပြီးတဲ့ တချိန်မှာတော့ ဘယ်လက်နက်မျိုး၊ ဘယ်လို အကြမ်းဖက်မှုမျိုးကမှ ပြည်သူလူထူကို ချေဖျက် ဟန့်တားလို့ ရမှာ မဟုတ်တော့ပါဘူး၊...။
(စာ ၃၄၊ ၃၅)


ဆက်လက်ဖေါ်ပြပါမယ်၊ ကပ်စတရိုရဲ့ လျှောက်လဲချက်က စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ နိုင်ငံပြန်လည်တည်ထောင်ရေး၊ စသဖြင့် ရှုထောင့်ပေါင်းစုံက တင်ပြပေးထားတာမို့ အတော့်ကိုရှည်တာပါ.. လျှောက်လဲ ချက်တခု လုံးက လဲ အဓိပါယ်ပြည့်ဝ နေတော့ တချို့ကို အကျဥးချုံးဖို့တောင် မနည်းစဉ်းစားနေရပါတယ်၊ ပြီးတော့ အချိန်အခက်အခဲ ကြောင့် ပြတ်တောင်း ပြတ်တောင်း တင်ပြပေးနေရတာ နားလည်ပေးကြဖို့ တောင်းပန်ချင်ပါတယ်။ စောင့်ဖတ်ပေးကြတာ လဲ ကျေးဇူး အထူးတင်ပါတယ်..။


မမသီရိ

Sunday, May 17, 2009

ဖီဒဲလ် ကပ်စထရို၏ ကမ္ဘာကျော်လျှောက်လဲချက် အပိုင်း (၂)

ထိုစာကို သယ်ယူလာသော အမျိုးသမီးမှာ မွန်ကားဒါး တိုက်ပွဲတွင် ပါဝင်ခဲ့သော အမျိုးသမီးရဲဘော် တယောက်ဖြစ် သူ ဥပဒေဘွဲ့ရမယ်လ်ဗာဟာနန်ဒက်စ် ဖြစ်လေသည်။ သူမသယ်ယူခဲ့သောစာထဲတွင် ဖေါ်ပြထားသော် အချက်များ မှာလည်း မှတ်သား ဖွယ်ရာ များ ပါဝင်ပါသဖြင့် ကမ္ဘာကျော် လျှောက်လဲချက် ကြီး၏ နောက်ခံဖြစ်ရပ်များ အား စာဖတ်သူတို့ ခြုံငုံမိစေရန် မူရင်း အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။

အရေးပေါ်တရားခုံရုံးသို့

အထက်ဖေါ်ပြပါရုံးတော်၌ ဤအမှုတွဲ အမှတ် ၃၇ အရ ကိုယ်တိုင် ခုခံချေပခဲ့သူ ကျနော်ရှေ့နေ ဖီဒဲလ်ကပ်စထရို ရတ်စ်က အောက်ပါအတိုင်း လေးစားစွာ အဆိုပြုလျှောက်ထားပါသည်။

(၁) အာဏာပိုင်များက ကျနော့အား ဤတရားခွင်တွင် မရှိနိုင်စေရေးအတွက် မဟုတ်မတရားပိတ်ဆို့မှုများဖြင့် ကြိုးစား ပြုလုပ်နေကြပါသည်။ အကြောင်းရင်းမှာ ဂျူလိုင် ၂၆ ရက်နေ့ အရေးအခင်းကာလအတွင်း အာဏာပိုင်များ၏ ဖြစ်ရပ်မှန်များအား ဖုံးကွယ်လိုမှု၊ ကလိန်စေ့ ငြမ်းဆင် လီဆယ်ထားမှုများအား ပေါ်သွားမည် စိုးသောကြောင့် ဖြစ်ပါသည်။ ကျူးဘားပြည် သမိုင်းတလျှောက် ၌ ကြောက်မက်ဖွယ်ရာကောင်းသော ထိုနေ့က သူပုန်သုံးပန့်များအပေါ် ကျူးလွန်ခဲ့သည့် လူသတ်မှုများ၊ တုန်လှုပ်ချောက်ချားဖွယ်ရာ ရာဇ၀တ်မှုများကို မပေါ်ပေါက်လာစေရေး ဖုံးကွယ်ထားရန်လဲ ဖြစ်ပါသည်။ ကျနော်သည် ယနေ့နာမကျန်းဖြစ်သဖြင့် တရားခွင်သို့ တက်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း လုပ်ကြံလည်ဆယ်ထားသည့် သတင်းတခု ကြားရပါသည်။ အမှန်အားဖြင့် ကျနော့တွင် မည်သည့်ဝေဒနာမှ မရှိပဲ ပကတိကျန်းမာလျက်ရှိပါသည်။ အာဏာပိုင်တို့သည် အလွန်ရှက်ဖွယ်ရာကောင်းသော အမူအကျင့်ဖြင့် ဤသို့ အယောင်ဆောင်လိမ်လည် လှည့်စား သည့်နည်းလမ်း ကို အသုံးပြုပြီး ရုံးတော်ကို စော်ကားနေပါသည်။

(၂) တရားရေးဌာနမှ ထောင်အာဏာပိုင်များသို့ ကျနော့အား ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်မှုများ မပြုလုပ်ရန် အကြိမ်ကြိမ် တားမြစ်ထားသည့်ကြားထဲမှ ပင် အာဏာပိုင်တို့သည် ကျနော့အား ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားပါသည်။ ဤသို့ပြုလုပ်ခြင်းမှာဥပဒေမဲ့ ရာဇ၀တ်ကျူးလွန်ခြင်းသာ ဖြစ်ပါသည်။ ကျနော်သည် ယခုအခါ ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်ခံနေရပါသည်။ ၅၇ ရက် အတွင်းတွင် ကျနော်သည် ထောင်တွင်း၌ အလုံပိတ်ခံနေရပြီး.. နေရောင်ကိုပင် မြင်ခွင့်မရခဲ့ပါ။ မည်သူ့ကိုမှလည်း စကားပြောခွင့်မရပါ၊ ကျနော်၏မိသားစုကိုလည်း မြင်တွေ့ခွင့်မရပါ။

(၃) ကျနော့အားကျန်းမာရေး ပျက်စီးချို့တဲ့စေပြီး လုံးပါးပါးစေကြောင်း ကြံစည်လုပ်ဆောင်နေကြကြောင်း အသေအချာလေ့လာသိရှိရပါသည်။ ကျနော်လွတ်မြောက်ထွက်ပြေးသွားမည် စိုးရိမ်သောကြောင့် အကြီးအကျယ် လုပ်ကြံမှုများ၊ မမှန်သတင်းလွှင့်မှုများ၊ စီမံကိန်းအသွယ်သွယ်ဖြင့် အစွမ်းကုန်ကြိုးစားနေကြပါသည်။ ............................................................ အခြားနိုင်ငံရေးအကျဉ်းသား သုံ့ပန်းများသည်လည်း အလားတူပင် အသက်အန္တရယ်နှင့် ရင်ဆိုင်နေရပါသည်။ ထိုအထဲတွင် ဇူလိုင် ၂၆ ရက် လူသတ်ပွဲကြီးတွင် အကြွင်းမဲ့ သက်သေ များဖြစ်သော မိန်းကလေး ၂ ဦးလည်းပါဝင်ပါသည်။

(၄) ကျူးဘားပြည် ဆန်ရှာဂို ဆေးပညာ အဖွဲ့ချုပ်မှ ဥက္ကဌ ကဲ့သို့သော အရည်အချင်းနှင့်ပြည့်စုံပြီး ထင်ရှားကျော် ကြားသော ဆရာဝန်များဖြင့် ကျနော့အားချက်ချင်း စစ်ဆေးမှုပြုလုပ်ရန် အမိန့်ချမှတ်ပေးရေးအတွက် ရုံးတော် သို့ကျနော်မေတ္တာရပ်ခံပါသည်။ ဤရုံးတော်မှ အဖွဲ့ဝင်တရားသူကြီး တဦးကိုအထူးခန့်အပ်ပြီး နိုင်ငံရေး သုံ့ပန်းအကျဉ်းသမားများ၊ ထောင်နှင့် ရုံး အသွား အပြန်ခရီးတွင် လိုက်ပါ ပို့ဆောင်ပေးပါရန်ကိုလည်း ကျနော် အဆိုပြုပါသည်။ ဤအဆိုပြုလျှောက်ထားချက်အသေးစိတ်ကို ဒေသဆိုင်ရာ ရှေ့နေများအသင်း၊ နိုင်ငံလုံးဆိုင်ရာ အမျိုးသားရှေ့နေများအသင်း၊ တရားရုံးချုပ်နှင့် ဤရုံးတော်မှ ဤအချက်အလက်များအား သိသင့်သိထိုက် သည်ဟု ယူဆသော ဥပဒေ ဌာန အသီသီးသို့ ပေးပို့ပါရန်ကိုလည်း မေတ္တာ ရပ်ခံပါသည်။

ဤတရားခွင် ဇစ်မြစ် ရပ်တည်ချက်နှင့် အရေးကြီးပုံတို့က ဤရုံးတော်အား ထူခြားသည့်တာဝန်ဝတ္တရားများ ကိုပေးအပ်ထားပါသည်။ အကယ်၍ ကျနော်ကန့်ကွက်ထားသည့် အထက်ပါအခြေအနေဆိုးများ အောက်တွင်ပင် ဆက်လက်၍ အမှုကိုစစ်ဆေးသွားပါလျှင် တနိုင်ငံလုံးက ဤရုံးတော်ကို (အကျင့်ပျက်) အဖြစ် လှောင်ပြောင် သရော်စရာ၊ အထင်သေးအမြင်သေးစရာ၊ ကဲ့ ရဲ့ ရှုတ်ချစရာ ဖြစ်လာပါလိမ့်မည်။

