Sunday, June 03, 2012

အပူသည်

ကယ်ပါ ယူပါ တစာစာ
ဆံပင် ဖွာလန်ချာ..

အပူမီးအုံး ရင်တွေ နုံး..
စိတ်ဓါတ် ကျ ဂျုံးဂျုံး ..

လမ်းမအလည်.. ထိုအပူသည်..
ဒုက္ခ ထပ်ပြီး ၀ယ်..

မစားမသောက် ည တွေပျောက်
သောက သေရည်သောက်..

 ပြေးဟယ်လွှားဟယ်.. ဘ၀ဈေးသည်..
သံသရာတကွေ့ဝယ်.. 

တောင်းရပန်ရ လိုချင်မှ အောက်ကျ နောက်ကျ ဘာကျကျ
ဒုက္ခ ဒုက္ခ သည်ဒုက္ခ လုပ်ယူလို့သာရ..

တပ်မက်မှုတို့စိတ်မှာယှဉ် .. လူသားပုထုဇဉ်..
တွေးမိပါ ရဲ့ စာတစ်စု.. မည်သူမပြု မိမိမှု... .။


မမသီရိ
၃ ဇွန် ၂၀၁၂

No comments: