အသဲ ကို စံနစ်တကျ ကွဲရအောင်လို့ဆိုပြီး
စဉ်းစား လိုက်ရတာများဆို.. တနေ့ နဲ့ တည...
စီးကရက် ကို မီးညှိ .. စတိုင်အပြည့်နဲ့ ကွဲ ရမလား...
ကော့တေးတကြိုက် ..
ရှန်ပိန် တငုံ .. ရီဝေ မှိုင်းမှိုင်း မှုန်စွာ အသဲကွဲ ရမလား..
ဆံပင် ခွေခွေ လိပ်လိပ်.. မဖြီး မသင်..
ရှုပ်ပွ အောင် တမင် ဆင် လို့ ကွဲ လိုက်ရမှာလား..
မျက်တောင် ကလေး ပုတ်ခတ် ပုတ်ခတ်..
မျက် ရည် ဝေ့ဝေ့ ကျလု စပ်စပ်.. ငို့မဲ့မဲ့ ကလေး နဲ့ များ ကွဲ ရမလား...
စန္ဒယားခလုတ်တွေ အပေါ်
ကြွက်လျှောက်ပြေးသံ အော်အောင် နှိပ်လို့ ..
အဆက်မပြတ်တီးပေးရင်း .. ကွဲလိုက်ရတော့မလား..
ဒါမှမဟုတ်..ပဲ... ရှေ့တွေ့ တဲ့ ခဲ တလုံး
ခြေသဲကလေး တချောင်း အဆုံးခံ ..ကန်ပြီး အသဲ ကွဲ ပြလိုက်ရမလား...
ဒါမှမဟုတ်..
ဇာတ်လမ်းတွဲ ထဲက ကောင်မလေးတွေလို
ရေချိုးခန်းထဲ . ရေပန်းအောက်မှာ ၀င်.ခို.. .
ခေါင်းမော့ ပြီး.. အော်ဟစ် .. အသဲ ကွဲ ပစ် ရမှာလား...
ခေါင်းတွေ ရှုပ်ပါပေါ့ ..
အဖြေရှာ မရတဲ့အဆုံး
ဘေးနား က ကတုံး ဆံတောက်မကလေး .. ကော်ဖီ ဖျော်ပေးခိုင်းလိုက်ပြီး ခဏ....
အိတ်စ်ပရက်ဆို.. ကော်ဖီမွှေးမွှး တခွက်နဲ့ ပဲ.. အသဲ ကွဲ ခြင်း အမှု ကိစ္စ ပြီး ဆုံးသွားရလေတော့တယ်....။
မမသီရိ
၈.၇.၂၀၁၁
Saturday, July 09, 2011
Saturday, July 02, 2011
ကြယ်တံခွန်...
ရေကြည်တပေါက်
သောက်ခွင့်ရမဲ့ အရေး
ရေတွင်းကလေးတွေ ဘယ်လောက်ထိ တူးရမှာလဲ ကွယ်...
လေပြေ တကြိုက်
ရှုရှိုက်ခွင့်ရမဲ့ အရေး
တောင်တွေ ဘယ်လောက်မြင့်မြင့် တက်ရမှာလဲ ကွယ်...
အနမ်းတပွင့်
လန်းစွင့်ဖို့ အရေး...
ဘယ်လို အရာတွေများ ထပ်ပြီး ပေးဆပ်ရမှာလဲ ချစ်သူ ရယ်...
ရေကြည်တွင်း တွေ ရာ ထောင်မက ကိုယ် တူးရလဲ ဖြစ်ပါတယ်..
တောင်တန်းတွေပေါ် မိုင်ထောင်ကျော် ထိ ကိုယ် တက်ရလဲ ဖြစ်ပါတယ်..
မင်း... နဖူး ကလေး တချက် နမ်းခွင့် ရဖို့ ရယ်..
မင်း ဆံ ပင်ကလေးတွေ့.. ထိတွေ့ ခွင့် ရဖို့ရယ်....
မင်း လက်ကလေးတွေ ပါးမှာ အပ်ထား ခွင့် ရယ်....
မင်း ရင်ခွင်ထဲ .. ခဏ လောက် မှေး စက်ခွင့် ကလေး ရယ်....
ခက်လိုက် တာများ ဆို...
ကြယ်တံခွန်တွေ လိုက်.. လိုက် .. ဖမ်းတာ မှ လွယ် လိမ့်အုံး မယ် ထင်ပါတယ်.....။
မမသီရိ
၂.၇.၂၀၁၁

Friday, June 24, 2011
ရောင်စုံ မီးပန်းတွေ
( ဘာတွေ လုပ်လို့ လုပ်မိမှန်းတောင် မသိတော့ပါဘူး ရှင်ရယ်...)
ဟိုမှာ တဖက်ကမ်း က ထွန်းညှိလိုက်တဲ့ ရောင်းစုံမီးပန်းတွေ...
ဘယ်အပွင့် ဟာ ဖြင့် ဘယ်သူ့ အတွက်လဲ ..
ဘယ်အရောင် ကဖြင့် ဘာကို ဆိုလိုလေသလဲ..
ဘယ်နှစ်ခက် ဖြာ ရင်တော့ ဘယ်လောက် ကြာကြာ လွမ်းနေသလဲ..
ဘယ်သူ တယောက်မှ သတိမထားမိသော်ငြားလေလဲ..
ဒီတယောက် ကတော့ဖြင့် အဲဒီ တပွင့်က အဲဒါ ကိုပြောတာလို့ သိကိုသိနေခဲ့ပါတယ်..
ခရီးက ဝေးနေတော့ တဖွားဖွား အသံ ကလေး ဖြင့် မကြား ရပေဘူး...
ရှင် ပစ်လွှတ်လိုက်တဲံ့မီး ပန်းကလေးတွေ .. .
ကျမ ရဲ့ ည ကောင်းကင် မှာရောင်စုံ တောက်ပလို့ပေါ့ .. ရှင်ရယ်...
ည ပိုးကောင် တွေ စီစီ ညံ အောင် ၀ိုင်း အော်တော့
ရုတ်တရက် နင့် နင့် သည်းသည်း... ရှင့် ကို .. လွမ်း မိပါတယ်....
မှောင် ရီ စွန်း စ တညနေခင်း..
ကျမ .. ကျမ စာ စီရင်း လွမ်းထားတဲ့ ကဗျာ လေး ..
တလုံး စီကြွေ လို့.. ပုလဲ လုံးကလေး တွေ လို.. ရှင့် ဆီ လိမ့်လာ လိမ့် မယ်...
ဖမ်းယူ ကောက်သိမ်း ထား ပါ့ .. ကျမတို့ ဆုံ တဲ့ ထိ ပေါ့ .. ကွယ်...........။
မမသီရိ
Monday, June 20, 2011
You are the Wind Beneath My Wings
You're The "Wind Beneath My Wings"
Oh, oh, oh, oh, oh.
It must have been cold there in my shadow,
to never have sunlight on your face.
You were content to let me shine, that's your way.
You always walked a step behind.
So I was the one with all the glory,
while you were the one with all the strength.
A beautiful face without a name for so long.
A beautiful smile to hide the pain.
Did you ever know that you're my hero,
and everything I would like to be?
I can fly higher than an eagle,
'cause you are the wind beneath my wings.
It might have appeared to go unnoticed,
but I've got it all here in my heart.
I want you to know I know the truth, of course I know it.
I would be nothing without you.
Did you ever know that you're my hero?
You're everything I wish I could be.
I could fly higher than an eagle,
'cause you are the wind beneath my wings.
Did I ever tell you you're my hero?
You're everything, everything I wish I could be.
Oh, and I, I could fly higher than an eagle,
'cause you are the wind beneath my wings,
'cause you are the wind beneath my wings.
Oh, the wind beneath my wings.
You, you, you, you are the wind beneath my wings.
Fly, fly, fly away. You let me fly so high.
Oh, you, you, you, the wind beneath my wings.
Oh, you, you, you, the wind beneath my wings.
Fly, fly, fly high against the sky,
so high I almost touch the sky.
Thank you, thank you,
thank God for you, the wind beneath my wings.

We Love you So Much!!
We Thank You So Much!!!
All these are From our Hearts!!!
HAPPY BIRTHDAY, HAPPY BIRTHDAY, HAPPY BIRTHDAY
အတူတူ အလုပ်လုပ်ခဲ့တာ ၄ နှစ်ကျော်ပဲ ဖြစ်ပေမဲ့.. သိခဲ့ကြတာက ၈ နှစ်ကျော်ခဲ့ပြီ.. နှစ်လိုဖွယ်ရာ အပြုံးကို အမြဲ ပန်ဆင်ထားနိုင်ပြီး.. တွေ့သမျှ လူတိုင်းအတွက် မေတ္တာနဲ့ နားလည် ဆက်ဆံပေးနိုင်သူ.. မိမိ ကိုယ် ကို အမြဲ နှိမ့်ချ နေထိုင်ပြီး သူတပါး အတွက် ဘာပေးဆပ်ရမလဲ လို့ အမြဲ ကြံစည်နေတတ်သူ... အနေ အထိုင် အစား အသော် အားလုံး မှာ အမြဲ အနစ်နာခံတတ်သူ..။ အလုပမှာ အမြဲတိကျမှန်ကန်လွန်းလှ သော်လည်း၊ ဘ်လိုပ်ခြင်း မမျှတခြင်း၊ ဖုံးကွယ်ခြင်း ဘယ်တုန်းကမှ မရှိသော်လည်း ဒေါသ ဆိုတာ ဘယ်တုန်းကမှ ကျမတို့ မမြင် မတွေ့ခဲ့ဖူး သူ.ပါ.။ ကျမ နဲ့ တခြား ၀န်ထမ်း ၂၀၀ ကျော်ရဲ့ဘ၀ တွေအတွက်.. အင်အား ဖြစ်စေခဲ့ပြီး .. ဘ၀ မှာ အလင်းရောင် ထွန်းလင်းအောင် စွမ်းဆောင်ပေနိုင်ခဲ့သူပါ... သူ့ကိုကျမတို့အားလုံး ချစ်တာထက် သူကကျမတို့အာလုံးကို ပိုပေးဆပ် ချစ်ခဲ့နိုင် တာပါ..
တကယ်ဆို သူ့ အသက်အရွယ်က အငြိမ်းစားယူပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းနေသွား ရဖို့ ဖြစ်ပေမဲ့.. အမေရိကား မှာ မိသားစုနဲ့ သမီးလေး ၂ ယောက်ရနေပြီ ဖြစ်တဲ့ တစ်ဦးတည်းသော သား က ဘယ်လိုပင်ခေါ်နေသော်ငြား... အာရှ နိုင်ငံတခုမှာ တယောက်တည်း နေ. နေရ တဲ့.. ဇနီးသည်က ပြန်လာပြီး သက်တောင့်သက်သာ နေစေလိုသော်ငြား... သူတာဝန်ကျနေတဲ့ ဒီကျေးလက် က မိန်းကလေး ငယ်တွေ နဲ့ လူငယ်တွေ ရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သူ့ ဘ၀ကို ဆယ်စုနှစ် တခုစာလုံး ဇနပုဒ်ကလေးမှာ အလုံး စုံ မြှုပ်နှံထားခဲ့တဲ့.. ကျမတို့ ဆရာ..