ကျူးဘား တနိုင်ငံလုံးက ဤတရားခွင်ကို အာရုံပြု ဂရုစိုက်ကြည့်နေကြပါပြီ၊ ဤရုံးတော်က သူ၏တရားစီရင် အာဏာပိုင်ခွင့်ကို တန်ဖိုးရှိရှိကာကွယ်သွားလိမ့်မည်ဟုလည်းကောင်း၊ သူ၏ဂုဏ်သိက္ခာကို ထိမ်းသိမ်းသွားလိမ့် မည်ဟု လည်းကောင်းကျနော်မြှော်လင့်ပါသည်။ တချိန်တည်းမှာပင် ဤကာလသည် ကျူးဘားပြည်သမိုင်းတွင် တရားရေးဆိုင်ရာအင်အားစုအတွက် ဂုဏ်သိက္ခာမှတ်ကျောက်တင်သည့် ကာလဖြစ်ပါသည်။ ယခုအချိန်ထိ ရုံးတော်၏ ဆောင်ရွက်ချက်များနှင့် တရားသူကြီး၏ အဆင့်အတန်းသည် ဤသမ္မတ နိုင်ငံ၏ ဂုဏ်ယူဖွယ် အကောင်းဆုံး၊ ဂုဏ်အရှိဆုံး တရားရုံးတော်အဖြစ် ကျနော်ကိုးစားယုံကြည်မိပါသည်။ ထို့ကြောင့်လည်း ကျနော်သည် ဤရုံးတော်၏ဆောင်ရွက်ချက်များအပေါ် မျက်စိမှိတ် အကြွင်းမဲ့ ယုံကြည်ချက်ဖြင့် ကျနော်၏ သဘောထားများအား ဤကဲ့သို့ အဆိုပြုလျှောက်ထားခြင်းဖြစ်ပါသည်။

ကျနော့ဖက်ကမူ ကျနော်၏ အခွင့်အရေးအတွက်ဖြစ်စေ၊ ကျနော်၏ဂုဏ်သိက္ခာအတွက်ဖြစ်စေ၊ ကျနော်၏ အသက်ကို ပေးလှူစတေးရမည်ဆိုပါလျှင်လည်း၊ အပြန်တထောင်စွန့်လွှတ်ရန် စတေးရန် အသင့်ရှိပါသည်။ ....စောက်နက်သောဂူတခုအတွင်းမှ တရားမျှတရေး အခြေခံသဘောတရားသည် စစ်တပ်တတပ် ထက်ပင် ပို၍အင်အားကြီးမားပါသည်...။

ဖီဒဲလ်ကပ်စထရို
၁၉၅၃ ခု၊ စက်တင်ဘာလ ၂၆ ရက်။
အိုရီယန်တီ ယာယီအကျဉ်းစခန်း။

မှတ်ချက်။ ။ ဤအဆိုပြုလျှောက်လဲချက်ကို ရုံးတော်သို့တင်ပြရန်အတွက် ဒေါက်တာ မယ်ဗာဟာနန်ဒက်စ် အား ကျနော့ကိုယ်စား တာဝန်လွှဲအပ်လိုက်ပါသည်။

..............................................................
..............................................................


ဤစာကြောင့် အာဏာပိုင်များသည် အထိနာအောင် အလဲထိုးခံလိုက်ရသည့်နောက်ပိုင်း နိုင်ငံရေး အကျဉ်းသား မှန်သမျှ တရားရုံးတော်သို့မ၀င်မီ ခြေဆုံးခေါင်းဆုံး လှန်လှော ရှာဖွေခြင်းခံရသည်။ စာကို ယူဆောင်လာခဲ့သူ အမျိုးသမီး ဒေါက်တာ မယ်ဗာဟာနန်ဒက်စ် အားလည်း အကျဉ်းထောင်အတင်း အလုံပိတ်ထားလိုက်သည်။ အလုံပိတ်ခြင်းခံရပြီးဖြစ်သော ဖီဒဲလ်ကပ်စထရိုအားလည်း ထောင်တွင်းရှိ ပိုမို အဆက်ပြတ် သောနေရာသို့ပို့လိုက်သည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် ရုံးတော်ခန့်ဆရာဝန် ၂ ဦးသည်ကပ်စထရိုအားသွားရောက်စစ်ဆေးမှုပြုရာပကတိကျန်းမာလျက်ရှိကြောင်းထောက်ခံချက်ပေးလိုက် သောကြောင့် တရားသူကြီးများက သူ့အား တရားရုံးတော်သို့ သွင်းရန်အမိန့်ချခဲ့သည်။ သို့ရာတွင် အာဏာပိုင်များက ခွင့်မပြုခဲ့ပေ။

ကပ်စထရို၏နောက်ကွယ်တွင် အောက်တိုဘာ ၁၆ ရက်နေ့တိုင်အောင် အမှုကို ဆက်လက်စစ်ဆေးသည်။ အောက်တိုဘာ ၁၆ ရက်နေ့ ရောက်မှပင် တရားသူကြီးများရှေ့မှောက်သို့ ကပ်စထရိုအားလာရောက် အစစ်ခံခွင့်ပြုခဲ့သည်။ သို့သော် တရားရုံးတွင်မဟုတ်ပဲ ဆေးရုံကြီးရှိ သူနာပြုဆရာမများ အပန်းဖြေ ခန်းတွင်ဖြစ်သည်။ ကပ်စထရို၏အသံကို ကျူးဘားပြည်သူများ မကြားရစေသောငှာ တရားခွင်ကို လျှို့ဝှက်စွာ စစ်ဆေးခဲ့သည်။ တရားခန်းခွင်အတွင်း၌ တရားသူကြီး ၃ ဦး၊ အစိုးရရှေ့နေ ၂ ဦး၊ သတင်းများအား စစ်ဆေး အတည်ပြုချက်ဖြင့် ပေးပို့ရသည့် သတင်းထောက် ၉ ဦးသာရြှိပီး လက်နက်ကိုင် အစောင့်အရှောက် ၁၀၀ စောင့်ကြပ်ဝိုင်းရံထားခဲ့သည်။

ဤတရားခွင်၌ ဖီဒဲလ်ကပ်စထရိုက နောင်တွင် ကမ္ဘာကျော်ခဲ့သည့် ၅ နာရီကြာသူ၏လျှောက်လဲချက် ရှည်ကြီးကိုလျှောက်လဲခဲ့ခြင်း ဖြစ်ပါသည်။

(ဆက်လက်ဖေါ်ပြပါမည်)


မမသီရိ

Saturday, May 16, 2009

ဖီဒဲလ် ကပ်စထရို၏ ကမ္ဘာကျော်လျှောက်လဲချက် အပိုင်း (၁)

စကားချီး..

ဖီဒဲလ် ကပ်စထရို ဆိုတာ တခေတ်တခါ က တောက်ပခဲ့ဖူးတဲ့ ကြယ်တပွင့်ပါ..။ အဲဒီခေတ်အခါတုန်းဆီက လွတ်လပ်ပြီးစ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှတလွှားက လူငယ် လူရွယ် အများစု လေးစားအားကျခဲ့ရတဲ့ .. တခြားကမ္ဘာ့ဒေသတွေက လူငယ်တွေကပါ မျက်ခြေမပြတ်စောင့်ကြည့် အကဲခတ်ခံခဲ့ရတဲ့ တော်လှန်ရေးလူငယ် တဦးဖြစ်ခဲ့ဖူးသူပါ။ နှောင်းလူငယ်တွေကတော့ ကပ်စထရို ဆိုတာ သေသည်ထိ အာဏာကို မစွန့်လွှတ်ချင်တဲ့ အာဏာရူးကြီး၊ တယူသန် တဇွတ်ထိုးကြီး၊ တိုင်းပြည်ကို တံခါးပိတ်ထားချင်သူကြီး၊ ပြည်သူတွေကို ထည့်မစဉ်စားတဲ့တကိုယ်ကောင်းဆန်သူကြီးအဖြစ်၊ ကျူးဘားသမိုင်းစာမျက်နှာတွေကို အညိုရောင်နဲ့အုံ့မှိုင်း စေခဲ့သူကြီးအဖြစ်သာသိထားကြမှာပါ။ ခုတင်ပြသွားမဲ့စာစုလေးကတော့..သူ့ရဲ့ကမ္ဘာကျော်ခဲ့တဲ့လျှောက်လဲချက် တွေထဲက ထုတ်နှုတ်ထားတဲ့ အချက်အလက်တချို့ပါ..။ ကျမ ဆီမှာ ရှိနေတဲ့ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ် ဥပဒေပညာဌာနမှာ ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တရားရုံးချုပ်ရှေ့နေ စာရေးဆရာ မောင်ကိုယုရဲ့ ကမ္ဘာကျော်လျှောက်လဲချက်များ ဆိုတဲ့ စာအုပ်က ကောက်နှုတ်တင်ပြသွားမဲ့ ဖီဒဲလ်ကပ်စထရိုရဲ့ သမိုင်းဝင် လျှောက်လဲချက်ပါ။ အချိန်အခက်အခဲ ကြောင့်ရော..စာဖတ်သူတွေကို အားနာသောအားဖြင့်ပါ.. အပိုင်းလိုက်ခွဲပြီး တင်ပြပေးသွားပါမယ်။


နောက်ခံသမိုင်း

ဖီဒဲလ်ကပ်စထရိုသည် ကျူးဘားပြည်အိုရီယန်တီနယ်တွင် ၁၉၂၆ ခု သြဂုတ်လ ၂၃ ရက်နေ့၌အဘ ကြံစိုက် ပျိုးရေးလုပ်ငန်းရှင်လူချမ်းသာ၏ဒုတိယဇနီးသည်မှမွေးဖွားခဲ့သည့် တတိယမြောက်သား ရတနာဖြစ်သည်။ ငယ်စဉ်ကပင်ထူးချွန်ထက်မြက်သူတဦးဖြစ်ပြီး ၁၉၄၅၊ အသက် ၁၉ နှစ်အရွယ်တွင် ဟာဗာနာတက္ကသိုလ် တွင်ဥပဒေပညာကိုလေ့လာဆည်းပူးခဲ့ပါသည်။ ထိုစဉ်က ဟာဗာနား တက္ကသိုလ်သည် နိုင်ငံရေးလှုပ်ရှားမှုများတွင် အတက်ကြွဆုံးဖြစ်ပြီး ကတ်စရို ကျောင်းသားဖြစ်စဉ်ခိုက် ပိုမိုအားကောင်းလာခဲ့ပေသည်။ သူ၏အပြောအဟော ကောင်းမှုကြောင့် ခေါင်းဆောင်နေရာကို ဆောလျင်စွာရရှိခဲ့ပြီး သူခေါင်းဆောင်သည့် ကျူးဘား ကျောင်းသား လှုပ်ရှားမှုဖြင့် ကျူးဘားအစိုးရ၏ မတရားမှုများကိုတိုက်ပွဲဆင်နွဲခဲ့သည်။ ကျူးဘားအစိုးရ၏ဖောက်ပြန်မှု၊ လက်တင်အမေရိကန် နိုင်ငံများရှိ အစိုးရတို့၏ဖောက်ပြန်မှုများအားဆန့်ကျင်သော တိုက်ပွဲများကို တက်ကြွစွာ ခေါင်းဆောင်ခဲ့မှုကြောင့် အကြိမ်ကြိမ်ဖမ်းဆီးခြင်းခံခဲ့ရသည်။ (စာ ၁၈-၁၉)

၁၉၅၀ တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး ဟာဗာနာမြို့တော်တွင်ရှေ့နေတယောက်အဖြစ်အမှုလိုက်ကာ အသက်မွေး ၀မ်းကျောင်းခဲ့သည်။ သူလိုက်လံဆောင်ရွက်ပေးသောအမှုများမှာ နိုင်ငံရေးမှုခင်းများနှင့်ဆင်းရဲသား အလုပ် သမား၊လယ်သမားများဖက်မှလိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၁၉၅၂ တွင် ရွေးကောက်ပွဲ ၀င်ရန်စီစဉ်ခဲ့ သော်လည်း အာဏာရှင် ဘာတစ္စတာကနိုင်ငံ့ အာဏာာကို လက်နက်ကိုင်သိမ်းပိုက်ခဲ့သဖြင့်၊ ရွေးကောက်ပွဲ ပျက်ခဲ့ရသည်။ ဘာတစ္စတာအား ထောင်ချ အပြစ်ပေးရန် ကပ်စထရို ကိုယ်တိုင် တရားစွဲခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။ ဤသို့ဖြင့် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်သည်သာလျှင် ကျူးဘားပြည်သူတို့၏ လွတ်မြောက်ရာလမ်းဖြစ်ကြောင်း ကတ်စထရိုနားလည်သဘောပေါက် ဆုံးဖြတ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ လူ ငယ် ၂၀၀ တို့အား သင်တန်းပေးကာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို စတင်ခဲ့ပါတော့သည်။

၁၉၅၃ ခု ဇူလိုင် ၂၆ ရက် အာရုဏ်ဦး အချိန်တွင် ကပ်စထရို ဦးဆောင်သော ကျောင်းသားသူပုန်တပ်က မွန်ကားဒါး စစ်စခန်းကို ၀င်ရောက်စီးနင်းတိုက်ခဲ့သည်။ သို့ရာတွင် ထိုတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး သူပုန်ကျောင်းသား များစွာ အဖမ်းခံ၊ အသတ်ခံခဲ့ ရသည့်အပြင် ဆန်ရှာဂိုမြို့တွင် သွေးချောင်စီးခဲ့ရသည်။ သူပုန်ကျောင်းသားများအား ကူညီအားပေးသူများအားလည်း နှိမ်နင်းသတ်ဖြတ်ခဲ့၊ ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။ ဘာတစ္စတာ၏ လက်နက်ကိုင်စစ်သားများနှင့် ပုလိပ်များက လမ်းပေါ်တွင် တွေ့သမျှကလေး လူကြီး မကျန် လူမဆန်စွာ ပစ်သတ်ခဲ့သည်။ ကပ်စထရိုမှာ တိုက်ပွဲဖြစ်ပွားစဉ်က လွတ်မြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် တောထဲ၌ ခရီး ပန်းပြီး အိပ်ပျော်နေစဉ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဘာတစ္စတာအား ဆန့်ကျင်တိုက်ခိုက်သည့် လက်နက်ကိုင်ပထမတိုက်ပွဲ မွန်ကားဒါး အရေးတော်ပုံတွင် အရေးနိမ့် ခဲ့သော်လည်း၊ ဒုတိယတိုက်ပွဲဖြစ်သော တရားရုံးတွင်းတိုက်ပွဲတွင်မူ ကပ်စထရိုက အပြတ်အသတ် အနိုင်ရခဲ့လေ သည်။ တရားရုံးတွင်း၌ ကပ်စထရိုသည် သူ၏သူရသတ္တိထွန်းပြောင်မှု၊ သတ္တိရှိမှု၊ လေ့လာ ဆည်းပူမှု၊ တရား ဥပဒေတတ်ကျွမ်းနားလည်မှု၊ သမိုင်းနှင့် အဘိဓမ္မာပညာရပ်တို့တွင် ၀င်ဆန့်မှု၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးမှု၊ တရားမျှတမှုကို အသက်ပေးလိုလားမှု စသည်တို့ကို အထင်အရှား ပြသခဲ့လေသည်။ (စာ၂၀-၂၁)

၁၉၅၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် ဆန်ရှာဂို တရားရုံးတွင် မွန်ကားဒါးအရေးတော်ပုံ၌ လုံးဝမပါဝင် မပတ်သက်ခဲ့သော ပုဂ္ဂိုလ်များအပါအ၀င် လူပေါင်း ၁၂၂ ယောက်ကို ရုံးတင် တရားစွဲဆိုခဲ့သည်။ ထိုရုံးတော်သို့ ထောင်မှ ပို့ဆောင်ရာတွင် ဖီဒယ်လ် ကပ်စထရိုအား တဦးတည်း ခွဲခြား၍ လက်ထိပ်ခတ်ပြီး လက်နက်ကိုင် အစောင့်အရှောက်ဖြင့် ပို့ခဲ့သည်။

ထို ပထမ ရုံးချိန်းအတွင်း အစိုးရရှေ့နေ၏ .. ဘာ့ကြောင့်တရားဥပဒေနည်းလမ်းကို အသုံးပြုပြီး ဥပဒေဘောင် အတွင်းမဆောင်ရွက်ခဲ့သလဲ....ဟူသည့်မေးခွန်းအားကပ်စထရိုက.... ရိုးရိုးနဲ့ရှင်းရှင်းပြောရရင် ကျူးဘားပြည်ဟာ လုံးဝလွတ်လပ်မှုမရှိလို့ပါပဲ။ မတ်လ ၁၀ ရက်နေ့ကစပြီးကျူးဘားပြည်မှာ ဘယ်သူမှ လွတ်လပ်စွာ ပြောဆိုခွင့်မရခဲ့ကြဘူး၊ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့အစိုးရကအမြဲပဲပိတ်ပင်ထား ခဲ့ပါတယ်။ တရားခုံရုံးတွေမှာ ဘာတစ္စတာ အစိုးရကိုတရားစွဲဆိုခဲ့ပေမဲ့ ကျနော်တို့မျှော်လင့်ခဲ့သလို တရားရုံးတွေ ဟာဆုံးဖြတ်ချက်မပေးခဲ့ကြဘူး...... လို့ဖြေကြားခဲ့ပါတယ်... ဒီအရေးတော်ပုံမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အဆက်အသွယ် မရှိခဲ့ရင် ဘာအကူအညီအထောက်အပံ့နဲ့ လုပ်ခဲ့သလဲ ... ဆိုတဲ့ မေးခွန်းကိုတော့... အကယ်၍ ကျနော်တို့ဆက်သွယ်မှု ရယူနိုင်မယ် ဆိုရင် ပြည်သူတွေနဲ့ ဆက်သွယ်မှုကိုသာ ရယူမှာပါ။ ပြည်သူတွေကလဲ ကျနော်တို့ကို အားပေးမှာအမှန်ပါပဲ၊ ကျနော်တို့မှာမဟာမိတ်ရှိပါတယ်၊ အဲဒီမဟာမိတ်ကတော့ ပြည်သူတွေပါပ... .လို့ ဖြေကြားခဲ့ပါတယ်။

ဒုတိယနေ့ ရုံးချိန်းတွင် ကပ်စထရိုက ရှေ့နေစားပွဲတွင် ထိုင်ခွင့်ပြုရန်တောင်းဆိုခဲ့ပါသည်။

တတိယနေ့ရုံးချိန်းဖြစ်သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင်တော့ ကပ်စထရိုအား တရားခွင် သို့ ထုတ်မလာ ခဲ့တော့။ ကပ်စထရို မကျန်းမာသောကြောင့် ရုံးတော်သို့ မလာနိုင်ကြောင်း ထောင်မှူးကအကြောင်းကြားသည်။ ဤတွင်တရားသူကြီးက လူမမာတရားခံ မျက်ကွယ်၌ တရားဆက်လက်စစ်ဆေးရန်ကျေညာလိုက်သည်၊ ထိုအခိုက် အမျိုးသမီးတယောက်၏ အသံသည် တရားရုံးတွင်းတနေရာမှ စူးရှကျယ်လောင်စွာ ထွက်ပေါ် လာခဲ့သည်။ .... တရားသူကြီးမင်းရှင့် ဒေါက်တာ ဖီဒယ်လ်ကပ်စထရို ကိုယ်တိုင် လက်ရေးဖြင့်ရေးသားထားတဲ့ စာတစောင်ကို ကျမယူလာပါတယ်.. ဒီစာဟာ မြင့်မြတ်ပြီးဂုဏ်သရေရှိတဲ့ တရားရုံးတော်သို့ ရည်ညွှန်းလိပ်မူထားပါတယ်... ဟုပြောပြီး ဆံပင်ထဲ၌ ၀ှက်ယူလာသော စာရွက်လိပ်လေးအား တရားသူကြီးချုပ်လက်သို့ ပေးအပ်လိုက်ပါတော့သည်။


(ဆက်လက်ဖေါ်ပြပါမည်)

မမသီရိ

Wednesday, May 13, 2009

လူဆိုး

ပန်းနုလွှာ ပါးပြင်ထက်..
နံ့သာစက် လိမ်းကာချယ်...
ချစ်စဖွယ် နုကာထွေး
ပါးကွက်လေး မှုံပျယ်ပျယ်

လူလစ်ရင် ခိုးနမ်းတတ်
ပြောရကြပ်မေ့မောင်ရယ်
လူသိမှာ တကယ်စိုးတာမို့..
အပိုရှာ ဆောင်ကာ ထားပါရ
နံ့သာထုံ...
ပန်းမှုံကြုပ် ကို.. ၀ှက်တတ်နေတယ်..။


မမသီရိ

(တခါတုန်းကျမပြောဖူးတယ် ထင်ပါရဲ့.. ကျမဘယ်သွားသွားသယ်တဲ့အထဲမှာ.. စိတ်ကူးပေါ်တဲ့ အခိုက်တွေ ချချ ရေးထားမိတဲ့.. ကဗျာစာရွက် အတိုအစတွေ.. မှတ်စုစာအုပ်တွေ ပါတယ်ဆိုတာလေ..။ ခုတလော အလုပ်က အတော်လေးများနေတော့ စာတွေရေးဖို့ အာရုံစူးစိုက်လို့ မရနိုင်တဲ့ အပြင်.. အချိန်ကလဲ လုယူချိန်တောင် မရသလောက်ရှိနေတာမို့.. Tag ကြွေးတွေ တောင်မဆပ်အားပါဘူး.။ အွန်လိုင်းမှာ လာနှုတ်ဆက်သူတွေ ကိုလဲ အားနာနာ နဲ့ bye ပြောရတာ များနေပြီ.. ဒီကြားထဲ ..အလုပ်နဲ့ ဆက်စပ်နေတဲ့ မှတ်တမ်းဟောင်းလေး တခု ပြန်ရှာရင်းနဲ့.. စာရွက်ဟောင်း နဲ့ မှတ်စု ဟောင်း ထုပ်ကြီး ဖွမိရက်သား ဖြစ်သွားတာမို့.. မနေ့ညက အိပ်ချိန် ၄ နာရီတောင် ပြည့်မယ်မထင်.. အပေါ်မှာ ဖေါ်ပြထားတဲ့ ကဗျာလေးက အဲဒီစာရွက်ဟောင်းတွေထဲ က ထွက်ကျလာတဲ့ စာရွက်ပိုင်းလေးထဲက ကဗျာ တပုဒ်ပါ.. အဲဒီမှာ တပ်ထားတဲ့ နေ့စွဲက ၂၈.၅.၁၉၉၀ လို့ ရေးထားမို့.. တချို့ ဘလော့ဂါလေးတွေ မွေးကင်းစပဲ ရှိအုံးမယ်ထင်ရဲ့.နော်.. ဒီကဗျာ ဖတ်ပြီး အထင် ထပ်မကြီးဘို့ ကြိုပြောနေတာပါ...း)..။ ကိုယ့်ကိုကိုယ်သေချာ တာ တခုကတော့ အဲံဒီအချိန် မှာ ရီးစား မရှိခဲ့တာ အသေအချာ...။ အဲဒီတုန်းက.လူကောင်ထွားထွားကောင်မလေးတွေအတွက်ဆိုရီးစားရနိုင်တဲ့အသက်အရွယ်ဖြစ်ပေမဲ့ သေးသေး ပုပုညှက်ညှက် ကျမအတွက်ကျတော့ ရီးစားဆိုတာ... ။

ရီးစား မရှိပဲ ဒီလိုကဗျာမျိုး ရေးနိုင်သလား လို့ မေးလာသူ ရှိရင်လဲ မေးခံရတာလွဲလို့ ကျမမှာ အဖြေမရှိပါ...။


အင်း.. ရီးစား ရှိနေတဲ့ ဘလော့ဂါ ညီမလေး အတွက်တော့.. ကွက်တိဖြစ်နေမလားပဲ ..နော်...း)... ဒါပေမဲ့ ဒီခောတ်ကြီးမှာက မပျက်နိုင်တဲ့ မိတ်ကပ်တွေ.. မပျက်နိုင်တဲ့ နှုတ်ခမ်းနီတွေ ရနေပြီ ဆိုတော့.. ကျမ ကဗျာလေးက ခောတ်နဲ့မှ ညီပါသေးရဲ့လား လို့...း)...။


အားလုံးကိုခင်မင်လေးစားတဲ့

မမသီရိ

Monday, May 11, 2009

ချစ်သူ

ဘ၀အမော..
သောကတော ကိုတဲ့
မျှယူချင်..

ရင်မဆန့်အောင်
ဖွဲ့နှောင်လို့ ချစ်သူ မို့...

အပူတွေ
ငြိမ်းစေ စိတ်နဲ့ရယ်..
သခင် ရေ…
ထွေးပွေ့ချင်ရဲ့...


မမသီရိ

Friday, May 08, 2009

ပြန်ရောက်ပါပြီ

မိဘတွေ ခေါင်းချခဲ့တဲ့ မြေကို နောက်ဆုံးအကြီမ်ရောက်ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်ကပါ..။ ဇာတိမြေက ထွက်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတောအတွင်း ဒီတခေါက် အပါအ၀င် စုစုပေါင်း ၅ကြိမ် တိတိ ပြန်ဖြစ်ခဲ့တာမို့ တခါမှပြန်ခွင့်မရသူတွေနဲ့ နှိုင်းစာရင်တော့ တော်သေးတယ်ပြောရမယ် ထင်ပါရဲ့။ ဒါပေမဲ့....

ဖေဖေ့ နောက်ဆုံးအချိန်တွေမှာရော၊ မေမေ့ရဲ့ နောက်ဆုံးကာလတွေမှာပါ အနားနား မရှိနိုင်ခဲ့တဲ့ သမီး တယောက်..ဒီတခေါက်ကိုတော့ မဖြစ်မနေကြိုးစားလို့ မိဘတွေအတွက် အလှူဒါနလေး ပြုရအောင်.. မိဘတွေ ခေါင်းချခဲ့တဲ့.. ကျေးလက်လေး တခုဆီ ကို အခက်အခဲ တွေ အမျိုးမျိုး ကြားထဲက ကြိုးစားပြီး မရောက် အရောက် သွားဖြစ်ခဲ့တာပါ...။

မြန်မာပြည်က ထွက်ခဲ့တာ ကြာတဲ့သူတွေ အတွက်တော့မသိ... ဆက်စပ်မှုရှိတဲ့သူတွေကတော့.. မြန်မာပြည်ရဲ့ ဆက်သွယ်ရေး အခြေအနေကို ကောင်းကောင်းသိကြမယ် ထင်ပါရဲ့..။ ကျမရခဲ့တဲ့ ခွင့် ၃ ပတ်မှာ .. တပတ်ကျော်က လမ်းမှာ ပုပ်သွားခဲ့တာမျိုးပါ..။ သွားတဲ့ အချိန်က မြန်မာနှစ်သစ်ကူးနဲ့ ကပ်သွားတာမို့.. ပိုဆိုးတာထင်ပါရဲ့...။

ကြီးပြင်းခဲ့ရာမြေမှာ.. ဒီလောကြီးထဲမှာ တဦးတည်းသာ ရှိတော့တဲ့ ညီမလေးနဲ့ သူ့မိသားစု၊ ဆွေမျိုးတွေ ငယ်သူငယ်ချင်းတွေ.. အဖိုးအဖွားတွေ.. ဆရာ သမားတွေ နဲ့ တွေ့ ပြီး စကားတွေဖောင်ဖွဲ့.. အနားရပေမဲ့.. ဘလော့ထဲက မိတ်ဆွေတွေကို တကယ်ပဲ လွမ်းဆွတ်နေခဲ့တာပါ..။ Internet သုံးလို့ရတယ်ဆိုတဲ့နေရာတွေမှာ ဘလော့တွေ ဖွင့်ဖတ်ဖို့ ကြိုးစားခဲ့ပေမဲ့.. ခွင့်မပြုနိုင်ဘူးဆိုတဲ့ စာမျက်နှာလေးပဲ ထွက်ကျလာခဲ့တာမို့.. မချင့်မရဲ နဲ့.. လွမ်းပွဲကို ဆင်နွှဲခဲ့ရတာပေါ့..။ မြန်မာပြည်ထဲက ရေးတယ်ဆိုတဲ့.. ဘလော့ဂါလေးတွေ.. အထူးသဖြင့် ကိုဝင်းဇော် ကိုသတိရမိပေမဲ့ ဘယ်လို ဆက်သွယ်ရမလဲ မသိတော့.. လက်လျှော့ရုံကလွဲ လို့ ဘာမှ မတတ်နိုင်ခဲ့။

ထားပါတော့လေ... ဘာပြောပြော ခုတော့ ပြန်ရောက်ပါပြီ..။ ပြန်ရောက်တယ် ဆိုတာနဲ့.. တန်းစီစောင့်ကြိုနေတဲ့ အလုပ်တွေက.. ကျမကို မျက်စလေးတွေ ပစ်ပြနေကြတာမို့.. သူများဘလော့ဂ်လဲ သွားမဖတ်အား၊ ကိုယ့်ဘလော့နားလဲ မသီနိုင်.. မိတ်ဆွေတွေ လဲ နှုတ်မဆက်အား တဲ့ ကျမအဖြစ်ကို အားလုံး နားလည်ပေးကြဘို့ တောင်ပန်းချင်မိပါတယ်..။

ကျမ မရှိတုန်း. တင်ထားခဲ့တဲ့ ကဗျာလေးတွေ မှာ comment တွေ ၀င်ပေးခဲ့ကြတဲ့ သူတွေ.. c-box ထဲမှာ လာရောက်နှုတ်ဆက်ခဲ့သူတွေ အားလုံးကျေးဇူးတင်ပါတယ်.. တဦးချင်းပြန်ပြီးနှုတ်မဆက်နိုင်သေးတဲ့အတွက်လဲ ထပ်ပြီးတောင်းပန်ပါရစေအုံး..။

မမကိုချစ်တယ် ဆိုတဲ့စကားလုံးလေး တွင်တွင်သုံးပြီး နောက်တခေါက်ထပ်ပြီးလာ Tag ထားတဲ့ ညီမလေး ကောင်းကင်ပြာ ရေ.. မမကြိုးစားပြီး ရေးပေးပါ့မယ်နော်.. ခုလောလော ဆယ်တော့ ခဏလေးတော့ စောင့်ပါအုံး လို့..။

ကျမရဲ့ ကဗျာတွေအတွက် ၀ိုင်းပြီးခံစားပေးကြတဲ့.. ညီမတွေ.. မောင်လေးတွေ ကိုတော့... ကိုJulyDream သုံးခဲ့စကားလုံး ပြန်သုံးချင်မိရဲ့.... ချင့်ယုံ... လို့...း).. ကျမကို အထင်မကြီးလိုက်ကြပါနဲ့.....ကဗျာဆိုတာ.. တကယ်တော့ ကဗျာပါပဲနော်..။


အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ


Saturday, May 02, 2009

C-box ထဲမှ စကားများ (ဧပြီ ၂၀၀၉)


