ငါ၏ငြိမ်သက်ခြင်းဖြင့် သခင်ငြိမ်းချမ်းစေ
ငါ၏မှိန်ဖျော့ခြင်းဖြင့် သခင်ရွှင်လန်းစေ
ငါ၏ဝေးကွာခြင်းဖြင့် သခင်ပျော်ရွှင်စေ
ငါ၏မုန်းခြင်းတရားဖြင့်
သခင့်ပုခုံးထက်က လက်တို့နွေးထွေးစေ
သခင့်နာရီများ တောက်ပစေ
သခင့်ညများ ပြည့်ဝစေ... ။
၀၃ ဇူလိုင် ၂၀၁၆
Monday, July 04, 2016
Thursday, June 23, 2016
The Moon
အသည်းအသန် လွမ်းတဲ့ ညတွေ ကို သင်ဘယ်လို ကျော်ဖြတ်သလဲ
ငါ့ပြတင်းပေါက် ကနေ လှမ်းတွေ့ တဲ့ လမင်း ကို ငါ ဆင်းဖမ်း လိုက်တာပေါ့
ငါ့ အိပ်ခန်း ၀ရံတာမှာ မျက်ရည်ရယ် မိုးရည် တွေ ရယ် အိုင်ထွန်း လို့...။
မမသီရိ
၂၃ ဇွန် ၂၀၁၆
ငါ့ပြတင်းပေါက် ကနေ လှမ်းတွေ့ တဲ့ လမင်း ကို ငါ ဆင်းဖမ်း လိုက်တာပေါ့
ငါ့ အိပ်ခန်း ၀ရံတာမှာ မျက်ရည်ရယ် မိုးရည် တွေ ရယ် အိုင်ထွန်း လို့...။
မမသီရိ
၂၃ ဇွန် ၂၀၁၆
Monday, June 20, 2016
ခ်ခ်ခ် (ကာလသားသမီးများ ဆိုရှယ်နက်ဝေါ့တ် ပေါ်တွင်ရယ်သံ)
(မထော်မနန်း ရှိလိုက်တာလို့
အားပါးတရ တွေးလိုက်ပါလား
ရင်ချောင်သွားတာပေါ့လို့.. )
ကျောင်းအပန်းဖြေရိပ်သာထဲကနံရံပေါ်
ကပ်ထားတဲ့ စာရွက်ကလေး
ငါထားခဲ့လိုက်တာ လို့ မင်းဂုဏ်ယူလိုက်စမ်းပါ.... ခ်ခ်ခ် ... တဲ့
ကျန်ခဲ့လို့ အပျော်လွန်နေတာ တစ်ဖက်လူ မသိရှာဘူး။
မမသီရိ
၂၀.၆.၂၀၁၆

Wednesday, June 15, 2016
ကမ္ဘာသစ်
အားအားရှိ ထောင့်ကြားလေးထဲ ဝင်ဝင်ခွေမှာပေါ့
ဘာဖြစ်လို့လဲ မေးသူရှိဖို့ ငါမတောင့်တပြီ
မေတ္တာတရားမကျန်းမာတဲ့အခါ
အကြောင်းပြချက်ပိုးတွေ ကောင်ရေတိုးတိုးလာခဲ့
ပြောင်းပြန်အချိုးရဲ့ သီအိုရီ
နာရီတွေ ကို
ကောင်းကောင်းဖမ်းဆုပ်ခဲ့တယ်လို့ တောင်
ထင်ယောင်ထင်မှား ထင်လိုက်သေး။
ကိုယ်လက်နှီးနှောခြင်း က
အလိုဆန္ဒနဲ့သာ တိုက်ရိုက်အချိုးကျ။
ငါ့ကမ္ဘာဟာ ခုတော့ တကယ့်ကိုသာသာယာယာ
တစ်ကိုယ်ရေတစ်ကာယတည်ရှိခြင်းဆိုတာ
ကောင်းကငိပြာပြာဆိုလဲဟုတ်
မြကိခင်းစိမ်းစိမ်းဆိုလဲ ဟုတ်
အနောက်အရပ်က ပင်လယ်လေဆိုလဲဟုတ်
အရှေ့အရပ်က သိန်းငှက်တစ်ကောင်ဆိုလဲဟုတ်
အခွင့်ဆို ဘာမှကိုမသာချင်တော့
အငုံစိတ်တွေ ဟာ စိမ်းလန်းစိုပြေ ဖားဖားဝေ။
၁၅.၆.၂၀၁၆
၁၆:၃၅
ဘာဖြစ်လို့လဲ မေးသူရှိဖို့ ငါမတောင့်တပြီ
မေတ္တာတရားမကျန်းမာတဲ့အခါ
အကြောင်းပြချက်ပိုးတွေ ကောင်ရေတိုးတိုးလာခဲ့
