Friday, August 22, 2014

If I were Super Alien




လက်ညှိုးညွှန်ရာ ရေများ ဖြစ်လို့ကတော့


များများမြင့်မြင့်မမှန်း

မြို့လယ်ကောင် ဆူးလေဘုရားနား ပတ်လည်က
ဟိုအပြာရောင် တိုက်မြင့်မြင့်ကြီးတွေ ဖြိုချ

လမ်းလျှောက်မရတဲ့ ပလက်ဖောင်းပေါ်က ဈေးဗန်းတွေ မှုတ်ထုတ်


ကမ္ဘာကျော် တွေ ဒူးထောက်ရသူများ

ရွှေဥာဏ်တော်စူးရောက်.. စေတနာတွေဗူးမှောက်လို့တဲ့
လတ်လတ်ဆတ်ဆတ်ကြီး ပုပ်ပွ
ကမ်းနားလမ်း အမ်ပီအေ ရှေ့က
ကျက်သရေယုတ် လဲလျောင်း အဲဒီအလောင်းကြီးသာ ကော်ထုတ်ချင်..။


မှတ်ချက်။             ။ ရေစုန်မျော ရန်ကုန်



မမသီရိ
၂၂ သြဂုတ် ၂၀၁၄






Friday, August 15, 2014

ကမ္ဘာကြီးမငြိမ်းချမ်းသောအခါ

 ဒီကမ္ဘာ  ။။ ငြိမ်းချမ်းအောင်လို့ တဲ့..
ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့ကြီးတောင်
သေနတ်တွေ ကိုင်ရ
ငြိမ်းချမ်းရေးအတွက် မငြိမ်းချမ်းစွာ အစည်းအဝေးတွေ မရပ်မနား
လက်နက်တွေ တကားကား

ယမ်းငွေ့တွေကြားထဲမှာ..
တိုက်အပြိုအပျက်ပုံ တွေ အောက်မှာ..
လမ်းဘေးမှာ..
သံဆူးကြိုးတွေ နောက်မှာ..
တနေ့တခြား တိုးပွားလာသော ဒုက္ခသည်စခန်းတွေထဲမှာ..
မိခင်မဲ့ကလေးတွေ မျက်ရည်မခြောက်နိုင်မှတော့
သားပျောက်မိခင်တွေ သောက ကျိုးပေါက်နေသရွေ့တော့
မုဆိုးမ အရေအတွက်စာရင်းစာရွက်တွေ မြင့်မြင့်လာမှတော့
အပြစ်မဲ့သူတွေရဲ့ သွေးတွေ ချောင်းစီးမရပ်နိုင်သမျှတော့
ကိုယ်ကျင့်တရားတွေ တောင်တော နက်နက်ဆီ တိုးဝင်သွားပြီး
အတ္တ တွေ မာနတွေ ဖောက်ပြားသော မောဟတွေ စင်ပေါ်တက် မီးရောင်လက်တဲ့အခါ
စိတ်ချလက်ချ အိပ်စက် မရတာ ကြာလာ

ယဉ်ကျေးတဲ့ ခေတ်ကြီး လို့လဲပြောကြသေး
အန်းမ်ဘုရှ်တွေ ထောင်သောင်းချီ ပစ်ကြသေး

ပါးစပ်က  ဘုရား ဘုရား နဲ့ ငြိမ်းချမ်းရေး
လက်မှာ ဓါး တစ်ဝင့်ဝင့်နဲ့ ထီမထင် လူသတ်ဝန်မလေး

အချင်း မိုင် တစ်ထောင်လောက်နဲ့ ဥက္ကာခဲရေ
အလင်းနှစ် မိုင်တစ်သန်း နှုန်း 
အမြန်ဆုံး ပေါ့ .. လမ်းမှားလို့ ပဲ ဖြစ်ဖြစ်
ဝင်သာ တိုက်ခဲ့လိုက်ပါ ..

ဘုရားသခင်ပေါင်း များစွာ မေ့လျော့ ခံရတဲ့ ဒီမြေကမ္ဘာ ။

မမသီရိ
၁၂ သြဂုတ် ၂၀၁၄


Monday, August 11, 2014

နေ့သစ်

နေရောင်လဲ့လဲ့ ပြန်မြင်ရပြီ ကွဲ့ . တို့မြို့မှာ..
ကလေး ရေ.. တို့တတွေ တွင်းအောင်း သတ္တ၀ါလေးတွေ ဖြစ်ခဲ့တာ
သီတင်းပတ် အတော်ကြာ ခဲ့ပေါ့..
ကဲ လာ... မြက်ပင်တိပ်ဖျား
မိုးရေစက်ကလေးများ ကြွေသွားတဲ့ထိ..
အဲဒီ ကမူ ချောချော .. သောသော ညံ အောင် ပြေးဆင်းကြစို့ရဲ့
ပွင့်ချင်နေတဲ့ ... နှင်းဆီ ၀ါဝါ တွေ အနားမှာ....။

မမသီရိ
၁၁ သြဂုတ် ၂၀၁၄

Monday, July 14, 2014

ပဒိုင်းသီး

ကောက်မိခဲ့ပြီမို့ ..

လွှင့်ပစ်ဖို့ရန်လဲ ... ရှိုက် တမက်မက်..

ဆုပ်လိုက်ဖို့ ကိုလဲ ... ဆူးတယှက်ယှက်..

စားမလို့ဆိုပြန်လဲ .. ရူးရင်ခက်ရရဲ့..

ဒီလိုနဲ့..
နေ့ ..ည .. ရက်.. လီ ခဲ့.
မပီဝိုးဝါး..
နှစ်   လ   တာ    ရှည်ခဲ့


ကျမရဲ့ ပဒိုင်းသီး ကလေး လေ
ခါးသက်မွှေးရီ ဆဲ.. ထီမထင် ခပ်မဆိပ် နဲ့ ....။


မမသီရိ
၁၃ ဇူလိုင် ၂၀၁၄

Monday, July 07, 2014

ဒီပုတ်ထဲက ဒီပဲ

ဒီပုတ်ထဲက ဒိ ပဲ

မြန်မာပြည်မှာ တစ်ပါတီစံနစ် တစ်ခေတ်တစ်ခါတုန်းက၊ လူငယ်တွေအတွက် ရွေးချယ်စရာဆိုလို့ တစ်လမ်းစဉ် ထဲသာ ရှိခဲ့တုန်းကပေါ့။ အသက် ၅ နှစ် က ၁၀ နှစ် ဆို တေဇလူငယ်၊ ၁၁ နှစ်က ၁၅ နှစ် ထိ ရှေ့ဆောင်လူငယ်၊ ၁၆ နှစ်က ၁၈ နှစ်ထိ လမ်းစဉ်လူငယ်၊ ၁၈ နှစ် ပြည့်ပြီးသွားရင်တော့ အရံပါတီဝင် ဖြစ်လာပြီး ၂၁ နှစ် ပြည့်တဲ့အခါ တင်းပြည့်ပါတီဝင် အဖြစ် လျှောက်လွှာ တင်နိုင်ပါတယ်။
အသက် အုပ်စုအလိုက် လူငယ်ခေါင်းဆောင်သင်တန်း တွေ ကို ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် နဲ့ ကျေးရွာ အုပ်စု အဆင့်ထိ အဆင့် ဆင့်၊ ဆင့်ပွားပြီး ပို့ချ ကြတယ်၊ ထူးချွန်တဲ့ လူငယ်တွေကို နိုင်ငံခြား မှာ ပညာတော်သင် အလှည့် ကျလွှတ်ပေးပြီး၊ အဲဒီတုန်းက ဆိုဗီယက်ယူနီယံ ကို အဓိက စေလွှတ်ခဲ့တယ်၊ (စကားချပ်။ နောက်ပိုင်းမှာတော့ ပါတီ ကောင်စီ လူကြီးတွေ ရဲ့ နီးစပ်ရာတွေသာ အခွင့်အရေး ရခဲ့ကြပါသတဲ့)

လူငယ်တွေ ဖတ်ဖို့စာအုပ်တွေကလဲ ဆိုရှယ်လစ်စံနစ် တည်ဆောက်တဲ့နေရာမယ် အထောက်အကူပြုရေး ကားလ်မာ့ခ်စ်၊ အိန်ဂျယ်လ် တို့ ရဲ့ ဆိုရှယ်လစ်ဝါဒ၊  ဆိုရှယ်လစ်တော်လှန်ရေးခေါင်းဆောင်တွေ ရှဲု အတ္တုပတ္တိ စာအုပ်တွေ ရဲ့ ဘာသာပြန်တွေ ပလူပျံလို့ပေါ့။ ရိုးသားတဲ့၊ ကြိုးစားတဲ့၊ တော်လှန်လိုစိတ်ရှိတဲ့၊ ဖြောင့်မတ် မှန် ကန်တဲ့ ခေါင်းဆောင် တွေ အကြောင်း ဖတ်ရတာ အင်မတန် အားရစရာ ကောင်းပြီ ငါတို့ နိုင်ငံတော် ကို လဲ ငါ တို့ ဘယ်လို တည်ဆောက်ကြမယ်လို့ လူငယ် အများစု က စိတ်ကူးယဉ်ခဲ့ ကြသပေါ့။ ကြိုကြား ကြိုကြား အနောက်တိုင်း ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ တွေ ရဲ့ အကြောင်း က လဲ အတွေး သစ် အမြင်သစ် တွေ ရစေခဲ့ကြပေတယ်။
အဲဒီတုန်းက စာဖတ်တာ အလွန်ဝါသနာပါ ပြီး မီး မရှိတဲ့ကျေးလက်မှာ လပြည့်ည လရောင်နဲ့တောင် စာတွေ ခိုး ဖတ်ခဲ့ တဲ့ ဆယ်ကျော်သက် ကလေးမ တစ်ယောက် က သူနေတဲ့ ကျေးရွာအုပ်စုလေးမှာ လူငယ်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သတဲ့။ ကပ်စထရိုနဲ့ ချေဂွေဗားရား ကို အားကျ၊ ဦးသန့်၊ ချူအင်လိုင်း နဲ့ ဟင်နရီကစ်ဆင်ဂျား ကိုလေးစား၊ ဂျိုဆေ ရီဇော်နဲ့ ဗိုလ်ငုယင်ဇက် တို့ကြောင့် ခွန်အားတွေရ၊ အဲဒီတုန်း က လစဉ်ထုတ် နိုင်ငံတကာ ရေးရာ ဂျာနယ်တွေ နဲ့ မြန်မာနိုင်ငံ ဘာသာပြန်အသင်းက ထုတ်ဝေခဲ့ စာအုပ်တွေ ကို ဘကြီးတွေ ဦးလေးတွေ ဆီက ယူဖတ်၊ ပြီးတော့ လူကြီး တွေ စကားဝိုင်းမယ် လူလူသူဝင်ထိုင်၊ အဲဒါ သူမရဲ့ ငယ်ဘ၀ ။

တစ်ခါမတော့၊ သူမ တက်ရတဲ့ လူငယ်ခေါင်းဆောင် မွမ်းမံသင်တန်းတန်းတစ်ခုမှာ ဆိုဗီယက်ပြန် လူငယ်( ကြိး) ခေါင်းဆောင်တစ်ယောက် လာရောက် ပို့ချ ခဲ့ပါတယ်။ သူ့ရဲ့ ဆိုဗီယက် သွား အတွေ့ အကြုံတွေ ကို အလျင်းသင့် သလိုပြန်လည် ပြောပြရင်း ဆိုဗီယက်ဟာ အေးတဲ့ တိုင်းပြည်ဖြစ် သမို့ အမျိုးသမီးတွေ အပါအ၀င် လူတိုင်းနီးပါးဗော့ဒ်ကာ သောက်ကြတာမဆန်းသလို၊ မှန်ကလေးတစ်ချပ်ခြားပြီး အမျိုးသမီးရော အမျိုးသားပါ ၀တ်လစ်စလစ် ရေးချိုးကြတဲ့ အကြောင်း (သူမ ဖတ်ဖူးတဲ့ စာအုပ်တွေထဲ မပါတဲ့ အကြောင်းအရာမို့) ကြားရတော့ ပါးစပ်ကလေး အဟောင်းသား နဲ့ပေါ့။
သင်တန်းကာလ တစ်ချိန်မှာတော ပြည့်သူ့ကိုယ်စားလှယ်၊ ပြည်သူ့ခေါင်းဆောင် နဲ့ ကိုယ်ကျင့်တရား ဆိုတဲ့ အကြောင်း ဆွေးနွေးကြရပါတယ်။ ဆရာ က အာပေါင်အာရင်း သန်စွာ နဲ့ လူငယ်တွေဟာ ရိုးသားဖြောင့်မှန်ပြီး အနာဂတ်ရဲ့ ခေါင်းဆောင် တွေ ဖြစ်လာဖို့ ကြိုးစား သင့်ကြကြောင်းနဲ့ ပြည်သူတွေအတွက် စံပြခေါင်းဆောင် ဖြစ် နေစေဖို့ အစဉ် ကြိုးပမ်းနေကြရမှာ ဖြစ်ကြောင်း ဟော ပြော ခဲ့ပါသတဲ့၊ အဲဒိအချိန်မှာ လူငယ်ခေါင်းဆောင် ကောင်မလေးက လူငယ်တွေ ဟာ ရိုးသားဖြောင့်မတ် ရမယ် ကြိုးစား ရမယ် ဆိုတာတော့ ဟုတ်ပါပြီ၊ လူကြီးတွေ ကျတော့ ဘာဖြစ်လို့များ လာဘ်စားလိုက် ပြည့်သူ့ဆိုင်က ပစ္စည်တွေ ဘုန်းလိုက် ဖြစ်နေရတာလဲ၊ တစ်ယောက် တက် ကောင်းနိုးနိုး၊ နောက်တစ်ယောက်တက် ဒီထက်ဆိုး၊ ကျမ တို့ဘာလုပ်သင့်သလဲဆိုတော့ ဆရာခမျာ တစ်ချက် တွေ ပြီး တိတ်ဆိတ် သွားပါရော။ ခဏနေတော့မှ ဒီသမလူကြီး မကောင်းဘူးလို့ တစ်ပြောထဲပြောနေတဲ့ အရပ်သား က ဟိုလူကြီးပြုတ်တော့ ၀င်အရွေးခံ သူလူကြီး ဖြစ်လာတော့ ဒီပုတ်ထဲ ဒီပဲ ဖြစ်သွားတာ အစဉ်အလာ တစ်ခု လိုတောင် ဖြစ်နေပြိ ထင်ပါရဲ့ တဲ့။ ငါတို့ ကိုယ်တိုင် အဲဒီနေရာတွေ ရောက်သွားရင် အဲသလိုမဖြစ်ဖူးလို့ ဘယ်လို အာမခံ နိုင်မလဲ လို့ ခပ်လေးလေး ပြန်ဖြေပြီး သင်တန်းတစ်ခုလုံး ခံစားချက် ကိုယ်စီနဲ့ နှုတ်ဆိတ်ကုန်ခဲ့ကြဖူးတယ်။ အဲဒါ ၁၉၈၀ ကျော် တိုင်းပြည် လှုပ်စ ပြုခဲ့ပြီလို့ ပြောရမှာပါ။

ဒီလိုနဲ့ ၈၈ အရေးအခင်းကြိးဖြစ် ခေတ်က ပြောင်းမလိုလို . လိုလို နဲ့ ဒီပုတ်ထဲ က ဒီပဲတွေ နဲ့ ပဲ နေလာရင်းနဲ့ ၈ လေးလုံးအလွန် ဆယ်စူနှစ်ကျော်ကာလတစ်ခုမှာ နိုင်ငံတကာလူသားအကျိုးပြုအကူအညီပေးရေးအဖွဲ့ တစ်မှာ အလုပ် ၀င်လုပ်ဖြစ်ခဲ့ပါတယ်။ ဂျပန် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်တာမို့ နိုင်ငံတကာ ၀န်ထမ်း အများစုက ဂျပန်တွေဖြစ်ပြီး ကျမ ရဲ့ တိုက်ရိုက် ဆုပါဗိုက်ဆာ ကလဲ ဂျပန် လူမျိုး လူမှန် လူဖြောင့် အလွန်တိကကျ ကြိုးစားသူ တစ်ယောကပါ်။ အဲဒိဲအဖွဲ့ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်က လဲဂျပန် လူမျိုး ပေမဲ့ သူ့အမျိုးသမီးက ထိုင်းနိုင်ငံသူ ပါ။ ကျွန်မတို့တွေကပဲ အာရှဆန်လွန်းသလား၊ အဖွဲ့ လူကြီး လင်မယား ကပဲ အာရှတိုက်သားတွေ ဖြစ်နေတာလား။ မယားက မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံသူ ဖြစ်နေလို့ပေပဲလား၊  ယောင်္ကျားက နိုင်ငံကိုယ်စားလှယ်၊ မိန်းမ က အဲဒီ အဖွဲ့ရဲ့ တွဲဖက် စီမံစာရင်းကိုင်၊ အဲဒီ အမျိုးသမီးနဲ့ အဆင်ပြေတဲ့သူတွေ ဆရာကြီး နဲ့ အဆင်ပြေကြ၊ ကိစ္စ ရှိရင် မိန်းမ ဆီ သွားပြော အဆင်တွေ ချောကုန် ဖြစ်လာပါရော၊ သူတို့လင်မယား ပြီးရင် ကျန်တဲ့ နိုင်ငံတကာ ၀န်ထမ်း တွေ (အားလုံးက ဂျပန်လူမျိုးတွေ) က လူငယ်တွေ၊ လူဖြောင့်တွေ၊ တက်ကြွ ပွင့်လင်းသူတွေ ဆိုတော့ .. အစည်းအဝေး တွေမှာ အဲဒီကိစ္စ ပေါ်တင် ကြီး တိုက်ခိုက် ဝေဖန်ကြ တဲ့ အဆင့်ထိ ရောက်လာပါရော၊ ကျွန်မ တို့ ဆရာက အပြင်း ထန်ဆုံး ဆိုပါတော့။ သူ့ ဆက်ရှင် အနား အဲ ဒီအမျိုး အနားတောင် မသီ ရတဲ့ အထိ ပက်ပက် စက်စက် တိုက်ပွဲဝင်ခဲ့တာမျိုး။ တနေ့တော့ ကျွန်မ ကို ဆရာက မေးလာပါတယ်၊ ခင်ပွန်း ယောက်ျား ရဲ့ အလုပ်ကိစ္စတွေ မိန်းမတွေ က ၀င်ရောက်စွက်ဖက်တာ မင်းတို့ ဘယ်လိုမှ မဖြစ်ဖူးလား တဲ့။ ကျွန်မ တစ်ခွန်းထဲ ပြန်ဖြေဖြစ်ပါတယ်။ ကျွန်မတို့ အတွက် ရိုးနေပြီ . လို့။

ဟုတ်တယ်လေ၊ ရာထူးတိုးချင်တဲ့ စာရေးမ က ရုံးအရာရှိ သွားပြောရင် အပြောရခက်နေမယ်၊ သူ့မိန်းမ ဆီ ဆီပုံးကလေးနဲ့သွားတော့ လွယ်လိုက်များ ပေါ့ပေါ့ပါးပါး မဟုတ်လား၊ ကျောင်းပြောင်းချင်တဲ့ ဆရာမ က လဲ ပညာရေးမှူး သွားပြောနေ ဟိုမေး ဒီမေး နဲ့ ကြောက်စရာ၊ ပညာရေးမှူးကတော် ပါတိတ်ဝမ်းဆက်ကလေး နဲ့ အကျိုးအကြောင်း ပြောပြ တော့ နောက် အော်ဒါ မှာ မပါမှာ မပူနဲ့ တော့။

ဒါနဲ့ပဲ နိုင်ငံတကာ အဖွဲ မို့လို့လားတော့ မသိ အဲဒီ ပုတ်ထဲ မှာ ဒီပဲ တွေ ကြာရှည်မခံခဲ့ ။ ကျွန်မတို့ဆရာ နဲ့ အခြား ဂျပန် ၀န်ထမ်း ၂ ယောက် ရယ်၊ အဲဒီ ထိုင်း အမျိုး သမီး ရယ် ငြိမ်ြးိမ်းချမ်းချမ်း ပဲ အဖွဲ့ အစည်း ကို ကျောခိုင်း သွားခဲ့ကြပါတယ်။

ခေတ်တွေ အဆက်ဆက် ပြောင်း ခဲ့ ပေမဲ့ ကျွန်မတို့ နိုင်ငံ ရဲ့ ကိစ္စအတော်များများ၊ နေရာ အတော်များများ မှာ ဒီပုတ် နဲ့ ဒီပဲ ဟာ တောက်ပြောင် သစ်လွင် လတ်ဆတ်နေဆဲ၊

ပြောမဲ့သာ ပြောရတယ် .. ကျွန်မရော မတော်တဆ .. သမ္မတ ဖြစ်သွား ရင် မိဘပြည်သူများရှင့် မိဘပြည်သူများ ရှင့် ဆိုပြီး သနားစဖွယ်မျက်နှာငယ် နဲ့ စာတွေ ဖတ်ပြပြီး အဲဒီပုတ်ထဲ အဲဒီပဲ ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူတွေ ငြင်းရဲကြမှာတုန်း။ 


မမသီရိ
၀၇ ဇူလိုင် ၂၀၁၄



Thursday, July 03, 2014

မုဒိမ်း


မုဒိမ်းမှု၊
မွတ်ဆလင်ကုလား
အမျိုး၊ဘာသာ သာသနာ
ဒီမိုကရေစီ
ဗုဒ္ဒဘာသာမြန်မာအမျိုးသမီး
အမျိုးသားသစ္စာဖောက်
မျိုးစောင့်ဥပဒေ
၂၀၁၅ ရွေးကောက်ပွဲ
ခြေဥ
လွှတ်တော်
မိဘပြည်သူများခင်ဗျား..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဘာရယ်လို့မဟုတ် .. ခုတလော ခေတ်စားလွန်းလှသော အထက်ပါစကားစုများကို ချရေးကြည့်မိခြင်းသာ။
အားမလိုအားမရ ဖြစ်ခြင်းများ တောင်ပုံ ယာပုံ ဖြစ်လာသောအခါ Wikipedia လှန်လှောမွှေနှောက်ပြီး မလောက်လေး မလောက်စား အထောက်အထားများ ကို မချင့်မရဲ ဖတ်ဖြစ်မိ။

၂၀၁၂ မေ လမှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံ ရတဲ့ အမှုမှသည်၊ သစ်ထူးလွင် စာမျက်နှာမှာ ကွင်းစ ကွင်းပိတ်နဲ့ လက်ဘက်ရည်ဆိုင်ပိုင်ရှင်ညီအစ်ကိုနှစ်ဦး (မွတ်ဆလင်ကုလား)၊ ဆိုင်က အလုပ်သမားမိန်းကလေး (ဗုဒ္ဒဘာသာဝင်အမျိုးသမီး)  လို့ တမင်တကာ ကြံစည် ရေးသားတင်ပြလာခဲ့ပြီးတဲ့နောက်ပိုင်း ရလာတဲ့အကျိုးဆက်များကတော့  မြန်မာတစ်နိုင်ငံလုံး သွေးချောင်း စီး၊
 လူပေါင်းများစွာ အိုးမဲ့ အိမ်မဲ့၊ အခြေမဲ့ အနေမဲ့၊ ဒုက္ခသည်စခန်းများ မှာ တချို့၊ အသက်လု ထွက်ပြေးရင်း လမ်းမှာ လှေမှောက်ရေနစ်အသက်ဆုံး ရှုံးသွားကြသူများ၊ မသမာသူတွေရဲ့ လှည့်ဖျားမှုကြောင့် လူကုန်ကူးခံ လူငယ်များ၊ မိတကွဲံ ဖတကွဲ နဲ့ မိဘ ပါ မဲ့သွားကြတဲ့ ကလေးငယ်များ၊ နေရပ်စွန့်ခွာ သွားကြရတဲ့ အရောင်းအဆင်းမဲ့ မျက်ဝန်းများနဲ့ လူပေါင်းများစွာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို မုဒိမ်းမှုပေါင်း ၂၃၇၈၆၈ (နှစ်သိန်းသုံးသောင်းကျော်) လောက် ဖြစ်ပွားလေ့ ရှိပြီး ၂ မိနစ်မှာ တစ်ယောက်နှုန်း မုဒိမ်းကျင့်ခံနေရပါတယ် တဲ့။

ဆွီဒင်နီုင်ငံကတော့ လက်ရှိ ဥရောပမှာ မုဒိမ်းမှု ဖြစ်ပွားခြင်း ရာခိုင်နှုန်း အမြင့်ဆုံးလို့ ဝီကီ ထဲက စာရင်းမှာ တွေ့ ရပါတယ်။

ကမ္ဘာ့ကုသမဂ္ဂ ရဲ့ အမျိုးသမီး အကြမ်းဖက်ခြင်းဆိုင်ရာ အစီရင်ခံစာ တစ်ခုအရ ကမ္ဘာပေါ်က ၇၀% သောအမျိုးသမီးတွေဟာ ဘ၀ မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အနိုင်ကျင့်တာ ခံဖူး ကြပါတယ်တဲ့၊ အကြမ်းဖက်ခံရတဲ့ အများဆုံး အသက်အရွယ်တွေကတော့ အသက် ၁၅ နှစ် နဲ့ ၄၄ နှစ်ကြား အမျိုးသမီးတွေ ဖြစ်ပြီးတော့ မုဒိမ်းမှု နဲ့ အကြမ်းဖက်မှုတွေဟာ၊ နိုင်ငံ၊ လူမျိုး ဘာသာ ယဉ်ကျေးမှု နဲ့ မပတ်သက်ပဲ ကမ္ဘာ့နေရာတိုင်း မှာ ဖြစ်နေတယ် လို့ ဆိုပါတယ်။

တောင်အာဖရိက နိုင်မှာတော့ နေ့စဉ် အမျိုးသမီး ၃ ယောက်စီ ဟာ သူတို့ ရဲ့ခင်ပွန်း သို့မဟုတ်၊ အမျိုးသားအဖေါ် သို့မဟုတ် ခင်ပွန်းဟောင်း ဒါမှ မဟုတ် ဆွေမျိုးတော်စပ်သူတွေ့ ရဲ့ အလိုမတူပဲ အနိုင်ကျင့်တာ ခံရပြီးတော့ သတ်ဖြတ်ခြင်း ခံနေရပါတယ်။

ကမ္ဘာပေါ်မှာ မုဒိမ်းမှုဖြစ်ပွားနှုန်းအမြင့်မားဆုံး နိုင်ငံ ၅ နိုင်ငံကတော့ လက်စ်ဆိုသို၊ ဆွီဒင်၊ စိန့်ဗင်းဆင့် ဂရင်နာဒိန်း၊ နယူးဇီလန်၊ ဘယ်လ်ဂျီယန် ဖြစ်ပါသတဲ့။

အလိုမတူပဲ သားမယား ပြုကျင့်ခြင်း (မုဒိမ်းမှု) ဆိုတဲ့ အသုံးအနှုန်းကို ၁၄ ရာစု ရောမခေတ်က ပဲ စတင် အသုံး ပြုခဲ့ပါတယ်။ ရောမခေတ်က ဂုဏ်သရေရှိအမျိုးသမီး Lucretia မုဒိမ်းကျင့်ခံရပြီး ကိုယ့်ကိုယ် သတ်သေသွားခြင်းဟာ ရောမ အင်ပါယာ ပြိုကွဲပြီး ရောမပြည်သူ့သမ္မတနိုင်ငံအဖြစ်ကိုရောက်စေခဲ့တယ်လို့ သမိုင်းမှတ်တမ်းများက ဆိုပါတယ်။

ဝီကီထဲက ဖေါ်ပြထားတဲ့ အောက်ကဂရပ်အရ အမျိုးသားတွေ အတွက် မုဒိမ်းမှုဖြစ်ရတာဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ရပိုင်ခွင့်ကြောင့် လို့ ထင်နေကြတဲ့ ရာခိုင်နှုန်းက အများဆုံး ဖြစ်နေပါတယ်။  အရက်မူးလို့ ဖြစ်တယ်ဆိုတာက နည်းပါပြီး စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က အပြစ်ပေးတဲ့ အနေနဲ့ မုဒိမ်းကျင့်ခြင်း ဖြစ်ပါတယ်။




အောက်ကဂရပ် အရဆိုရင်တော့ သူတို့ မုဒိမ်းကျင့်ပါတယ်လို့ ၀န်ခံတာ ပါပူဝါနယူးဂီနီက အမျိုးသားတွေက အမြင့်ဆုံးဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ကတော့ အနိမ့်ဆုံးလို့ တွေ့ရပါတယ်။


အသက်အရွယ်အားဖြင့် အသက် ၁၅ နှစ် နဲ့ ၁၉ နှစ်ကြား မိန်းကလေးတွေ က မုဒိမ်းကျင့်ခံရနှုန်း အများ ဆုံး ဖြစ်နေပြီး အသက်အရွယ်မရွေး မုဒိမ်းကျင့်ခံရနိုင်တဲ့အကြောင်း အောက်က စက်ဝိုင်းလေးမှာ တွေ့ နိုင်ပါတယ်။ 


 မုဒိမ်းမှုတွေ ရဲ့ ၆ % လောက် မှာ ယောင်္ကျားလေးတွေဟာအလိုမတူပဲ ဆက်ဆံခံရတာပါတဲ့။

.............................................................................................