30 Apr 09, 22:50
vanko: ရောက်ပါတယ် မမသီရိရေ။ ပျော်ရွှင်ပါစေနော်။
30 Apr 09, 03:53
meetaut: ကဗျာလေးကို ခံစားသွားပါတယ် ခင်ဗျာ
28 Apr 09, 23:42
kaungkinpyar: မမ မမ ချစ်မမ သီ၇ိ လွမ်းနေတယ်
28 Apr 09, 04:58
သမီးပျို: မမသီရိရေ ကဗျာအဟောင်းတွေခံစားသွားတယ်ဗျို့
27 Apr 09, 09:16
reenoemann: အမ မတွေ့တာကြာပြီနော်။ ကျွန်တော်ပဲ မရောက်လိုလားမပြောတက်ပါဘူးဗျာ
27 Apr 09, 02:56
meetaut: အလည်လာပါတယ် ခင်ဗျာ
27 Apr 09, 02:41
ဂင်ကြီး: ညီမရေ ရောက်ပါတယ် ခရီးလွန်နေတုန်းလား
26 Apr 09, 20:36
မင်းလွမ်းနောင်: မမသီရိရေ အလည်ရောက်ပြီး ကဗျာလေးကို ခံစားသွးပါတယ်
26 Apr 09, 18:45
Welcome: မင်္ဂလာပါ၊ အိမ်လည်ရောက် ပါတယ် :glad:
26 Apr 09, 18:44
Welcome: မင်္ဂလာပါ၊ အိမ်လည်ရောက် ပါတယ် :glad:
26 Apr 09, 18:06
မိုးခါး: ချစ်မမရေ .. အလည်လာသွားတယ်နော် ..း)
26 Apr 09, 12:12
လူလ: မင်္ဂလာပါ မသီရီ၊ သုဘဒ္ဒါ ကို လွမ်းပြီး ပြန်သွား၏။ ရွှင်လန်းချမ်းမြေ့ပါစေ...
26 Apr 09, 11:00
သမီးပျို: သနားလွန်းလို့ ငိုပြီးပြန်တွားတယ်
26 Apr 09, 05:36
boyz: >>့ပန်ဒိုရာ:>> အခြစ်ကဗျာ မတွေ့ ဘူး။ အခြစ်ကဗျာဆိုတာ ဘာလဲ.
26 Apr 09, 05:35
boyz: >>ပေါတာလေး>> ကံကောင်းပါစေဗျာ.. :)
26 Apr 09, 05:34
boyz: >>kaungkinpyar>>ဘယ်ကိုရောက်တာလဲ..
26 Apr 09, 05:02
mmonlinewatch: လာလည်သွားပါတယ်....
26 Apr 09, 04:41
kaungkinpyar: ရောက်တယ် ချစ်မမ သီရိ
26 Apr 09, 04:34
ThihaTHit: :D :P good luck
25 Apr 09, 18:01
ဝေါသားလေး: မမသီရိရေ... အချစ်ကဗျာလေးကို ထပ်တူခံစားသွားတယ်... ကံကောင်းချင်တယ်ဗျာ....
25 Apr 09, 12:30
ချစ်ပါးလုံး: ပါးလုံးဆီလည်းလာလည်ဖို့ဖိတ်ခေါ်ပါတယ်။အချစ်ကြောင့်သာကိုလည်း ခံစားသွားပါတယ်။
25 Apr 09, 12:30
ချစ်ပါးလုံး: လည်ရင်းပတ်ရင်းမွှေရင်းနှောက်ရင်းရောက်ရှိပါတယ်ရှင်။
25 Apr 09, 11:42
kaungkinpyar: မမ ပြန်မရောက်သေးပေမဲ့ tag မိပါတယ်၊ ပြန်ရောက်ပီး အချိန်လေးများရရင် ရေးပေးနော်
25 Apr 09, 08:11
ကျော်သိင်္ခ: ဘယ်လိုပီတိဖြစ်လဲဆိုတာ ကြည့်ဖို့ လာလည်ပါဦးလို့ ဖိတ်ပါရစေ။
25 Apr 09, 08:10
ကျော်သိင်္ခ: ကျနော့်ကောင်မလေးက ဘလော့ဂါတွေထဲမှာ မမသီရိကို အားရပီတိ အဖြစ်ဆုံးတဲ့။
23 Apr 09, 07:48
့ပန်ဒိုရာ: အခြစ်ကဗျာလေး လာဖတ်သွားတယ် :)
22 Apr 09, 22:48
blackdream: ခြစ်ခြစ်...။ အစ်မတို့ပဲ ခြစ်ကြ :P
22 Apr 09, 06:50
မိုးသောက်(ရှမ်းလေး): ပို့စ်အသစ်တင်ထားတယ်မမရေ...
21 Apr 09, 17:57
မိုးခါး: မမသီရိရေ .. အလည်လာတယ် ..း) ချစ်တတ်လိုက်တာ
21 Apr 09, 17:32
Win Zaw: မောနင်း၊ အိမ်လည် လာသွားတယ် :glad:
21 Apr 09, 17:32
Win Zaw: မောနင်း၊ အိမ်လည် လာသွားတယ် :glad:
21 Apr 09, 09:40
နှင်း: ရောက်သေးဘူးလား။မမရေ ဘယ်မှာလဲ။
21 Apr 09, 07:39
သမီးပျို: သမီးပျိုဆို အရမ်းနမ်းပလိုက်မှာ အိမ်လာလည်နော်http://anglepyo.blogspot.com/
21 Apr 09, 06:43
kaungkinpyar: ချစ်မမ၊ မမသီရိ ရောက်သေးဘူးလား ၊လွမ်းလို့
21 Apr 09, 06:29
ThihaThit: လာလည်စာဖတ် :D :P
21 Apr 09, 04:37
မိုးစက်အိမ်: http://www.m-3-kyaw.blogspot.com/
21 Apr 09, 04:36
မိုးစက်အိမ်: ရဟန္တာ ကောင်းကင်ကကြွနေသည်ကိုဖူးချင်သူမျ
20 Apr 09, 19:36
JulyDream: အပျော်လွန်သွားရှာပြီ ထင်တယ်။ ၀ါ မ၀င်ခင် ကြိုးစားနေသလားပဲ။ အဟိ
20 Apr 09, 03:51
JulyDream: အလည်တခေါက် ရောက်ခဲ့ပါတယ်။
18 Apr 09, 20:57
ဖြိုးဝေတိုး: တီတီသီရီ လည်လည်ရောက်လာပါ၏
18 Apr 09, 03:21
Win Zaw: မင်္ဂလာပါ၊ ရောက်လာ ပါတယ်၊ ချမ်းမြေ့ ပါစေ :glad:
18 Apr 09, 02:36
ဂင်ကြီး: နှစ်သစ်မင်္ဂလာနော်
18 Apr 09, 02:36
ဂင်ကြီး: ငါ့ညီမရေ ပြန်ရောက်ပြီလားဟေ့
17 Apr 09, 16:38
ဂျပန်ကောင်လေး: မမသီရိရေ.. လာလည်ပါတယ်... နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျားးးးးးးးးးးးးျးျ
17 Apr 09, 16:08
ရွာသားလေးဝိုင်တီယူ: မမသီရီရေ မင်္ဂလာနှစ်သစ်ပါခင်ဗျာ
17 Apr 09, 14:39
နှင်း: မမရေ ရောက်သေးဘူးလား။
17 Apr 09, 07:56
မိုးခါး: မမရေ .. မင်္ဂလာနှစ်သစ်ဖြစ်ပါစေနော် ..း)
17 Apr 09, 07:02
kaungkinpyar: မမ ပြန်မရောက်သေးဘူးလား၊ လွမ်းလို့
17 Apr 09, 06:41
ThihaThit: :D :P
17 Apr 09, 06:07
နန်းစုစုမောင်: ဒီနေ့မှာ ကျရောက်တဲ့မင်္ဂလာနှစ်ဆန်းတစ်ရက်နေ့မှစပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံပါစေရှင့်။
17 Apr 09, 04:00
ညလေး: မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ပါစေ မမသီရိရေ.. ပထမဆုံးရောက်ပါတယ် နှစ်သစ် လက်ဆောင်လေးပေါ့..
16 Apr 09, 09:29
မေ့သမီး: မမနှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေနော်။
16 Apr 09, 08:44
ThihaThit: :D :P
16 Apr 09, 07:45
vanko: နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..
16 Apr 09, 04:37
reenoemann: ကဲ ဘော်ဘော် တို့ရေ ဒီ နေ့တော့ မဟာသင်္ကြန် ရဲ့ အတက်နေ့နောက်ဆုံးပါ။ ခဲလေးသမျှ သဲရေမကျရအောင် လို့ စတင်လို့ရေးလောင်းနေပါပြီ။ မြန်မာချိန် ၁၂ထိ ကဲနေပြီဗျို့
16 Apr 09, 02:37
မိုးသောက်(ရှမ်းလေး): ရေလာလောင်းတာ.. ဗွမ်း... ဗွမ်း....
14 Apr 09, 19:19
ဆောင်းယွန်းလ: ရေလာလောင်းတယ်မသီရိရေ..နှစ်သစ်မှာရွှင်လန်းချမ်းမြေ့နိုင်ပါစေဗျာ
14 Apr 09, 09:07
ချိုသင်း: မမရေ ပိတောက်ရနံ့တွေ ရင်နဲ့အပြည့် ရှိုက်သွားပြီ။
14 Apr 09, 07:37
နှင်း: ဒီအချိန်ဆို မမသီရိတစ်ယောက် စတုဒီသာတွေစားပြီး ပျော်နေပြီလား။
13 Apr 09, 23:40
စိတ်စမ်းရေ: မင်္ဂလာနှစ်သစ်ပါ...။ပျော်ရွင်ပါစေ.....
13 Apr 09, 21:09
ဝေါသားလေး: သက်ရောက်မှုတဲ့... မမသီရိရေ.... အားတဲ့အချိန်လာခံစားကြည့်ပါအုံး.....
13 Apr 09, 21:09
ပြည့်စုံ: သူလည်း စကယ်ဂျူးနဲ့ဆိုတော့ ကျနော်လည်း... စကယ်ဂျူးနဲ့ ရေပုံမှန်လောင်းနေခဲ့တယ်နော်... ပျော်ရွှင်အေးချမ်းပါစေဗျာ...
13 Apr 09, 16:45
vanko: မမသီရိကို ရေလာလောင်းတာ.. လူကမရှိဘူးတဲ့။. ပြန်ရောက်မှပဲ အိုးမဲသုတ်တော့မယ်နော်။ :P
13 Apr 09, 07:51
လင်းဒီပ: အစ်မကို ရေလာလောင်းတယ်ဗျာ...ဗွမ်း...
13 Apr 09, 05:45
လူလ: နှစ်သစ်တွင် ရွှင်လန်းချမ်းမြေ့ပါစေ...
12 Apr 09, 22:32
ဂင်ကြီး: ငါ့ညီမရေ နှစ်သစ်မင်္ဂလာပါနော
12 Apr 09, 21:56
Dream: ရေလာလောင်းတာ... ဟဲဟဲ.. ထွက်မပြေးနဲ့နော်..
12 Apr 09, 14:27
နှင်း: မမရေ ရခိုင်မုန့်တီနော်။ သတိရနေတယ်။
12 Apr 09, 08:54
ရွာသားလေးဝိုင်တီယူ: မမသီရီ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
12 Apr 09, 06:01
ThihaThit: ရေလာလောင်းတယ်မမရေ
12 Apr 09, 05:16
kaungkinpyar: ရေလာလောင်းတယ် မမ
12 Apr 09, 03:46
ဂင်ကြီး: ငါ့ညီမရေ သင်္ကြန်လာလည်ပါအုံး
12 Apr 09, 03:08
မေ့သမီး: မမကို ရေလာလောင်းတယ်။
11 Apr 09, 22:13
မိုးသောက်(ရှမ်းလေး): လာလည်ပါတယ်မမရေ.. ပျော်ရွှင်စရာ သင်္ကြန်နှစ်သစ်ဖြစ်ပါစေ...
11 Apr 09, 03:36
မနောသား: ရောက်ပါတယ် အမ ..မင်္ဂလာနှစ်သစ်ပါ ...
11 Apr 09, 01:51
မေ့သမီး: ပျင်းနေတာလား။ အလုပ်ရှုပ်နေတာလား။
11 Apr 09, 01:51
မေ့သမီး: မမ အသစ်လည်း မတင်သေးဘူး။
10 Apr 09, 23:09
နေစိုးနိုင်: မမသီရိ ကဗျာလေး လာဖတ်သွားပါတယ်ဗျာ
10 Apr 09, 18:02
ကိုရင်နော် ခင်လေးငယ်: မမသီရိရေ.. မင်္ဂလာပါဗျို့.. :nuts: :lol:
10 Apr 09, 09:29
ThihaThit: good luck ပါနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ
10 Apr 09, 09:29
ThihaThit: မမသီရီရေ လာလည်ပါတယ်ခင်ဗျာ
10 Apr 09, 09:23
kaungkinpyar: ချစ်မမ နေကောင်းလား၊ လာလည်တယ်
10 Apr 09, 06:29
လွင်ပြင်ထဲက ဝဏ္ဏ: စင်္ကာပူသကြန်လညလာအုံးနော်
9 Apr 09, 20:29
ဆောင်းယွန်းလ: လာလည်သွားပါတယ်မသီရိရေ...အစစအရာရာ အဆင်ပြေပါစေဗျာ
9 Apr 09, 19:26
ပြည့်စုံ: မမသီရိ.... သင်္ကြန်အတွက်ပြင်ဆင်နေတာလားဗျ.... ပျော်ရွှင်ပါစေဗျာ... သူများပျော်လို့မပျော်နိုင်သေးဘူးဗျာ... ခံစားမှုတွေစုံနေတယ်.....
9 Apr 09, 18:37
မေ့သမီး: အသစ်လည်းမတင်သေးဘူး
9 Apr 09, 18:37
မေ့သမီး: အလုပ်ရှုပ်နေလား။
9 Apr 09, 18:37
မေ့သမီး: မမနေကောင်းလား။
9 Apr 09, 08:56
vanko: အားပေးတာ ကျေးဇူးတင်ပါတယ် မမ။ အခု Tom Sawyer ကိုတင်ပေးထားပါတယ်။ ဖတ်ချင်ရင် လာဒေါင်းနော်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
9 Apr 09, 07:50
ThihaThit: မမသီရိစ် နေကောင်းလားစ် ဂွဒ်လပ်
9 Apr 09, 07:50
ThihaThit: :D
9 Apr 09, 02:39
blackdream: microsoft word ထဲမှာတော့ အရှည်တွေရှိတယ် အစ်မရေ..။ တစ်နေ့နေ့တော့ အခွင့်သင့်ရင် စာမျက်နှာတွေပေါ် ရောက်ကောင်းပါရဲ့..။ ;)
9 Apr 09, 00:59
minneainphyu: မမရေ မင်္ဂလာပါ ၊၊ လာပြီးတော. စာဖတ်သွားတာကျေးဇူးပါ ၊၊ Comment လေးပါပေးသွားတာ ရော ၊၊
8 Apr 09, 21:42
မိုးချိုသင်း: မမရေ အကြွေးဆပ်ပြီးပါပြီ။ စာလုံးတွေ ထပ်နေလို့ ဒုက္ခများနေတာ။ ခေတ်မီနည်းပညာတွေကလဲ ခက်ပါ့ မမရယ်။

8 Apr 09, 19:17
ပြည့်စုံ: မမသီရိရေ... တစ်ခု ကဗျာသီးသန့်ဘလော့ဘ်လေးပါ... ကျနော်က ကဗျာကို အရမ်းနှစ်သက်တယ်လေ.. ဒါကြောင့် သီးသန်းလေးဖွင့်ထားတာပါ...။
8 Apr 09, 19:05
ဆန်းဝင်း: ရောက်ပါတယ် ဗျာ.... လာလည်တာ ကျေးဇူးပါနော် . ကျနော် မသိလိုက်ဘူး နောက်ကျသွားတယ်......
8 Apr 09, 19:04
ပြည့်စုံ: မမသီရိ.... သင်္ကြန်ဆိုသည်မှာ....
8 Apr 09, 18:45
CanadaMyanmar: လွမ်းရပါ သည် ဂျာမဏီ

8 Apr 09, 07:52
flyingpeacock: အမကြီး။လာလည်ပါတယ်။
8 Apr 09, 05:48
reenoemann: နောက်အားရင်းလည်း စာလာစစ်ပေးပါအုံး အမရေ ကျေးဇူးတင်ပါတယ်. လိုအပ်တာရှိရင်လည်းမှာစားပေးပါအုံး အဲမှားလို့မှားလို့ မှာကြားပေးပါအုံးဗျာ။
8 Apr 09, 03:49
reenoemann: ပြင်ထားပြီးပါပြီအမရေ။ ဒီတစ်ခါ ထပ်မှားရင် တော့ သေသင့်နေပါပြီ နော်
8 Apr 09, 02:04
နှင်း: မမရေ သူ့ကြောင့် လာကြည့်တယ်။ မတွေ့ဘူး။ဘယ်ရောက်နေတာလဲဟင်.