သူ့ ကို ကျမတို့ချစ်တာ.. စီမံကိန်းဒါရိုက်တာ တယောက်ဖြစ်နေလို့ မဟုတ်ပဲ.. ဖခင်တယောက် ..သဖွယ်.. ခေါင်းဆောင်ကောင်း နဲ့ ဆရာကောင်းတယောက် လိုချစ်ကြတာမို့.. ကျမတို့ ကြားက သံယောဇဉ်တွေက..ခိုင်မြဲလွန်းလှပါတယ်.. မြန်မာပြည်ဖွား နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည့်နဲ့ တစ်နှစ်တည်း၊ တလတည်းမှာ ၂ ရက်ခြား ပြီး ဖွားခဲ့တဲ့ ဇွန် ၂၁ မှာ ကျရောက်တဲ့ ဆရာ့ မွေးနေ့ အတွက်.. ပါ...။
မမသီရိ
Labels:
မွေးနေ့လက်ဆောင်,
နှစ်သက်မိသောသီချင်းများ
Wednesday, June 15, 2011
If We Hold on Together
ဒီကမ္ဘာပေါ်မှာ လူတွေ ၊ ဆင်တွေ မျောက်ဝံတွေ မြေခွေး တွေ၊ ဝေလ ငါးတွေ မပေါ်ခင်တုန်းက ဒိုင်နိုဆောပဲ ဒီကမ္ဘာကြီးကို ကြီးစိုးခဲ့ကြတာ တဲ့.... သစ်ရွက်စိမ်းတွေ ပေါများပြီး အစာရေစာ ကြွယ်ဝတဲ့ မဟာလွင်ပြင်ကျယ် ကြီးဆီ ကို ခရီးချီ ခဲ့ကြတဲ့ ဒိုင်နိုဆော အုပ်စုအချို့ ရှိခဲ့ဖူးတယ်..
အဲဒီအချိန်က ဒိုင်နိုဆော မျိုးစိတ်တွေ မှာ.. သွားချွန်တဲ့ အသား စား မျိုးစိတ်နဲ့၊ အရွက်စား မျိုးစိတ် ရယ်လို့ အခြေခံ အုပ်စုကြီး ၂စု ရှိခဲ့ပါသတဲ့...
Little Foot လို့အမည်ရတဲ့ လည်ပင်းရှည်မျိုးစိတ် ဒိုင်နိုဆောကလေးငယ်လေး တယောက် ဟာ ဒိုင်နိုဆော ကမ္ဘာ ထဲမှာ မွေးဖွားခဲ့ပါတယ်.. သူ့ကိုမွေးတဲ့အချိန်နဲ့ မရှေးမနှောင်းမှာပဲ.. ရန်လိုပြီး မာနထောင်လွှား တဲံ ချို၃ ချောင်းမျိုးစိတ်က Cera အမည်ရတဲ့ ဒခိုင်နိုဆောမလေး တစ်ကောင်ကို မွေးဖွားခဲ့တယ်..
တနေ့မှာတော့ မဟာလွင်ပြင်ကျယ် စားကျက်ကြီး ကို သွားနေကြတုန်း.. Little Foot နဲ့ Cera တို့ဟာ အသားစား ဒိုင်နိုဆောကြီးရဲ့ ရန်ပြုတာခံခဲ့ရတဲံ အပြင်.. ကမ္ဘာဦးမြေလွှာ ပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်ခဲ့ ပြင်းထန်းတဲ့ ငလျင်ကြီးကြောင့် မိသားစု နဲ့ ဝေးခဲ့ကြတယ်.. Little Foot ရဲ့အမေကတော့ အသားစား ဒိုင်နိုဆောကြီး နဲ့ တိုက်ခိုက်ခဲ့ရလို့ ရယ်၊ မြေငလျင်ဒဏ်ကြောင့်ရယ် မီးတောင်ပေါက်ကွဲတဲံ့ဒဏ်ကြောင့်ရယ် အသက်ဆုံးရှုံးခဲ့ရတယ်..။ အမေသေဆုံး လို့ စိတ်ဓါတ်ကျနေတုန်း လမ်းပျောက်ခဲံတဲံ Little Foot ကလေး ဟာ.. သူ့ အမေမှာကြားခဲ့၊ သင်ကြားခဲ့တဲံ စကားတွေ နဲ့ အမေ့ လက်ဆောင် သစ်ရွက်စိမ်းကလေး ကြောင့် အင်အားတွေ ပြန်ဖြစ်လာပြီး သူ့နဲ့ ဘ၀ တူ မိဘ ကလေး ငယ်တွေ ကို ဦးဆောင်ရင်းနဲ့ မဟာလွင်ပြင်ကျယ် ဆီ ကို အရောက်သွားခဲ့ကြတဲံ ဇာတ်လမ်းကလေး ပါ.... The Land Before Time လို့အမည်ရပါတယ်..။ အတော်များများလဲ ကြည့်ဖူးပြီးသား သိပြီးသား ဖြစ်မှာပါ။ ကလေးတွေ အတွက် ရည်ရွယ်ထုတ်ခဲ့တာပေမဲ့ လူငယ်တွေ နဲ့ လူကြီးတွေ အတွက်လဲ သင်ခန်းစာယူစရာတွေ အများ ကြီး ရှိတဲံ ဇာတ်လမ်းလေး ဖြစ်ပါတယ်..။
....................
၁၉၈၈ ခုမှာ Universal Studios က စီစဉ်ပြီး ဒါရိုက်တာ Don Bluth ၊ နဲ့ executive-producers တွေက Steven Spielberg, George Lucas, Kathleen Kennedy, နဲ့ Frank Marshall. ဖြစ်ပါတယ်။
ဒီအခွေလေး ကို ကျမတို့ ရဲ့ လူငယ်ပရောဂျက်မှာ သင်ခန်းစား တခု အနေနဲ့ ထည့်သွင်း အသုံးပြုခဲ့တာပါ..။ အဲဒီ ဇာတ်လမ်းရဲ့ ဇာသိမ်းပိုင်းမှာ Diana Ross သီဆိုထားတဲ့ နာမည်ကျော်သီချင်း If We hold on Together ကလဲ အဓိပါယ် အလွန်ပြည့်ဝတဲ့ သီချင်းလေးတပုဒ်ပါ။ ကျမတို့သင်တန်းတွေရဲ့အဓိကအသုံးပြုတဲ့ သီချင်းတပုဒ်လဲ ဖြစ်ပါတယ်..။
ဒီဇာတ်ကား ကလေး ကို လူငယ်တွေကိုပြသပြီး.. ကောက်ချက်ကလေး ဆွဲ နှုတ်တိုင်း ကျမရဲ့ မျက်စိ နဲ့ အတွေးထဲမှာ.. ကျမတို့ ရဲ့ လူထုခေါင်းဆောင် ကို အမြဲ အမှတ်ရမိပါတယ်..။
သူမအနေနဲ့ ခုနေချိန်ခါ အခက်အခဲတွေ နဲ့ ဆင်မပြေမှုတွေနဲ့ မီးတောင်တွေ ကျော်နေရသော်လည်း သူမချစ်တဲံ မြန်မာပြည်သူလူထု အတွက် ဆက်လက် ဦးဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်..။
တဆက်တည်းမှာပဲ.. ၁၉၈၈ မျိုးဆက်ကျောင်းသား တွေ လဲ ပဲ If We Hold On Together သီချင်းလေးနဲ့ ဆက်လက်ပြီး ပန်းတိုင်ရောက်တဲ့ လက်တွဲ မဖြုတ်ကြဖို့ တိုက်တွန်းရင်း နဲ့ .. လူထုခေါင်းဆောင် ရဲ့ ဇွန်လ ၁၉ ရက်နေ့ မွေးနေ့ ကို ဂုဏ်ပြု လိုက်ပါတယ်..။
Don't lose your way
With each passing day
You've come so far
Don't throw it away
Live believing
Dreams are for weaving
Wonders are waiting to start
Live your story
Faith, hope & glory
Hold to the truth in your heart
If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I
Souls in the wind
Must learn how to bend
Seek out a star
Hold on to the end
Valley, mountain
There is a fountain
Washes our tears all away
Words are swaying
Someone is praying
Please let us come home to stay
If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I
When we are out there in the dark
We'll dream about the sun
In the dark we'll feel the light
Warm our hearts, everyone
If we hold on together
I know our dreams will never die
Dreams see us through to forever
As high as souls can fly
The clouds roll by
For you and I
အားလုံးကိုချစ်ခင်လေးစားတဲ့
မမသီရိ
၁၅.၆.၂၀၁၁
Theme to: The Land Before Time
IF WE HOLD ON TOGETHER - Diana RossWith each passing day
You've come so far
Don't throw it away
Live believing
Dreams are for weaving
Wonders are waiting to start
Live your story
Faith, hope & glory
Hold to the truth in your heart
If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I
Souls in the wind
Must learn how to bend
Seek out a star
Hold on to the end
Valley, mountain
There is a fountain
Washes our tears all away
Words are swaying
Someone is praying
Please let us come home to stay
If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I
When we are out there in the dark
We'll dream about the sun
In the dark we'll feel the light
Warm our hearts, everyone
If we hold on together
I know our dreams will never die
Dreams see us through to forever
As high as souls can fly
The clouds roll by
For you and I
အားလုံးကိုချစ်ခင်လေးစားတဲ့
မမသီရိ
၁၅.၆.၂၀၁၁
Monday, June 06, 2011
မြတ်နိုးဖွယ်ရာ အစိမ်းရောင်
ဆဲလ် အသေတွေနဲ့
မာကျစ်နေခဲ့ပြီဖြစ်တဲ့ နှလုံးသား..
ဆတ် ကနဲ ခါအောင်.. လှုပ်နှိုးလိုက်တာ... ဘယ်သူလဲ...
ဒီလောက် ညီညာ ချောမွေ့ တည်ည် ငြိမ်ငြိမ် လမ်းကလေး..
အက်မွ ကြွေကျ.. အလဲလဲ.. အကွဲ ကွဲ ....
လေထဲ မိုးထဲ... ထီး မဆောင်းပဲ လျှောက်သွားခဲ့တာ..
ဘယ်သူ့ ကိုလွမ်းလို့လဲ.. မင်း မေးကြည့်ရဲပါရဲ့လား...
ကျမ ရဲ့ အညိုရောင်တောင်ကြား ကလေး.. ပြန်စိမ်းနေပြီ...
စိန်ပန်းနီနီတွေ .. ဖြန့်ကျဲ ချထားသော.. မြက်ခင်း စိမ်း..
သစ်ရွက်တွေ စိမ်းလန်းလွန်းနေတာ..
မိုးရေစက်တွေ တခုတည်းကြောင့်တော့ မဟုတ်တန်ရာ...
သူ တို့ ကိုယ်တိုင် စိမ်း လို့ လဲ စိမ်း တာပေါ့....
မိုးကြို ရင်ငွေ့.. ဖွဲ လိုက် သဲ လိုက် အောက်မှာ...
ပြန်လည် ရှင်သန် ထမြောက် ခဲ့သော နှလုံးသား.....
လန်း ဆတ်နေလိုက် တာဆို.......
သူ့ ကို ချစ်ခြင်းတွေ ကြောင့်ပါပဲ... စိမ်းစိမ်းကို လဲ့ လို့............။
မမသီရိ
ဇွန် ၃၊ ၂၀၁၁

Thursday, June 02, 2011
ရွှေနဖူးစာ
ချစ်သူတို့ လျှောက်သောလမ်း ..
ဆူးကြမ်းချင်လဲ ကြမ်းမယ်...
ပန်းလွှမ်း ရင် လဲ လွှမ်းမယ်...
နှစ်ယောက် အတူတူ တဘ၀..
ထူထောင်ကြစို့ လို့ ..
ရည် ရွယ် လက်တွဲ ပြီး ကြမှတော့....
မိုးရွာသော နေ့ မှာ မိုး နဲ့ ပျော်စေ..
နှင်းဝေသော မနက်တွေ နှင်းနဲ့ ပျော်စေ..
နွေထူသော နေ့ခင်းတွေ... ချွေးနဲ့ ပျော်စေ...
မှောင်လွန်းသော.. ညများ.. တွဲလက်နဲ့ ဖြတ်စေ..
ရှည်လွန်းသော ညများ... ရင်ငွေ့လှုံ ကျော်စေ..
ပြုခဲ့ဖူး သော.. သစ္စာ.... ကမ္ဘာတည်သရွေ့ တိုင်ပါစေ.......။
မောင်ငယ် အရင်းအချာ တယောက်လိုချစ်ခင်ရတဲ့ မောင်ငယ်ကလေး .. အမှတ်တမဲ...............နှင်း ဘလော့ပိုင်ရှင်... ကဗျာဆရာကလေး ဘုန်းနေသွန်း နဲ့ ချစ်သူ မီ တို့ ရဲ့ မင်္ဂလာ ၂ လ ပြည့် အမှတ်တရ ပါ..
ကဗျာရေးဖြစ်တာ အတော်ကြာနေပေမဲ့ အကြောင်းကြောင်း ကြောင့် တင်မပေး နိုင်ခဲ့ဘူး...
မင်္ဂလာပွဲ ကို အရောက်မလာ နိုင်ခဲ့တဲ့အတွက်လဲ နားလည်ပေးစေလိုပါတယ် မောင်လေး နဲ့ ညီမလေး ရေ..။
ချစ်တဲ့
မမသီရိ
Wednesday, May 25, 2011
ခိုင်လွန်းသည့်ကြိုး
မမြင်ရပေလို့ပေပဲ..
ခိုင်မာလိုက်တဲ့ ကြိုးတမျှင်..
လွန်းတင်ထားခဲ့ တဲ့ ကြိုးပေါင်း က ၂၀၀၀ ကျော်.မို့.
မောင်ရေ...
၅၂၈ ပင် နဲ့ ချည် ထားခဲံ့
နောက်ထပ်ကြိုး ပေါင်း ၁၅၀၀ .. ထပ် ပြီး အားဖြည့်ထားမိမှတော့
ဘယ်သူတွေ ဘယ်လိုဖြည် ချင်လဲ ရတော့မယ် မထင်..
ကော်ဖီ တူတူ သောက်ချင်တယ်
စန္ဒယားတူတူတီးချင်တယ်
ဥယျာဉ်တူတူစိုက်ချင်တယ်
အဖျား နဲ့ချမ်း နေတဲ့ အခါ ဖက်ထားပေးမယ်
အိမ်အလွမ်း စိတ် တွေ တူတူ မျှဝေလို့..
နေညို ချိန်အတွေးတွေ ဖမ်းယူ စုတ်ချက်တင်ရင်း..
ညသန်းခေါင်ကျော် .. ကဗျာ တပုဒ် ရေးတဲ့အခါ ..
မောင့် ကို နှိုးပြီး ဖတ်ခိုင်း ရင် စိတ်မဆိုးပါနဲ့...
လူတွေက ရူးလိုက်တာလို့ ပြောရင် လဲ ကျမ က ပြုံးပဲ ပြုံးနေလိုက်မှာ...
အချစ်တွေ သေဆုံး တယ် ဆိုတာ မယုံ ကြည်သူမို့..
ဓား ထက်ထက် တွေ အလုပ်ပို ရှာ ရင်း မသွေးပါနဲ့ တော့ မောင်.....။
မမသီရိ
မေ ၂၀၁၁

Saturday, May 21, 2011
You're Still The One
ဒီ ကနေဒီယံ အမျိုးသမီးကလေးကို နှစ်သက်မိတာ နှစ်တွေ အတော်ကြာခဲ့ပါပြီ..။
ကျက်သရေရှိလှတဲ့ သူ့ မျက်နှာ၊ ချစ်စဖွယ် သူ့ အပြုံး.. ၊ နှာခေါင်းသံ ကလေး သဲ့သဲ့ နဲ့ သူ့ အသံ ကို ဘယ်လို စွဲ မက်မိမှန်းမသိ..။ သူ့ ထွက်သမျှ အခွေတွေ လဲ ၀ယ်ဖြစ်တာပါပဲ..။
သူ့ သီချင်းတွေ အတော်များများ ကို စွဲစွဲလမ်းလမ်း ကြိုက်ပါတယ်..။
စိတ်တွေ ညစ်တဲ့အခါ တိုင်း... စိတ်ဖိစီးမှုတွေ များလာတိုင်းမှာ နားထောင်ဖြစ်တာ သူမကလေးရဲ့ သီချင်းတွေပါ.. ။ သီချင်းရေးတာရော.. ဆိုတာရော.. တီးတာပါ ရတဲ့ သူမရဲ့ ပါရမီ ကို အားကျမိတာလဲ အခါခါ..