မုဒိမ်းမှုအခြေခံ ဆူညံနေသော မြန်မာ အမြန်မကြာ ငြိမ်းချမ်းပါစေ၊ ရန်ကုန်နဲ့ မန္တလေး ဟာ သူတို့ရဲ့ နောက်ဆုံးပစ်မှတ်လို့ လွန်ခဲ့တဲ့ ၂ နှစ်ထဲက အွန်လိုင်းကောလဟာလတွေ မှန်လာတဲ့ထိ ရူးသွပ်သူတွေ အမြန်ဆုံး အမြင်မှန်ရကြပါစေ။ 
စံနစ်တကျ စီစဉ်တယ်လို့ သေချာတယ် ဆိုရင်လဲ စီစဉ်သူတွေ အမြန်ဆုံး အပြစ်ပေးခံရပါစေ။


အားလုံးကိုချစ်ခင်လေးစားတဲ့ 
မမသီရိ
၀၃ ဇူလိုင် ၂၀၁၄

Wednesday, July 02, 2014

ဆံပင်ဖြူ တစ်ချောင်း နှစ်ချောင်းတွေ့တဲ့နေ့

အလွမ်းက အမြဲပဲ ငါ့ နှလုံးသား မှ ရွေးရွေးပြီး ပုဏကတိုက်တယ်
လမ်းလယ်ခေါင် ကျပျောက်ခဲ့တဲ့ ငါ့အရိပ်က ချွေးတွေ လမ်းဘး ရေးမြောင်းထဲ ပေါလော မျောနေ
ငါ့ အချစ်တွေ ပုပ်အက်မသွားခင် ဖျာလိုခင်း နင်းချင် လဲ နင်းပါတော့
မာန်လျှော့တယ် ရယ် မဟုတ်..  မလုံ့တလုံ အဲဒီ အရိပ်ကလေးအောက် ပဲ နားချင်လို့..။


မမသီရိ
၀၂ ဇူလိုင် ၂၀၁၄

Sunday, June 29, 2014

မြန်မာအမျိုးသမီးဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာများ မှ ဥပဒေ ကောက်နှုတ်ချက်



ဟိုတလောက မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ စာအုပ်တွေ မွှေနှောက်လှန်လှောရင်း ဒီစာအုပ်ဟောင်းကလေး ကိုတွေ့မိတာပါ၊ မျိုးစောင့်ဥပဒေ၊ ဘာသာကူးပြောင်းဥပဒေ တွေ အကြောင်း သောသောညံညံ ဖြစ်နေတဲ့ အခိုက်အတန့်မှာ တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့တာပဲ ထင်ပါရဲ့၊ မြန်မာအမျိုးသမီးတွေအတွက် အပြည့်အ၀ အကာအကွယ်ပေးထားတဲ့၊ လက်ရှိမှာ လည်း မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ နဲ့ အတူ သက်ဝင်နေဆဲဖြစ်တဲ့ ၁၉၅၄ ခုနှစ် ဗုဒ္ဒဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ကို  ကောက်နှုတ်ပြီး ဖေါ်ပြပေး လိုက်ပါတယ်။

ရာဇ၀တ်တရားသူကြီးဟောင်း၊ စာရေးဆရာ၊ ရှေ့နေကြီး ဦးမြင့်အောင် BA, BL Dep ရေးသားပြုစုတဲ့ ဒီစာအုပ်ဟာ အတော့်ကိုပြီးပြည့်စုံတဲ့ စာတစ်အုပ်ဖြစ်တဲ့အပြင် ၊ ဥပဒေရေးရာ နဲ့ မရင်း မကျွမ်းဝင်တဲံ သာမန် ပြည်သူတေံ သာမန် အမျိုးသမီး တွေ အတွက် အလွယ်တကူ ဖတ်ရှု လေ့လာ နားလည် သဘောပေါက်ပြီး မိမိ ကိုယ် မိမိ ကာကွယ် နိုင်ဖို့ အထောက်အကူပြုတဲ့ စာတစ်အုပ်လို့ လေ့လာမိပါတယ်။ စာမျက်နှာ ၃၂၈ မျက်နှာ မှာ အပိုင်း ၃ ပိုင်း ခွဲပြီး ပြဌာန်းချက်၊ စီရင်ထုံး၊ မှုခင်းများနဲ့ ဥပဒေ ကျင်းထုံးတွေ အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ပြည့်ပြည့်စုံစုံပါဝင်တဲ့ ဒီစာအုပ်ကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလမှာ ပထမ အကြိမ်အဖြစ် အုပ်ရေ ၃၀၀၀ ကို တန်ဖိုး ၁၀ ကျပ်နဲ့ ထုတ်ဝေခဲ့တာပါ။

ကိုယ့်အလုပ်ထဲက အမျိုးသမီး အခွင့်အရေး ကိစ္စတွေမှာပါ အသုံးတည့် ပညာဖြန့်ဝေလို့ရတဲ့ အတွက် သမီး တစ်ယောက် ကိုမုန့်ကျွေးပြီး ပြန်ကူး ရိုက်ခိုင်းခဲ့တာပါ။

အမျိုးစောင့်ရေးဥပဒေပေါ်ထွက်လာရေး သွေးနီး တက်ကြွနေသူများအတွက်ရော၊ အမျိုးစောင့်ဥပဒေအပေါ် စိုးရိမ်သော က ရောက်နေသူများအတွက်ပါ  စဉ်းစာစရာတွေ ရစေဖို့ ရည်ရွယ် မျှဝေပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများနှင့် ဘာသာခြားများ၏ အိမ်ထောင်ရေးပြဌာန်းချက်ဥပဒေ။

၁၉၅၄ ခုနှစ်မတိုင်မှီအခြေအနေ

မြန်မာနိုင်ငံ၏ရှေးခတ်ဓမ္မသတ်များအရ၄င်း၊ တည်ဆဲဓလေ့ထုံးထမ်းအရ၄င်း၊ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုး သမီးများနှင့်အမျိုးသားများတို့သည် ဗုဒ္ဓဘာသာဝင်မဟုတ်ကြသူ ဘာသာခြားများနှင့် လက်ထပ်ထိမ်းမြားခြင်း အတွက်ပိတ်ပင်တားမြစ်ခြင်းမရှိပေ၊မြန်မာဗုဒ္ဓဘာသာဝင်များအတွက်လက်ထပ်ထိမ်းမြားရေးကိုဘာသာရေး ပတ်သက်သည်ဟုမယူဆပေ၊ လူမှုရေး၊လောကီရေးသက်သက်ဖြစ်၍လောကုတ္တရာပိုင်းနှင့်ရောထွေး စပ်ယှက်ခြင်းမပြုကြပေ။ ဤသို့ ထိမ်းမြားခြင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ သီးခြားပြဌာန်းသော ဥပဒေမှာ ၁၉၅၄ ခုနှစ်မတိုင်မီအတွင်း တိကျစွာလိုက်နာရန် ပြဌာန်းခြင်းမရှိသဖြင့် ဘာသာခြားများနှင့် လက် ထပ်ကြသောမြန်မာဗုဒ္ဓဘာသာဝင်များအဖို့၎င်းတို့ယူသည့် ဘာသာခြားယောက်ျားတို့၏ပြဌာန်း ထားသော ဥပဒေအရ လိုက်နာကြရခြင်းကြောင့်မြန်မာဗုဒ္ဓဘာသာမှ လင်ဖြစ်သူ၏ ဘာသာသို့ပြောင်းရခြင်း န်မြန်မာဓမ္မသတ်နှင့် ဓလေ့ထုံးထမ်းအရ ပစ္စည်းပိုင်ဆိုင်ခွင့်၊ သားသမီးထိန်းသိမ်းခွင့်စသည့် အခွင့်အရေးများမှာလည်း မရနိုင်ဘဲ ဘာသာခြင်း၏ ဥပဒေအရသာ ရရှိခြင်းဖြင့် အဖက်ဖက်မှ နစ်နာမှုများရှိခဲ့ပေသည်။ ထို့ထက်ပိုဆိုးသည့်အချက်ကားမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများအနေဖြင့် တရားဝင်ဇနီးများမဖြစ်နိုင်ကြဘဲ အပျော်မယားအဖြစ်သို့ရောက်ရှိနိုင်ကြသည်ဖြစ်ရာများစွာယူကြုံးမရဖြစ် ဘွယ်ရာ ကောင်းလှပေသည်။

ရှေးစီရင်ထုံးများအရ ကောက်နုတ်ဖော်ပြရမည်ဆိုလျှင်-

(က) မဟာမေဒင် ဘာသာဝင်နှင့်လက်ထပ်ခြင်း- ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် မဟာမေဒင်ဘာသာသို့ကူးပြောင်း၍ မဟာမေဒင်ထုံးထမ်းအရ လက်ထပ်ခြင်းမပြုက တရားမ၀င်ဟူ၍၄င်း၊ မဟာမေဒင်ဘာသာသို့ ကူးပြောင်း၍ လက်ထပ်သောမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးသည် လက်ထပ်ပြီးသည့်နောက်တွင် မဟာမေဒင်ဘာသာကို စွန့်ပစ်၍ ဗုဒ္ဓဘာသာသို့ပြန်လည်ကူးပြောင်းပါက ထိမ်းမြားခြင်းမှာ ရုံးမိန့်မလိုဘဲ အလိုလိုပျက်ပြယ်သွားသည်ဟု၎င်း၊ မဟာမေဒင်ဘာသာနှင့်ဆန့်ကျင်သော စကားများကို ပြောခြင်း သို့မဟုတ် မဟာမေဒင်ဘာသာမှတပါး အခြားဘာသာများသို့ ယုံကြည်သည့်စကားများပြောဆိုခြင်းက ဘာသာကူးပြောင်းသည်ဟု ယူဆနိုင်သည်ဟု၎င်း၊ မဟာ မေဒင်ဘာသာဝင်တယောက်၏ အမွေအနှစ်ကို မဟာမေဒင်ဘာသာဝင် မဟုတ်သူက ဆက်ဆံခွင့်မရှိဟု၎င်း စသည်ဖြင့် စီရင်ထုံးဖွဲ့မှုများရှိခဲ့ပေသည်။

(ခ) ဟိန္ဒူဘာသာဝင်နှင့် လက်ထပ်ခြင်း- ဇာတ်လေးမျိုးရှိသည့် ဟိန္ဒူများနှင့် မြန်မာဗုဒ္ဓဘာသာ ၀င်အမျိုး သမီးများသည် တရားဝင်လက်ထပ်ရန် မဖြစ်နိုင်ဟု၎င်း၊ ပန်ချမာ ခေါ်ဇာတ်ဝင် ဟိန္ဒူများနှင့်ပေါင်း သင်း ရာ၌မူ ၄င်းဟိန္ဒူသည် မြန်မာအမျိုးသမီး၏ချက်ပြုတ်သော ထမင်းဟင်းများ စားခြင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များသို့သွားခြင်း၊ အများက လင်မယားအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ကမူ တရားဝင်လင် မယားဖြစ်သည်ဟု၎င်း၊ ကလေး ၆ ယောက် ရထား၍ ဇာတ်မပျက်ဘဲ သီးခြားစားသော ဟိန္ဒူလင်ယော က်ျားမှာမူ ဟိန္ဒူတရားဥပဒေနှင့်သက်ဆိုင်ပြီး တရားဝင်လင်မယား မဟုတ်ဟု၎င်း စသဖြင့် စီရင်ထုံးဖွဲ့ မှုများရှိခဲ့ပေသည်။

(ဂ) ခရစ်ယာန်ဘာသာဝင်နှင့်လက်ထပ်ခြင်း- ခရစ်ယာန်ဘာသာဝင်များနှင့် လက်ထပ်ရာ၌မြန်မာဗုဒ္ဓဘာ သာဝင်သည် ခရစ်ယာန်ဘာသာကို ကူးပြောင်းကိုးကွယ်ရန် မလိုဘဲ ထိမ်းမြားနိုင်ခွင့်ရှိပေသည်၊ သို့ရာတွင် ခရစ်ယာန်အနေဖြင့် သေတမ်းစာရေး၍ ထားခွင့်ရှိရကား ယင်းသေတမ်းစာပါအတိုင်း အမွေဆက်ခံမှုဥပဒေ အရ လိုက်နာရသဖြင့် သေတမ်းစာတွင် အခွင့်အရေးမပေးထားပါက တရားဝင်လင်မယားဖြစ်သည့် တိုင်အောင် ခံစားခွင့်မရှိနိုင်ပေ။

(ဃ) တရုပ်နှင့်လက်ထပ်ခြင်း-မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် တရုတ်ကွန်ဖြူရှပ်ဘာသာဝင်တို့ လက်ထပ်နိုင်ခွင့်ရှိရာတွင် တရုတ်အမျိုးသားအနေဖြင့် ထိမ်းမြားမှု၌မြန်မာ့ဓလေ့ထုံးထမ်းဥပဒေနှင့် မသက်ဆိုင် စေလိုပါက ၄င်း၏ တရုပ်ဓလေ့ထုံးထမ်းများသည် မြန်မာနိုင်ငံ၌ တည်ဆဲ တရားဥပဒေကဲ့သို့ အတည်ဖြစ်လျက် ရှိခြင်း၊ ၄င်းထုံးထမ်းသည်မြန်မာဓလေ့ ထုံးထမ်းဥပဒေနှင့် ဆန့်ကျင်နေခြင်း၊ ၄င်းဓလေ့ထုံးထမ်းကြောင့်မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးအပေါ် မတရားမှုမဖြစ်ခြင်းကို ထင်ရှားအောင်ပြနိုင် ရမည် ဤသို့မပြနိုင်ပါက မြန်မာဓလေ့ထုံးထမ်းဥပဒေကို လိုက်နာရမည်ဟု မရင်မြနှင့်တန်ယောက် (၅ ရန်ကုန် ၄၀၆ စုံညီခုံ မှ အဆုံးအဖြတ် ပေးထားပေသည်။

၂။ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ဆံမှု အက်ဥပဒေ ပြဌာန်းခြင်း-

(Burma Laws Act)မြန်မာနိုင်ငံ တရားဥပဒေများဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၃- အရ ထိမ်းမြားလက်ထပ်မှု ကိစ္စများတွင် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာ တရားဥပဒေ အရ ဆုံးဖြတ်သင့်သည်ဟု ပြဌာန်းထားပေသည် အမှန်စင်စစ်အားဖြင့် ဘာသာခြင်းယောက်ျားများနှင့်မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများလက်ထပ်ခြင်း ပြုပါ ကမြန်မာ ဗုဒ္ဓဘာသာတရားဥပဒေအရသာ အဆုံးအဖြတ်ပေးသင့်ပေသည်။ (Lex Loci Contractus) ပဋိညာဉ်ပြုရာ တိုင်းပြည်၏ တရားဥပဒေနှင့်အညီ မြန်မာနိုင်ငံ၏ တရား ဥပဒေနှင့်အညီဖြစ်သော တရားမျှတမှု၊ သာသနာညီမျှမှုနှင့်ကောင်းသောစေတနာအရဖြစ်စေ ၊ ဘာသာခြားနှင့် လက်ထပ်သည့် ကိစ္စများကို ဆုံးဖြတ်ပေးသင့်သော်လည်း အထက်ဖေါ်ပြပါအတိုင်း ဘာသာခြားဖြစ်သူ၏ လက်ထပ်မှုဥပဒေ အရသာ ဆုံးဖြတ်ပေးခဲ့ခြင်းပြုသည်ဖြစ်ရာ နိင်ငံအုပ်ချုပ်သူ ဘာသာခြင်းများ၏ ဖိနှိပ်မှုတရပ်ဟုပင် ယူဆ ရမည် ဖြစ်ပေသည်။

          ၁၈၇၂- ခုနှစ်တွင် ဘာသာမတူသူများ၏ ထိမ်းမြားခွင့်အတွက် အထူးထိမ်းမြားမှုအက်ဥပဒေ (Special Marriage Act) ကို ပြဌာန်းခဲ့သော်လည်း၊ လက်ထပ်နိုင် သည့် အရည်အချင်းကိုသာ သတ်မှတ်ပေးပြီး အခွင့်အရေး ပိုင်းတွင်မူ မြန်မာဗုဒ္ဓဘာသာအတိုင်းမဟုတ်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက်နစ်နာမြဲနစ်နာခဲ့ရသည်။ ၁၉၃၂ တွင် ယင်းဥပဒေကို အနည်းငယ် မျှ ပြင်ဆင်ပေ   သော်လည်း မြန်မာဗုဒ္ဓဘာသာ ဥပဒေအရ စီရင်ပိုင်ခွင့်မရှိသဖြင့် မည်သို့မျှ အကျိုး သက်ရောက်ခြင်း မရှိ ဖြစ်ပေသည်။ ၁၉၃၉ - ခုနှစ်တွင် ပါလီမန်၌ ဦးသာဆိုင်ဆိုသူ မျိုးချစ်ပုဂ္ဂိုလ်က လက် ထပ်မှုတွင် ပြည်တွင်းတရားဥပဒေအရ ဆုံးဖြတ်သင့်ကြောင်း တင်ပြ အရေးဆိုသဖြင့် ၁၉၃၉ -ခု၊ မြန်မာဗုဒ္ဓ ဘာ သာဝင်အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ၁. ၄. ၄၀ မှ စ ၍ အတည်ပြု ပြဌာန်းပေးခဲ့ပေသည်။ ယင်းဥပဒေအရ လင်ဖြစ်သူ ဘာသာခြား၏ ဥပဒေအရ စီရင်ပိုင်ခွင့် မရှိတော့ပေ၊ သို့ရာတွင် ဥပဒေမှာ ဒုတိယကမ္ဘာစစ်ကြောင့် လူသိနဲပြီး မည်သို့မှ အကျိုး သက် ရောက်အောင် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်ရပြန်သည်။ သို့ဖြင့်မြန်မာဗုဒ္ဓဘာ သာဝင် အမျိုး သမီးများ အတွက် အကြောင်းအမျိုးမျိုးကြောင့် ဘာသာခြားနှင့် လက်ထပ်ကြရာတွင် ဤဥပဒေ၏ အနှစ်သာ ရကိုမသိကြရ၍ မိမိတို့၏ ဘာသာကို စွန့်လွတ်ကြရသည် သာမက မိမိတို့၏ သားသမီးများပါ ဘာ သာခြားများ ဖြစ်ကုန်ကြရတော့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ် သည့် နိုင်ငံအဖြစ် ရောက် ပြီးသည့်နောက်ပိုင်းတွင် ယခင် ၁၉၃၉ ခုနှစ်က ပြဌာန်းခဲ့သော ဥပဒေကို ဖျက် သိမ်းပြီးမြန်မာဘာသာဖြင့် ၁၉၅၄-ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက် ခံမှုအက်ဥပဒေကို အတည်ပြုပေးခဲ့လေသည်။


၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ

(၁၉၅၄) ခုနှစ်၊ အက်ဥပဒေအမှတ် ၃၂)
အောက်ပါအတိုင်းအက်ဥပဒေပြဌာန်းလိုက်သည်။
၁။ ဤအက်ဥပဒေကို ၁၉၅၄ - ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ၊ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေဟု ခေါ်ရမည်။
၂။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက် စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
          (က) ဗုဒ္ဓဘာသာဝင်မိန်းမဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့်ပြင်၊ ဗုဒ္ဓဘာသာကိုးကွယ်သော မွေးဖွားသော မိန်းမကိုဆိုလိုသည်။ ချွင်းချက်၊   ၊ သို့ရာတွင် ဗုဒ္ဓဘာသာကိုး ကွယ်သော မိဘတို့မှ မွေးဖွားသော မိန်းမ တစ်ဦးသည် ဤအက်ဥပဒေ စတင်အာဏာမတည်မီက အခြားဘာသာတစ်ခုခုသို့ အထင်အရှားကူးပြောင်း၍ ထိုအခြား ဘာသာကိုကိုးကွယ်လျက်ရှိလျှင် ထိုမိန်းမသည် ဗုဒ္ဓဘာသာကိုးကွယ်သော မိဘတို့မှမွေးဖွားသည်ဟူသော အကြောင်းသက်သက်ကြောင့် ဗုဒ္ဓဘာသာဝင် မိန်းမဖြစ်သည်ဟု မမှတ်ယူရ။
          (ခ ) မှတ်ပုံတင်အရာရှိဆိုသည်မှာ ဤအက်ဥပဒေအရ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိကို ဆိုလိုသည်။
 ၃။ (၁)ရွာသူကြီးအားလုံးသည် ဤအက်ဥပဒေအရထိမ်းမြားမှုမှတ်ပုံတင်အရာရှိများဖြစ်ရ မည်။ နိုင်ငံတော်သမ္မတသည် မိမိသင့်တော်သည် ထင်မြင်သော ပုဂ္ဂိုလ်ကို ရွာသူကြီးမရှိ သည့်ဒေသ အတွက် ထိမ်းမြားမှု မှတ်ပုံတင် အရာရှိအဖြစ် ခန့်ထားနိုင်သည် မှတ်ပုံတင်အရာရှိများအား အကြောင်း ကြားစာ ပုံစံများနှင့် ထိမ်မြားမှု သက်သေခံ မှတ်ပုံတင်စာအုပ်များကို ပေးအပ်ထားရမည်။
                   (၂)မှတ်ပုံတင်အရာရှိအားလုံးသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။
      ၄။  အခြားတည်ဆဲ တရားဥပဒေများတွင်သော်၎င်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံ များ တွင်သော်၎င်း မည်သို့ပင် ဆန့်ကျင်လျက်ရှိစေကာမူ ဤအက်ဥပဒေပါ ပြဌာန်းချက်များသည် ဗုဒ္ဓဘာ သာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာသက်    ရောက်ရမည်။
    ၅။       လူပျိုဘော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄ နှစ်   အောက် မငယ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်။ သို့ရာတွင်-
              (က) နှစ်ဦးလုံးမှာ စိတ်ပေါ့သွပ်သူများမဖြစ်စေရ။
     (ခ ) အသက်(၂၀)မပြည့်သေးသည့် မိန်းကလေးဖြစ်လျှင် မိဘ၏သဘောတူချက်သော်၎င်း၊ မိဘတို့ သေဆုံးပါမူ အမှန်အုပ်ထိန်းသူ သို့တည်းမဟုတ် တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် အုပ်ထိန်း သူ၏ သဘောတူညီ ချက်ကိုသော်၎င်း ရရှိပြီးဖြစ်ရမည်။
              (ဂ ) မိန်းမမှာ မပြတ်စဲသော တရားဝင်လင်ယောက်ျား မရှိစေရ။
    ၆။       ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦး ထိမ်းမြားရန်ကြံ ရွယ် သည့်အခါ မိမိတို့တစ်ဦးဦး ၁၄ ရက်ထက်မနည်း နေထိုင်လျက်ရှိသည့် ဒေသဆိုင်ရာ မှတ်ပုံတင် အရာ ရှိထံ ဇယားတွင် ပြဌာန်းထားသည့်ပုံစံဖြင့် မိမိတို့တစ်ဦးဦးကအကြောင်းကြားစာ ပေးပို့နိုင်သည်။ အကြောင်း ကြားစာပုံစံကို မှတ်ပုံတင် အရာရှိထံ တောင်းယူက ရနိုင်သည်။
   ၇။  ပုဒ်မ (၆)အရ အကြောင်းကြားစာပေးသူသည် အကြောင်းကြားစာတွင် ပြဌာန်းထားသည့် ထုတ်ဖော် ချက်ကို သက်သေ(၂)ဦးနှင့် ထိမ်းမြားရမည့် မှတ်ပုံတင်အရာရှိတို့ ရှေ့တွင် လက်မှတ်ထိုးရမည်။
    ၈။       (၁) မှတ်ပုံတင်အရာရှိသည်-
     (က) အကြောင်းကြားစာ မိတ္တူတစ်စောင်ကို မိမိ၏ရုံးရှိ အများမြင်သာသည့်နေရာ၌ ကပ်ခြင်းဖြင့်၎င်း၊
   (ခ) အကြောင်းကြားစာ မိတ္တူတစ်စောင်ကို တရားမကျင့်ထုံး ဥပဒေအရ သမ္မာန်စာများ နို့တစ်စာ များ ပေးသည့် နည်းအတိုင်း။
      (ကက) ထိမ်းမြားမည့် မိန်းမအသက် ၂၀ မပြည့်သေးလျှင် ထိုမိန်းမ၏ မိဘသို့တည်းမဟုတ် အုပ်ထိန်း သူဆိုင်သင့် အရာရာအားပေးခြင်းဖြင့်၎င်း။
  (ခ ခ) မိန်းမသည် ယောက်ျားတစ်ဦးနှင့် ထိမ်းမြားဘူးလျှင် ထိုယောက်ျားအားပေးခြင်းဖြင့်၎င်း အကြောင်း ကြားစာကိုကြေငြာရမည်။ ချွင်းချက်- သို့ရာတွင် အကြောင်းကြားစာ မိတ္တူပေးခြင်း ခံရမည့်သူတစ်ဦး တစ်ယောက် ၏နေရပ်သည် မှတ်ပုံတင်အရာရှိ၏စီရင်ပိုင်ခွင့် အာဏာနယ်နမိတ်ပြင်ပတွင် ရှိလျှင် မှတ်ပုံတင်အရာရှိသည် မိတ္တူတစ်စောင်ကို ထိုသူထံ စာပို့တိုက်မှ Register ပြုလုပ်၍ဖြစ်စေ၊ လူလွတ် ၍  ဖြစ်စေ ပေးပို့နိုင်ပါသည်။
  မှတ်ပုံတင်အရာရှိသည် ပြဌာန်းထားသည့် ပုံစံပါ မူလအကြောင်းကြားစာအောက်ခြေရှိ သက်သေခံ လက်မှတ်တွင် ဆိုင်ရာအကြောင်းအရာများကို ရေးသွင်းရမည်။
    ၉။       ထိမ်းမြားရန်ကြံရွယ်ကြောင်း အကြောင်းကြားစာကို ပုဒ်မ ၆-အရ ပေးပြီးနောက် ၁၄ ရက်ကြာ သည့်အခါ  ဤအက်ဥပဒေတွင် နောက်၌ ဖော်ပြပါရှိသည့် နည်းလမ်းအတိုင်း ကြိုတင်ကန့်ကွက်ခြင်းမရှိလျှင် မှတ်ပုံတင် အရာရှိက သက်ဆိုင်သူ နှစ်ဦးကို ထိမ်းမြားပေးနိုင်သည်။
  ၁၀။     အကြောင်းကြားစာ ပေးထားသူတို့ ထိမ်းမြားလျှင် ပုဒ်မ ၅ တွင် ပြဌာန်းထားသည့် စည်းကမ်း တရပ်နှင့် ဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ ဆန့်ကျင်မည်ဟူသော အကြောင်းပြချက်ဖြင့် မည်သူမဆို မှတ်ပုံတင် အရာရှိထံ လိပ်တပ်လျက် ထိုသူတို့အား ထိမ်းမြားခြင်းမပြုစေရန် စာရေးသားကန့်ကွက်နိုင်သည်။
  ၁၁။     (၁) ကန့်ကွက်လွှာရရှိသောအခါ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူအား စီရင်ပိုင်ခွင့်အာဏာရ တရားရုံးသို့ ညွှန်ရမည့်ပြင် ထိမ်းမြားခြင်းကိုလည်း ထိုအခါ၌ ထိုတရားရုံးဖွင့်လှစ်သည့်နေ့မှ ၁၄ ရက်မျှ ရွှေ့ဆိုင်းထား ရမည်။ သို့ရာတွင် မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူက လျှောက်ထားသည့်အခါ လုံလောက်သော အကြောင်း တရပ်ရပ် ရှိသည်ဟု ထင်မြင်လျှင် ထိုသို့ထိမ်းမြားခြင်းကို နောက်ထပ် ၁၄ ရက် ထက်မပိုသော ကာလမျှ ထပ်မံရွှေ့ ဆိုင်းနိုင်သည်။
    (၂) ပုဒ်မခွဲ(၁)အရ စီရင်ပိုင်ခွင့်အာဏာ တရားရုံးသည် မှတ်ပုံတင်အရာရှိ၏ ရုံးတည်ရှိရာဒေသတွင် စီရင်ပိုင်ခွင့်ရှိသည့် မြို့နယ်တရားမ တရားရုံး၊ သို့တည်းမဟုတ် ရန်ကုန်မြို့တော် တရားမရုံးဖြစ်စေရမည်။
        ၁၂။     (၁) အကြောင်းကြားစာပေးထားသူတို့၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့် ရှိ မရှိ အမိန့်ချမှတ်ရန် စီရင် ပိုင်ခွင့်အာဏာရတရားရုံးသို့ ကန့်ကွက်သူက လျှောက်လွှာတင်သွင်းနိုင်သည်။
        (၂) တရားရုံးက ထိုလျှောက်လွှာရရှိကြောင်း သက်သေခံ လက်မှတ်တစ်စောင်ကို လျှောက်ထားသူ
အားပေးရမည်။
       (၃) (က) တရားရုံးပေးသည့် သက်သေခံလက်မှတ်ကို မှတ်ပုံတင်အရာရှိထံ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(၁)အရ၊ ထိုအရာရှိခွင့်ပြုထားသည့် အချိန်ကာလအတွင်း တင်သွင်းလျှင် ထိုအကြောင်းကြားစာပေးထားသူ၌ ပုဒ်မ ၅ အရ၊ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟူသောအမိန့်ကို တရားရုံးမှ မရသမျှကာလပတ်လုံး ထိုသူတို့ကို ထိမ်းမြားမပေးရ။
        (ခ ) ထိုသက်သေခံလက်မှတ်ကို မှတ်ပုံတင်အရာရှိထံ ထိုအရာရှိ ခွင့်ပြုထားသည့်အချိန်ကာလ အတွင်း မတင်သွင်းလျှင့် မှတ်ပုံတင်အရာရှိသည် သက်ဆိုင်သူ နှစ်ဦးက ထိမ်းမြားလိုမူ ထိမ်းမြားပေးရမည်။   
    (၄) တရားရုံးသည် လျှောက်လွှာတွင် ပါရှိသည့်အချက်များကို၎င်း၊ နှစ်ဘက်အမှုသည်များတင်ပြသည့် သက်သေခံချက်ကို၎င်း၊ အကျဉ်းချုပ်နည်းဖြင့် စစ်ဆေးကြားနာပြီးနောက် ထိုသူနှစ်ဦး၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့် ရှိ မရှိ ဆုံးဖြတ်ရမည့်ပြင် ထိုသို့ဆုံးဖြတ်သည့်အတိုင်းလည်း အမိန့်ချမှတ်ရမည်။ ထိုအမိန့်သည် အပြီးသတ်ဖြစ်ရမည်။
        (၅) တရားရုံးသည် မိမိချမှတ်သော အမိန့်၏ မိတ္တူတစောင်ကို မှတ်ပုံတင်အရာရှိထံချက်ချင်းပို့ရမည်။
      (၆) (က) ထိုသူနှစ်ဦး၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟု တရားရုံးက အမိန့်ချမှတ်လျှင် မှတ်ပုံ တင်အရာရှိသည် ထိုသူတို့က ထိမ်းမြားလိုမူ ထိမ်းမြားပေးရမည်။
           (ခ ) ထိုသူနှစ်ဦး၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့်မရှိဟု တရားရုံးက အမိန့်ချမှတ်လျှင် မှတ်ပုံတင် အရာရှိသည် ထိမ်းမြားမပေးရ။
         
    ၁၃။     ကန့်ကွက်ခြင်းသည် မသင့်လျှော်သည့်အပြင် သဘောရိုးနှင့်ကန့်ကွက်ခြင်းလည်းမဟုတ်ဟု ပုဒ်မ ၁၂ အရ၊ လျှောက်လွှာတင်သွင်းရာ တရားရုံးထင်မြင်လျှင် ၅၀၀ိ/-ထက်မပို သည့် လျှော်ကြေးငွေကို လျှောက်ထားသူက ထိမ်းမြားမည့်သူနှစ်ဦးအား ပေးစေရန် စီရင်နိုင်သည်။
   ၁၄။     ဤအက်ဥပဒေအရ၊ ထိမ်းမြားခြင်းကို သဘောတူချက် ပေးရမည့်သူသည် စိတ်ပေါ့သွပ်နေလျှင် သို့တည်းမဟုတ် ထိုသို့သဘောတူချက် ပေးရမည့်သူ (မိဘမှတပါး)သည် လုံလောက်သောအကြောင်းမရှိဘဲ ထိမ်းမြား ခြင်းကို သဘောတူချက်မပေးလျှင် ထိမ်းမြားလို့သူတို့သည် စီရင်ပိုင်ခွင့်အာဏာရ တရားရုံး သို့ လျှောက်လွှာဖြင့် လျှောက်ထားနိုင်သည်။
          ထိုတရားရုံးသည် လျှောက်လွှာပါ အချက်များကို အကျဉ်းချုပ်နည်းဖြင့် စစ်ဆေးနိုင်သည်။ ထို့ပြင် စစ်ဆေးသောအခါ ထိုသူတို့၌ ပုဒ်မ ၅ အရ၊ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟုထင်မြင်လျှင် ထိမ်ြး မားနိုင်ကြောင်း ကိုတရားရုံးကြေငြာရမည်။ ထိုကြေငြာချက်သည် သဘောတူချက်ပေးရမည့်သူက သဘောတူချက်ပေးပြီးဖြစ် ဘိသကဲ့သို့ အကျိုး သက်ရောက်ရမည်။
    ၁၅။     ပုဒ်မ ၉၊၁၂၊၁၄ တခုခုအရ ထိမ်းမြားသောအခါ မှတ်ပုံတင်အရာရှိသည် သက်သေနှစ်ဦးရှေ့တွင် သက်ဆိုင်သူတို့ကို ထိမ်းမြားပေးရမည်။ ထိုသက်သေတို့သည် ပုဒ်မ ၆ တွင် ရည်ညွှန်းထားသည့် ထိမ်းမြားမှု သက်သေခံမှတ်ပုံစာအုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ထိုးရမည်။ ထိမ်းမြားခြင်းကို မည်သည့်နည်းဖြင့်မဆို ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ထိမ်းမြားမည့်သူများသည် မှတ်ပုံတင်အရာရှိနှင့် သက်သေများရှေ့တွင် ထိုသူကို ကြားလောက်အောင် 'ကျွန်ုပ်တို့သည် တရားဝင်လင်မယား အဖြစ်ပေါင်း ဖက်ပါမည်' ဟူ၍ ပြောဆိုရမည်။
 ၁၆။     အထက်ပါအတိုင်း ထိမ်းမြားပြီးသည့်အခါ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်သော အကြောင်း အရာ များကို ထိမ်းမြားမှုသက်သေခံစာအုပ်ဟု ခေါ်တွင်သည့် မှတ်ပုံစာအုပ်၌ မူရင်းထပ်တူလေးစောင်ရေး သွင်းရမည်။ ထို မှတ်ပုံစာအုပ်သည် ဤအက်ဥပဒေတွင် ပူးတွဲထားသည့် ဇယားပါပုံစံအတိုင်းဖြစ်စေရ မည့်ပြင်၊ ထိုမှတ်ပုံစာအုပ်တွင် ထိမ်းမြားသူတို့က၄င်း၊ သက်သေတို့က၄င်း၊ မှတ်ပုံတင်အရာရှိက၄င်း လက်မှတ်ထိုးရမည်။
 ၁၇။     (၁) မှတ်ပုံတင်အရာရှိသည် သက်သေခံလက်မှတ်တစောင်ကိုလင်အား၊ အခြားတစောင်ကို မယား အားပေးအပ်ရမည်။ အကယ်၍ မယားသည် အသက် ၂၀ မပြည့်သေးလျှင် သူ၏မိဘအား၊ သို့တည်းမဟုတ် အုပ်ထိန်း သူအား ပေးအပ်ရမည်။ တတိယတစောင်ကို ပုဒ်မခွဲ(၂)နှင့်အညီ ခရိုင်ဝန်ထံပို့၍ စတုတ္တတစောင် ကို သိမ်းထားရမည်။
       (၂) မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၆ အရ အကြောင်းကြားစာရရှိလျှင် ထိုအကြောင်းကြားစာကို၎င်း၊ ထိမ်းမြားမှုသက်သေခံလက်မှတ်တစောင်ကို၎င်း၊ ထိမ်းမြားခြင်းဆိုင်ရာ အခြားစာတမ်းအမှတ်အသား အရပ်အရပ်ကို ၄င်း ထိမ်းမြားသည့်နေ့မှ ရက်သတ္တပတ်အတွင်း ဆိုင်ရာခရိုင်ဝန်ထံသို့ မြို့နယ်အရာရှိမှ တဆင့် ပို့ရမည်။ ထို့ပြင် ဆိုခဲ့သည့် စာတမ်းအမှတ်အသားများကို ထိမ်းမြားမှုဆိုင်ရာ မှတ်ပုံစာအုပ်တွင် တွဲထားရမည့်ပြင်၊ ခရိုင်ဝန်ရုံးတွင် အမြဲ သိမ်းထားရမည်။
 ၁၈။     ထိမ်းမြားမှု သက်သေခံမှတ်ပုံစာအုပ်နှင့် ထိမ်းမြားခြင်းဆိုင်ရာ အခြားစာတမ်းအမှတ်အသားများကို သင့်တော်သည့်အခါများ၌ ကြည့်ရှုခွင့်ပြုရမည့်ပြင်၊ ထိုစာတမ်းအမှတ်အသားများ၏ တာဝန်ခံမိတ္တူများကိုရ လိုကြောင်း လျှောက်ထားသည့်အခါ ခရိုင်ဝန်သည် တော်လှန်ရေးကောင်စီဥက္ကဌ သတ်မှတ်ထား သည့်နှုန်း အတိုင်း အခငွေကို မိမိ အားလျှောက်ထားသူက ပေးဆောင်လျှင် ထုတ်ပေးရမည်။
၁၉။     ဤအက်ဥပဒေအရ၊ ထိမ်းမြားခြင်းနှင့်ဆိုင်သည့် စာတမ်းအမှတ်အသားများ၏ တာဝန်ခံမိတ္တူများ တွင်  ပါရှိသည့် အကြောင်းအရာများသည် မှန်သည်ဟု သက်သေခံအဖြစ် လက်ခံရမည်။  နောက်ထပ် သက်သေ ထင်ရှားပြ ရန် မလို။
၂၀။ (၁) ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားတဦးနှင့်ဗုဒ္ဓဘာသာဝင်မိန်းမတဦးတို့ င်းဖက်နေ ထိုင် ပြုမူကြပုံသည် အကယ်၍ ထိုသူနှစ်ဦးလုံး ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးချည်ြး ဖစ် ခဲ့သော် ဗုဒ္ဓဘာသာ ဓမ္မသတ်အရ လင်မယားအရာမြောက်မည့်ပေါင်းဖက်နေ ထိုင်ပြုမူကြပုံ မျိုးဖြစ်လျှင် ထိုသူတို့သည် ထိုသို့ ပေါင်း ဖက်စကပင် ထိမ်းမြားခဲ့ကြ သည်ဟု မှတ်ယူရမည့်ပြင်၊ ထိုသူတို့သည် ဤအက်ဥပဒေအရ ထိမ်းမြား ခဲ့ကြသည်ဟုလည်း မှတ်ယူရမည်။
        (၂) ထိုလင်မယားသည် စတင်ပေါင်းဖက်သည့်နေ့မှစ၍ မည်သည့်အခါတွင်မဆို ဤအက်ဥပဒေအရ မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံလျှောက်ထားနိုင်ပါသည်။ ထိုအခါ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ် သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးဘိသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။
   (၃) ဤပုဒ်မပါပြဌာန်းချက်များသည် ပုဒ်မခွဲ(၁)၌ ဖော်ပြထားသည့် ပေါင်းဖက်နေထိုင်ပြုမူကြပုံမျိုးဖြင့် ဤအက်ဥပဒေ စတင်အာဏာမတည်မီ ခြောက်လကာလ အပိုင်းအခြားအတွင်း မည်သည့်အခါ တွင်မဆို ပေါင်းဖက် လျက်ရှိသည့် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ် သည့် ယောက်ျားတိုင်း အပေါ်၌ အာဏာသက်ရောက် ရမည်။
 ၂၁။     (၁) ဗုဒ္ဓဘာသာဝင်မိန်းမတဦးနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားတစ်ဦးတို့သည် မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံမတင်ဘဲ ပေါင်းဖက်လျက်ရှိလျှင် ထိုအကြောင်းကို ထိုမိန်းမနေ ထိုင်ရာဒေသတွင် စီရင်ပိုင်ခွင့် အာဏာ ရှိသည့် မှတ်ပုံတင်အရာရှိထံ ထိုမိန်းမကဖြစ်စေ၊ ထိုမိန်းမ၏အမိက သို့တည်းမဟုတ် အဘက သို့တည်းမဟုတ် အုပ်ထိန်းသူကဖြစ်စေ၊ အခြားဆွေမျိုးတော်စပ်သူ တဦးဦးကဖြစ်စေ သတင်းပေးနိုင်သည်။ မှတ်ပုံတင် အရာရှိသည် သတင်းပေးချက်ကို ရေးမှတ်ထားရမည် သို့တည်းမဟုတ် ရေးမှတ်ထားစေရမည်။ ထို့ပြင် ထိုသို့ရေးမှတ်ထားသည့် သတင်းပေးချက်အားလုံးကို သတင်းပေးသူက လက်မှတ်ထိုးရမည်။
 (၂) ထိုနောက် မှတ်ပုံတင်အရာရှိသည်ထို ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတို့ကို မိမိချိန်းဆိုသည့်နေ့ရက်တွင် မိမိထံလာရောက်ရန် ဆင့်ခေါ်ရမည်။ ထိုသူနှစ်ဦးလုံးက မိမိတို့၏ ထိမ်း မြားခြင်းကို မှတ်ပုံတင်လိုလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထား သည့်အတိုင်းဆောင်ရွက်ရမည်။ အကယ်၍တဦးဦးက ဖြစ်စေ၊ နှစ်ဦးလုံးကဖြစ်စေ မိမိတို့၏ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးဘိသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။ အကယ်၍ တဦးဦးကဖြစ်စေ နှစ်ဦးလုံးကဖြစ်စေ မိမိတို့၏ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုလျှင် သို့ တည်းမဟုတ် မလာရောက်လျှင် ထိုမှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၁ တွင် ရည်ညွှန်းထားသည့် အစီရင်ခံစာပေးပို့ရ မည်။ (၃) အခြားတည်ဆဲတရားဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ ထိုတရားရုံးသည် အစီရင်ခံစာ ရရှိ သောအခါ ထိုအမှုသည် နည်းလမ်းတကျစွဲဆိုသည့် တရားမမှု ဖြစ်ဘိသကဲ့သို့ ပုဒ်မခွဲ(၄) တွင် ဖော်ပြ ထား သည့် နှစ် ဘက်အမှုသည်များကို၎င်း ထိုသူတို့ တင်ပြချက် အသက်သေခံချက် ကို၎င်း အကျဉ်းချုပ်နည်း အားဖြင့် စစ်ဆေး ကြားနာပြီးနောက် ထိုမိန်းမနှင့် ထိုယောက်ျားတို့သည် ပုဒ်မ ၂၀၊ ပုဒ်မခွဲ(၁)၏ အဓိပ္ပါယ် အရ လင်မယားဟုတ်မဟုတ် ဆုံးဖြတ်ရမည့်ပြင် ဆုံးဖြတ်သည့်အတိုင်း အမိန့်ချမှတ်ရမည်။ တရားရုံးသည် စရိတ်နှင့်စပ်လျဉ်း၍ မိမိသင့်တော်သည် ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။
(၄) (က) တဦးဦးက ထိမ်းမြားခြင်းကို မှတ်ပုံတင်မလိုသည့် အမှုတွင် မှတ်ပုံတင်လိုသူအား တရားလိုဟူ၍၄င်း မှတ်ပုံမတင်လိုသူနှစ်ဦးအား တရားခံဟူ၍၄င်း မှတ်ယူရမည်။
   (ခ ) နှစ်ဦးလုံးက ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုသည့်အမှုတွင် ဆိုင်ရာသတင်းပေးသူအား တရားလို ဟူ၍၄င်း မှတ်ပုံမတင်လိုသူနှစ်ဦးအား တရားခံဟူ၍၄င်း မှတ်ယူရမည်။
(၅) တရားရုံးသည် မိမိချမှတ်သောအမိန့်၏ မိတ္တူတစောင်ကို မှတ်ပုံတင်အရာရှိခံသို့ ချက်ခြင်းပေးပို့ ရမည်။
(၆) တရားရုံးက ထိုယောက်ျားနှင့် မိန်းမတို့သည် ပုဒ်မ ၂၀ ၊ ပုဒ်မခွဲ (၁)၏ အဓိပ္ပါယ်အရ လင် မယား ဖြစ်သည်ဟု ဆုံးဖြတ် လျှင် မှတ်ပုံတင်အရာရှိသည် ထိုတရားရုံး၏ အမိန့်အတိုင်း ထိမ်းမြားမှု သက်သေခံ မှတ်ပုံတင် စာအုပ်တွင် လိုအပ်သည့် ပြင်ဆင်ချက်များပြု၍ ထိုမှတ်ပုံတင်စာအုပ်တွင် သက် ဆိုင်သည့် အကြောင်း အရာများကို မူရင်းထပ်တူလေးစောင်ရေသွင်းရမည်။ ထို့ပြင် မှတ်ပုံတင် အရာရှိသည် ထိုမှတ်ပုံတင်စာအုပ်တွင် လက်မှတ်ထိုးပြီး နောက် ပုဒ်မ ၁၇ တွင် သတ်မှတ်ထား သည့် အတိုင်း ဆောင်ရွက်ရမည်။
 (၇)  မြို့နယ်တရားမ တရားရုံးမှ ချက်မှတ်ထားသော အမိန့်ကို ထိုရုံးတည်ရှိရာဒေသတွင် စီရင်ပိုင်ခွင့်ရှိ သည့် တရားရုံး၌ အယူခံခွင့် ရှိစေရမည်။ ရန်ကုန်မြို့တော်တရားမရုံးမှ ချမှတ်သောအမိန့်ကို တရားရုံးချုပ် ၌အယူဝင်ခွင့်ရှိစေ ရမည်။ အယူခံမှုတွင် ခရိုင်တ၇ားမရုံးက သို့တည်းမဟုတ် တရားရုံးချုပ်က ချမှတ်သောအမိန့်သည် အပြီးသတ်ဖြစ်ရ မည်။
 ၂၂။ ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားက ဗုဒ္ဓဘာသာဝင်မိန်းမကို ထိမ်းမြားရန်ကတိပြုလျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန်ကတိပြုမည်ဟု မှတ်ယူရမည်။
   ၂၃။     ဟိန္ဒဘာသာ ဆိ(ခ်)ဘာသာ၊ ဂျိန္ဒဘာသာအရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်းမခွဲဝေရသေးသည့် အိမ်ထောင်သားစုဝင် တစ်ဦးတစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင် သို့တည်း မဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်သားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့် ဆိုင်ရာဆိုင်ခွင့်သည် ထိုသူ၏မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။
 ၂၄။     (၁) ဤအက်ဥပဒေအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံ ရသူတို့ ၏ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်းသော ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။
             (၂) ဤပုဒ်မနှင့် ပုဒ်မ ၂၆ ပါ ကိစ္စများအလို့ငှာ မိသားစုဆိုသည့် စကားရပ်တွင် တရားဝင်လင် တရားဝင်မယား သို့တည်းမဟုတ် မယားများနှင့်တရားဝင်သားသမီးများပါဝင်ရသည်။
 ၂၅။     (၁) လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စ၊ သားသမီးထိန်းသိမ်းမှုကိစ္စတို့ဆိုင်ရာ ဗုဒ္ဓဘာသာ ဓမ္မသတ်၏ ပြဌာန်းချက်များသည် ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့အပေါ်သို့ သို့တည်းမဟုတ် ထိမ်းမြားခဲ့ကြ သည်ဟု မှတ်ယူခြင်းခံရသူတို့အပေါ်သို့ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးခြင်း ဖြစ်ဘိ သကဲ့သို့ အာဏာသက် ရောက်ရမည်။ ချွင်းချက်၊   ၊ သို့ရာတွင် တရားဥပဒေကဲ့သို့ အာဏာရှိသော ဘာသာရေးဓလေ့ ထုံးစံတခုကဖြစ်စေ၊ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံကို အကျိုးသက်ရောက်စေသည့် တရားဥပဒေတခုခုကဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုတ် သည့် ယောက်ျားတစ်ဦး အား ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့် အကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကိုကွာရှင်းလိုလျှင် ကွာရှင်းနိုင်သည်။ ထိုအကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလိုလျှင် သို့တည်းမဟုတ်စွန့်ခွာလျှင် သို့တည်းမဟုတ် ကိုယ်ထိ လက်ရောက် ညှင်းပန်းနှိပ် စက်ရာ ရောက်သည်ဖြစ်စေ ၊ မရောက်သည်ဖြစ်စေ ရက်စက်သည့် အပြုအမူ အား စိတ်ဆင်းရဲအောင်ပြုလျှင် အဆိုပါဓလေ့ထုံးစံက သို့တည်းမဟုတ် တရားဥပဒေက မည်သို့ပင် ဆိုစေကာမူ-
     (က) ထိုယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သောအစုကို စွန့်လွတ်ရမည့်အပြင် ဗုဒ္ဓဘာသာမိန်းမအား လျော်ကြေးပေးရမည်။
             (ခ ) ဗုဒ္ဓဘာသာဝင်မိန်းမသည် သားသမီးများအားလုံးကို ထိန်းသိမ်းခွင့်ကိုရရှိရမည်။ ထို့အပြင်-
             (ဂ) ထိုသူသည် အရွယ်မရောက်သေးသည့် သားသမီးများအတွက် ခလေးစရိတ်ပေးရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်ခဲ့သော မိန်းမတစ်ဦးသည် ဗုဒ္ဓဘာသာ ၀င် မဟုတ်သည့်ယောက်ျားနှင့် လင်မယားအဖြစ်ပေါင်းဖက်နေစဉ် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်လျှင် ထိုသူတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားကြဘိသကဲ့သို့ ပုဒ်မ၂၄ နှင့် ပုဒ်မ ၂၅ (၁) ပါပြဌာန်းချက်များ သည် ထိုသူ တို့နှင့်သက်ဆိုင်ရမည်။ ချွင်းချက် ၊ ၊ သို့ရာတွင် ထိုမိန်းမသည် ဗုဒ္ဓဘာသာသို့ကူးပြောင်းကိုး ကွယ်သည့်အခါ တရား ဥပဒေကဲ့သို့ အာဏာရှိသော ထိုယောက်ျား၏ ဘာသာရေးထုံးစံတခုခုကဖြစ်စေ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံ ကို အကျိုးသက်ရောက်စေမည့် တရားဥပဒေတခုခုကဖြစ်စေ ထိုယော က်ျား အားဗုဒ္ဓဘာသာဝင်မိန်းမနှင့် လင်မယား အဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့် အကြောင်းကြောင့် ကွာရှင်းလိုသော် ထိုမိန်းမသည် ဗုဒ္ဓဘာသာသို့ ကူး ပြောင်းကိုးကွယ်သည့်နေ့မှ သင့်လျှော် သည့် ကာလ အပိုင်း အခြားတွင် ထိုယောက်ျားကဖြစ်စေ ထိုမိန်းမကဖြစ်စေ ကွာရှင်းနိုင်သည်။ ထိုအကြောင်းကြောင့်-
      (က) ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလျှင်-
   -  ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက ထိုမိန်းမနေထိုင်ရသည့် အတန်းအစား အခြေ အနေ အောက်မလျော့သော အတန်းအစားအခြေအနေတွင် ဆက်လက်နေထိုင်နိုင်အောင် လုံလောက် သည့် လစဉ်စရိတ်ကို ထိုမိန်းမနောက်ထပ်ထိမ်းမြားခြင်းမပြုသမျှကာလပတ်လုံး ထိုယောက်ျားက ထိုမိန်းမ အားပေးရမည်။
 -  ထိုမိန်းမဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက ထိုမိန်းမတစ်ဦးတည်းပိုင်ဖြစ်သော ပစ္စည်းအား လုံးကို ထိုမိန်းမရပိုင်ခွင့်ရှိရမည်။ သို့သော်လည်း ထိုသို့ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက ထိုယောက်ျား တစ်ဦးတည်းပိုင် ဖြစ်သော မည်သည့်ကိစ္စကိုမျှ ထိုမိန်းမရရှိခွင့်မရှိစေရ
  -  ထိုမိန်းမသည် အရွယ်မရောက်သေးသည့် သားသမီးအားလုံးထိန်းသိမ်းခွင့်ကို ရရှိရမည်။ ထို့အပြင်
  -  ထိုယောက်ျားသည် အဆိုပါအရွယ်မရောက်သေးသည့် သားသမီးများအတွက် ကလေးစရိတ်ပေးရ မည်။
    (ခ) ထိုမိန်းမက ထိုယောက်ျားကိုကွာရှင်းလျှင်-
 -  ထိုမိန်းမက ဗုဒ္ဓဘာသာသို့ ကူးပြောင်း ကိုးကွယ်ခြင်းမပြုမီက၊ ထိုမိန်းမတဦးတည်းပိုင်ဖြစ်သော ပစ္စည်း မှ  တပါး ထိုယောက်ျားတဦးတည်းပိုင်သော မည်သည့်ပစ္စည်းကိုမျှ ထိုမိန်းမရခွင့်မရှိစေရ။
  -        ထိုမိန်းမသည် အရွယ်မရောက်သေးသည့် သားသမီးအားလုံးထိန်းသိမ်းခွင့်ရရှိရမည်။
 -        ထိုယောက်ျားသည် အဆိုပါအရွယ်မရောက်သေးသည့် သားသမီးများအတွက် ခလေးစရိတ်ပေးရ မည်။ ရှင်းလင်းချက်။   ။ ဤပုဒ်မပါ ဘာသာရေးဓလေ့ထုံးစံဆိုသည့်စကားရပ်၌ ဘာသာဆိုသည်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်သည့်မိန်းမနဲ့ ပေါင်းဖက်သည်မှစ၍ ထိုမိန်းမ၏လင်ယောက်ျားအစဉ် တစိုက်ကိုးကွယ် သည့် ဘာသာဆိုလိုသည်။
   (၃)     ဤပုဒ်မပါ ပြဌာန်းချက်များသည် အက်ဥပဒေစတင် အာဏာမတည်မီက ခြောက်လအတွင်း ဗုဒ္ဓဘာသာဝင်မိန်းမနဲ့ ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် လင်ယောက်ျားတို့ဖြစ်ပွားသော (အာဏာရ တရားရုံးက ဒီကရီချမှတ်ပြီးသည့် လင်မယားကွာရှင်းမှုကိစ္စမပါ) လင်မယားကွာရှင်းမှုကိစ္စ သို့မဟုတ် ဗုဒ္ဓဘာသာဝင်မိန်းမကို စွန့်ခွာသွားသည့်ကိစ္စ သို့မဟုတ် ကိုယ်ထိလက်ရောက်ညှင်း ပန်းနှိပ် စက်ရာရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ရက်စက်သည့်အပြုအမူအားဖြင့် စိတ်ဆင်း ရဲအောင် ပြုလုပ်သည့်ကိစ္စအားလုံးနှင့် သက်ဆိုင်ရမည်။
 ၂၆။     ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရ သူ တို့၏ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့်ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏မိသား စုအား လုံးသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာ ဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။
၂၇။     ဤအက်ဥပဒေအရ ထိမ်းမြားလျှင် သို့တည်းမဟုတ် ထိမ်းမြားသည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူနှစ် ဦးမှ ဖွားမြင်သော သားသမီးများသည် တရားဝင် သားသမီးများဖြစ်သည် ဟုတ် မှတ်ယူရမည်။
 ၂၈။     မည်သူမဆို မဟုတ်မမှန်သည်လည်းဖြစ်၍ မဟုတ်မမှန်ဟု မိမိသိသည်လည်းဖြစ်သော သို့မဟုတ် ယုံကြည်သည်လည်းဖြစ်သော ဖော်ပြချက်ပါရှိသည့် (ဤအက်ဥပဒေအရ ပြဌာန်းထားသော) ထုတ်ဖော်ချက် ကို၎င်း၊ ထိုသို့သော သက်သေခံ လက်မှတ်ကိုသော်၎င်း ပြုလုပ်လျှင် သို့မဟုတ် လက်မှတ်ထိုးလျှင် သို့မဟုတ် မှန်ကန်ကြောင်း သက်သေခံလျှင် ထိုသူသည် ရာဇသတ်ကြီးပုဒ်မ ၁၉၉ အရ ပြစ်မှုကျူးလွန်သည်ဟူ၍ မှတ်ယူရမည်။
  ၂၉။     မည်သည့်မှတ်ပုံတင်အရာရှိမဆို-
  (၁) ဆိုင်ရာအကြောင်းကြားစာရရှိလျှင် ထိုအကြောင်းကြားစာကို ပုဒ်မ ၈ အရ ကြေငြာခြင်းမပြုဘဲ သို့မဟုတ်-
     (၂) ဆိုရာအကြောင်းကြားစာကို မိမိရရှိပြီးနောက် ၁၄ ရက်အတွင်း သို့တည်းမဟုတ်-
   (၃) ထိမ်းမြားမည့် မိန်းမသည် အသက် ၂၀ မပြည့်သေးလျှင် ထိုမိန်းမ၏မိဘထံမှ ဖြစ်စေ ၊ မိဘသေ ဆုံးလျှင် အုပ်ထိန်းသူထံမှဖြစ်စေ လိုအပ်သည့် သဘောတူချက်ကိုရရှိပြီးမဟုတ်ဘဲ သို့တည်းမဟုတ်
  (၄) ပုဒ်မ ၁၁ ပုဒ်မခွဲ(၁)၊ ပုဒ်မ ၁၂ ပုဒ်မခွဲ (၃) အပိုဒ်(က)၊ ပုဒ်မ ၁၂ ပုဒ်မခွဲ (၆) အပိုဒ် (ခ) တခုခုပါ ပြဌာန်းချက်များနှင့် ဆန့်ကျင်၍ သိလျက်နှင့် တမင်ဤအက်ဥပဒေအရ ထိမ်းမြားပေးလျှင် ထိုအရာရှိ သည် တနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ၅၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်စေရမည်။
  ၃၀။     တော်လှန်ရေးကောင်စီဥက္ကဌသည် ဤအက်ဥပဒေပါကိစ္စများကို ဆောင်ရွက်ရန်အလို့ငှာ နည်း ဥပဒေ များပြုနိုင်သည်။
 ၃၁။   ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ (၁၉၃၉ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေအမှတ်၂၄)ကို ဤ အက်ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
  
