Saturday, December 19, 2015
အလွမ်းနဲ့နီးသော ညနေများ
ငါ လဲကျသွားတာ ငါ့အတ္တပေါ်မှာလား
အခြားလူတွေလိုပဲ ငါလဲ အကောင်းဆုံးကို ရချင်ခဲ့ရုံပါ
ရှေ့ဆက်လှမ်းရမဲ့ခြေလှမ်း တွေ ဆွံ့ အ
ရပ်နေတဲ့နေရာမှာ ပဲ လဲကျ
အေးစိမ့်စိမ့် ဆောင်းလေ မကူနိုင်တဲ့ သောက
ငါ .. ထွက်ခွာ ခဲ့ပြီလို့ သေချာချင်နေတဲ့ ညိုရီဝေ ညနေခင်း များ ဟာ.....။
မမသီရိ
၁၉  ဒီဇင်ဘာ ၂၀၁၅
Tuesday, December 08, 2015
အပ်ပ်တူဒိတ်
ပါလက်စတိုင်းကဗျာဆရာ သေမိန့်ချခံရပြီး
ဒေါ်နယ်ထရန့် က ဗိုဒီမော့ ဖြစ်သွား တဲ့ အခိုက်
စိန်မျောက်မျောက် တစ်ကောင် ပေါက်ရောက်သွားခဲ့
လက်စသတ်တော့ ဒီကမ္ဘာကြီးဟာ
ကိုယ့်ဗျာပါဒကို ကိုယ် အရည်ကြိုသောက်
ဒီနေ့သက်သာနိုးနိုး မနက်ဖြန်သက်သာနိုးနိုး။
မမသီရိ
၉ ဒီဇင်ဘာ ၂၀၁၅
Wednesday, November 18, 2015
အကြောင်းတစ်စုံတရာ
ဘာလို့ ဖုန်းမဆက်တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့မက်ဆေ့မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့ မေးလ် မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ခရမ်းရောင်အနားသတ်နဲ့ကောင်းကင်ဟာ
ရထားသံလမ်းနှစ်ချောင်းကိုပင့်ထူလို့
ပန်း သုံးပွင့်သာရှိတဲ့ ပန်းခြံမှာ
တိုက်စရာလေကတစ်ဖက်တည်းက
ပဉ္စလက်ဆန်တဲ့အတူရှိခြင်းဟာ
ယူဇနာကုဋေကုဋာ ကိုဦးတည်ဝေး
မင်းအကြောင်းနဲ့မင်းကို
ငါ့အကြောင်းနဲ့ငါ တိတ်တိတ်ကလေးသာ ....။
မမသီရိ
၁၈ နိုဝင်ဘာ ၂၀၁၅
Sunday, September 27, 2015
ထီး တစ်ချောင်း
သောကနဲ ပဲ
သွန်ချလိုက်သလို
အဲဒီ မိုးစက် ၀၀တုတ်တုတ် တွေ ပ
နှောင်း ပါပြီ ဆိုမှ အားပါးတရ
တလောကလုံး မှောင်အတိကျ..
နာကျင် ခြင်းဆိုတာ ခြုံခို တိုက်ခိုက်တတ်သလား
တဖျောင်းဖျောင်း လောင်းချ တဲ့ မိုးသံ တွေကြား
မှိတ်ထားတဲ့ မျက်ဝန်းထဲ အတင်းပဲ ၀င်လာ 
ခရမ်းရောင် အတိတ်နဲ့ အစိမ်းရောင် အိပ်ယာ
ရမက်အတိ ချစ်ခြင်းအကြည့် မျက်ဝန်းနှစ်လွှာ 
ဒီတက္ကစီ အမိုး နိမ့်နိမ့်ကလေးက အမှား
အမုန်း ရယ် အလွမ်း ရယ် ရုတ်တရာက် ပြည်လျှံသွား
ကျင်ကနဲ စစ်ကနဲ စူးရှတဲ့ နာကျည်းမှုများ
အသက်ရှုတောင်မ၀တော့တဲ့ထိ တအား
ခုတလော..
စတုတ္ထ တစ်လက် အဖြစ် ပျောက်ဆုံး သွားတဲ့ ထီး တစ်ချောင်း ဟာ
ပိုင်ရှင်မဲ့စွာ..
တိတ်ဆိတ်စွာ ..
မိုးသဲသဲအောက် က တက္ကစီ တစ်စီးပေါ် မှာ ..
အဲ      ဒီ      ည     က      ပေါ့...... ။
ည ၂၂ စက်တင်ဘာ ၂၀၁၅။
မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၅
Wednesday, September 23, 2015
လူယောင်ဆောင်တဲ့ကြောင်
ဒိုမိနို မကြိုက်ပါဘူး ပြောနေကတည်းက ရိပ်မိသင့်တာပေါ့
ဟိုကုတ် ဒီကုတ် ဒီကုတ် ဟိုကုတ် လုပ်နေကတည်းက ရိပ်မိဖို့ကောင်းတာပေါ့
ခပ်ငိုက် ငိုက် ဦးထုပ်တစ်လုံး
ခပ်တိုတို ဆေးပြင်းလိပ် တစ်လိပ်
ဖတ်နေကျ သတင်းစာတစ်ထုပ်
လဘက်ရည် ပေါ့ကျ တစ်ခွက်
ဘိုသီ ဖတ်သီ ကြယ်သီးပြုတ် ရှပ်အင်္ကျီ
နှစ်ဖက်မညီတဲ့ ဖိနပ် နှစ်ဖက်
ဘေးသိုင်းလွယ်ထားတဲ့ အဲ လွယ်အိတ်က ဒိတ်အောက်သွားတဲ့ ဆော်ကြီးဆီက 
ငါ က မြိုင်သာယာ မှာ နေတာကွ လို့ ခဏခဏ ကြွေးကြော်
ငါတို့ မြို့  ကို  သိမ်းပိုက်ထားတာ ဒင်း တို့ ဒင်း တို့ တွေ လေ .
သွား ကိုစိ .. ခပ် တင်းတင်းပြော .. သူကတော့  လူရိုးကလေး
အနုကြမ်းစီးထားတဲ့ သူများ စာကြည့်တိုက် ထဲက ဒီမိုကရေစီကို ဆွဲ ဆွဲ ထုတ်တယ်
သူ များ ခြံတခါး တွေ ခြေကန် တွန်းပိတ် ထားပြီးတော့ 
နှုတ် က တတွတ်တွတ် ရွက်နေတာ ရပိုင်ခွင့် ရပိုင်ခွင့် လူ့အခွင့်အရေး လူ့အခွင့်အရေး
ဘီယာ ရနံ့ လေး ရလိုက်လို့ကတော့ 
ဟေ... ဒီ ကြောင်..
ကြွက် ကို မြင် တကယ် မနေနိုင်ဘူး ပဲကို... ။
မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၅
Tuesday, September 22, 2015
နာဖျားနေတဲ့ ခို
လရောင် ရင့်ရင့်ရယ်လေ ..
ကျမ အခန်းထဲ မဖိတ်ရက်ရက် ယိုဖိတ်လို့
ရထားသံလမ်းဘေးက သစ်တောအုပ်အုပ်ကလေးပေါ်
တချက် တချက် လေတိုးသံဟာ ယဲ့ယဲ့ကလေး ငိုငြီးလို့
အသဲရေ..
မင်း ပျော်တယ် ဆို ငါ ပျော် ပါတယ် ကွဲ့လို့ အမှာစကားပါးဖို့ရာ ..
ကျမ ခို ကလေး .
.. နာဖျား နေတယ် ရော.... ။
မမသီရိ
၂၂ စက်တင်ဘာ ၂၀၁၅
၁၃း၅၇
Thursday, April 02, 2015
လရောင်ထဲမှာရူးသွပ်ခြင်း (ဒိုင်လန်သောမတ်စ်)
တိတ်ဆိတ်စုပုံ
ပဉ္စလက်နှင်းဆီပွင့်ချပ်ငုံများလိုပေါ့
ငါ့  မျက်ရည်တွေ…။
မမှတ်မိချင်တော့တဲ့
နှင်းရယ်၊ စကိတ်ရယ် နဲ့
ပတ်ကြားအက်ထဲက စီးဆင်းကျလာ ရဲ့
ငါ့ သောကတွေ …။
ငါ…. ထင်တယ်ကွဲ့ ..။
ဟောဒိ ကမ္ဘာမြေပြင်
ငါ့လက်နဲ့များ ထိလိုက်ရင်…
တစ်စစီ မွကျေ သွားမလား…။
လှပစွာကြေကွဲ
ဝေဝါးလွန်းလိုက်တာဆို.. အိပ်မက်တစ်ခုလိုပါပဲ..။
Dylan Thomas ၏ Clown in the Moon ကို ဘာသာပြန်ဆိုသည်။
မမသီရိ 
၂၅ ဖေဖေါ်ဝါရီ ၂၀၁၅
Tuesday, March 24, 2015
ခေတ်ဆိုး
သံတိုင်တွေ နောက် က မှောင်မဲမဲ အခန်းတွေထဲ
 ... သားတွေ သမီးတွေ
ဘာ အတွက် ဘယ့် အတွက် စွန့် ဝံ့ ပါ၏။
တံလျှပ်တွေ လျှံနေတဲ့ နွေ နေပူမှာ
ကသစ်တွေ နီရဲ .. ပေါက် တွေ နီရဲ ...
လူစင်စစ်တွေ ရင်ထဲ ဒဏ်ရာတွေ နဲ့ ကြေကွဲ
ဘယ်အချိန် ဘယ်အခါ ပြေမယ် မသိ။
ငါ တို့ ဗမာ့ ပြေ နှယ်.
ရဲရဲတောက် နောက်လိုက်တွေသာများ
ရဲရဲတောက် ခေါင်းဆောင်က ရှားပါး
အဖေ လို့ တ စရာ အဖေ မရှိ
အမေ လို့ တ စရာ အမေ မရှိ
အော် .. ၀ဋ်ကြီးပါဘိ....။
မမသီရိ
၂၄ မတ် ၂၀၁၅
Wednesday, March 11, 2015
ကျောင်းသား​တွေနိုင်​တယ်
မိုက်​ရူးရဲ​​တွေမဟုတ်​ဖူး
မသိလို့ တိုးတာမဟုတ်​ဖူး
ပန်းတိုင်​ရှိတယ်
အ​ရောက်​ချီတက်​မယ်
ဒေါင်း ​ဟေ့ ​ဒေါင်း  ​ဒေါင်း 
ဘယ်​သင်း​တွေ ဘယ်​အ​ကောင်​​တွေ 
ကြောက်​ချီးပန်း တုတ်​ရမ်းရမ်း
ဘယ်​သင်း​တွေဘယ်​အဝှာ​တွေ
ကြောက်​​သေးပန်းနှုတ်​ဆိတ်​စမ်း
ဒေါင်း ​ဟေ့ ​ဒေါင်း ​ဒေါင်း
ငါတို့ ​သွေး ​တွေ ​မြေမခမ်း 
လာစမ်း လာစမ်း လာစမ်း
ဒီမယ် ​​ဟေ့
ငါတို့​ကျောင်းသား
နိုင်​တယ်​​ဟေ့    
မတ်​လ အနီ
ဒီရာသီ ပဲလား 
တကယ်​ကို ဆိုက်​ဆိုက်
အချိန်​ကိုက်​ပါပဲလား
ဖုန်း​မော်​မ​သေဘူး
ဝင်း​မော်​ဦးမ​သေဘူး
ဘယ်​​ကျောင်းသားမှမ​သေဘူး
လက်​ပံတန်းလဲ မ​ကြေဘူး
ဒီမယ်​ ​ဟေ့ 
နိုင်​တယ်
ငါတို့​ကျောင်းသား
ကျောင်းသား​တွေ နိုင်​တယ်
နိုင်​တယ်​    ​ဟေ့   ။
မမသီရိ
၁၂ မတ်​ ၂၀၁၅
Sunday, January 04, 2015
လွတ်လပ်ရေး
ကိုယ်ပိုင်အလံ ကောင်းကင်ယံ လွင့်ရုံလောက်နဲ့
လွတ်လပ်ပြီ တဲ့လား
မလွတ်လပ်ခြင်းဆိုတာ ဘာလဲ သေချာသိမှ
လွတ်လပ်ခြင်းဆိုတာ ဘာလဲ ရေရေရာရာ ရှိမှာ
ငါတို့လွတ်လပ် ခဲ့ပြီလား..
မျှော်ကြည့်ရင်း မေးမိခဲ့တဲ့  ဆောင်းံနံနက်ခင်းဟာ..
မြူတွေ နဲ့ မှိုင်းရီလို့ .. အရာရာ မှုံဝါး .စွာ။
မမသီရိ
၀၄ ဇန်နဝါရီ ၂၀၁၅
Saturday, November 15, 2014
ဒေါင်း​သွေး
လူထဲမှာ လူငယ်
လူငယ်​မှာ ​ကျောင်းသား
ဒေါင်း တမန်​ ​ဒေါင်းအလံ
ကျောင်းနံရံ ပီပီ စိုက်​ပြီ​ကွဲ့
သမိုင်းမှာ လိုချိန်​ ​ရောက်​​လေတိုင်း
ထွက်​​ပေါ်လာ မ​ကြောက်​တရားများရယ်​နဲ့
ဒေါင်း​သွေး​တွေ နီ ၊၊
သပိတ်​ သပိတ်​ ​မှောက်​ ​မှောက်​။
သပိတ်​ သပိတ်​ ​မှောက်​ ​မှောက်​။
မမသီရိ
၁၅ နိုဝင်​ဘာ ၂၀၁၅
photo downloaded from facebook.
Thursday, November 06, 2014
The End
အရာအားလုံး ပြီးဆုံးသွားတဲ့အခါ
နိုဝင်ဘာမိုးရေစက်တွေဟာ ပြတင်းဘေးက တမာရွက်တွေပေါ်မှာ တွဲသီလို့..
မောင့် ထံ အမြန်ပြန်လာပါ သတင်းစကားဟာ
မာယာ မုန်းတိုင်းကြား ဖတ်သီဖတ်သီ နေခြည်ကြာသို့ လီဆယ်လို့ ..
ငါ့ ခြေသည်းတွေ ပေါ်မှာ..
ရွှေရောင် ပန်းပွင့်လေးများ အားကူညီ လို့ ရှေ့ဆီသို့ ..
ငါ ဖွင့်ရ မဲ့ တံခါးတွေ အကုန်လုံး သော့ အသစ် လဲ လိုက်ပြီးပြီ... I HATE YOU! OPPS!!!!!
မမသီရိ
၀၆ နိုဝင်ဘာ ၂၀၁၄
Friday, August 22, 2014
If I were Super Alien
လက်ညှိုးညွှန်ရာ ရေများ ဖြစ်လို့ကတော့
များများမြင့်မြင့်မမှန်း
မြို့လယ်ကောင် ဆူးလေဘုရားနား ပတ်လည်က
ဟိုအပြာရောင် တိုက်မြင့်မြင့်ကြီးတွေ ဖြိုချ
လမ်းလျှောက်မရတဲ့ ပလက်ဖောင်းပေါ်က ဈေးဗန်းတွေ မှုတ်ထုတ်
ကမ္ဘာကျော် တွေ ဒူးထောက်ရသူများ
ရွှေဥာဏ်တော်စူးရောက်.. စေတနာတွေဗူးမှောက်လို့တဲ့
လတ်လတ်ဆတ်ဆတ်ကြီး ပုပ်ပွ
ကမ်းနားလမ်း အမ်ပီအေ ရှေ့က
ကျက်သရေယုတ် လဲလျောင်း အဲဒီအလောင်းကြီးသာ ကော်ထုတ်ချင်..။
မှတ်ချက်။             ။ ရေစုန်မျော ရန်ကုန်
မမသီရိ
၂၂ သြဂုတ် ၂၀၁၄
Friday, August 15, 2014
ကမ္ဘာကြီးမငြိမ်းချမ်းသောအခါ
 ဒီကမ္ဘာ  ။။ ငြိမ်းချမ်းအောင်လို့ တဲ့..
ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့ကြီးတောင်
သေနတ်တွေ ကိုင်ရ
ငြိမ်းချမ်းရေးအတွက် မငြိမ်းချမ်းစွာ အစည်းအဝေးတွေ မရပ်မနား
လက်နက်တွေ တကားကား
ယမ်းငွေ့တွေကြားထဲမှာ..
တိုက်အပြိုအပျက်ပုံ တွေ အောက်မှာ..
လမ်းဘေးမှာ..
သံဆူးကြိုးတွေ နောက်မှာ..
တနေ့တခြား တိုးပွားလာသော ဒုက္ခသည်စခန်းတွေထဲမှာ..
မိခင်မဲ့ကလေးတွေ မျက်ရည်မခြောက်နိုင်မှတော့
သားပျောက်မိခင်တွေ သောက ကျိုးပေါက်နေသရွေ့တော့
မုဆိုးမ အရေအတွက်စာရင်းစာရွက်တွေ မြင့်မြင့်လာမှတော့
အပြစ်မဲ့သူတွေရဲ့ သွေးတွေ ချောင်းစီးမရပ်နိုင်သမျှတော့
ကိုယ်ကျင့်တရားတွေ တောင်တော နက်နက်ဆီ တိုးဝင်သွားပြီး
အတ္တ တွေ မာနတွေ ဖောက်ပြားသော မောဟတွေ စင်ပေါ်တက် မီးရောင်လက်တဲ့အခါ
စိတ်ချလက်ချ အိပ်စက် မရတာ ကြာလာ
ယဉ်ကျေးတဲ့ ခေတ်ကြီး လို့လဲပြောကြသေး
အန်းမ်ဘုရှ်တွေ ထောင်သောင်းချီ ပစ်ကြသေး
ပါးစပ်က  ဘုရား ဘုရား နဲ့ ငြိမ်းချမ်းရေး
လက်မှာ ဓါး တစ်ဝင့်ဝင့်နဲ့ ထီမထင် လူသတ်ဝန်မလေး
အချင်း မိုင် တစ်ထောင်လောက်နဲ့ ဥက္ကာခဲရေ
အလင်းနှစ် မိုင်တစ်သန်း နှုန်း 
အမြန်ဆုံး ပေါ့ .. လမ်းမှားလို့ ပဲ ဖြစ်ဖြစ်
ဝင်သာ တိုက်ခဲ့လိုက်ပါ ..
ဘုရားသခင်ပေါင်း များစွာ မေ့လျော့ ခံရတဲ့ ဒီမြေကမ္ဘာ ။
မမသီရိ
၁၂ သြဂုတ် ၂၀၁၄
Monday, August 11, 2014
နေ့သစ်
နေရောင်လဲ့လဲ့ ပြန်မြင်ရပြီ ကွဲ့ . တို့မြို့မှာ..
ကလေး ရေ.. တို့တတွေ တွင်းအောင်း သတ္တ၀ါလေးတွေ ဖြစ်ခဲ့တာ
သီတင်းပတ် အတော်ကြာ ခဲ့ပေါ့..
ကဲ လာ... မြက်ပင်တိပ်ဖျား
မိုးရေစက်ကလေးများ ကြွေသွားတဲ့ထိ..
အဲဒီ ကမူ ချောချော .. သောသော ညံ အောင် ပြေးဆင်းကြစို့ရဲ့
ပွင့်ချင်နေတဲ့ ... နှင်းဆီ ၀ါဝါ တွေ အနားမှာ....။
မမသီရိ
၁၁ သြဂုတ် ၂၀၁၄