Friday, April 05, 2013

မှန်စာ

ဒီလိုနေ့မှာ မှ ..ဒီမြူတွေက ထူးထူးခြားခြား
ပါးပါးကလေးတောင် မဟုတ်..
ပိန်းနေအောင် တုတ်တုတ်ဖွေးတော့တယ်..  .. ..
အုန်း လက် အဖျား အနား ကလေးတွေ
ငွေ စင် ဥ တွဲ ရွဲ လက်လက် ဝေ..
အတွေး ဟာ.. အစုန် အဆန်..
ပုံမှန် မဟုတ်တော့ တဲ့ ရထား အိုအို တစ်စင်း...
လမင်း အကြောင်း တွေ ရင်း.. ည .. က .
မလင်း ချင်ပဲ လင်း လာတဲ့ .. မနက် အိုစာ မှာ..
အလွမ်း ဟာ အိပ်မှုံ စုံ မွှား နဲ့.. ၀ိုး တိုး ၀ါး တား...
လမ်း လျှောက် ဖိနပ်အောက်မှာ..
ရာနှုန်းပြည့် သန့်စင် လိုသော.. အာသီသ တွေ နိမ့် လိုက်... မြင့် လိုက်....

ရူးသွပ်ခြင်း အကြောင်းတရား..
တို့တွေ ဆွေးနွေးကြမလား ..
ရူးသွပ်ခွင့် ဆိုတာမျိုး က .. အခြေအနေ ကလဲ ပေးအုံးမှ ကို..
ရူးသွပ်ချင်စရာလဲ ကောင်းအုံးမှ ကို..
ရူးသွပ်ခွင့် ပြုတဲ့အရာ .လဲ ရှိအုံးမှ ကို..
ရူးသွပ်ခွင့် ပြု သူ လဲ ရှိအုံးမှ ကို....

အတွယ် အတာတွေ မရှာ ချင်တော့ဘူး..
ကျမ ကို မ ရူးသွပ် ပါစေနဲ့တော့..
ကြိုး တန်းလန်း နဲ့ စွန်တွေ အကြောင်း..
ဘယ်တော့မှ မထုတ်ဝေ မဲ့ စာ စောင်လိုသာ
ချောင် တစ်ချောင် ထဲ ထား ထားလိုက်ပါ...

ဒီ စွန် မှာ.. ကြိုး နဲ့....
ဟို စွန် မှာ လဲ ကြိုး တပ် လိုက်ပြီ...
သူတို့ဖာသာ လွင့် နေအောင် ပျံ ပါစေ ပေါ့ ...
ဝေဟင် ကျယ် ကြီးထဲ .. ကြိုး တွေ ထပ် မရှုပ် အောင်..

စွန်ကလေး .. ရေ့ ...
မြူထူထူပိန်းပိန်း တွေ ထဲ... ကျမ လေ...
မှန်စာ ကို ပဲ သွေး ပြီးရင်း သွေးနေမိတော့ တယ်....။

မမသီရိ
၂၁ မတ်လ ၂၀၁၃

Saturday, March 30, 2013

တစ်ရေး ကလေး ပါပဲ....လောလောဆယ်..

နှစ်နှစ်ခြိုက်ခြိုက်ကြီး
တစ်ရေး တစ်မောလောက် သေသေချာချာ အိပ်လိုက်ရရင်..

ကျောက်စရစ်အက်ကွဲ လမ်းကလေးပေါ် က
ဘ၀ အမောတွေ ပြေလေ မလား..

လှောင်အိမ်ကလေး တစ်ခု မရှိလို့တဲ့..
လွတ်လပ်ခြင်းရဲ့အောက်မှာ
မနက်က သွေးတွေ နဲ့ ဘ၀ကူးသွား ရှာတဲ့ ယုန်နက်ကလေး
အတွေး က ထွက်ပြေးမလား..

ဧည့်သည် ကွ.. အိမ်ရှင်ကွ ..
ကြိုးဝိုင်းထဲ က မျက်နှာမှာ အိုးမဲ နဲ့ သွေးသံရဲရဲ
တစ်ပါး ပိုသွားပြီ ဖြစ်တဲ့ လောကဓံ ထဲ
အလဲလဲ အကွဲကွဲ ..
Shelter ကျဉ်းကျဉ်းထဲ ရောက်သွားတဲ့
ဘ၀တွေ အကြောင်း ဟောင်းတော့ဟေ့လို့  မေ့သွား လေမလား..

လေးလံ လွန်းလှ တယ်..
ပုခုံး ဘယ်ညာ .. ရှေ့နောက် ၀ဲယာ ..
မနိုင်လုနီး ပါး ၀န်တွေ .. အကြောင်း
အံ ဆွဲ ဟောင်းကလေးမှာ.. သိမ်းထားလို့ ရမလား...

အသက်ရှုရတာ မ၀ တော့ ဘူး..
ဘယ်ရင် အုံ ထဲ စူး စူး အောင့်နေတယ်...

ကြိုးတန်းလန်း နဲ့ ငှက် ကလေး ကို မေ့လိုက်ချင်တာ က အဆိုး ဆုံး ...
လောလောဆယ်ဆယ် ..
အုန်းလက် ညိုညို တွေ အောက် တစ်ရေးလောက် အိပ်ချင်တယ်.... ။

မမသီရိ
၃၀ မတ် ၂၀၁၃

Tuesday, February 26, 2013

နွေဦးကံ့ကော်

နွေဦး .. ကြိုကြရအောင် လို့ဆို.
ချိုအီအောင်မွှေး ..
အ၀ါ အလယ်မှာ နူးညံ့ အနှစ်သွေးနဲ့
ကြွေဖြူနား ရေး 
ဆောင်းနှောင်းတေးဆို ..ကံ့ကော်တွေ ကို တဲ့ ချန်မထားခဲ့ပါလို.......။

မမသီရိ
၂၆ ဖေဖ်ါဝါရီ ၂၀၁၃


Friday, February 15, 2013

ကျင့်စဉ်



စိတ်ကို ရှင်း ရှင်းထား..
ကိုယ်ကို ဖြောင့်ဖြောင့်နေ..
နှုတ် ကို ရိုးရိုး သုံး ..
နှလုံး ကို ဖြူဖြူ ကျင့်..
ခန္တီ တဲ့ ..
ပါရမီ. တဲ့..
အထုံ... တဲ့..
လွတ်မြောက်ရာ လမ်း က ပန်းတော ထဲ မှာ ချာလည် ချာလည်


လွမ်းပါတယ် ဆိုပါမှ အဲဒီတိမ်ဝါ၀ါ တွေထဲ စုံးစုံး မြုပ်တော့တယ်...။


မမသီရိ
၁၅ ဖေဖေါ်ဝါရီ ၂၀၁၃

Tuesday, January 22, 2013

အတ္တ၊ မာန၊ အချစ် နဲ့ လုံးဝန်းသောကမ္ဘာ

တစ်စုံတစ်ရာ ကို ချစ်ခင်နှစ်သက်မိတဲ့အကြောင်း
တစ်စုံတစ်ယောက်သိသွားမှ ဖြစ်မှာလားလို့
တစ်စုံတစ်ခု တောင် သေသေချာချာရေရေရာရာ
တပ်အပ် သေချာ မပြောနိုင်ပဲနဲ့များ..
ဘာတွေ ကြောက်လို့ ကြောက်မှန်းမသိ တဲ့..
ချိုင့်ခွက် ထူပြော လမ်းကြော မာမာ ကို လျှောက်နေရ ခိုက်တွေ..
ဘေး မှာ ပန်းတွေ ပွင့်နေတာ သိရဲ့.. စပယ်တွေ မွှေးနေတာ သိရဲ့..
အတ္တကိုမဖယ်ခွာ နိုင်တဲ့ နေ့ ၁၂ နာရီ  ည ၁၂ နာရီ
အလီ အလီ စိတ်မနေပါနဲ့တော့..
လာချင်ရင် အနီးလေး လို့ ပြောခဲ့ဖူးတာ ဘယ်သူလဲ ..
ဒီမှာ က ကျီးတွေ အိမ်ရှေ့ကလဲ သာတယ် အိမ်နောက်ကလဲ သာတယ်..
မေတ္တာ အကြောင်း ရေးတဲ့ ကဗျာတွေ က ကြောင်သတဲ့လား
ငါ ကတော့ အရာရာ အချစ်နဲ့ ပဲ တည်ဆောက် ချင်တာပါ..
ဒီကမ္ဘာ ကို အချစ်နဲ့ပဲ လှပ စေချင်တာပါ..
သူ့ ကို ချစ်ပါ.. ကျမကို ချစ်ပါ.. နေမင်း ကြီး ကိုချစ်ပါ..
လမင်းလေး လဲ ချစ်ပါ.. လေပြေလေးလဲ ချစ်ပါ..
နှင်းဆီဖူးတွေလဲ ချစ်ပါ.. ကန္တာရ ဆူးပန်းတွေလဲ ချစ်ပါ..
မိဘမဲ့ ကလေးတွေ ချစ်ပါ.. ခွေးလေ ခွေးလွင့် ကလေး တွေ လဲ ချစ်ပါ..
နင့် အနီးဆုံး လူတွေချစ်ပါ.. အဝေး ကလူတွေ လဲ ချစ်ပေးပါ
ဒီကမ္ဘာမြေ အလိုအပ်ဆုံး အရာ က အချစ်တဲ့.. ယုံကြည်ပေးပါ..
ငါ့ရဲ့  အူကြောင်ကြောင် ၀ါကျတွေ မနှစ်သက်ချင်နေပါ
မကြိုက်ကြောင်းတကူး တက ပြောပြ ပါ..
တစုံတရာကို ချစ်ခင်နှစ်သက်သွားတဲ့အခါ.. နင့် မာနတွေ ခါ ချလိုက်ပါ..
တစ်စုံတယောက်ကိုမှ တစ်စုံတစ်ခုတောင် ပြောဖို့ မလိုတဲ့အကြောင်း
နင်သိလာမဲ့ တနေ့ဟာ.. နင့်နှလုံးသား နင်နားလည်လာတဲ့ အခါ ... ။

မမသီရိ
၂၂ ဇန်န၀ါရီ ၂၀၁၃

Wednesday, January 02, 2013

ချစ် ညီမလေး

အချိန်တန်တော့လဲ
အတောင်စုံတော့လဲ
ဝေးဝေးပြေး မြင့်မြင့်ပျံ ..
လေဟုန် ကို ဆန်ချင်ရင် ဆန်..
လေစုန် မှာ.. ဟန် ချင်ရင် ဟန်...
ပါး မို့ မို့ ကလေး ပိုင် သူရှိခဲ့ပြီ...
ပန်းဆီ ရောင် ညနေခင်းတွေ ..
အလှ ဆုံး လှ ပါစေ ညီမလေး ...
အရုဏ် တွေ က .. အစွမ်း ကုန် ဖူးအာ..
ညီမလေး ဘ၀ သာယာ ပါစေ...

ချစ်ခြင်းများနဲ့ သာ .. ဖွဲ့သီ နှောင်တုပ် ..
မလှုပ် နှိုင်လဲ ရှိပစေ ..
ပျော်ရွှင် ခြင်းတွေ ကို.. အပိုင်သိမ်းဆည်း..
ဘ၀ ခရီး ဟာ... လင်းလက်စွာ ဖြောင့်ဖြူး စေ..

အခွင့်အခါ သာ ပေးခဲ့ရင်တော့ ..
အဲဒီ ပါး ဖောင်းဖောင်းကလေး..
သနပ်ခါး သွေး လူးပေးခွင့်...ရ မိချင် ပါသေး...
ချစ်သော ညီမလေး... ..။


အတောင်အလက်စုံခဲ့ပြီသော.. ချစ်ညီမလေး သို့

ချစ်သော မမ

မမသီရိ

၂ ဇန်န၀ါရီ ၂၀၁၃

Thursday, December 27, 2012

ငယ်သူငယ်ချင်း..

ကျမ ပြူတင်းနားမှာ..
ဂေါ်သဇင် ရနံ့ တွေ ဘယ်သူ လာချ သွားတာလဲ ...

မွှေးတယ်.. ရင်ထိ အောင် အေး..
ငယ်ငယ် ဘ၀ တွေ .. အတွေး ထဲ မှာ ရုတ်တရက်ပြေးလွှား..
နှင်းတွေ.. ပန်း ဖွေးဖွေး..ညွတ်ညွတ် .. အဆုပ် ဆုပ်..နဲ့ ခဲ နေပုံ...
ကျမတို့ ရွာလမ်း ကလေး က ဖုံတွေ ထူထူ နဲ့ ပေါ့..
ဒါပေမဲ့.. ဘယ်သူ ကဗျာ မဆန်ဘူး ပြောမလဲ..
သူငယ် ချင်း ရဲ့ ဖိနပ် ပါး ခြေသံ.. တဖျပ် ဖျပ်နဲ့..
ကျမတို့ ကျောင်း သွား တဲ့ လမ်း ပေါ်မှာ...

ပန်းချစ်သူ ကျမအတွက်
နှင်းဆီ ဖူးတွေ လဲ သူ က ပေးဖူးတယ်...
ဂေါ်သဇင် ခိုင် တွေ လှိုင်လှိုင်ပွင့်တော့ ..
သူ့ လွယ် အိတ် ကြီးကြီး ထဲ ထည့် ၀ှက်..
ကျမ ကို ရုတ်တရက် . အံသြ စေခဲ့ ပုံ..
သူငယ် ချင်း လေး ရေ... မင်း ရဲ့ ကြံပင် တွေ သန်စွမ်း ရဲ့ မဟုတ်လား..
ဂေါ် သဇင် တွေ ပွင့် တိုင်း ကျမ ကို လွမ်း နေသလား..
အပြန်လမ်း အတွက်.. ဘာ ကို ခက် လို့ ခက် မှန်း မသိအောင်..
ဘ၀ တွေ က ရှုပ်ထွေး ပွေလီ.. ကျမ စီး နေကျ ပင်စယ်လ်ဟီး ကြောင့် များ လား လို့
ရံခါ ရံဖန်.. ဆိုလဲ.. တွေး မိပေါ့...
ဖယောင်းတိုင်မီး လေး နဲ့ တို့ တွေ စာ တူတူ ကျက်ဖူး တယ်..
လ ရောင် အောက် မှာ.. သီ ချင်းတွေ လဲ တူတူ ငြီးဖူးရဲ့..
မင်း မြေပဲ ပင်တွေ ဘာလို့ ဒီလောက် သန်စွမ်း ခဲ့ သလဲ..
ငါ .. မတွေးခဲ့ ဖူးပေမဲ့.. မြေကြီး ရနံ့ နဲ့ မင်း လက် ထူကြမ်း ကလေးတွေ
ခုတော့ ငါ့ အလွမ်း စာရင်းမှာ ထိပ် ဆုံးက ပေါ့ကွယ်....
နေအုံးကွဲ့... ကျမ ရောက်နေတဲ့ မြို့ က.. ဆောင်း ကို ကြိုက်ပုံ မရဘူး.. .
ကျမချစ် တဲ့ ဂေါ်သဇင် ကို သူ မသိဘူး...
သူ့ အနား မှာ..သနားစဖွယ် ဥသြ ငှက် တွေ.. ၁၂ ရာသီလုံး ချွဲနွဲ့ ..
တစ်နှစ် ပတ် လုံး နွေ ဘွဲ့ ကို ပဲ သီ သကွဲ့ ....
ဆောင်း မရှိတာ နဲ့.ပဲ. ကျမ အလွမ်းတွေ က ပို သည်း ရ သလားတော့ မသိ နိုင်ခဲ့...
သရီးဒီ ဖန်သား ပြင်တွေ နဲ့ ဝေး တဲ့ နေရာ.. ကျမ ခဏ တော့ ပြန်လာ ချင်တယ်..
ဂေါ်သဇင်တွေ ကျမ အတွက် မွှေး ပါစေ လား...
ဖြစ်နိုင် ရင်တော့.. နွားလှည်း ကလေး လဲ စီး ချင်သေးတယ်...
ကျမ ကြိုက် တဲ့ ..မြေပဲ ဥတွေ .. ပြုတ်ကျွေး ပါ..
ပြီး တော့ ဟိုး အရင် က .. လို ပဲ ကျမ ကို.. ဆက်ချစ်ပါ...
မင်း ဆံပင် ရှည်ရှည်  အတွက်.. ကလစ် လှလှ လေး ကျမ ၀ယ် ထားတယ်....။

မမသီရိ
၂၇ ဒီဇင်ဘာ ၂၀၁၂




Wednesday, December 19, 2012

ရင်ကိုမှန်သော ကာတွန်းများ (၁)

 








ခေတ်အဆက်ဆက်မှာ ကာတွန်းဆရာတွေ ဟာ ခေတ် နဲ့ ပြည်သူတွေ ရင်ထဲက စကားတွေ ကို အရုပ် အသွင် ပြောင်းပြီး ချယ်မှုန်း ဖေါ်ထုတ် တင်ပြကြပါတယ်.. မြန်မာပြည် ကာတွန်းလောကကို ဦးဆောင် မြှင့်တင်ပေးခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်း ကို ရည်မှန်း ဂုဏ်ပြု သော ကာတွန်းပြပွဲ မှာ တင်ဆက်ခဲ့ကြတဲ့ ကာတွန်းတွေ ထဲ က ရင် ကို လာထိ သော ကာတွန်းလေး တွေ ကို အမှတ်တရ ဒီဘလော့ မှာ .. သိမ်းလိုက်ပါတယ် ... တချို့ သော ကာတွန်းတွေ က ရုပ်ပြောင်ဆိုပေမဲ့ အတွေးတွေ တလှေကြီး နဲ့ ၀မ်းနည်းစေမှာ ဖြစ်ပေမဲ့ အားလုံးပဲ နဲနဲ ဖြစ်ဖြစ်တော့ ပြုံးနိုင်ကြပါစေ... ပုံလေးတွေ တချို့ကျန်နေပါသေးတယ် .. ကွန်ပျုတာ က လေးနေတာ မို့..  အပိုင်း (၂) မှာ ထပ်ပြီး မျှဝေ ပေးပါ့မယ်.. ..
































မမသီရိ
၁၉ ဒီဇင်ဘာ ၂၀၁၂

Photo Credit to TAMARA with many thanks

Wednesday, December 12, 2012

အလွမ်း







လွမ်းလို့ သေသွားသူတွေ ရှိသလား မသေချာပေမဲ့...
သေလောက်အောင် လွမ်းနေမိတာတော့ အမှန်....။



မမသီရိ
၁၂.၁၂.၁၂

Saturday, December 08, 2012

I Love You



I Love You


You spent your time with me
more than your friends and others


You sacrificed your life for your heart
more than people know about you…


You're kind absolutely to me
more than I care to you..


You always forgive me whenever I make mistakes
 more than I expected from you


You love me with your deep heart
more than I love you and share to you..


You inspire me like a morning sun rise 
more than everything in this World ..


You are the shiniest one..
You are the greatest one…
 who ever I met in my life..
I will be nothing without you..
I Love you… I love you… 

I Love you

         
      mamathiri
      21 June 2011

Wednesday, December 05, 2012

လေညှင်း.. လမင်း... နဲ့ ....

ဘေးနားက မီးပွင့် ကို ပိတ်ချလိုက်မှ ..
လ.  က .. ကဗျာ ဆန်စွာ လင်းခွင့်ရတော့တယ်.. ..

မနီးမဝေး တစ်ဖက် ကမ်း ...မှုန်လဲ့လဲ့ ရီ....
.ချွေချ တဲ့ လ ရောင် တွေ သောက်သုံးလို့
မြစ် ပြင် ပြေပြေပြစ်ပြစ် ကလေး ကျတော့ ..
ရွှေမှုန် မိတ်ကပ် တွေ နဲ့တဖျပ်ဖျပ် တောက်ပ....
လှလိုက်တာ ကွယ်.... 

နေ့လည်ဖက်မှာ ဆို ....
ရှားပါး တဲ့ လေနုလတ်ဆတ်ကလေး ..
ပုန်း ပုန်းနေတတ်တဲ့ လေနုလတ်ဆတ်ကလေး  ..
ခုမှ...    အပြေးလာ ဆော့မြှူ ..
ချစ်ချင်အောင်ကြူ နေတော့တာပဲ..
ပျောက်လိုက်တာ ကွာ..လို့ .. စိတ် တို ပြတော့....
ဟိုး.. လယ်ကွင်းတွေ ဆီ..
တောအုပ် ..အုပ်.. တောင် ညိုညိုတွေ ဆီ.. အလည် သွား ခဲ့ သတဲ့...
မြို့ပြ က သူ့ ကို မချစ်တော့ ဘူး လို့..  သူ အတွေး တွေ ၀င်....
မခုံမင်ကြမှတော့... သူက လဲ မချစ်ချင် တော့ဘူး ကို...

လေနုကလေး ရယ်... လမင်း ကို တို့တွေ ကြည့်ကြမယ်
သူ လင်း ခွင့် ရ သမျှ ပြည့် ပြည့် ၀၀ လင်း လို့..
ဘယ် သူ ရယ်.. ဘယ် ၀ါရယ် လို့.. သူ မရွေးချယ်..
ညီညီ မျှမျှ .. သူ့ အလင်းတွေ ချ ချ ပေး ..
ငါ တို့တွေ ငေး ကြရတာ.. သူ့ ရဲ့ ရင့်ကျက် မှု ပဲ မဟုတ်ဘူးလား ကွယ်..

ကျမ ကတော့ .. သူ့ ကိုချစ်တယ်..
လ ကွေးကွေး ကလေး .. လ ပြည့်ဝ ကလေး...
မိုးတိမ် တွေ ထူ တုန်းဆို.. ကျမ က လွမ်းရ..
နှင်းမှုန်တွေ သဲ တုန်းဆို.. ကျမ က လွမ်းရ..

(တယ် ဒီကလေးမ.. ထစ်ကနဲ ရှိ လွမ်း ရ.. ထစ်ကနဲ ရှိ.. ချစ်ရ...)
အဲသလို ဆူ မလို့လား.. ကွဲ့....
ကျမ ကတော့... လေညှင်းကလေး လဲ ချစ် ပါတယ်....။


မမသီရိ
၅ ဒီဇင်ဘာ ၂၀၁၂

Thursday, November 29, 2012

ခွေးရူး နဲ့ လက်ပံ

ကြားဖူးခဲ့သမျှတော့
လက်ပံ ဖူးချိန် မှ ခွေးတွေက ရူးတာဆို...

ကြုံခဲ့ရတာတော့..
လက်ပံမဖူးပဲနဲ့.. ခွေးရူးက ထခဲ့ပြီ..ရော...။


မမသီရိ
၃၀ နိုဝင်ဘာ ၂၀၁၂

Friday, November 23, 2012

သည် မှာ တော့ .... ဆောင်း...

 ဒီချိန်ဆို... တောင်တန်းတွေ ရဲ့ မနက်ခင်းတွေ က
နှင်းရည်တွေ စို လူးလို့ ရှိပေမပေါ့....
ကျမရဲ့ .. အလွမ်းတောင်ကြား ကလေး က..
နှင်းမှုန်တွေအောက်မှာ.. ဆိတ်ဆိတ်ကလေး.. ရှိနေလိမ့်မယ်...

တေးဆိုနေကျ အပြာ ရောင်ငှက် ကလေး.. ကရော..
ကျမ ကို လွမ်းနေမှာ လား...

နှင်း လူ ရုပ်ကလေး တွေ ချစ်တတ်သူကလေး တယောက် ကို
ကျမ က တော့ လွမ်း ရပေါ့ ..
ဟင့် အင်း..
ကမ်းခြေ ..  မှာ.. လဲ .. လေတွေ အေးစိမ့်နေမှာ သေချာတယ်...
အုန်းလက်ညိုညို တွေ ရဲ့ တေးသံ ကိုလဲ ငါ လွမ်းတယ်...
နှင်းတွေ စိုနေတတ်တဲ့ .. လမ်း အိုအို လေး..
မနက် မနက် ဆို.. ငါ .. ထ ...  ထ လမ်း လျှောက်ခဲ့.....
ခရမ်းသွေး ဝေနေတဲ့ နှင်းတွေ ဟာ တကယ်ပဲ မွှေး သလား...
ဂစ်တာသံ .. တိုးတိတ်ကလေး ကို လဲ လွမ်းတယ်....
ဆောင်း ထဲမှာ. .. လပြည့်ည ဘယ် နှစ်ခု ရှိသလဲ ..  ရှင် မသိဘူး မို့လား..
ကိုင်းပင် ရှည်ရှည်တွေ နဲ့ အဝေးပြေး လမ်း မ ဟာ..
ဆောင်းမှာ လင်း တဲ့  လပြည့် ည ကြောင့် ဘယ်လောက် ဂုဏ်တက် ခဲ့ သလဲ ...
စိတ်ကူး နဲ့ တောင်.. ကျမရဲ့ နှလုံးသားတွေ ကျန်းမာ လာ...

ငါ့ ရဲ့ အညို ရောင်လည်စည်းကလေး..
ငါ့ ကို လွမ်းနေမယ် လို့ .. ငါ က တကယ်ပဲ  သေချာ နေ...
ငါ့ ဆွယ်တာ ကလေးတွေ .. နွေး ခွင့် မရ တာ.. သိပ်တော့ မဟုတ်သေးပါဘူး..
ဖန်လုံ အိမ် အာနိ သင် က .. ကျမ နဲ့ ထိပ်တိုက်ကြီး လာ တိုး.. (စိတ် တိုတယ်..)...
အေးချင် လို့ လေအေးပေးစက်တွေ နှိုးတော့ မှ.. ကမ္ဘာ ကြီးက ပို နွေးလာ..
ကျမ က... ပန်ကာ လေ လဲ မကြိုက်ဖူး...
ရိုးပြတ်နံ့ သင်း နေတဲ့.. နုနုနယ်နယ် လေမျိုး သာ  ကိုယ့်ကို ထွေးပွေ့ခွင့် ပေးချင်...သူ ..
ရေအေးအေး ကြိုက်သူ.. ငါ့ လို ငပျင်းတွေ ကြောင့် အအေး ခံ သေတ္တာ တွေ နဲ့ ကမ္ဘာကြီး က ငိုကြွေးနေ..

....ဆောင်း................. ရေ့............................................
ကျမ.. လွမ်းတယ်..................................................

ကျမ ..  အလွမ်းတွေ တပုံ တပင် ကို... နောက်ဖက် ဆီ က မြစ်ကွေ့လေး ထဲ
မနက် မနက် ဆို... ကျမလေ.. .. သွန် ..သွန် ချ........

ခု... ကျမ နေနေ တဲ့ မြို့မှာ..တော့  .. ဆောင်းဟာ...
အရှက်သည်းစွာ နဲ့.. Shopping Mall တွေထဲမှာ..သာ........................။


မမသီရိ
၂၃ နိုဝင်ဘာ...၂၀၁၂

Tuesday, November 13, 2012

ရောက်မိ ရောက်ရာ..



အပြာရောင် ကောင်းကင်ပေါ်မှာ .. တိမ်တိုက်တွေ ဟို တစ်စ ဒီ တစ်စ ရှိနေတယ်...
မင်း နာမည် လေး.. Google ပေါ် မှာ.. ငါလိုက်ရှာတယ်...
Sandy ကြောင့် လူတွေ ငို ကြတဲ့ အကြောင်း ပြောချင်နေလို့ 
ရွှေဘို ငလျင်က နောင်ထွက်မဲ့ ပထ၀ီ ပြဌာန်းချက်မှာ ပါလိမ့်မယ်
ကချင် က ကလေးလေး တွေ.. ရခိုင်က ကလေးလေးတွေ..
ဘယ်ဘာသာ.. ဘာလူမျိုးပဲ ဖြစ်စေ..
သူတို့ ရဲ့ စာသင်ကျောင်းတွေ .. အဝေး တစ်နေရာ ထွက်သွားလို့ ...
ကလေးလေး တစ်ယောက် ကမေးတယ်.. မေမေ.. သား ဘယ်တော့ ကျောင်းပြန်တက်ရမလဲ ..တဲ့...
နောက် ကလေးလေး တချို့ ကတော့.
သွေးအိုင်ထဲ က သူတို့ အမေ တွေ အကြောင်း ည ည ဆို အိပ်မက်ဆိုးတွေ နဲ့...
သူတို့ ကို ချော့ သိပ်မဲ့ အမေတွေ မရှိတော့ဘူး.. သူတို့ ကို ယုယ မဲ့ အမေတွေ မရှိတော့ဘူး...
ကယ်ဆယ်ရေး စခန်း က ကြမ်းပြင် တွေ ..ဘယ်လောက် တောင် ကြမ်းရှ လေမလဲ ကွယ်....

KTV အခန်းထဲက ဆယ်ကျော်သက်မကလေး က အလုပ် ပါးနေတုန်း အတွေး ၀င်တယ် ..
ကျောက်စိမ်းတွေ က... သူတို့ မိသားစု တွေ သေ ကွဲ ကွဲစေ တဲ့.. မှော်မိ ကျောက်ခဲ တွေ လို့..
ပင်လယ်ထဲ မှာ အလို အလျှောက်ထွက် တဲ့ ဂက်စ် တွေ နဲ့ .. ငါ သေနတ် ကိုင်မိတော့ မယ်တဲ့ ..
ဟို ကောင်လေး တစ်ယောက် ကပြောလာ တာ.. .

ကြည့်ပါအုံး ဟို နားမှာ.. သစ်ပင်တွေ မရှိတော့ဘူး...
ပိုးသတ်ဆေး နိုင်းချင်းနဲ့.. အစား အသောက် တွေ အတွက် ဘယ်သူ ကမှ ပူပင်ရကောင်းမှန်း မသိ
စာတွေ လိုက် ရှာပြီး ရွေး ၀ယ် သူ.. သိပ် စိတ် မမှန် သလို မျိုး..
ကင်ဆာ.. ဆေးရုံကြီး မှာ.. ကုတင် တွေ မပိုဘူး လို့..
တာဝန်ကျ ဆရာဝန်မကလေး တစ်ယောက် .. က ခပ်ငြိး ငြီး ဆို တယ် ..
တကယ်တော့ သူလဲ ပဲ.. လမ်းဘေး က အကင်လှလှဆို နှစ် နှစ် သက်သက်...

ကမ္ဘာ့ ကုလသမဂ္ဂ ဟာ ငါတို့ အစိုးရ မဟုတ်ဖူးလို့..
တစ်စုံ တစ်ယောက် က အလန့် တကြားထ အော်တော့ ..
ဘေး နား က လူတွေ က လဲ .. ယောင် ၀ါးဝါး နဲ့.. .ဘာကြီးလဲ ဟ ..UN ဆိုတာ တဲ့..
ကျောင်းသုံးစာအုပ်တွေ ပြန်လည် စိစစ်သင့်ပြီ...
သင်ကြားပေးသူတွေ.. အရည်အချင်း မြှင့် သင့် ပြီ...
သီလ စောင့် ဖို့ အရေး.. အူ မတောင့် အောင်.. လုပ်ပေးကြပါ အုံး .. 
တချို့က တော့ လက်ဖက်ရည်ဆိုင် မှာ.. လူ့ အခွင့်အရေးတွေ တိုက်ပွဲ ၀င်တယ်..
မျက်နှာ စာအုပ်ဟာ ... နိုင်ငံရေး စင်မြင့်.. လှုံ့ ဆော်ရေး စင်မြင့်..
ဝါဒ ဖြန် ချီရေး အတွက်.. လူ့အခွင့် အရေး စစ်မျက်နှာအသစ်ဖွင့် ကြတယ်..
မီဒီယာ အခွင့်အရေး တွေ ကောင်းကောင်း အသုံးချပြီး 
ခြိမ်းခြောက် ခံ.. စော်ကားခံရသူတွေ အတွက် ကျတော့ရော.. ဘယ်သူ အကာကွယ်ပေးမလဲ...

မျိုးချစ် စိတ်ဓါတ်တွေ ရှင်သန် ထက်မြက် လွန်းလာ တယ် 
ကမ္ဘာ ကြီး က စစ်ပွဲ တွေနဲ့ ..  သွေး အလိမ်းလိမ်း ကပ်ပြီ... 
စတေ့ခ်ျ ပေါ်မှာ.. ကော်လာကတုံး နဲ့ သားကလေး ...ဒါ ..တို့ တိုင်း.. တို့ပြည်.. တို့ မြန်မာပြည်.. တဲ့ ..
ဟန်တွေ မာန်တွေ နဲ့ .. တကယ်ပဲ  ကြက်သီး ထ.. ချင် လာပြီ.....
Peace လို့ ငါ က ပြောချင်တယ်.. ငါ့ သူငယ်ချင်းကလေး တစ်ယောက် ကတော့..
ရိပ် သာ ထဲ မှာ လား တဲ့...
Peace is only upon to YOU.. ဆိုတော့... I have no doubt for that.. တဲ့..
ဒါပေမဲ့...
ဒီပြည် ဟာ.. ငါတို့ ..ပြေ... ဒီ ပြည်ဟာ.. ငါတို့ မြေ..
ဘယ်တုန်းထဲ မင်း တို့ ပိုင်တာလဲ .. မေးလာတဲ့ သူငယ်ချင်း.. ငါ စိတ် ဆိုး ချင်တယ်  ...
အဲဒီ အရင် ကရော.. ဘယ်သူ ပိုင် တာလဲ လို့ ဘေး ကတစ်ယောက် ၀င်မေး ပြန်တယ်...
ရှေးဦး လူသား တွေ... ပေါ့..
အဲဒီ မတိုင် ခင် ကရော.ကွာ....မေးခွန်းအဆုံး.. .
ငါ တို့ .. အချင်းမပွား ကြအောင်လား လို့.. မျက် နှာထားနဲ့.. ကြည့်သူ ကလေး...

ဟေ့.....
တို့ တွေ ... ကမ္ဘာ ကြီး ကို လက်ဝါးပေါ် တင်ကြည့်ကြရအောင်...
နိုင်ငံမဲ့ လူသားတွေ.. ဘယ်နိုင် ငံက မှ.. လက် မခံ ချင် ကြတော့ ရင်...
အင်္ဂါ ဂြိုလ် ဆို.. ဘယ် လို နေမလဲ....
ဒါ နဲ့ နေပါ အုံး... အကယ် လို့ များ...
အကယ် လို့ များ.... အကယ်လို့ များ လေ........
သူငယ် ချင်းလေး က...
အသားရောင် မဲ.. ပြီး.. နိုင် ငံ မရှိ တဲ့ လူ မေမေ ရဲ့ ကလေးလေး အဖြစ်နဲ့သာ..
ဒီ ကမ္ဘာ ပေါ် မှာ... မွေး ဖွား လာခဲ့ ရင်... ...
မင်း...... PEACE ဆို တာ.. ဘယ်လို တွေး မလဲ .. HUMAN ကို ဘယ်လိုရေးမလဲ ...
အဲဒီကောင်မလေး က.. တကယ်ပဲ သိချင်နေသေးတော့ တယ်...တဲ့...။

မမသီရိ
၁၃ နိုဝင်ဘာ ၂၀၁၂

Monday, November 05, 2012

ချစ်သော နိုဝင်ဘာ

တစ်ခါတုန်းကတော့ နိုဝင်ဘာဟာ
ခုလိုမျိုး ပူစပ်ပူလောင် ဘယ် ဟုတ်လိမ့်မလဲ...

ဆောင်းဦး နှင်းဥတွေ ကပို ကရို သီတွဲ..
ငွေမှုန် နုနု တွေ ကျဲကျဲ ချတတ်တဲ့..
တန်ဆောင်မုန်းရဲ့ .. လက်တွဲဖော် ဖြစ်ခဲ့.....

မှတ်မှတ် ရရ ဆို... ဆောင်းကြို မိုး တွေ က ဖွဲ  လို့..
ဆောင်း ကအေး ... မိုး ကအေး... ကမ္ဘာကြီး ဟာ အေးမြ စို စွတ် ..
ထောင့်စွန်း ကလေး တစ်နေရာမှာ...

အတိုး တွေ ပွား ဖို့ မဟုတ်.. အရင်းတွေ ထား တာလဲ မဟုတ်..
စာရင်း အကောင့် ကလေး နှစ်ခု...
နိုဝင်ဘာ ခရမ်းနုနု.. နှင်းမြူဥတွေ ကြား...
ရှစ်နှစ်လောက် ခြား.. ဖွင့် ထားခဲ့တယ်...

နေ့နေ့. ညည . အဲဒီ အကောင့် ကလေးများ.. သာ..
ပွတ်သီး ပွတ် သပ်.. ဖွင့် ။ ဖွင့် ကြည့် ခဲ့ ရတာ ဆို..  မော လို့..
ထွေးပွေ့... အရိပ်ကြည့်.. နေ ၀င်တယ်.. နေထွက် တယ်...
ကာလ တွေ အတော် ကျော်ခဲ့တယ်..
ချစ်ခြင်း ကြောင့် ပွား ခဲ့သော.. အတိုး များ...
စက္ကန့်မလပ်.. အချိန် တိုင်း ဟာ.. အဓိပါယ် ပြည့် ၀ သွား...

ချစ်သော.. ကြယ်လေး ရေ..
ချစ် သော ၀က် ၀ံ ကလေး ရေ....
ကျန်းမာ ပျော် ရွှင် စွာ.. ကြီး ပြင်း ပေးခြင်း နဲ့..
အဖိုးမဖြတ်နိုင်သော အတိုး များ.. တနင့် တပိုး.. ကြီး အတွက်...
လောက ကြိး ရယ်... သဘာဝ တရား ရယ်...
ကံကြမ္မာ ရယ်...
ကြယ်ကလေး ရယ်...
ဝက် ၀ံ ကလေး ရယ်...
ပြီး တော့... အားလုံး ပဲ ကျေး ဇူးတင်ပါတယ်....
Happy ... Happy... Happy... Birthday.... ပါကွယ်..........။




 နိုဝင်ဘာ.. မောင်နှမ အတွက်....

မမသီရိ
၅ နိုဝင်ဘာ ၂၀၁၂