7 Apr 09, 18:45
တလနွန်: အမဆိုဒ်ကို လင့်လုပ်မယ်နော်
7 Apr 09, 18:38
တလနွန်: အမရေ ဒိတ်မှားနေတာလား ၇ ရက်နေ့ မဟုတ် ၈ ရက်နေ့ နော် ဒီနေ့ 
7 Apr 09, 18:37
တလနွန်: နေတတ်သလို ကိုဖတ်သွားပါတယ် ခွန်အားရှိစေပါတယ်
7 Apr 09, 18:35
Win Zaw: နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ပျော်ရွှင် နိုင်ပါစေ :P :P :P
7 Apr 09, 18:34
Win Zaw: မင်္ဂလာပါ၊ လည်လည် ရောက်ပါတယ်
7 Apr 09, 17:54
ရွာသားလေးဝိုင်တီယူ: လင့်ပါခင်ဗျာ။ ဆောရီးပါဗျာ
7 Apr 09, 17:26
ရွာသားလေးဝိုင်တီယူ: မမသီရိ ကဗျာလေးအတွက်တကယ့်ကို ကျေးဇူးကမ္ဘာပါခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
7 Apr 09, 08:43
မေ့သမီး: ဒီပုံကျတော့ ရတယ်။ ဟွန်း
7 Apr 09, 08:43
မေ့သမီး: :P
7 Apr 09, 08:43
မေ့သမီး: ပြန်တော့မယ်
7 Apr 09, 08:43
မေ့သမီး: ဟာ ဘာပုံမှလည်း တင်မရဘူး။
7 Apr 09, 08:43
မေ့သမီး: @[smiley: Easter egg painting: [8/8_3_43]]
7 Apr 09, 08:42
မေ့သမီး:
7 Apr 09, 08:41
မေ့သမီး: အဲဒါလာခွင့်တောင်းတာ။
7 Apr 09, 08:41
မေ့သမီး: မမရဲ့ကဗျာအပေါ်ဆုံး နှစ်ပိုဒ်ကို g-talk message လုပ်ထားတယ်။
7 Apr 09, 08:16
နှင်း: မမရေ လာချောင်းတာနော်။ ဘာတွေလုပ်နေလဲ။
7 Apr 09, 07:06
မေ့သမီး: :P
7 Apr 09, 07:06
မေ့သမီး: ငိုစရာတွေ့လို့ ငိုလိုက်တယ်နော်။ ရင်ထဲခိုက်အောင်တော့ မဟုတ်ပါ ဘူး။
7 Apr 09, 07:05
ThihaThit: မမသီရိ ပို့စ် အသစ်ဘယ်ရောက်နေလဲ
7 Apr 09, 06:59
ThihaThit: good luck
7 Apr 09, 06:58
ThihaThit: :D
7 Apr 09, 06:19
reenoemann: မမသီရိ ရေ စာလုံးပေါင်း ပြင်ပြီးသွားပါပြီ။ follower လည်းလုပ်သွားပါတယ်. ၉တန်းတောင် မအောင်တဲ့ ကျွန်တော် ကို စလုံးပေါင်း အမှားများ အတွက် ခွင့်လွှတ်ပေးပါဗျာ.
7 Apr 09, 06:09
စိတ်စမ်းရေ: စတိတ်ရှိုးလားလို့ လာကြည့်တာ.....
7 Apr 09, 05:11
kaungkinpyar: မမရေ လာလည်တယ်
7 Apr 09, 03:57
ဂျပန်ကောင်လေး: မမသီရိရေ.. စာတွေဖတ်လို့ကောင်းတယ်ဗျာ...တမျိုးလေးပဲ... ဗဟုသုတလည်းရတယ်..
6 Apr 09, 23:09
ရွာသားလေးဝိုင်တီယူ: မမသီရီ = mamathiri ဟုတ်ပါသလားခင်ဗျာ။ မနေ့ကလင့်မပေးခဲ့လို့ ဒီနေ့ပြန်လာနှုတ်ဆက်ပါတယ်။ မင်္ဂလာပါခင်ဗျာ
6 Apr 09, 22:54
JulyDream: Tag အကြွေး ဆပ်ပြီးကြောင်း သတင်းပို့ပါတယ်။
တလနွန်: အမေ ကဗျာကို လာခံစားသွားပါတယ်
6 Apr 09, 20:01
ဆင်ဖြူရှင်: Good Website http://www.photayokeking.org
6 Apr 09, 17:00
မိုးခါး: မမရေ အလည်လာတယ် .. အလှပြင်ပေးပါ :D
6 Apr 09, 09:06
reenoemann: လာလည်သွားတယ် မမသီရိ ရေ
6 Apr 09, 08:13
ကျော်သိင်္ခ: မမသီရိရေ၊ ဆန္ဒရှိတဲ့အဟောင်းလေး ကို လာပြီး ခံစားသွားပါတယ်။
6 Apr 09, 05:30
ThihaThit: :D thanks good luck
6 Apr 09, 05:29
ThihaThit: မမသီရီရေ ခဏနေမှ အသစ်တင်မှာ နော်
6 Apr 09, 05:03
JulyDream: ;)
6 Apr 09, 04:52
K: မမသီရိရေ- အဲလိုလား။း) အဟောင်းတပုဒ်ပေါ့နော်။
6 Apr 09, 03:19
MI MI MAUNG: I visit to your blog.
6 Apr 09, 00:27
ကြယ်စင်မင်း: ကျွန်တော်ရောက်ပြီး အမရဲ့ ကဗျာလေးကို ဖတ်သွားပြီး ခံစားသွားခဲ့ရပါတယ်.. အမေများအလားလုံး ချမ်းမြေ့ပါစေ
5 Apr 09, 23:51
ကြယ်စင်မင်း: ထပ်တူ စိတ်မကောင်းပါဘူးဗျာ
5 Apr 09, 23:51
ကြယ်စင်မင်း: ထပ်တူ စိတ်မကောင်းပါဘးဗျာ.. အိမ်အလည်လာခဲ့လို့ ကျေးဇူးပါနော်
5 Apr 09, 22:49
Win Zaw: :P :P :P :P :P
5 Apr 09, 22:49
ကြယ်စင်မင်း: ရောက်ခဲ့ပါတယ် မမသီရိ
5 Apr 09, 21:47
ဗီလိန်: ရောက်ခဲ့တယ်ဗျ။
5 Apr 09, 19:58
demonstriker: I have to say goodbye for my pocket money. ahhhh wahhhh
5 Apr 09, 19:57
demonstriker: mother board is over heated and gone.
5 Apr 09, 19:57
demonstriker: ma ma, my laptop is still waiting for dell services.
5 Apr 09, 19:31
မိုးခါး: မမရေ ရေကြောက်ရင် အိုးမဲသုတ်မယ် :p
5 Apr 09, 19:23
Welcome: တောင်ကြီးမာပဲ ရှိပါသေးတယ်၊ သင်္ကြန်ပြီးမှ ပြန်ရောက်ပါမယ်
5 Apr 09, 19:18
မင်းလွမ်းနောင်: မမသီရီရေ အလည်ရောက်ပါတယ်
5 Apr 09, 18:22
kaungkinpyar: မောနင်း ချစ်မမ သီရိ
5 Apr 09, 18:01
မိုးခါး: မမသီရိရေ .. ၀ါသနာလေးတွေ သိသွားဘီ :D
5 Apr 09, 17:50
Welcome: မောနင်းပါ မမသီရီ၊ အိမ်လည် ရောက်ပါတယ် (ကော်၂လည်း မတိုက်ဘူး)
5 Apr 09, 12:05
မေရီ: မင်္ဂလာပါရှင့်..အခုမှရောက်ဘူးတာပါ။
5 Apr 09, 11:59
aa: လည်လည်ရောက်
5 Apr 09, 11:50
blackdream: Follow သွားတယ်အစ်မရေ..။ သူများနောက်က လိုက်ရဖို့ဆိုရင်တော့ နိုးတူးပဲ..။ ဟီး ဟီး သတ္တိတွေ သတ္တိတွေပြနေတာ :D
5 Apr 09, 08:39
reenoemann: အမရေလာလည်ပြီးဖတ်ရှုသွားပါတယ်အဆင်ပြေရင် ဒီ ဆိုဒ် www.reenoemann.blogspot.com ကို လာလည်ကျပါ ဗျို့
5 Apr 09, 08:22
မြတ်ကို: အမရေလာလည်ပြီးဖတ်ရှုသွားပါတယ်
5 Apr 09, 08:22
မြတ်ကို: TRA&VMVNFYGW,FaSM
5 Apr 09, 07:40
မနောသား: အမ .. ကျွန်တော် မေးလ်ပို့ထားတယ်နော် ..
5 Apr 09, 05:21
ThihaThit: Thanks
5 Apr 09, 05:21
ThihaThit: လာနှုတ်ဆက်တာပါ မမသီရိရဲ့ အသစ်က အာရုံမရသေးလို့ပါ
5 Apr 09, 03:43
ThihaThit: မမသီရီ good luck
5 Apr 09, 03:43
ThihaThit: :D
5 Apr 09, 01:51
အန်တီချမ်း: လာလည်တာကျေးဇူးပါနော်
5 Apr 09, 01:12
ုKom: လာဖတ်သွားသည်
5 Apr 09, 00:14
Welcome: မင်္ဂလာပါ၊ အိမ်လည် လာသွားတယ် အစ်မ
4 Apr 09, 23:25
မင်းအိမ်ဖြူ: မင်္ဂလာပါ ၊၊ လာလည်ပါ တယ် ၊၊
4 Apr 09, 10:15
Better Tomorrow: မင်္ဂလာပါ ခင်ဗျာ။
4 Apr 09, 10:09
kaungkinpyar: မမ လည်လည်ရောက်
4 Apr 09, 01:31
demonstriker: ma ma,long time no see . I miss you wahhhhhhh ahhhhhhhh wahhhhhhh :nervous:
4 Apr 09, 01:19
JulyDream: ၀ါသနာတွေကို လာဖတ်သွားပါတယ်။
3 Apr 09, 22:54
ThihaThit: အအေးလာတိုက်ပါတယ်ခင်ဗျ (မောမှာစိုးလို့)
3 Apr 09, 22:54
ThihaThit: မမသီရိရေ ၂ ခေါက်လာလည်သွားတာ thanks
3 Apr 09, 21:14
ဆောင်းယွန်းလ: ရွှင်လန်းချမ်းမြေ့ပါစေ မသီရိရေ
3 Apr 09, 20:14
စိုင်းခမ်းထွန်း: မသီရီ .. အလည်ရောက်ပါတယ်ဗျာ
3 Apr 09, 18:37
ThihaThit: လာလည်good luuck ၀ါသနာဖတ်
3 Apr 09, 18:36
ThihaThit: :D
3 Apr 09, 06:03
လူလ: မင်္ဂလာပါ မမသီရိ။ ရောက်လာ ဖတ်ရှု့သွား၏။ ပိုစ့်အသစ်တင်တိုင်း အမြဲရောက်ဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...
3 Apr 09, 01:42
ko pyeaye: လာလည်သွားပါတယ်
2 Apr 09, 22:09
ကျော်သိင်္ခ: မမသီးရိရေ။ အလည်လာပါတယ်။ ကျနော့်အိမ်ကို လာမလည်တောတောင်ကြာပြီနော်။
2 Apr 09, 21:04
စိတ်စမ်းရေ: နေကောင်းပါစ အစ်မ
2 Apr 09, 12:57
ဖြိုးဝေတိုး: မမသီရီဆိုတာ ကြားဖူးလို့စဉ်းစာတာ ကလေးလို့ ခေါ်ဖူးတဲ့ တယောက်မှန်း အမှတ်ရလိုက်ပါတယ်။ လည်လည်ရောက်လာပါတယ် ခင်ဗျာ
2 Apr 09, 08:23
ဂင်ကြီး: ငါ့ညီမရေ ရောက်တယ်ဟေ့
2 Apr 09, 05:49
ThihaThit: good luck
2 Apr 09, 05:49
ThihaThit: မမသီရိရေ လာလည်ပါတယ်
1 Apr 09, 23:16
ကိုရင်နော်ခင်လေးငယ်: မမရေ.. အချစ်များစွာဖြင့် TAG မိပါ၏ :P :)
1 Apr 09, 22:28
မောင်မျိုး: မမရေ့...သင်္ကြန်ကျတော့မယ် ရေလာလောင်းမယ်နော့်း)
1 Apr 09, 19:06
ဝေါသားလေး: လာမခေါ်သေးလို့လား..... ပျောက်နေတယ်...
31 Mar 09, 22:59
SAW: ပန်းချီ လာဝိုင်းကူဆွဲပေးပါအုံး
31 Mar 09, 17:28
ဆောင်းယွန်းလ: ရောက်တယ်ဗျို့.မသီရိ...နေကောင်းတယ်မဟုတ်လား
31 Mar 09, 08:54
မင်းလွမ်းနောင်: :P အလည်ရောက်တယ် မမသီရိရေ
31 Mar 09, 06:09
demonstriker: :confused:
31 Mar 09, 06:08
demonstriker: my laptop is gone bcoz of graphic card
31 Mar 09, 05:37
အဇ္ဈတ္တပြခန်း: နေရာသစ်မှာ လင့်ခ်ထားပါကြောင်း
31 Mar 09, 03:24
kaungkinpyar: လာပြန်ပီ
31 Mar 09, 02:58
စိတ်စမ်းရေ: မမသီရိ ရောက်တယ်နော်.....။
31 Mar 09, 02:49
Khine Bo Bo: ဘာတွေရှိလဲလို့ လာကြည့်သွားပါတယ်
30 Mar 09, 21:42
ဂင်ကြီး: သမီးလေးတွေကမယ်တဲံ ညီမရေ
30 Mar 09, 18:55
မင်းလွမ်းနောင်: မမသီရီ အသစ်လေးတွေ ရေးဦးလေ...
30 Mar 09, 09:08
K.K.K: မင်္ဂလာပါ မလာဖြစ်တာကြာပြီ ဒီရက်အားတော့ လာရောက်ဖတ်သွားပါတယ် ပျော်ရွင်ပါစေ
30 Mar 09, 08:47
ThihaThit: good luck
30 Mar 09, 08:47
ThihaThit: မမသီရိရေ ပျောက်နေပါလား နေမကောင်းလို့လား မအားလို့လားခင်ဗျာ
30 Mar 09, 03:35
Welcome: မင်္ဂလာပါ၊ လည်လည် ရောက်ပါတယ်
29 Mar 09, 23:56
kaungkinpyar: မမ ခေါ်တယ်နော်
29 Mar 09, 19:21
demonstriker: ma ma, morning
29 Mar 09, 18:22
ဝေါသားလေး: မမသီရိရေ... ပျော်ရွှင်မိပါတယ်.. ဒီပို့စ်လေးအတွက်....
29 Mar 09, 18:08
မိုးခါး: မမသီရိ လာလည်တယ်နော် ..း)
29 Mar 09, 07:17
S-C: မမသီရိရေ ၀ါသနာလေးတွေလေ...ရေးပေးမလား...ဟေ
29 Mar 09, 04:11
သီဟသစ်: :D
29 Mar 09, 01:58
မေ့သမီး: မမ လာလည်တယ်။
29 Mar 09, 00:39
mikozan: http://www.mikozan.co.cc/လိုခြင်တာရှိရင် လာခဲ့ ပါ ရဲ တော့ ခေါ် မလာပါနဲ့နော်
28 Mar 09, 23:50
demonstriker: လမ်းတဝက်မှာချ။
28 Mar 09, 23:49
demonstriker: လေးလိုက်တာဗျ။
28 Mar 09, 23:48
demonstriker: မမ မ ကျောက်တုံးကြီးကိုမ၊
28 Mar 09, 22:43
မင်းလွမ်းနောင်: ဟွန့်... ကဗျာဖတ်ချင်တာကို အသက်ပြည့်သွားလို့ ဖတ်လိုက်ရဖူးကွာ..........၊ လူကြီးဖြစ်တာ ဘာအသုံးဝင်သလဲကွာနော်
28 Mar 09, 19:23
mikozan: ဖတ်မလို့ လာတာပဲ အသက် ကြောင့် မဖတ်သွား ရဘူး :)
28 Mar 09, 08:47
Ko pyeaye: လာလည်သွားပါတယ်
28 Mar 09, 05:39
ဂင်ကြီး: ငါ့ညီမရေ ဘယ်သူ့ကိုစိတ်ကောက်လဲဟေ့ ဟေးးးးး
28 Mar 09, 05:03
tune: ၁၆ နှစ်ကို ၂၁ လေးပဲ ကျော်သေးလို့ ဖတ်သွား
28 Mar 09, 04:27
သီဟသစ်: good luck
28 Mar 09, 04:27
သီဟသစ်: မမရေ လာလည်မန့်ပြန်ုလုပ်သွားပြီ
28 Mar 09, 04:27
vanko: မင်္ဂလာပါ မမသီရိ။ အလည်လာပါတယ်။ သူရဲကောင်း ကဗျာလေးကို ကြိုက်တယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။


· 1 – 95 ·