ပြောင်းပြန်အချိုးရဲ့ သီအိုရီ
ကိုယ်လက်နှီးနှောခြင်း က
အလိုဆန္ဒနဲ့သာ တိုက်ရိုက်အချိုးကျ။
ငါ့ကမ္ဘာဟာ ခုတော့ တကယ့်ကိုသာသာယာယာ
တစ်ကိုယ်ရေတစ်ကာယတည်ရှိခြင်းဆိုတာ
ကောင်းကငိပြာပြာဆိုလဲဟုတ်
မြကိခင်းစိမ်းစိမ်းဆိုလဲ ဟုတ်
အနောက်အရပ်က ပင်လယ်လေဆိုလဲဟုတ်
အရှေ့အရပ်က သိန်းငှက်တစ်ကောင်ဆိုလဲဟုတ်
အခွင့်ဆို ဘာမှကိုမသာချင်တော့
အငုံစိတ်တွေ ဟာ စိမ်းလန်းစိုပြေ ဖားဖားဝေ။
၁၅.၆.၂၀၁၆
၁၆:၃၅
Tuesday, June 14, 2016
Deal
ပြုံးပြုံလေး ပြောလဲ ရတဲ့ဟာ
ပြေးပြေးပြီး ပုန်းရအောင် မလုပ်နဲ့
အချစ်ရဲ့
ငါ့လက်ကို ဖမ်းဆုပ် လို့ရတယ်
ငါ့ဘ၀ တော့ ဖမ်းမချုပ် နဲ့။
မမသီရိ
၁၃ ဇွန် ၂၀၁၆
ပြေးပြေးပြီး ပုန်းရအောင် မလုပ်နဲ့
အချစ်ရဲ့
ငါ့လက်ကို ဖမ်းဆုပ် လို့ရတယ်
ငါ့ဘ၀ တော့ ဖမ်းမချုပ် နဲ့။
မမသီရိ
၁၃ ဇွန် ၂၀၁၆
Thursday, May 05, 2016
ခရေ တို့ သည် လည်း ကြွေဖူး ကြ သည်...
စူးစူးရှရှ လင်းတောက်ပူးပြင်းသော
မေလ၏ ညနေခင်း အချို့အား ခက်ခဲ ပင်ပမ်းစွာ ခဲယဉ်းစွာ ဖြတ်သန်းပြီးသော အခါ
မနက်ဖြန် တို့ သည် နွေးထွေး အေးငြိမ်းလိမ့်မည် ဟု
တစ်စုံတစ်ယောက် မျှ အာမ ခံချက် မပေးခဲ့သော် လည်း
စိုးရိမ် သောက တို့သည်၎င်း၊
တပ်မက် မြိုက်ကျွမ်းခြင်းတို့ သည် ၄င်း
ဝန်တို ခြင်း ငြူစူ ရခြင်း တို့သည်၎င်း
ခံပြင်း ပုလောင် ရခြင်း တို့သည်၎င်း
ချုပ်ငြိမ်း ခဲ့ပြီး ဟု ရင် မှ သိလေသည်။
ရီဆလူးရှင်းမြင့် ရုပ်ပုံ များ အိပ်မွေ့ကျ နေသည့် ချစ်ပ်စ် ပြား ပါးလျား တို့
ပြန်လည် သက် ၀င် နေရာ ယူလေကြပြီ
ရှေ့ရှိ ကြည့်မှန် ကွက်ကွက် တွင်
မဲ့ တဲ့တဲ့ အပြုံးတို့ အကြွင်း အကျန် ဆန်စွာ မှိန်ဖျော့ ၏
တရံခါ က ကြွေ ခဲ့ရဖူးသော ခရေ တို့ သည်လည်း
လက်ခမောင်းခတ်ကြပါ ကုန်။
မမသီရိ
၅.၅.၂၀၁၆

Saturday, December 19, 2015
အလွမ်းနဲ့နီးသော ညနေများ
ငါ လဲကျသွားတာ ငါ့အတ္တပေါ်မှာလား
အခြားလူတွေလိုပဲ ငါလဲ အကောင်းဆုံးကို ရချင်ခဲ့ရုံပါ
ရှေ့ဆက်လှမ်းရမဲ့ခြေလှမ်း တွေ ဆွံ့ အ
ရပ်နေတဲ့နေရာမှာ ပဲ လဲကျ
အေးစိမ့်စိမ့် ဆောင်းလေ မကူနိုင်တဲ့ သောက
ငါ .. ထွက်ခွာ ခဲ့ပြီလို့ သေချာချင်နေတဲ့ ညိုရီဝေ ညနေခင်း များ ဟာ.....။
မမသီရိ
၁၉ ဒီဇင်ဘာ ၂၀၁၅

Tuesday, December 08, 2015
အပ်ပ်တူဒိတ်
ပါလက်စတိုင်းကဗျာဆရာ သေမိန့်ချခံရပြီး
ဒေါ်နယ်ထရန့် က ဗိုဒီမော့ ဖြစ်သွား တဲ့ အခိုက်
စိန်မျောက်မျောက် တစ်ကောင် ပေါက်ရောက်သွားခဲ့
လက်စသတ်တော့ ဒီကမ္ဘာကြီးဟာ
ကိုယ့်ဗျာပါဒကို ကိုယ် အရည်ကြိုသောက်
ဒီနေ့သက်သာနိုးနိုး မနက်ဖြန်သက်သာနိုးနိုး။
မမသီရိ
၉ ဒီဇင်ဘာ ၂၀၁၅

Wednesday, November 18, 2015
အကြောင်းတစ်စုံတရာ
ဘာလို့ ဖုန်းမဆက်တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့မက်ဆေ့မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့ မေးလ် မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ခရမ်းရောင်အနားသတ်နဲ့ကောင်းကင်ဟာ
ရထားသံလမ်းနှစ်ချောင်းကိုပင့်ထူလို့
ပန်း သုံးပွင့်သာရှိတဲ့ ပန်းခြံမှာ
တိုက်စရာလေကတစ်ဖက်တည်းက
ပဉ္စလက်ဆန်တဲ့အတူရှိခြင်းဟာ
ယူဇနာကုဋေကုဋာ ကိုဦးတည်ဝေး
မင်းအကြောင်းနဲ့မင်းကို
ငါ့အကြောင်းနဲ့ငါ တိတ်တိတ်ကလေးသာ ....။
မမသီရိ
၁၈ နိုဝင်ဘာ ၂၀၁၅
...
မင်းကိုသတိရလို့ပါ
...
ဘာလို့မက်ဆေ့မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့ မေးလ် မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ခရမ်းရောင်အနားသတ်နဲ့ကောင်းကင်ဟာ
ရထားသံလမ်းနှစ်ချောင်းကိုပင့်ထူလို့
ပန်း သုံးပွင့်သာရှိတဲ့ ပန်းခြံမှာ
တိုက်စရာလေကတစ်ဖက်တည်းက
ပဉ္စလက်ဆန်တဲ့အတူရှိခြင်းဟာ
ယူဇနာကုဋေကုဋာ ကိုဦးတည်ဝေး
မင်းအကြောင်းနဲ့မင်းကို
ငါ့အကြောင်းနဲ့ငါ တိတ်တိတ်ကလေးသာ ....။
မမသီရိ
၁၈ နိုဝင်ဘာ ၂၀၁၅
Sunday, September 27, 2015
ထီး တစ်ချောင်း
သောကနဲ ပဲ
သွန်ချလိုက်သလို
အဲဒီ မိုးစက် ၀၀တုတ်တုတ် တွေ ပ
နှောင်း ပါပြီ ဆိုမှ အားပါးတရ
တလောကလုံး မှောင်အတိကျ..
နာကျင် ခြင်းဆိုတာ ခြုံခို တိုက်ခိုက်တတ်သလား
တဖျောင်းဖျောင်း လောင်းချ တဲ့ မိုးသံ တွေကြား
မှိတ်ထားတဲ့ မျက်ဝန်းထဲ အတင်းပဲ ၀င်လာ
ခရမ်းရောင် အတိတ်နဲ့ အစိမ်းရောင် အိပ်ယာ
ရမက်အတိ ချစ်ခြင်းအကြည့် မျက်ဝန်းနှစ်လွှာ
ဒီတက္ကစီ အမိုး နိမ့်နိမ့်ကလေးက အမှား
အမုန်း ရယ် အလွမ်း ရယ် ရုတ်တရာက် ပြည်လျှံသွား
ကျင်ကနဲ စစ်ကနဲ စူးရှတဲ့ နာကျည်းမှုများ
အသက်ရှုတောင်မ၀တော့တဲ့ထိ တအား
ခုတလော..
စတုတ္ထ တစ်လက် အဖြစ် ပျောက်ဆုံး သွားတဲ့ ထီး တစ်ချောင်း ဟာ
ပိုင်ရှင်မဲ့စွာ..
တိတ်ဆိတ်စွာ ..
မိုးသဲသဲအောက် က တက္ကစီ တစ်စီးပေါ် မှာ ..
အဲ ဒီ ည က ပေါ့...... ။
ည ၂၂ စက်တင်ဘာ ၂၀၁၅။
မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၅

Wednesday, September 23, 2015
လူယောင်ဆောင်တဲ့ကြောင်
ဒိုမိနို မကြိုက်ပါဘူး ပြောနေကတည်းက ရိပ်မိသင့်တာပေါ့
ဟိုကုတ် ဒီကုတ် ဒီကုတ် ဟိုကုတ် လုပ်နေကတည်းက ရိပ်မိဖို့ကောင်းတာပေါ့
ခပ်ငိုက် ငိုက် ဦးထုပ်တစ်လုံး
ခပ်တိုတို ဆေးပြင်းလိပ် တစ်လိပ်
ဖတ်နေကျ သတင်းစာတစ်ထုပ်
လဘက်ရည် ပေါ့ကျ တစ်ခွက်
ဘိုသီ ဖတ်သီ ကြယ်သီးပြုတ် ရှပ်အင်္ကျီ
နှစ်ဖက်မညီတဲ့ ဖိနပ် နှစ်ဖက်
ဘေးသိုင်းလွယ်ထားတဲ့ အဲ လွယ်အိတ်က ဒိတ်အောက်သွားတဲ့ ဆော်ကြီးဆီက
ငါ က မြိုင်သာယာ မှာ နေတာကွ လို့ ခဏခဏ ကြွေးကြော်
ငါတို့ မြို့ ကို သိမ်းပိုက်ထားတာ ဒင်း တို့ ဒင်း တို့ တွေ လေ .
သွား ကိုစိ .. ခပ် တင်းတင်းပြော .. သူကတော့  လူရိုးကလေး
အနုကြမ်းစီးထားတဲ့ သူများ စာကြည့်တိုက် ထဲက ဒီမိုကရေစီကို ဆွဲ ဆွဲ ထုတ်တယ်
သူ များ ခြံတခါး တွေ ခြေကန် တွန်းပိတ် ထားပြီးတော့ 
နှုတ် က တတွတ်တွတ် ရွက်နေတာ ရပိုင်ခွင့် ရပိုင်ခွင့် လူ့အခွင့်အရေး လူ့အခွင့်အရေး
ဘီယာ ရနံ့ လေး ရလိုက်လို့ကတော့ 
ဟေ... ဒီ ကြောင်..
ကြွက် ကို မြင် တကယ် မနေနိုင်ဘူး ပဲကို... ။

Tuesday, September 22, 2015
နာဖျားနေတဲ့ ခို
လရောင် ရင့်ရင့်ရယ်လေ ..
ကျမ အခန်းထဲ မဖိတ်ရက်ရက် ယိုဖိတ်လို့
ရထားသံလမ်းဘေးက သစ်တောအုပ်အုပ်ကလေးပေါ်
တချက် တချက် လေတိုးသံဟာ ယဲ့ယဲ့ကလေး ငိုငြီးလို့
အသဲရေ..
မင်း ပျော်တယ် ဆို ငါ ပျော် ပါတယ် ကွဲ့လို့ အမှာစကားပါးဖို့ရာ ..
ကျမ ခို ကလေး .
.. နာဖျား နေတယ် ရော.... ။
မမသီရိ
၂၂ စက်တင်ဘာ ၂၀၁၅
၁၃း၅၇

Thursday, April 02, 2015
လရောင်ထဲမှာရူးသွပ်ခြင်း (ဒိုင်လန်သောမတ်စ်)
တိတ်ဆိတ်စုပုံ
ပဉ္စလက်နှင်းဆီပွင့်ချပ်ငုံများလိုပေါ့
ငါ့ မျက်ရည်တွေ…။
မမှတ်မိချင်တော့တဲ့
နှင်းရယ်၊
စကိတ်ရယ် နဲ့
ပတ်ကြားအက်ထဲက
စီးဆင်းကျလာ ရဲ့
ငါ့ သောကတွေ
…။
ငါ…. ထင်တယ်ကွဲ့
..။
ဟောဒိ ကမ္ဘာမြေပြင်
ငါ့လက်နဲ့များ
ထိလိုက်ရင်…
တစ်စစီ မွကျေ
သွားမလား…။
လှပစွာကြေကွဲ
ဝေဝါးလွန်းလိုက်တာဆို..