 

အထက်ဖော်ပြပါ အက်ဥပဒေအရ အခြားသော တည်ဆဲဥပဒေများ၊ ဓလေ့ထုံးထမ်းများနှင့် ဤဥပဒေပြဌာန်း ချက်များသည် မည်သို့ပင် ဆန့်ကျင်စေကာမူဤအက်ဥပဒေက လွှမ်းမိုး၍ ဘာသာခြားယောက်ျားတိုင်းအပေါ် အာဏာ သက်ရောက်စေပေသည်၊ ဤအက်ဥပဒေ၏ အရေးကြီးလှသော ပြဌာန်းချက်မှာ ပုဒ်မ ၂၀ ဖြစ်၍ ဘာသာခြား ယောက်ျားနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏ ပေါင်းဖက်နေထိုင်ပြုမူကြခြင်းသည် ဗုဒ္ဓဘာသာ ထုံးထမ်းအရ နေထိုင် ခြင်းမျိုးဖြစ်ပါက ၄င်းတို့ ပေါင်းသင်းချိန်ကပင်လျှင် ထိမ်းမြားလက်ထပ်ခဲ့ သည်ဟု မှတ်ယူရသည့်အပြင် ၄င်းတို့ပေါင်း သင်းချိန်ကပင်လျှင် ထိမ်းမြားလက်ထပ်ခဲ့သည်ဟု မှတ်ယူရသည့် အပြင် ၄င်းတို့စတင်ပေါင်းသင်းချိန်ကပင်လျှင်ထိမ်းမြားလက်ထပ်ခဲ့သည်ဟုမှတ်ယူရသည့်အပြင် ၄င်းတို့စတင်ပေါင်း ခဲ့ သည့် နေ့မှစ၍ မည်သည့်အခါမဆို ဤအက်ဥပဒေ အရ မှတ်ပုံတင်နိုင်ခွင့်ရှိသည့် ပြဌာန်းချက်ဖြစ်သည်။ ၄င်းပြင် ပုဒ်မ ၂၅ တွင်လည်း ဤအက်ဥပဒေအရ ထိမ်းမြား ကြသူ (သို့) ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်း ခံရသူများ၏ လင်မယားကွာရှင်းမှု၊ပစ္စည်းခွဲဝေမှု၊သားသမီးထိန်းသိမ်းမှုများ တွင် မြန်မာဓလေ့ထုံးထမ်းဥပဒေ အရ ဆုံးဖြတ်ရမည်ဟု လည်း ပြဌာန်းထားပေသည်။ ၄င်းပုဒ်မ၏ ချွင်းချက်တွင် ဘာသာခြင်းယောက်ျားက ကွာရှင်းလိုခြင်း (သို့) စွန့်ခွာခြင်း (သို့) ညှင်းပန်းနှိပ်စက်ခြင်းပြုပါက ၄င်းယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းမှ မိမိရပိုင်ခွင့်အစုကို စွန့်ရမည့်ပြင် မိန်းမအားလျော်ကြေးပေးရမည်ဟု၎င်း၊ မိန်းမသည် သားသမီး ထိန်းသိမ်းခွင့်ကိုရရှိမည်ဟု၎င်း၊အရွယ်မရောက်သူကလေးများအား စားစရိတ်ပေးခြင်း၊  ပြုရမည်ဟု၎င်း၊ ပြဌာန်းထား ပေသည်။ ၄င်းပြင် ဤအက်ဥပဒေတွင် ဘာသာခြင်းနှင့်လက်ထပ်ခြင်းကို ကန့်ကွက်ပိုင်ခွင့် မည်သို့လက်ထပ်လျှင် တရားဝင်ခြင်း စသည့် ပြဌာန်းချက်များ လည်း ပါရှိသည်ဖြစ်ရာ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတိုင်း ဤအက်ဥပဒေကို ကျေညက်စွာ နားလည်သဘောပေါက်သင့်ပေသည်။ မိမိတို့ နားလည်သည်နှင့်အမျှ ဘာသာခြား နှင့် လက်ထပ်ကြသော အမျိုးသမီးများကိုလည်း ဤအက်ဥပဒေပါပြဌာန်းသည့် ခံစားခွင့်များကို တဆင့်ပြန်လည် ဖောက်သည်ချခြင်းဖြင့် အကျိုးခံစားခွင့်များ ရရှိနိုင်ကြမည်ဖြစ်ပေသည်၊ အချုပ်အားဖြင့် ဤအက်ဥပဒေသည်၊ နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြရသော ဘာသာခြားယောက်ျားနှင့် အကြောင်း အမျိုးမျိုးကြောင့် လက်ထပ်ခဲ့ကြသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအတွက် ရသင့်ရထိုက်သော အခွင့်အရေး များကို မြန်မာ့ဓလေ့ထုံးထမ်းနှင့်အညီ မဆုံးရှုံး မနစ်နာစေရန် ဥပဒေဖြင့် တိတိ ကျကျ ပြဌာန်း ချက်တရပ် ပင်ဖြစ်ပေသည်။

         
မမသီရိ
၂၉ ဇွန် ၂၀၁၂


Saturday, April 19, 2014

နားပေါက်

အရူးမ - ဟဲ့ နားတစ်ပေါက် ထပ်ဖေါက်တော့ အသဲကွဲတာ ကောင်းရောလား အရူးမရဲ့။
မိန်းမကြီး - အပြင်မှာ အနာ ရှိတော့ အတွင်း ဒဏ်ရာ သက်သာမလား လို့ပါ။

အရူးမ - အတော် ရူးတာပဲ ဒီ အရူးမ၊ ဘယ်လို ဖြစ်ရတာတုန်း။
မိန်းမကြီး - တကယ် မပိုင်တဲ့ အရာ ပိုင်တယ် မှတ် ပြီး၊ မဏ္ဍပ်တိုင် တက်ပြ ၊ ရင်ကွဲ ရတာပဲ အဖတ်တင်ပါရော့လား၊
အရူးမ - ခက်တော့တာပဲ . အဲဒါ အချစ် ဟဲ့ အရူးမ ရဲ့။
မိန်းမကြီး - အချစ် က ဘာတွေ ဆက်ဖြစ်မလဲ မသိတတ်နိုင်တော့ . အကုန်လုံး လွှတ်ချ လိုက်ချင်ပြီ။
အရူးမ - လွှတ်ချတိုင်း အေးအေးသက်သာ လွတ်ကျ သွားရင် ကောင်းပေါ့ အရူးမရဲ့ . အချစ် က လွယ်လွယ် နဲ့ ကျမကွဲ တတ်ပေဘူး။
မိန်းမကြီး - ည ည အိပ်မရတာ ခက်တာပဲ။
အရူးမ - အချစ်ပါ လို့ ဆိုနေ.. ဒီ အရူးမ နှယ်။
မိန်းမကြီး - သူ့ အကြောင်း ကျမ ဘာမှ မသိဘူး ။
အရူးမ - ချစ် တာမှာ သိစရာ လိုလို့ လား ကွဲ့။
မိန်းမကြီး -  အချစ်အကြောင်း ပြောရအောင် အသက်တွေ ကြီး လွန်းတယ်။
အရူးမ - အသက် ကြီး ရင် မချစ်ရ ဘူးလို့ ဘယ်သူ က တား လို့ လဲ။
မိန်းမကြီး -  အို. ဘာ ဖြစ် ဖြစ် ရှင်. ဒီနှစ် သင်္ကြန်က ကျမ အမုန်းဆုံးထဲပါခဲ့ပြီ၊ သင်္ကြန်တုန်းမပွင့်ခဲ့တဲ့ ပိတောက်တွေ ကျမ မြင်ပြင်းကပ်တယ်၊  ခရမ်းရောင်အဆင်နဲ့ ပိတ်စတွေ ကျမနားခင်းမပြနဲ့၊ ကျမ လက်ဆောင် လက်စွပ်မှာ သူများနာမည်နဲ့၊ ကျမ သူ့ ကိုမေ့ချင်တယ် .. နားပေါက် တစ်ပေါက် ထပ်ဖေါက်မှ ဖြစ်မယ်။
အရူးမ- အတော်ခေါင်းမာတာ ပဲ. အဲဒီ အရူးမ။


မမသီရိ
၁၉ ဧပြီ ၂၀၁၄

Tuesday, March 18, 2014

6 ဂဏန်း ကို ပိုင်စိုးသူများ

 (ဒီ ပို့စ် ကို စထား ခဲ့ တာ ၂ နှစ်ကျော်ခဲ့ ပါပြီ. ခုတလော ဘလော့ထဲ အထဲ ၀င် အပြင် ထွက် မွှေ နှောက် ရင်း နဲ့ ဒီ draft ကို တွေ့ တာမို့ ပြီး စီး အောင် ဆက်ရေးပြီး အားလုံး အတွက် တင်ပေးလိုက်ပါတယ်)

ဟိုတလောက မခင်ဦးမေ ကို မွေးနေ့လက်ဆောင်စကားလေး ပါးတာတွေ့သွားတဲ့ ညီမငယ် ချိုသင်း က

ချိုသင်း: မမရေ မမkom ဆီမှာ ၇ ဂဏန်းသမားတွေအတွက် ပြောထားတာ ဖတ်ရတယ်။ မမနဲ့ မွေးနေ့ မွေးရက်တူတဲ့ ချိုသင်းကိုလဲ ပြောပြပါအုံး။ သိချင်လို့..
ဆိုပြီး ပြောလာ ပါတယ်... အဲဒီညီမလေး နဲ့ ကျမနဲ့ မွေးနေ့ မွေးရက် တူ နေတာမို့ ကျမ သူ့ကို (နှစ်တွေ ကွာနိုင်ပေမဲ့) အမွှာညီအစ်မလို ချစ်ခင်မိတယ် ..။ သူက သိချင်တယ် ပြောလာတော့ ကျမလေ့လာ ဖူးတာလေးတွေ ပြန်ပြောပြဖို့ ဖြစ်လာတာမို့ ဒီမှာပြောပြပေးပါမယ်.. ချစ်ခင်ရတဲ့ အဲဒီ ညီမငယ်လေး အတွက်ရော.. ကျန်တဲ့ ၆ ဂဏန်းဖွားတွေ အတွက်ပါ နှစ်သစ်ကူးလက်ဆောင် ပဲ ဆိုကြပါစို့....။

ခရစ်သက္ကရာဇ်အရ ၆ ရက် ၊ ၁၅ ရက် နဲ့ ၂၄ ရက် နေ့များမှာ မွေးဖွားသူတွေကို - ၆ ဂဏန်း သမားများ အဖြစ် သတ်မှတ်ကြပါတယ်၊ မွေးရက် လ နဲ့ မွေးနှစ် အာလုံးပေါင်းလိုက်လို့ ၆ ဂဏန်းသာ ရမယ် ဆိုရင် ပြီးပြည့်စုံတဲ့ ၆ ဂဏန်း စိုးမိုးသူများလို့ ခေါ်ဆိုနိုင်ပါတယ်။ ဥပမာ အနေနဲ့ - ၁၉၇၇ ခုနှစ် မတ်လ ၆ ရက်နေ့ဖွားသူ တစ်ဦး ကို တွက်ကြည့်ရအောင်ပါ။   ၆+၃+၁+၉+၇+၇ = ၃၃ = ၆ ရတဲ့အတွက် သူ့ ကို ၆ ဂဏန်း အပြည့်အ၀ ပိုင်ဆိုင်သူ လို့ ပြောရပါမယ်။ ဂဏန်းဗေဒ သုတေသီ အများစု က ၆ ဂဏန်း သမားတွေ ဟာ ကမ္ဘာပေါ် မှာ ဆန်းကြယ်ထူးဆန်းပြီး အများအားဖြင့် ကံကောင်းသူများလို့ သတ်မှတ်လေ့ ရှိကြပါတယ်။ တံခါ တရံမှာ ငွေမက်သူတွေ ဖြစ်နေတတ်ကြပေမဲ့ အချိန်အများစုမှာတော့ အနစ်နာခံပြီး ပေးဆပ်သူများ   ဖြစ်နေတတ်ကြပါသတဲ့။ သူများပြောတိုင်း မယုံတတ်သလို အရာရာတိုင်းကို အမြဲ ခွဲခြား စိတ်ဖြာ လေ့ ရှိတဲ့ အပြင် အများစုကသေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချတတ်တယ်လို့ဆိုပါတယ်။ အကုန်လုံး အတွက် သေချာတာတစ်ခုက တော့ ၆ ဂဏန်းဖွား ကျားကျား မမ အကုန်လုံး လိုလို ဟာ တစ်ဖက်သား အပေါ် ဆွဲ ဆောင်နိုင်စွမ်း လွှမ်းမိုးနိုင်စွမ်း ရှိတယ် ဆိုပဲ။


ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ) ရဲ့ ၆ ဂဏန်းသမားတွေ အကြောင်းရေးထားတာလေး ဒီမှာ ထပ်ပြီး တင်ပြပေးပါမယ် ။

 # ဝိသေသလက္ခဏာ
6 ဂဏန်းသည် ညနေဆည်းဆာ နှင့် နံနက်စောစော တို့တွင် ဆည်းဆာကြယ်အဖြစ်၎င်း၊ မိုးသောက်ကြယ် အဖြစ်၎င်း တွေ့မြင်နေရသည့် ''သောကြာဂြိုဟ်'' ပိုင်ဆိုင်သော ဂဏန်းသင်္ချာ ဖြစ်ပြီး ဓာတ်သဘော အရ ''မ ဓာတ်'' ၊ ''ရေ'' ဓာတ် ဖြစ်သည်။ ချစ်ခြင်းမေတ္တာ ၊ တဏှာပေမ ၊ အလှပတရား ၊ အနုပညာ ၊ သဘာဝတရား ၊ မိခင်ဆန်ခြင်း၊ လောကစည်းစိမ် နှင့် နူးညံ့သိမ်မွေ့သော အာရုံခံစားမှုများ၏ သင်္ကေပင်ဖြစ်လေသည်။ ထို ဝိသေသလက္ခဏာ များကြောင့် (6)ဂဏန်း နေ့ရက် ဖွားများသည် အောက်ပါစရိုက်လက္ခဏာများ ရှိတတ် ကြသည်။
# စရိုက်လက္ခဏာ
အနုပညာကို ခံစားထိသိလွယ်ကြပြီး နူးညံ့သိမ်မွေ့သော စိတ်ထားရှိကြသူများဖြစ်ကြသည်။ အရာရာတွင် နရီစည်းဝါးကျခြင်း (Hermony)၊ နေထားတကျရှိခြင်း (Order)၊ ငြိမ်းချမ်းငြိမ်သက်ခြင်း (Peace) များ ကို နှစ်သက်သောသူများဖြစ်တတ်ကြသည်။ သူတို့သည် ငြိမ်းချမ်းရေး နှင့် တရားမျှတမှု အလွန်တန်ဖိုး ထားသူများဖြစ်ကြပြီး ထို့အတွက် တိုက်ပွဲဝင်ကြရန် လည်း ဝန်မလေးကြသူများဖြစ်လေ့ရှိသည်။ မိမိနေ အိမ် နှင့် မိသားစုဘဝကို မြတ်နိုးကြသူများ ဖြစ်ကြပြီး မိမိနေအိမ်၊ ပတ်ဝန်းကျင်ကို သာယာလှပနေစေ လိုကြသူများ ဖြစ်ကြသည်။ လောကကြီးအတွင်း အားနည်းသူများ၊ ဖိနှိပ်ခံရသူများ၊ လူ့အခွင့်အရေး ဆုံးရှုံးနေကြသူများဘက်မှ မားမားမတ်မတ်ရပ်တည်လေ့ရှိကြသူများဖြစ်ကြသည်။ ပင်ကိုယ်သဘော အားဖြင့် နူးညံ့သိမ်မွေ့ ကြသူများ ဖြစ်သော်လည်း လိုအပ်လာလျှင် ကြမ်းတမ်းပြရန်လည်း ဝန်မလေးကြသူ များဖြစ်လေ့ရှိသည်။ (6)ဂဏန်းသမား အနုပညာဆန်သော တီထွင်ဖန်တီးမှုများကို ပြုလုပ်နိုင်စွမ်းရှိပြီး မိမိအလုပ် ကိုလည်း သေသပ်ကျနစွာ လုပ်ကိုင်တတ်ကြသူများဖြစ်ကြသည်။
# စီးပွားရေးနှင့်အလုပ်အကိုင်
(6)ဂဏန်းပိုင် သောကြာဂြိုဟ်သည် အနုပညာ၊ အလှအပတရား၊ ချစ်ခြင်းမေတ္တာ၊ လောကကို အလှဆင်ခြင်း တို့ကို ကိုယ်စားပြုသော ဂြိုဟ်ဖြစ်သောကြောင့် (6)ဂဏန်း သမားများသည် စာပေ ဂီတ ပန်းချီ ပန်းပု နှင့် အနုပညာအမျိုးမျိုး၊ ပိသုကာပညာ၊ ဖက်ရှင် ဒီဇိုင်းပညာ၊ စားသောက်ကုန် ထုတ်လုပ်ခြင်းပညာ၊ အမျိုးသမီး အလှပြုပြင်ရေးဆိုင်ရာလုပ်ငန်းများ၊ ရင်သွေးထိန်းကျောင်းရေးလုပ်ငန်းများ၊ သရုပ်ဆောင်မ်ာဒယ်၊  ဟိုတယ်နှင့်ခရီးသွားလာခြင်းဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံခြားဘာသာရပ်ဆိုင်ရာလုပ်ငန်းများ၊ ပြုစုစောင့်ရှောက် လုပ်ငန်းများ ဖြင့် အကျိုးပေးတတ်ကြပါသည်။
# အချစ်ရေးနှင့်အိမ်ထောင်ရေး
များသောအားဖြင့်(6)ဂဏန်းဖွားများသည် အချစ်ရေးနှင့်အိမ်ထောင်ရေးကိစ္စများတွင် သိမ်မွေ့လေး နက်သော ခံစားချက်ရှိသူများဖြစ်လေ့ရှိသည်။ အချစ်ရေး အိမ်ထောင်ရေး နှင့် ပတ်သက်လာလျှင် ခံစား ချက် ပြင်းထန်တတ်ကြပြီး နှလုံးသားကို ဦးနှောက်ထက် ဦးစားပေးတတ် ကြသောသူများဖြစ်ကြသည်။ အချစ်စစ် နှင့် မေတ္တာစစ်တို့ကို တန်ဖိုးထားတတ်ကြပြီး မိမိ၏ အိမ်ထောင်ဘက်ကိုလည်း အလွန်တန်ဖိုး ထားကြသူများဖြစ်ကြသည်။

# ကျန်းမာရေး

(6)ဂဏန်းသမားများသည်များသောအားဖြင့် ကျန်းမာရေးပုံမှန်အဆင့်လောက်တွင်သာ ရှိနိုင်ပါသည်။   ရေဓာတ် လွှမ်းမိုးမှု အားများခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ၊ ကူးစက်ရောဂါများအား သတိထားရမည်။ နှလုံး၊ လည်ပင်း၊ မျိုးပွားအင်္ဂါဆိုင်ရာရောဂါများ၊ အဖုအကြိတ်ေ ရာဂါများ ၊ ဆီးချိုရောဂါ ၊ လိင်အပျော်ကြူး ခြင်းဆိုင်ရာ ရောဂါများကို သတိပြုရမည်။

# ဘဝကံကြမ္မာ

(6)ဂဏန်းသမားများသည် ဘဝကံကြမ္မာသည် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်အခြေအနေများ အပေါ်တွင် မူတည်ပြီး အရောင်ပြောင်းနိုင်လေသည်။ သူတို့သည် ''ငြိမ်းချမ်းခြင်း နှင့် လွတ်လပ် မျှတခြင်း'' များကို အလွန်တန်ဖိုးထားတတ်ကြသဖြင့် သူတို့ပတ်ဝန်းကျင် ၊ သူတို့နေထိုင်ရာ နိုင်ငံတွင် ငြိမ်းချမ်းခြင်း နှင့် တရားမျှတခြင်းများ ရှိပါက သူတို့၏ ဘဝသည်လည်း လိုက်လျော ညီထွေ တိုးတက်ကောင်းမွန်တတ်ကြပြီး ၊ ''ငြိမ်းချမ်းခြင်း နှင့် တရားမျှတမှု'' မရှိပါက သူတို့သည် အေးချမ်းစွာနေလိုသော သူများအဖြစ်မှ တိုက်ပွဲဝင်သူများ အဖြစ် ပြောင်းလဲသွားတတ် ကြသည်။ ထိုအခါ သူတို့ဘဝ ကံကြမ္မာတို့မှာ တည်ငြိမ်မှု မရှိတော့ချေ။ထို့ကြောင့် သူတို့သည် မိမိတို့ဘဝ ကြီးပွားတိုးတက်ရေးကို မဆောင်ရွက်နိုင်တော့ဘဲ အများအကျိုး ၊ အများကိစ္စများကို ဆောင်ရွက် ခြင်းဖြင့်သာ ဘဝတစ်ခုကို အချိန်ကုန်ကြရသည်လည်း များတတ်ကြသည်။

