Saturday, April 30, 2011

ချစ်သော အကိုကြီး ကောင်းရာဘုံမှာ ပျော်ပါစေ

 ဘယ်လိုမှ မယုံချင်ပါ
ဘာကိုမှ မယုံချင်ပါ

 အကိုကြီးနဲ့ နောက်ဆုံး ဆက်သွယ်ဖြစ်တဲ့ စာ..

အကိုကြီး ..ကောင်းရာဘုံမှာ ပျော်ပါစေ

ချစ်တဲ့ ညီမလေး မမသီရိ

 ....................................................................................................................
ma lay
အကိုကြီး မတွေ့တာအတော်ကြာပြီ နယ်တွေ ခရီးထွက်ရတာမျးနေတာနဲ့ သင်တန်းတွေ များနေတာန...
Apr 20 (11 days ago)

ma layLoading...Apr 20 (11 days ago)


 Reply |ma lay to maungnaipe
show details Apr 20 (11 days ago)

အကိုကြီး
မတွေ့တာအတော်ကြာပြီ
နယ်တွေ ခရီးထွက်ရတာမျးနေတာနဲ့ သင်တန်းတွေ များနေတာနဲ့ အကိုကြီးနဲ့ မဆက်သွယ်အားဘူး
နေကောင်းရဲ့လား
သင်္ကြန်တုန်း က ကောင်းမှုတွေလုပ်ရင်း အကိုကြီး အတွက်လဲ ဆုတောင်းဖြစ်ပါတယ်
သတိရနေပါတယ် အကိုကြီး

ချစ်ခင်လျက်
ညီမ မမသီရိ


PS: အကိုကြီး ဖုန်းနံပါတ်လေး ပေးထားပါ အဆင်ပြေရင် ခေါ်ရအောင်
 Reply ForwardNai is not available to chat

Nai Peအကိုကြီးနှမ..ပန်းလေးရာ ညည်းကိုပျောက်နေလို့သတိရနေတာ အလုပ်တွေ ရှုတ်နေမှာပဲဆိုပြီ...
Apr 20 (10 days ago)

Nai PeLoading...Apr 20 (10 days ago)


 Reply |Nai Pe to me
show details Apr 20 (10 days ago)

အကိုကြီးနှမ..ပန်းလေးရာ

ညည်းကိုပျောက်နေလို့သတိရနေတာ  အလုပ်တွေ ရှုတ်နေမှာပဲဆိုပြီး
စာမရေးဖြစ်တာ၊ အကိုကြီးလဲ ခု...နေကောင်းကျန်းမာတယ်၊ အစကတော့ ကင်ဆာဆိုပြီး..ခုမဟုတ်တော့ပြန်ဘူးတဲ့၊ အကိုကြီးခရီးထွက်...လျောက်လည်နေလို့ ၊ အရင်အပတ်ကတော့ ခရီးပန်းပြီး ဖျားသေးတယ်၊ အကိုကြီး ဖုန်းနံပါတ်နဲ့
e mail ကိုအကိုကြီးဘလော့ဂ်မှာ တင်ထားသေးတယ်၊ ဖုန်းနံပါတ်က ၈၃၂ ၂၆၆ ၂၄၂၂ 832 2662422

အကိုကြီး

2 011/4/20 ma lay
- Show quoted text -

ma lay to Nai
show details Apr 20 (10 days ago)

အကိုကြီး
တကယ်ပြောတာလား
ဒါဆို မမတို့ မေတ္တာတွေ အကိုကြီး တကယ် ရတယ်ပေါ့
ပျော်လိုက်တာ အကိုကြီး
ဘ၀မှာ ရှားရှားပါးပါး ဖြစ်မှာ နော် မယုံ နိုင်စရာပဲ

တကယ်တော့ အကိုကြီးဆီ စာရေး ရင် ရင်ထဲ မကောင်းလွန်းလို့ သတိရတိုင်းမရေးတာပါ

ခုတော့ ဘယ်လိုပျော်မှန်းမသိဘူး ..

ချစ်တဲံ့ ညီမလေး မမသီရိ




(ပြီးခဲ့တဲ့ အောက်တိုဘာမှာတုန်းက အကိုကြီး အတွက် ရေးပေးခဲ့ဖူးသေးတဲ့ စကားလုံးမဲ့စွာ.. )

Sunday, April 24, 2011

ချဉ်ခြင်းများ

အိပ်မပျော်ခြင်းများကိုသာ
ငါ အလိုရှိတယ်
ဒါမှသာ သူ့ကိုလွမ်းချင်တိုင်း လွမ်းလို့ရမှာ မို့..

ညနေခင်းများကိုသာ
ငါ အလိုရှိတယ်..
ဒါမှသာ သူ့ အလင်းရောင်ကလေး ထွေးပွေ့ ခွင့်ရမှာ ကိုး..


သစ်ရွက်ကြွေ များကိုသာ
ငါအလိုရှိတယ်..
သူ့ ကို မြတ်နိုးခြင်း ပြန်လည် နုသစ်စေမှာမို့..

မုတ်သုံလေများကိုသာ..
ငါ အလိုရှိတယ်..
သူ့ ကိုယ်သင်း ရနံ့ များ သယ်ဆောင်လာတတ်တာမို့..

သူ့ ချစ်ခြင်းများ ကိုသာ..
ငါ အလိုရှိတယ် ..
တဘ၀မှာ တခါသာ အချစ်မှန်း သေချာ သိပြီ မို့..


မမသီရိ
၂၁.၂.၂၀၁၁

Tuesday, April 19, 2011

မိတ်ဆွေလေးအတွက်

လက်ထဲမှာ
မီးအိမ်ကလေး ရှိနေရက်နဲ့
ဘာလို့ ဒီအတိုင်း အမှောင်ထဲ စမ်းလျှောက်မလဲ
ထွန်းညှိပစ်လိုက်ပါ ရဲရဲ...

ကိုယ့်ရှေ့မှာ
ပန်းကလေးတပွင့်ရှိနေရက်နဲ့..
ဘာလို့ ဒီအတိုင်း ညှိုးနွမ်းစေရတာလဲ..
ကောက်ယူ မွှေးပစ်လိုက်စမ်းပါ ရဲရဲ...

ကိုယ့်ရှေ့မှာ..
သစ်သီးကလေး တလုံး ရှိနေရက်နဲ့..
ဘာလို့ ဒီအတိုင်းပုပ်သိုး စေမလဲ..
ကောက်ယူ စားပစ်လိုက်စမ်းပါ ရဲရဲ..

မင်း ရှေ့မှာ..
မင်းကို အလွန်တရာ ချစ်သူလေး ရှိနေရက်နဲ့..
ဘာလို့ ဒီအတိုင်း ရပ်နေရတာလဲ..
လှမ်းယူထွေးပွေ့လိုက်စမ်းပါ ရဲရဲ......။


မမသီရိ
၂၀၁၁ ဖေဖေါ်ဝါရီ

Monday, April 18, 2011

နှုတ်ဆက်သံစဉ်

နေ့ဖို့ ညစာ ချန်မထားဘူးရယ်လို့
အပစ်တင်မစောလိုက်နဲ့အုံး
ရှိရှိသမျှ ပုံအော ချစ်ချခဲ့သူကို...

ချစ်လို့ ရသလို အကုန်လုံးချစ်ခဲ့
နေ့နဲ့ ညနဲ့ နွေနဲ့ မိုးနဲ့
ဆောင်းနဲ့ နှင်းနဲ့.. အမြဲပဲ သွန်းဖြိုး... ချစ်မိုးတို့ စွေ....
ဘယ်လောက်ပင် ချစ်ခဲ့လေ ဆိုသော်ငြား...

သစ်ရွက်ကို ချွေချတာ လေမဟုတ်ရ
ပန်းပွင့်တွေချွေချတာ နေမဟုတ်ရ...
သူ့သဘာဝ သူတို့ မြေခကြတာ..

မင်းနဲ့ ငါ.. ဆုံခဲ့ကြတာ ကံကြမ္မာ သဘောအရ..
မင်းနဲ့ငါ.. ချစ်ခဲ့ကြတာ နှလုံးသား အလိုအရ..


ကာလ တခု... အကြာ..........


လျှော့ကြိုးကုန်လို့.. ခုန်ထွက်တာမျိုး မဟုတ်ပေမဲ့..
နေ့ဖို့ညစာမကျန်အောင် ဘောင်အလွန်ပေးဆပ်ချစ်ခဲ့ပေမဲ့..

အချစ်ရယ်.. မင်းနေသာမယ်ထင်လို့.. မင်းနဲ့ ငါ.. ဝေးကြတော့မယ်...
နှုတ်ဆက်ခဲ့ပါတယ်.. မင်းဆန္ဒ အလို အရ...



မမသီရိ
၇.၂.၂၀၁၁

Wednesday, April 13, 2011

ပိတောက်က ပိတောက်.. တယောက်က တယောက်..

သင့်အားချစ်ခြင်းဖြင့်
လင်းထိန် တောက်ပခဲ့ဖူးသော ကောင်းကင်တခု

သင့်အားတမ်းတခြင်းများဖြင့်
မှုံမှိုင်းနေခဲ့ဖူးသော မနက်ခင်းများစွာ

သင့်အားလွမ်းမောခြင်းများဖြင့်
ဖုံးအုပ်လွှမ်းခြုံထားခဲ့သော မြူခြေဝေ တောင်တန်းရှည်..

သင့်ရင်ကို ထိုးဖောက်မြင်သာရန်
ချောင်းကြည့်ခဲ့ဖူးသော ရွက်ကြွေ လမ်းကလေး

သင့် အနီး ပါးတွင်သာ ဖူးပွင့်ဝေဆာလိုသော
ပိတောက်ပန်း ၀ါဝါ များ..

ခုတော့...
အကြောင်းခြင်းရာ များစွာတို့ ဖြင့်
ပိတ်လှောင်မွှန်ကြပ်နေသော အခန်းငယ်ကလေး တခု အတွင်း မှာ... မင်း ရဲ့ ငါ.....။



မမသီရိ
၁၃.၄.၂၀၁၁

Saturday, April 09, 2011

အလွမ်းနွေ

သစ်ရွက်ခြောက်တွေ ... သဲသဲကြွေ..
လေရူး လေပွေ...........  ဝှေ့ဝှေ့ မွှေ..

ဆုံရန်တွေးချင့်.. မျှော်လင့်ရင်မော..
သောက ရက်ရှည်... အလွမ်းနွေ....

မမသီရိ
၉.၄.၂၀၁၁

Friday, March 25, 2011

စံပယ်တွေ


သူ့စံပယ်တွေ ကျမ ခိုးယူမိပါတယ်
တိတ်တိတ်ကလေး
ကျမ အိပ်ယာ နံဘေးထား သိပ်မလို့
ချစ်သူ့ ရနံ့ အမှတ် ယူ မွှေးကြူ
ကျမ နှစ်ခြိုက်စွာ အိပ်ပျော်မယ်ဆိုတာ အသေအချာ

သူ့သံစဉ်တွေ
သူ .. မသိအောင် တိတ်တိတ်ကလေး
ကျမ ခိုးယူထားပါတယ်..
လျှို့ဝှက် လွန်းသော သူ့ချစ်ခြင်း
ကိုယ်လိုရာ ဆွဲယူရင်း
ကျမ မြတ်နိုးစွာ သိမ်းချင်..
အလုပ်လုပ်ရင်း လဲ ချစ်နေမိတော့တာ..

ကစွန်းရွက်ကလေး တခုပဲ ကြော်တတ်တော့
မေတ္တာ ပျက်လေမလား
တွေးတွေး ပြီး စိတ်ပူ ...
မဆုံမီ ကာလ အတွင်းမှာ လေ့ကျင့်ထားအုံးမယ်လေ
ဖွယ်ဖွယ် ရာရာ ကလေး လုပ်တတ်အောင်လို့
အတော်အတန် အားမဲ့ ရက်ကလေးတွေ မျှော်နေ..

သူကလဲ ကလေး ဆန်ချင်
ကိုယ်ကလဲ ကလေး ဆန်ချင်
ဘယ်သူ စိတ်ကောက်လို့ ဘယ်သူ ချော့မှာ တုန်း..
ကျမ အလုပ်များ ချင်ယောင် ဆောင်တဲ့ ရက်တွေ
မောင်... အ၀တ်လျှော်ပေးပါ..
ကျမ ပင်ပန်း ချင်ယောင်ဆောင် တဲ့ နေ့တွေ
မောင်.. ထမင်း ချက်ကျွေးပါ..
ကျမ နွမ်းနယ် ချင်ယောင် ဆောင်တဲ့ အခိုက်မှာ
မောင် .. .ဂစ်တာ တိး ပြပါ...
 ကျမ.. စာကျက် ရမဲ့ ည တွေ အတွက် ..
မောင် ကော်ဖီ ဖျော် တိုက်ပါ.....

နွေဦး မိုးတိမ်တွေ ထူ လွန်းတယ်
နွေဦး လေ တွေ က ထန်လွန်းတယ်
နွေ ကြို ဥ သြ သံ က အီလွန်းတယ်..
မိုး မစောင့် တဲ့ စံပယ်တွေ က မွှေး လွန်း နေပါရောလား..
ကျမ ခိုး ယူ ထား မိတဲ့ မောင့် စံပယ်တွေ လေ..
မောင်... ကျမ ကို ချစ်တာ လို့ .. ကျမ ယုံပါတယ် မောင်...။

မမသီရိ
၂၅.၃.၂၀၁၁


Saturday, March 19, 2011

နွေဦးအလွမ်း

တပေါင်း တန်ခူး မိုးသားကျူးတဲ့
နွေဦးကာလ .. လေရူးထ ခိုက်
သစ်ရွက် လိုက်ကြွေ... ရှိုက်လေသလား..

တစ်ရွက်
နှစ်ရွက်
သုံး ..လေး ရွက်ပေါ့
လေ ဟုန်စီးရင်း မြေခင်းကိုသက်
အခက်မှာကျဲ .... ခွဲခဲ့ ပင်အို..
ရွက်ပျိုအတွက်.. နေရာဖယ်ပေး..
သူတို့လေးတွေ....

....
........
..............................
လွမ်းရွက်လေးတွေ
သဲသဲ ကြွေ ခဲ့.. အချစ်ရဲ့ ၇င်...
သခင်မြင်လှဲ့..
ရှာပေးသူမဲ့ .. ဝေးနေခဲ့ လို့
နွေဦး အနမ်း .. ကံကော်ပန်းတောင်
ယောင်လို့ မမွှေး.. ပန်းဖို့ ဝေး
ရင်ထဲ လှိုက်ငို....
နွေကြို.. ဥသြ.. လွမ်း သံနှောခိုက်....


....
..
လွမ်းလိုက်တာကွယ်....
ရွက်ကြွေလေးတွေ ပုံနေသလို..
ဥသြ ငှက်ကလေး ငို နေသလို..
ကျမ ရင်ထဲ လဲ.. အလွမ်း တွေ ပို....
ဆုံကြမဲ့ရက်.. တောင်းဆုချို........။

မမသီရိ
မတ် ၁၉၊ ၂၀၁၁

Wednesday, February 16, 2011

အချစ်ရေ

အချစ်ရေ
တို့ တွေ မခေါ်ကြရအောင်လို့
ခဏခဏ ပြောနေခဲ့တာ
တကယ်တော့ ခေါ်ချင်လွန်း လို့ ပါ


အချစ်ရေ..
မုန်း လိုက်တာ .. မုန်း တယ် လို့
 ပြောမိခဲ့တာ
တကယ်တော့ ချစ်လွန် လွန်းလို့..ပါ

အချစ်ရေ..
တို့ တွေ ဝေးကြပါ စို့ လို့
ခဏခဏ ပြောနေခဲ့တာ
တကယ်တော့ မဝေးချင်လွန်းလို့..ပါ

အချစ်ရေ..
ဒီ ဘ၀ မဆုံ ရရင်လဲ နေပါစေတော့
နောင်ဘ၀ မှာ ဆုံတာပေါ့ လို့ ပြောခဲ့တာလဲ
ဒီ ဘ၀ မှာ တင်ကို ချစ်ချင်လို့...ပါ

အချစ်ရေ......
.....
..........
အချစ်ရေ.........
............
..................
အချစ်ရေ...
..............
..............................
..........................................................လို့...ပါ
......................................................................လို့...ပါ
.......................................................................................လို့...ပါ

ဘာရနံ့ တွေ မှာ မရတော့တဲ့..ခါ.........

ဘာသံ မကြား ရတော့တဲ့ ခါ..
ဘာမေးလ် မှ မရတော့တဲ့ ခါ....
...................................................ခါ
...........................................................................ခါ
......................................................................................ခါ

အချစ်ရေ................
မငိုပါနဲ့ တော့.......
ရင် ထဲ က ကွယ်ပျောက်ခဲ့ ပြီး ဖြစ်လို့ပါ........................။


မမသီရိ

Friday, February 11, 2011

အလွမ်းသင့် ခရေ

အချစ်ဟာ ချိုမြိန်တယ်လို့

တယောက်ယောက် ကများ လှမ်း ပြောလိုက်လေသလား

အလွမ်းဟာ ရောင်စဉ်ဖြာ တတ်တယ်လို့ရော
တစုံတယောက်က သတ်မှတ်ခဲ့လေသလား

သူ့ တိမ်ပြာပြာတွေ ခိုစီးခွင့်ရသောနေ့များဟာ
အဖိုး မဖြတ်နိုင်သော ရတနာ

သူ့ ဂစ်တာကြိုးများပေါ်က
သံစဉ်တွေ ဖြစ်ခွင့်ရတာကိုက ရင်ခုန်ချင်စရာ

သူ့စာအုပ်ကြားက
ပန်းပွင့်ခြောက်လေး ဖြစ်ရတာက တမ်းမက်ဖွယ်ရာ

သူ့ဖန်ချိုင့်လေး ထဲက
ရွှေငါးကလေး ဖြစ်ရတာကြည်နူးစရာ..

သူ့လှောင်ကလေးထဲ က
ငှက်ဝါ၀ါ ကလေး ဖြစ်ရတာကိုက ဂုဏ်ယူစရာ..



တကယ်ဆို
အလွမ်းသင့်ခရေတွေ  ပို့ မယ် လို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး

မောင်.........
နှလုံးသားနဲ့ ခံစားတတ်သူမို့ ..
နေ့မှာလဲ ညမှာ လွမ်း
နွေမှာလဲ လွမ်း မိုးလဲ လွမ်း
ဆောင်းမှာလဲ လွမ်း ... အချိန် တိုင်း လွမ်း သမို့

ကျမ အဖြစ် ကလေး  မောင့် အသိပေးရအောင် လေ..
ဝေနေလဲ မွှေး...  ကြွေလဲမွှေးတဲ့  ..
အဲဒီ ခရေတွေ ပေါ့.. မောင့် ကို နေ့စဉ် စေနေမိတော့တာ..။


မမသီရိ








Monday, February 07, 2011

နေ့သစ်
















သောကကြောင့် ကြေကွဲ မှောင်မဲ နေသောသူ
မောဟကြောင့် မှောင်မိုက် လှောင်အိုက်နေသောသူ
ဒေါသကြောင့် အမှောင်ထဲ ဘာမှ မမြင်ရသူ
မာန်မာနကြောင့် မသဲကွဲ အလင်းမဲ့ နေရသူ
အလွမ်းတွေကြောင့် အမှာင်နဲ့ ကြေကွဲ နေရသူ..


အမှောင်ထဲရှိသူ
ဘယ်သူပဲ ဖြစ်ဖြစ်
နေ့သစ်တွေ ချစ်တတ်လာပြီဆို

ဘ၀ က နေပျော်စရာ ကောင်းတဲ့ အကြောင်း
အားသစ်လောင်းစရာ နေ့များစွာ ကျန်နေသေးတဲ့အကြောင်း
အဲဒီနေ့သစ်တွေထဲမှာ..

ပန်းတွေ ပွင့်မဲ့ ရွှင်လန်းမှုတွေ အကြောင်း

အဲဒီနေ့သစ်တွေထဲမှာ..
မိုးကောင်းကင်ဟာ ကြည်လင် လှပလွန်း တဲ့အကြောင်း

အဲဒီ နေ့သစ်တွေ ထဲမှာ
ပင်လယ်ပြင်ဟာ သိမ်မွေ့ ညင်သာလွန်းတဲ့အကြောင်း
အဲဒီနေ့သစ်တွေထဲမှာ

အဲဒီနေ့သစ်တွေထဲမှာ
ငှက်ကလေးတွေ တေးဆိုကြတဲ့အကြောင်း

ကောင်းကောင်းသိလာရမှာမို့

အဲဒီနေ့သစ်တွေဟာ  လူတိုင်း ပိုင်ဆိုင်နိုင်တာမို့
အဲဒီနေ့သစ်တွေဟာ Install လုပ်စရာ မလုပ်တာမို့
အဲဒီနေ့သစ်တွေဟာ လိုင်စင်လဲ ၀ယ်စရာ မလိုတာမို့
အဲဒီနေ့သစ်တွေဟာ ရေလောင်းပေါင်းသင် မြေသြဇာလဲ ကျွေးစရာ မလိုတာမို့
အဲဒီနေ့သစ်တွေ ဟာ အချိန်မှန် ဆားဗစ် လဲ ၀င်စရာ မလိုတာမို့
အဲဒီ နေ့သစ်တွေ ဟာ.. ပရိုဂရမ်အသစ်တွေ update လုပ်စရာ မလိုတာမို့


မှောင်မှောင် ညတွေ အတိတ်မှာသာ ထားရစ် ခဲ့...

နေ့သစ်တွေ ပဲ ချစ်ပါ့ မောင်.................။



မမသီရိ
၂၉.၁.၂၀၁၁


TAMMARA ရဲ့ ဓါတ်ပုံတွေ ကြောင့် ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။


Friday, January 28, 2011

ဆောင်းခိုငှက်






မိုင်ထောင်ချီပျံခဲ့ပြီးပေမဲ့
ပြန်လမ်းမှတ်ခဲ့လို့ထင်ရဲ့..
သူတို့ကြည့်ရတာ သက်တောင့်သက်သာ...

တပြည်တရွာ
အနေမကြာပေမဲ့လည်း
တစိမ်းလိုတော့ ထင်ခဲ့ပုံမရ
ဆောင်းလာခိုကြတဲ့ ငှက်တွေ....

ဖေဖေ မေမေ.. ကိုကို မမ မမ
ဦးလေး ဦးကြီး.. ဘကြီး ဘထွေး
ဒေါ်လေး ဒေါ်ငယ်..
တူ .. သား .. မြေး မြစ်..
မြီးကောင်ပေါက်.. ကြင်စဦး..
ဝေးဝေး မြင့်မြင့် ပျံနိုင်သူတွေ ..အကုန်လုံး..
တရုန်း ရုန်း ချီတက်လာခဲ့ကြတာ..
မြင်ရသူ တို့ ကြည်နူးဖွယ် ရာ......


လူမမြင် သူမမြင်
ခိုးဖမ်းချင်သူတွေက လွဲပြီး..
အားလုံး ၀ိုင်းချစ်ကြတာမို့..
သူတို့ လွတ်လပ် လုံခြုံ ပျော်ရွှင်လို့..

ရေကူးတယ် ..
ရေငုပ်တယ်..
ထ ပျံတယ် .. အုပ်လိုက်ကြီး... မြစ်ထဲမှာ.. ၀ဲ ကာ ဝေ့ ကာ....
တကောင်ချင်း နှစ်ကောင်ချင်း
တွတ်ထိုး တယ်.. ကြည်စယ်တယ်..
ရေကူးတယ်..
ရေငုပ်တယ်...
ထပျံ တယ်.......
အပူ အပင် ကင်းမဲ့ လွန်းတယ်..
ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ လို့...

မြစ်ကမ်းစပ်က လယ်သူမကလေး..
လွမ်းတေး ပုဒ် ကောက်ကာ ငင်ကာ အော်ဆို..


......သူတို့ရောက်လာတယ်..
သူတို့ပြန်ကြမယ်..
ရောက်လာတဲ့အခါ ပျော်ရတယ်..
ပြန်သွားတဲ့အခါ လွမ်းကျန်မယ်..
ဆုံကြဖို့ရာ.. နောက်တနှစ်စောင့်ရမယ်.......တဲ့....

ဆိုင်ဆိုင် မဆိုင်ဆိုင်
လက်ပံသား ဓါးနဲ့ချိုင်..
ဆိုင်ဆိုင် မဆိုင်ဆိုင် ချော်လဲ ရောထိုင်..
ဆိုင်ဆိုင်မဆိုင်ဆိုင်.. 
မစွန်းရင်းကလဲ ရှိ.. ကန်စွန်းခင်းကလဲ ငြိသမို့..

ငိုချင်ရက် လက်တို့..
လွမ်းလက်စ နဲ့ မျက်ရည်စို့..
မောင်... ဆောင်းခိုငှက်လေး ဖြစ်လိုက်ပါလား..
... ဒီဆောင်း အမီ.. ကျမ ဆီ မောင်ရောက် လာခဲ့ နိုင်အောင်.....။


မမသီရိ
၂၇.၁.၂၀၁၁

Photo Credit to "TAMARA" 






Sunday, January 23, 2011

SUNDAY MOOD

ဆန်းဒေးမုဒ် (Sunday Mood) က
ကျောပိုးအိတ်ထဲ လေးလံ လွန်းနေတယ်...


အိပ်ယာထဲ
နှင်းအေးအေး နဲ့ ကွေးရင်း
ချစ်သူ ကို လွမ်းနေရမှာ ကို....

မောနင်းကော်ဖီတွေ
တခွက်ပြီး တခွက် သောက်ရင်း..
အလုပ်လုပ်နေရတဲ့ အဖြစ်က
သိပ်မဟုတ်သေးပါဘူး ကွယ်....


စကားတွေ များများပြောနေရတယ် ..
ကိုယ် တကယ်ပြောချင်တာ က ချစ်သူနဲ့
ကိုယ့်ချစ်သူက ကိုယ့် အနားမှာ မရှိ နိုင်..

မျက်နှာတွေ များများ ကြည့်ရတယ်..
ကိုယ်တကယ် မြင်ချင်တာက ချစ်သူ့ မျက်နှာလေး..
အဲဒီမျက်နှာကလေး က ဒီအထဲ မပါနိုင်..


အပြုံးတွေ တပွင့်ပြီး တပွင့် ပွင့်ပြရတယ်..
ကိုယ့်ပန်းအိုး အတွက်လဲ မဟုတ်ပဲနဲ့ ..
ပန်းအိုးကလေး က အဝေးဆီမှာ...

သနပ်ခါးမှုန်မှုန်ကလေး ထုံနေအောင် လိမ်းရတယ်..
အမြတ်တနိုး မွှေးမဲ့သူ လဲ မရှိပဲ နဲ့..
သနပ်ခါး ချစ်တတ်သူလေးက ဟိုး တနေရာ...

Dior အနီရာင် နှစ်စက် သုံးစက် ဆံပင်ရင်းနား တို့ခဲ့တယ်.
မွှေးလိုက်တာလို့ပြောမဲ့သူ လဲ မရှိပဲနဲ့
စူးစူးနစ်နစ် ရှိုက်မက်မဲ့သူကလေးနဲ့က မနီးစပ်နိုင်..

အဖြူရောင်အသစ်ကလေး ထုတ်ဝတ်တယ်..
လှလိုက်တာလို့ မြှောက်မဲ့ သူလဲ မရှိပဲနဲ့..
အလှတရား တကယ်ခံစားတတ်သူကလေးနဲ့က ကမ္ဘာခြားနေ...

အိုး.... အတူတူ ရှိချင်လိုက်တာ.. ဆို....

ဘုရားကျောင်းက ခေါင်းလောင်းသံ ချိုချို
စိုစွတ်အောင်ငိုလို့..

အဲဒီ တနင်္ဂနွေမှာ....

သူ့ ခါး ကလေးပဲ ဖက်ထားမိချင်လို့ ..  ဒီ တနင်္ဂနွေမှာ ..
ကျမလက်လေး နွေးနေအောင် သူ့အကျီင်္ကြားကပ်ထားချင်လို့ .. ဒီ တနင်္ဂနွေမှာ
သူနဲ့ တူတူ ကော်ဖီသောက် ချင် လို့ .. ဒီ တနင်္ဂနွေမှာ...
ပဲပြုတ် ထမင်း ကျော် အတူတူ ကျော်စား ချင်လို့ .. ဒီ တနင်္ဂနွေမှာ...
သူ့ အ၀တ်ကလေးတွေ လျှော် ပေးချင်လို့.. ဒီ တနင်္ဂနွေမှာ...
သူ့ ဂစ်တာသံ တိုးတိုးဖွဖွ နားထောင်ချင် လို့ .. ဒီ တနင်္ဂနွေမှာ...
သူ့ ခေါင်းကလေး လျှော်ပေးချင် လို့ .. ဒီ တနင်္ဂနွေမှာ...
သူနဲ့ အတူတူ လမ်းလျှောက်ချင် လို့.. ဒီ တနင်္ဂနွေမှာ...
သူနဲ့... သူနဲ့...
သူနဲ့...အတူတူ ...
အတူ တူ.. အဲဒိ မုဒ် ..နဲ့ပဲ..  ထူထူ မှုံမှုံ လေးလံ ရီဝေနေသော
ကျမရဲ့... ငြီးငွေ့ဖွယ်.ရာ. ဒီ တနင်္ဂနွေ ဟာ.............။

မမသီရိ
၂၃.၁.၂၀၁၁ (တနင်္ဂနွေ)







Friday, January 21, 2011

ငါ့ရဲ့ကဗျာဆရာလေး (၂)

ကဗျာ ဆရာ ဆိုတာ
မာယာ တွေ များတယ် တဲ့
ငါ့ရဲ့ ကဗျာ ဆရာ ကလေးရေ... ..

စကားလုံးတွေ လှအောင်ဖွဲ့
လူတွေရဲ့ နှလုံးသား ကို ဖြားယောင်း
အသုံး အနှုန်း အဟောင်း တွေ တောင် ပြောင်လို့ လက်လို့လင်း
ကဗျာ ဆရာ ရဲ့ ကဗျာ အတွင်းမှာ..

သူများတွေတော့ မသိ
မင့် နှလုံးသားလေးပဲ ကွက်ကြည့်မိတဲ့ ကျမ
အနက်ရှိုင်းဆုံး တူးဆွ
မင်း ရဲ့ ကာရံတွေမှာ ပဲ အလဲလဲ အကွဲကွဲ..

မင်း ရဲ့ ရေကြည်အိုင်လေးထဲ
ကျမ နှစ်လိုစွာ ကူးခပ် ဆဲ

မင်း ဥယာဉ် လေးထဲ
ကျမ ခုံမင်စွာ ပျံ ၀ဲ ဆဲ

မင်း ရဲ့ အိမ်လေး ထဲ
ကျမ ကြည်နူးစွာ အိပ်စက်ဆဲ..

မင်း စိတ်ကူးပုံရိပ်တွေ ထဲ
ကျမ ရှိနေတယ် ဆိုတာ ယုံကြည်မြဲ..

မင်းရဲ့ နှလုံးသားထဲ..
ကျမရှိနေတယ်လို့ ယုံကြည်ဆဲ..

မင်းရဲ့ ကဗျာတွေ ထဲ
ကျမ ရှိနေတယ် လို့ သေချာဆဲ..

မာယာများတယ် ဆိုတဲ့ လူတွေ ရဲ့စကား..
ကျမ သိမ်းမထားပါဘူး ကွဲ့ ကျမ ရဲ့ ကဗျာ ဆရာလေး ရေ.....


မင်းကသာ ချိုတယ်ပြော
ပင်လယ် ရေ က ဆားကြောတွေ အကြောင်း ကျမ ငြင်းမှာမို့...
ညာချင်ရင်တောင် ညာလိုက်ပါအုံးကွဲ့..
အချစ်ကြောင့်ပဲလား...... 
မောင့် ကဗျာတွေ .... ကျမ ကတော့ ဆက် ယုံချင်...။

မမသီရိ

Wednesday, January 19, 2011

အစိမ်းရောင်

ခုတလော
လမှာ အစိမ်းရောင်အလင်းတန်းတွေစီးနေတယ်လို့..
မီဒီယာတွေ ကအဆက်မပြတ် ကြေငြာချက် ထွက်နေတဲ့ ရက်တွေ မှာ..

ညက ဆွေ့ဆွေ့ ခုန်အောင်လင်းနေတဲ့ လပြည့်ချိန်

သူက..
အမှတ်သည်းခြေ ကို မရှိဘူးလို့..
ပုဏ္ဍရိတ်ပန်းတွေ က အချင်းချင်း အတင်းစကားပြောကြတယ်..


ဆောင်းခို ငှက်တွေ တစီတတန်းကြီး ကတော့

သတင်းစကား ပါးလိုက်သလား မေးမှာစိုးလို့ ထင်ပါ့
ခေါင်း ကို ယို့ .. ဟိုး မြင့်မြင့်ကပဲ ပျံ..

အချစ်ဆိုတာ ဦးတာ နှောင်းတာ နဲ့ ဆိုင်သလား..
ကာလ အတို အရှည်တွေ နဲ့ ဆိုင်သလား
ကြည့်ပျော် ရှုပျော် ရှိတာ မရှိတာ နဲ့ ပတ်သက်သလား..
အသံချိုတာ မချိုတာနဲ့ အချိုးကျသလား
နီးတာ ဝေးတာ နဲ့ ရော ထိစပ်နေသလား..

အကောင်အထည် ပြစရာ မရှိပါဘူး ဆိုပါမှ..

မှော်ဝင်နေတဲ့ နှင်းတွေ က
လှောင်ပြောင်ရီမော သောသော ညံ လို့....
ဆောင်တော်ကူး အရွက် မှောင်မှောင်တွေတောင်
အမှောင်ရိပ်ထဲ နှင်းစက်ကြောင့် လက်လက်ပြောင်..
သူတို့ကတော့ ပြောအား ရှိပေမပေါ့..
ညရီ မိုးချုပ်တာနဲ့ မွှေးချင်တိုင်းမွှေးခွင့်ရတာကို.. 


အလွမ်းတွေ နဲ့ ပဲ ခဏခဏ ခြေချုပ်မိနေသူ..
အကြောင်းမဲ့ အကျိုး မဲ့
လှိုက်ကနဲ လှိုက်ကနဲ
ချစ်ချင် သလို ချစ်လို့ရတာ မဟုတ်ပဲ နဲ့
ရင်ထဲ က သိမ့်သိမ့် တုန်တဲ့ထိ ချစ်နေမိ သူကလေး..

လရောင်က ချို
နှင်းတွေက စို..
သူမကလေး အလွမ်းတွေ နဲ့ ပဲ ငို...........။



မမသီရိ