အိပ်မက်တစ်ခုလိုပါပဲ..။
Dylan
Thomas ၏ Clown in the Moon ကို ဘာသာပြန်ဆိုသည်။
မမသီရိ
၂၅ ဖေဖေါ်ဝါရီ ၂၀၁၅
Tuesday, March 24, 2015
ခေတ်ဆိုး
သံတိုင်တွေ နောက် က မှောင်မဲမဲ အခန်းတွေထဲ
... သားတွေ သမီးတွေ
ဘာ အတွက် ဘယ့် အတွက် စွန့် ဝံ့ ပါ၏။
တံလျှပ်တွေ လျှံနေတဲ့ နွေ နေပူမှာ
ကသစ်တွေ နီရဲ .. ပေါက် တွေ နီရဲ ...
လူစင်စစ်တွေ ရင်ထဲ ဒဏ်ရာတွေ နဲ့ ကြေကွဲ
ဘယ်အချိန် ဘယ်အခါ ပြေမယ် မသိ။
ငါ တို့ ဗမာ့ ပြေ နှယ်.
ရဲရဲတောက် နောက်လိုက်တွေသာများ
ရဲရဲတောက် ခေါင်းဆောင်က ရှားပါး
အဖေ လို့ တ စရာ အဖေ မရှိ
အမေ လို့ တ စရာ အမေ မရှိ
အော် .. ၀ဋ်ကြီးပါဘိ....။
မမသီရိ
၂၄ မတ် ၂၀၁၅
... သားတွေ သမီးတွေ
ဘာ အတွက် ဘယ့် အတွက် စွန့် ဝံ့ ပါ၏။
တံလျှပ်တွေ လျှံနေတဲ့ နွေ နေပူမှာ
ကသစ်တွေ နီရဲ .. ပေါက် တွေ နီရဲ ...
လူစင်စစ်တွေ ရင်ထဲ ဒဏ်ရာတွေ နဲ့ ကြေကွဲ
ဘယ်အချိန် ဘယ်အခါ ပြေမယ် မသိ။
ငါ တို့ ဗမာ့ ပြေ နှယ်.
ရဲရဲတောက် နောက်လိုက်တွေသာများ
ရဲရဲတောက် ခေါင်းဆောင်က ရှားပါး
အဖေ လို့ တ စရာ အဖေ မရှိ
အမေ လို့ တ စရာ အမေ မရှိ
အော် .. ၀ဋ်ကြီးပါဘိ....။
မမသီရိ
၂၄ မတ် ၂၀၁၅
Wednesday, March 11, 2015
ကျောင်းသားတွေနိုင်တယ်
မိုက်ရူးရဲတွေမဟုတ်ဖူး
မသိလို့ တိုးတာမဟုတ်ဖူး
ပန်းတိုင်ရှိတယ်
အရောက်ချီတက်မယ်
ဒေါင်း ဟေ့ ဒေါင်း ဒေါင်း
ဘယ်သင်းတွေ ဘယ်အကောင်တွေ
ကြောက်ချီးပန်း တုတ်ရမ်းရမ်း
ဘယ်သင်းတွေဘယ်အဝှာတွေ
ကြောက်သေးပန်းနှုတ်ဆိတ်စမ်း
ဒေါင်း ဟေ့ ဒေါင်း ဒေါင်း
ငါတို့ သွေး တွေ မြေမခမ်း
လာစမ်း လာစမ်း လာစမ်း
ဒီမယ် ဟေ့
နိုင်တယ်
ငါတို့ကျောင်းသား
ကျောင်းသားတွေ နိုင်တယ်
နိုင်တယ်ဟေ့
မတ်လ အနီ
ဒီရာသီ ပဲလား
တကယ်ကို ဆိုက်ဆိုက်
အချိန်ကိုက်ပါပဲလား
ဖုန်းမော်မသေဘူး
ဝင်းမော်ဦးမသေဘူး
ဘယ်ကျောင်းသားမှမသေဘူး
လက်ပံတန်းလဲ မကြေဘူး
ဒီမယ် ဟေ့
နိုင်တယ်
ငါတို့ကျောင်းသား
ကျောင်းသားတွေ နိုင်တယ်
နိုင်တယ် ဟေ့ ။
မမသီရိ
၁၂ မတ် ၂၀၁၅
Subscribe to:
Posts (Atom)