ထို့ကြောင့် (6)ဂဏန်းသမားများသည် ကမ္ဘာလောကကြီးငြိမ်းချမ်းသာယာနေေ
သာ အချိန်ကာလ များတွင် အနုပညာ အမျိုးမျိုးတို့ကို တီထွင် ဖန်တီးသူများအဖြစ် တွေ့ရတတ်ပြီး ကမ္ဘာကြီး တရားမဲ့ နေသော အချိန်များတွင်မူ တော်လှန်ရေးသမားများ၊ လက်နက်ကိုင်တိုက်ပွဲဝင်ကြသူများ၊ လူအခွင့်အရေး လှုပ်ရှား သူများ အဖြစ်တွေ့ရတတ်သည်။ ထိုအချိန်မျိုးတွင် မိမိဘဝတိုးတက်ကြီးပွားရေးများအတွက် ဂရုမစိုက်နိုင် တော့သောကြောင့်  မိသားစုဘဝ ၊ စီးပွားရေးဘဝများ မှာလည်း ပျက်သုန်းရတတ်တော့သည်။

ထို့ကြောင့် (6)ဂဏန်းသမားများသည် ဘဝတည်ငြိမ် အေးချမ်းစေရန် နေရာကောင်း ၊ အရပ်ကောင်းကို မှီခိုတတ်ရန်လိုပေသည်။ အေးချမ်းသာယာ ပတ်ဝန်းကျင် (နိုင်ငံ)များတွင် နေထိုင်ရလျှင် (6)ဂဏန်းသမား သည် အလွန်ထူးချွန်ပြောင်မြောက်သူများဖြစ်လာလေ့ရှိသည်။ (ဥပမာ- Apple ကွန်ပျူတာများ၏ ဖန်ဆင်းရှင် စတိဗ်ဂျော့ဘ် သည် ''ဆီးရီးယား'' လူမျိုးတစ်ဦးဖြစ်ပြီး ဆီးရီယားနိုင်ငံတွင် မွေးဖွားနေထိုင်ခဲ့လျှင် ကမ္ဘာကျော် တီထွင်သူတစ်ဦးဖြစ်ရန် မရှိပေ။ မိဘများက အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်း ကြောင့် စတိဗ်ဂျော့ဘ် ဟူသော ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ရခြင်ြး
ဖစ်ပေသည်)

# မိတ်ဘက် ရန်ဘက် ဂဏန်းများ

6 ဂဏန်းသည် - 1 , 2 , 4 , 8 ဂဏန်းများနှင့်မူ သင့်မြတ်လှခြင်း မရှိချေ။ သို့သော် 3 , 6 , 9 ဂဏန်း များနှင့်မူ သဟဇာတ ဖြစ်သည်ဟု ဆိုနိုင်သည်။ 5,7 ဂဏန်းများနှင့် အသင့်အတင့် ကောင်းကျိုးပေးနိုင်ပါသည်။ ထို့ကြောင့် မိမိနှင့် တည့်သောဂဏန်း မွေးဖွားသူ များနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ထိုနံပါတ်များများပါသော အိမ်နံပါတ်၊ ကားနံပါတ် များကို ရွေးချယ်ခြင်း ၊ အရေးကြီးသော ကိစ္စများ လုပ်ဆောင်ရန် နေ့ရက်များအတွက် မိတ်ဘက် ဂဏန်းများကို ရွေးချယ်ခြင်းဖြင့် ကောင်းကျိုးများ ပိုမိုရရှိ စေနိုင်သည်။

# ကံကောင်း/ကံညံ့ ဖြစ်စေနိုင်သော အသက်ပိုင်းများ

6 ဂဏန်းသမားများသည် (ယေဘူယျအားဖြင့်) မိမိအသက်ကို တစ်လုံးတည်း ပေါင်းခြင်းဖြင့် 1, 2, 4, 8 ဂဏန်းများဖြစ်နေပါက ထိုအသက်ပိုင်းများသည် များသောအားဖြင့် ကံမကောင်း တတ်ချေ။ 3, 6, 9 ဂဏန်းကျသော နှစ်များတွင်မူ ကံကောင်းမှု ထူးခြားမှုများ ကြုံရတတ်ပါသည်။

(သို့သော်အထက်ပါအသက်ပိုင်းများသည်''ပုံသေ''နည်းမဟုတ်ပါ။ အကြမ်းဖျဉ်းမျှသာဖစ်ပါသည်။ ယေဘူယျအားဖြင့် မှန်ကန်တတ်သောကြောင့်သတိပြုနိုင်စေ ရန် ဖြစ်ပါသည်)။ မြန်မာ့ မဟာဘုတ် နည်းစံနစ်ဖြင့် ''ကောင်းသော သက္ခတ် ၊ ဆိုးသော သက္ခတ် ၊ ဘုမ္မိကြီး ၊ ဘုမ္မိလေး ကျခြင်း ၊ သက်ရောက် နှင့် ဂြိုဟ်စား ပက္ခတ် မိခြင်း/ မမိခြင်း စသော အချက်များဖြင့် တိုက်ဆိုင်ရန် လိုအပ်ပါသည်)

# 6 ဂဏန်းသမား ကမ္ဘာကျော်ပုဂ္ဂိုလ်အချို့
6 ရက်ဖွားကမ္ဘာကျော်များ
  •  Mr.Bean အမည်ဖြင့် ကမ္ဘာကျော်သူ ဟာသသရုပ်ဆောင် ရိုဝင်အာကင်ဆန်
  •  ပန်းချီ ၊ ပန်းပု ၊ ပိသုကာ နှင့် သိပ္ပံပညာ စွယ်စုံပညာရှင် မိုက်ကယ်အိန်ဂျလို
  • ဟောလီဝုဒ် မင်းသားကြီးဘဝမှ အမေရိကန်သမ္မတဖြစ်လာသူ ရော်နယ်ရီဂင်
  •  ဆိုဗီယက်ယူနီယံ၏ အကြီးအကဲဟောင်း ယူရီအင်ဒရိုပေါ့ဗ်
  •  ပြင်သစ်နိုင်ငံသူ အာဇာနည်သူရဲကောင်းလေး ဂျူန်းအော့အာ့ခ်
  •  ဘောလုံးသမား အကျော်အမော် ရော်ဘင်ဗန်ပါစီ
  •  ဟောလီဝုဒ် အက်ရှင်မင်းသားကြီး ဆီဗက်စတာစတားလုံး
  •   ခေတ်သစ် စိတ်သရုပ်ခွဲ ပညာရှင် - ဒေါက်တာဆစ်ဂမန်ဖရွိုက်
  • ကမ္ဘာကျော် စာရေးဆရာကြီး ဆာဝေါ်လတာစကော့  
  • ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း - တိုနီဘလဲယား 
  • အမေရိကန် သမ္မတ တစ်ဦးဖြစ်သူ – ဂျော့ခ်ျ ဘုရှ် (စီနီယာ)
  •  
15 ရက်ဖွား ကမ္ဘာကျော်များ 
  •   မိုနာလီဇာ'' ပန်းချီကား ဖန်တီးရှင် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ 
  •  ယူရေးနပ်စ်ဂြိုဟ်ကို စတင်တွေ့ရှိခဲ့သူ နက္ခတ်ပညာရှင် ဝီလီယံဟာရှဲလ်
  •  ''ဂေါ့ဖားသား'' ဝတ္တုဖြင့် ကမ္ဘာကျော်ခဲ့သူ စာရေးဆရာကြီး မာရီယိုပူဇို
  • စာရေးဆရာမကြီး အာဂါသာခရစ္စတီး
  • အမေရိကန် လူမည်းများ၏ အခွင့်အရေးတိုက်ပွဲဝင်ခဲ့သူ မာတင်လူသာကင်း 
  • ဒုတိယကမ္ဘာစစ် ဂျာမဏီစစ်ဗိုလ်ချုပ်ကြီး အာဝင်ရွန်းမဲလ် 
  • Laurance of Arabia ဟု ကျော်ကြားခဲ့သူ စစ်ဘုရင် T.E လောရင့်စ် 
  • နက္ခတ်တာရာကြည့် မှန်ပြောင်းကို တီထွင်ခဲ့သူ နက္ခတ်ပညာရှင် ဂလီလီယို
  •  
 24 ရက်ဖွား ကမ္ဘာကျော်များ
  •   အမေရိကန် တီထွင်သူ ၊ လူထူးဆန်း သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟူး
  •  Apple ကွန်ပျူတာများ၏ ဖန်ဆင်းရှင် မှော်ဆရာကြီး စတိဗ်ဂျော့ဘ်
  •  နာမည်ကျော် အဆိုကျော် နှင့် သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်
  • အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီ
  • ကမ္ဘာကျော် ''တက်ကျမ်း'' စာရေးဆရာကြီး ဒေးလ်ကာနက်ဂျီ 
  • ကမ္ဘာကျော် စာရေးဆရာကြီး အလက်ဇန်းဒါးဒူးမား 
  • ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင် ယာဆာအာရာဖတ် 

အောက်မှ ဖေါ်ပြထားတဲ့ ကမ္ဘာကျော်၊ နာမည်ကျော် တွေ ကတော့ စိုးမိုးဂဏန်း ၆ ရသူတွေပါ

Celebrities and Famous People with Life Path Number 6

Albert Einstein March 14, 1879
Eleanor Roosevelt October 11, 1884
Britney Spears December 2, 1981
John McEnroe February 16, 1959
Goldie Hawn November 21, 1945
Ian Fleming May 28, 1908
James Brown May 3, 1933
James Dean February 8, 1931
Justin Timberlake January 31, 1981
Victoria Beckham April 17, 1974
Donald Sutherland July 17, 1935
Jennifer Lawrence August 15, 1990
John Lennon October 9, 1940
Galileo Galilei February 15, 1564
Stephen King September 21, 1947
Bruce Willis March 19, 1955
Christopher Reeve September 25, 1952
Christopher Walken March 31, 1943
Clive Owen October 3, 1964
Ben Affleck August 15, 1972
Michael Jackson August 29, 1958
Eddie Murphy April 3, 1961
Howie Mandel November 29, 1955
James Dean February 8, 1931
Heather Locklear September 25, 1961
Jessica Alba April 28, 1981
Jude Law December 29, 1972
Michael Caine 14 March 1933
Sylvester Stallone July 6, 1946
Robert De Niro August 17, 1943
Robert Pattinson May 13, 1986
James Brown May 3, 1933
Lenny Kravitz May 26, 1964
Nicole Scherzinger June 29, 1978
Stevie Wonder May 13, 1950
Federico Fellini January 20, 1920
Thomas Edison February 11, 1847

ကဲ ဒီလောက် ဆို- ၆ ဂဏန်းသမားတွေ အကြောင်း တီးမိ ခေါက်မိ ရှိလောက်ကြပြ ထင်ပါရဲ့၊ နောက်ဆက်တွဲ အနေနဲ့ ၂၀၁၄ ခုနှစ် ထဲ အတွက် အကြမ်းဖျဉ်း ခန့်မှန်း ဟောကိန်းလေး တွေ တွက်ပေး ပါမယ်။

၆ ဂဏန်း သမား အများစု အတွက် ၂၀၁၄ ဟာ အလွန် ကံကောင်းလှ တဲ့ နှစ် တစ်ခု မဟုတ်ပါဘူး၊ အများစု အတွက် ရန် နှစ် လို့ ပြောလို့ ရပါတယ်။ ငွေ ကုန်ကြေးကျ နဲနဲများမယ်၊ ကျန်းမာရေး ချူခြာမယ်၊ လုပ်ငန်း အကြံအစည်တွေ ထင်သလောက် မပေါက် မြောက်နိုင်သေး။ ကိုယ် မလုပ်ချင်တာတွေ ပဲ ဆက်တိုက် လုပ်နေရပြီးတော့ လက်အောက်ငယ်သားတွေ ကြောင့် စိတ်အနှာင့် အယှက်များမဲ့ နှစ်ပါ။ အထက် လူကြီး တွေ ရဲ့ သဘောကျ မြှောက်စားတာ ခံ ရပေမဲ့ မနာ လိုသူတွေ များ ပါမယ် တဲ့။ 

၂၀၁၄ ဇန်န၀ါရီလ နဲ့ အောက်တိုဘာ လတွေ ထဲ မှာ လူကြီး မိဘ တွေ ရဲ့ ကျန်းမာရေး အလေးပေး ရပါမယ်။ 

ဖေဖေါ်ဝါရီလ နဲ့ နိုဝင်ဘာ လတွေ ဟာ စန်း အပွင့်ဆုံး လတွေ ဖြစ်ပြီး ချစ်သူရီးစား ရတတ်တယ်၊ လက်ထပ် ခြင်း ကိစ္စ ကြုံတတ်တယ်၊ ရာထူတိုးခြင်း လုပ်ငန်း အဆင်ပြေခြင်းတွေ ရှိပါမယ်၊  

မတ်လ နဲ့ ဒီဇင်ဘာ လတွေ မှာတော့ နိုင်ငံခြား ခရီး ဒါမှ မဟုတ် ပြည်တွင်း ခရီးရှည်တွေ ပေါ်လာတတ် တယ်၊ 

ဧပြီလ ထဲမှာ အိုး အိမ်၊ အိမ် ခန်း အသစ် ၀ယ်ရ တတ်မျိုး၊ ပြုပြင်ရတတ်မျိုး၊ စက်ပစ္စည်း ယာဉ် ကား စတဲ့ ပစ္စည်းတွေ ၀င်တတ်ပါတယ်၊ ထီ ၀ါသနာပါသူတွေ အတွက် ထီ ပေါက် ကိန်း ကြုံတတ်ပြီး မိဘ ဆွေ မျိုး များ ဆီက အမွေ တွေ လဲ ရတတ် ပါတယ်။ 

မေ လ ထဲ မှာ တော့ ရေလမ်း ခရီး သွား ရမယ် ဆို သတိ ထားရမှာ ဖြစ်ပြီး အပူလောင် ခြင်း အပူ ရှပ် နဲ့ ပူပင် စရာ ကိစ္စလေးတွေ ရှိတတ်ပါတယ်။ အနည်းဆုံး ဆီပူ၊ ရေနွေးပူ လောင်တတ်တာမျိုးတွေ ရှိနိုင်ပြီး ထိခိုက် မှုတွေ လဲ သတိပြုရပါမယ်။

ဇွန်လ ကတော့ လုပ်ငန်း သစ် လုပ်ရတတ်ခြင်း၊ ဘ၀ သစ် စ ရတတ်ခြင်း စတဲ့ ကောင်းကျိုး ရှိ တဲ့ အစပျိုးခြင်း ရှိတယ်ပါမယ်။

ဇူလိုင်လ နဲ့ သြဂုတ်လတွေဟာကံကောင်းတဲ့လတွေ ဖြစ်ပြီးတော့ သင်တန်းအခွင့် အလမ်းတွေ ပေါ်တတ်ခြင်း၊ ရာထူးတိုခြင်း၊ အလုပ်သစ် ပြောင်းရခြင်း၊ အကျိုးဖြစ်ထွန်းစေတဲ့ ခရီးတို၊ ခရီးရှည်တွေ ရှိနေပါလိမ့်မယ်။ 

စက်တင်ဘာ လထဲ မှာတော့ ငွေက အလုံးအရင်း ၀င်လိုက် အလုံးအရင်း ထွက်လိုက် ဖြစ်နေ ပေမဲ့ ကျန် ကိစ္စ တွေ ကတော့ ကံကောင်း နေပါမယ် တဲ့။

အားလုံးကို ချစ်ခင်လေးစားတဲ့
မမသီရိ
၁၈ မတ် ၂၀၁၄