ဒီသီချင်းက.. နှစ်သက်မိသာ သီချင်းများထဲ တပုဒ်ပါ............။
You're Still The One
Songwriters: Lange, Robert; Twain, Shania;
When I first saw you, I saw love
And the first time you touched me, I felt love
And after all this time, you're still the one I love
Looks like we made it
Look how far we've come my baby
We mighta took the long way
We knew we'd get there someday
They said, "I bet they'll never make it"
But just look at us holding on
We're still together still going strong
(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life
(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night
Ain't nothin' better
We beat the odds together
I'm glad we didn't listen
[- From :http://www.elyrics.net/read/s/shania-twain-lyrics/you_re-still-the-one-lyrics.html -]
Look at what we would be missin'

You're still the one
(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life
(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night
I'm so glad we made it
Look how far we've come my baby
these lyrics are last corrected by kendal gunier

Tuesday, May 17, 2011
ခရမ်းရောင် ခမောင်းပန်းတို့ရဲ့အလယ်
နှစ်ချက် ပြတ်ချင်လို့
တချက်ခုတ်ခဲ့လေသလား
မမြင်ရတဲ့ ကြိုးတချောင်း ပြတ်သွားတဲ့အခါ..
တော်လဲ သွားခဲ့ပေါ့ ဒီမြေကမ္ဘာ...
ပန်းတွေ ပြာနေအောင်ပျံ့ကျဲ..
ရုတ်ရုတ်သဲသဲ ညဥ့်ငှက်တို့ ထပျံ..
နွေနှောင်း ခမောင်းပွင့်တွေ..
ခရမ်းရောင် မှိုင်းလို့ဖြင့် လွမ်းကျန်......
မျိုးဗီဇ ပြောင်းလဲလို့ စွင့်ကားတဲ့ နှင်းဆီရယ်..
တောင်စောင်းပေါ်က အလေ့ကျ နှင်းဆီ ရိုင်းရယ်...
ခံစား တတ်ခဲ့ရင်ဖြင့်..အလှချင်း က အတူတူ ပါပဲ..
မင်းတမ်းတဖူးတဲ့.. အပြာရောင် ကြယ်ဟာ..
မင့် ဘယ် ရင်အုံ ပေါ်က
အဖြူရောင် နှင်းဆီ ရိုင်းကလေးလောက်
မနွေးထွေးစေနိုင်မှန်း.. မင်းသိလာမဲ့ တနေ့ မရောက်ခင် ကလေး မှာပဲ.....
တောင်တကြော... လင်းပြာနေအောင် ပွင့်သော..
ခမောင်းတော.. တွေ ရဲ့ အလယ်.....
မမြင်ရတဲ့ ကြိုးတချောင်း..ပြတ်ခဲ့သော အခါ...
မင်း ခို နားမယောင် ပြုခဲ့ဖူးသော... ရင်ခွင်ငယ်ကလေး တခု... ဟာ........ ။
မမသီရိ
၁၇ မေ ၂၀၁၁

Wednesday, May 11, 2011
1.1.11-11.1.11-1.11.11-11.11.11
၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေနဲ့ ထူးခြားနေတဲ့ နှစ်ဖြစ်ပြီး တရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေ ပညာအလိုအရ ဒီနှစ်ကို ငွေအိတ်နှစ် လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ ဇူလိုင်လဟာ တနင်္ဂနွေ ၅ ရက်၊ စနေ ၅ ရက် နဲ့ သောကြာ ၅ ၇က်စီ ရှိနေပြီး ခုလို မျိုး တိုက်ဆိုင်ဖို့ အတွက် ၈၂၃ နှစ်ကြာမှ တစ်ကြိမ် တွေ့ နိုင်ပါသတဲ့။
၂၀၁၁ ခုနှစ် ထဲမှာ ပဲ ၁ ဂဏန်းတွေ ဆင့်နေတဲ့ နေ့ စွဲ ၄ ကြိမ် ရှိပါတယ်
၁-၁-၁၁ ။ ၁၁-၁-၁၁။ ၁-၁၁-၁၁ နဲ့ ၁၁-၁၁-၁၁ ရက်တွေ ပါပဲ ..
နောက်အထူးခြား ဆုံး အချက်ကတော့ မိမိမွေးတဲ့ မွေးသက္ကရာဇ် ခုနှစ် ရဲ့ နောက်ဆုံး ဂဏန်း နှစ်လုံး နဲ့ မိမိ ရဲ့ ခု ရောက်ရှိနေတဲ့ အသက် ကိုပေါင်းလိုက်ရင် ၁၁၁ ရပါတယ်.. ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူတိုင်း အတူတူ ဖြစ်နေတဲ့ အချက်ပါ.. (ဥပမာ ၁၉၈၈ မှာမွေးတဲ့သူတယောက်က ခု ၂၃ နှစ် ရှိပြီး - ၈၈ နဲ့ ၂၃ ပေါင်းရင် ၁၁၁ ရပါတယ်..) ..
ဖော်ဝါ့မေးလ်က ရခဲ့တဲ့ အကြောင်းအရာလေး တခုပါ။
Money bags
This year, July has 5 Fridays, 5 Saturdays and 5 Sundays. This happens
Once every 823 years. This is called money bags. So, forward this to
Your friends and money will arrive within 4 days. Based on Chinese
Feng Shui. The one who does not forward.....will be without money.
Interesting - read on!!!
This year we're going to experience four unusual dates.
1/1/11, 1/11/11, 11/1/11, 11/11/11 and that's not all...
Take the last two digits of the year in which you were born - now add
The age you will be this year,
The results will be 111 for everyone in whole world. This is the year of
The Money!!!
The proverb goes that if you send this to eight good friends money will
Appear in next four days as it is explained in Chinese FENGSHUI.
Those who don't continue the chain won't receive.......
Its a mystery, but its worth a try. Good luck.
မမသီရိ
၁၁.၅.၁၁

This is kind of interesting ..... read it all and do the birthday calculation!
THIS IS THE ONLY TIME WE WILL SEE AND LIVE THIS EVENT
Calendar for July 2011
Calendar for July 2011
July | |||||||||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||||||||
Money bags
This year, July has 5 Fridays, 5 Saturdays and 5 Sundays. This happens
Once every 823 years. This is called money bags. So, forward this to
Your friends and money will arrive within 4 days. Based on Chinese
Feng Shui. The one who does not forward.....will be without money.
Interesting - read on!!!
This year we're going to experience four unusual dates.
1/1/11, 1/11/11, 11/1/11, 11/11/11 and that's not all...
Take the last two digits of the year in which you were born - now add
The age you will be this year,
The results will be 111 for everyone in whole world. This is the year of
The Money!!!
The proverb goes that if you send this to eight good friends money will
Appear in next four days as it is explained in Chinese FENGSHUI.
Those who don't continue the chain won't receive.......
Its a mystery, but its worth a try. Good luck.
မမသီရိ
၁၁.၅.၁၁
Saturday, May 07, 2011
မာယာတောင်တန်းများ.. နဲ့.. အဆုံးရှာမရခဲ့ တဲ့ ကဗျာ
စိတ်ကူးယဉ်ခဲ့ဖူးတာပေါ့..
ဘယ်ပြောကောင်းပါ့မလဲ..
သူကောက်ကောက် သီခဲ့တဲ့.. ပန်းခြောက်တွေ.
ကိုယ့် အတွက် သာ.. လေ လား.....
ကြည်နူးဖူးခဲ့တာပေါ့...
တနေ့လုံး တည လုံး.. တရာသီလုံး...
အဆုံး မရှိ ချစ်ခြင်းများနဲ့.. ရယ်မော ရွှင်ပြုံး..
သူ့ နှလုံးသား ပိုင် ဆိုင် ခဲ့ ရပြီ ထင်လို့...
တကယ်တော့ .. ကျ မချစ်သူ က..
ဟို ဝေးဝေး က တောင် တန်း ပြာ...
အဲဒီ တောင်တန်းတွေ မှာ..
အဲ သလောက် မာယာ များတဲ့ အကြောင်း..
ခုမှ ကောင်းကောင်း သိခဲ့ရတော့ တာ..
ညိုမလို.. ပြာ မလို.. အမြဲရီဝေချိုနေတတ်တာ မို့လဲ..
တကဲ့.. မသိတတ် မိနိုင်ခဲ့ ရိုး အမှန်...
မကြာ မကြာ.. သူ့ အနား အခါခါ ရောက်မိတော့မှ
အဲဒီ တောင်တန်း တွေ ပေါ့..
ကောင်းကင်မှာ.. တိမ်ညို ပြီ ဆိုတာနဲ့.. သူ က လိုက် ညို့....
မိုး ကလေး တဖွဲဖွဲ စလိုက်ပြီ ဆို... သူ.. .ရေ တံခွန် တွေ နဲ့.. ရင်ကွဲ ပြ...
မိုးကလေး နဲနဲ သဲ မိလို့ကတော့... ပြို နေအောင် လွမ်း....
နှင်းတွေ ဝေတဲ့ အခါ မျိုး မှာ.. ဟန်ချီ ပိတ် ပိတ် ဖုံး......
မုန်းလိုက် ချင်လို့ ဆို ပြီး..... အဲဒီ တောင်တန်းတွေ ကျောခိုင်း...
ဟိုး ကွင်းပြင် တွေ ဆီ... ငါ လှည့်အော်တော့....
မြစ်လယ် က လှိုင်းကြက်ခွပ် ကလေးတွေ... ခိုးခိုး ခစ်ခစ် ငါ့ ကို လှောင် ရီ တယ်.....။
မမသီရိ
၇.၅.၂၀၁၁

Monday, May 02, 2011
စီးမျောခြင်းများ...
မြစ်တွေစီးဆင်းသွား ကြတယ်...
တိမ်တွေ လွင့်မျော သွားကြတယ်...
ငှက်တွေ ပျံသန်းသွားကြတယ.်....
ပန်းတွေကြွေကျသွားကြတယ်.....
အရာရာ ဟာ....
မတည်မြဲခြင်း သဘောတရား နဲ့
တောက်ပ လင်းလက်လို့...
မှုန်ကုပ်ကုပ် လုပ်ပြီး...
မတုန်လှုပ်တာဆိုလို့..
သင်္ခါရ အစို့ အညှောင့်တွေသာ...
ဟိုမှာ... ဒီမှာ... ဒီမှာ... ဟို မှာ.... နေရာ တိုင်းမှာ.........။
မမသီရိ
၃.၅.၂၀၁၁

Saturday, April 30, 2011
ချစ်သော အကိုကြီး ကောင်းရာဘုံမှာ ပျော်ပါစေ
ဘယ်လိုမှ မယုံချင်ပါ
ဘာကိုမှ မယုံချင်ပါ
အကိုကြီးနဲ့ နောက်ဆုံး ဆက်သွယ်ဖြစ်တဲ့ စာ..
အကိုကြီး ..ကောင်းရာဘုံမှာ ပျော်ပါစေ
ချစ်တဲ့ ညီမလေး မမသီရိ
....................................................................................................................
ma lay
အကိုကြီး မတွေ့တာအတော်ကြာပြီ နယ်တွေ ခရီးထွက်ရတာမျးနေတာနဲ့ သင်တန်းတွေ များနေတာန...
Apr 20 (11 days ago)
ma layLoading...Apr 20 (11 days ago)
Reply |ma lay to maungnaipe
show details Apr 20 (11 days ago)
အကိုကြီး
မတွေ့တာအတော်ကြာပြီ
နယ်တွေ ခရီးထွက်ရတာမျးနေတာနဲ့ သင်တန်းတွေ များနေတာနဲ့ အကိုကြီးနဲ့ မဆက်သွယ်အားဘူး
နေကောင်းရဲ့လား
သင်္ကြန်တုန်း က ကောင်းမှုတွေလုပ်ရင်း အကိုကြီး အတွက်လဲ ဆုတောင်းဖြစ်ပါတယ်
သတိရနေပါတယ် အကိုကြီး
ချစ်ခင်လျက်
ညီမ မမသီရိ
PS: အကိုကြီး ဖုန်းနံပါတ်လေး ပေးထားပါ အဆင်ပြေရင် ခေါ်ရအောင်
Reply ForwardNai is not available to chat
Nai Peအကိုကြီးနှမ..ပန်းလေးရာ ညည်းကိုပျောက်နေလို့သတိရနေတာ အလုပ်တွေ ရှုတ်နေမှာပဲဆိုပြီ...
Apr 20 (10 days ago)
Nai PeLoading...Apr 20 (10 days ago)
Reply |Nai Pe to me
show details Apr 20 (10 days ago)
အကိုကြီးနှမ..ပန်းလေးရာ
ညည်းကိုပျောက်နေလို့သတိရနေတာ အလုပ်တွေ ရှုတ်နေမှာပဲဆိုပြီး
စာမရေးဖြစ်တာ၊ အကိုကြီးလဲ ခု...နေကောင်းကျန်းမာတယ်၊ အစကတော့ ကင်ဆာဆိုပြီး..ခုမဟုတ်တော့ပြန်ဘူးတဲ့၊ အကိုကြီးခရီးထွက်...လျောက်လည်နေလို့ ၊ အရင်အပတ်ကတော့ ခရီးပန်းပြီး ဖျားသေးတယ်၊ အကိုကြီး ဖုန်းနံပါတ်နဲ့
e mail ကိုအကိုကြီးဘလော့ဂ်မှာ တင်ထားသေးတယ်၊ ဖုန်းနံပါတ်က ၈၃၂ ၂၆၆ ၂၄၂၂ 832 2662422
အကိုကြီး
2 011/4/20 ma lay
- Show quoted text -
ma lay to Nai
show details Apr 20 (10 days ago)
အကိုကြီး
တကယ်ပြောတာလား
ဒါဆို မမတို့ မေတ္တာတွေ အကိုကြီး တကယ် ရတယ်ပေါ့
ပျော်လိုက်တာ အကိုကြီး
ဘ၀မှာ ရှားရှားပါးပါး ဖြစ်မှာ နော် မယုံ နိုင်စရာပဲ
တကယ်တော့ အကိုကြီးဆီ စာရေး ရင် ရင်ထဲ မကောင်းလွန်းလို့ သတိရတိုင်းမရေးတာပါ
ခုတော့ ဘယ်လိုပျော်မှန်းမသိဘူး ..
ချစ်တဲံ့ ညီမလေး မမသီရိ
(ပြီးခဲ့တဲ့ အောက်တိုဘာမှာတုန်းက အကိုကြီး အတွက် ရေးပေးခဲ့ဖူးသေးတဲ့ စကားလုံးမဲ့စွာ.. )

Sunday, April 24, 2011
ချဉ်ခြင်းများ
အိပ်မပျော်ခြင်းများကိုသာ
ငါ အလိုရှိတယ်
ဒါမှသာ သူ့ကိုလွမ်းချင်တိုင်း လွမ်းလို့ရမှာ မို့..
ညနေခင်းများကိုသာ
ငါ အလိုရှိတယ်..
ဒါမှသာ သူ့ အလင်းရောင်ကလေး ထွေးပွေ့ ခွင့်ရမှာ ကိုး..
သစ်ရွက်ကြွေ များကိုသာ
ငါအလိုရှိတယ်..
သူ့ ကို မြတ်နိုးခြင်း ပြန်လည် နုသစ်စေမှာမို့..
မုတ်သုံလေများကိုသာ..
ငါ အလိုရှိတယ်..
သူ့ ကိုယ်သင်း ရနံ့ များ သယ်ဆောင်လာတတ်တာမို့..
သူ့ ချစ်ခြင်းများ ကိုသာ..
ငါ အလိုရှိတယ် ..
တဘ၀မှာ တခါသာ အချစ်မှန်း သေချာ သိပြီ မို့..
မမသီရိ
၂၁.၂.၂၀၁၁

Subscribe to:
Posts (Atom)