Tuesday, March 24, 2015

ခေတ်ဆိုး

သံတိုင်တွေ နောက် က မှောင်မဲမဲ အခန်းတွေထဲ
 ... သားတွေ သမီးတွေ
ဘာ အတွက် ဘယ့် အတွက် စွန့် ဝံ့ ပါ၏။

တံလျှပ်တွေ လျှံနေတဲ့ နွေ နေပူမှာ
ကသစ်တွေ နီရဲ .. ပေါက် တွေ နီရဲ ...
လူစင်စစ်တွေ ရင်ထဲ ဒဏ်ရာတွေ နဲ့ ကြေကွဲ
ဘယ်အချိန် ဘယ်အခါ ပြေမယ် မသိ။

ငါ တို့ ဗမာ့ ပြေ နှယ်.

ရဲရဲတောက် နောက်လိုက်တွေသာများ
ရဲရဲတောက် ခေါင်းဆောင်က ရှားပါး
အဖေ လို့ တ စရာ အဖေ မရှိ
အမေ လို့ တ စရာ အမေ မရှိ
အော် .. ၀ဋ်ကြီးပါဘိ....။


မမသီရိ
၂၄ မတ် ၂၀၁၅



No comments: