Saturday, January 14, 2012

အပျော်နဲ့ စိုသော မျက်ဝန်းများ..

မညို့ပဲနဲ့ စိုခဲ့ပြီ.. ဒီမျက်ဝန်း..
လွင့်နေအောင်ပျံ ..လျှံတက်လာသော အပျော်တွေ
မနီလာသိန်း ရဲ့မျက်ရည်ချို တွေနဲ့ ... ငါ့မျက်ဝန်းတွေ လာစို
ဖြူနေခြည် ရဲ့ အပျော်တွေကြောင့်ပဲ ငါ့မျက်ဝန်းတွေ လာစို
ကိုမင်းကိုနိုင်ကို ပြည်သူတွေ ၀ိုင်းကြိုကြတော့
သူတို့နဲ့ တူတူ ငါ့မျက်ဝန်းတွေစို..
နေခြည်နဲ့ သူ့သမီးလေးတွေရဲ့ အပျော်တွေကြားမှာပဲ ငါ့ မျက်ဝန်းတွေ စို..

သူသူငါငါ မစွန့်နိုင်သော စွန့်ခြင်းများ နဲ့... သူတို့ဟာ ရာဇ၀င် သူရဲကောင်းများ..
အမှောင်လွှမ်းသော နေ့များ ညများ.. သူတို့ အောင်မြင်စွာ ကျော်လွှား
နောင်တစ်ဖန် ပြန်မသွား သင့်သော နေရာများနဲ့.. ဝေးကွာပါစေသား...


ငါ .. ငို တာတော့ မဟုတ်လေခဲ့..
ပျော်လွန်းလို့ ပါ..စိုခဲ့တဲ့ ငါ့မျက်ဝန်းများ ..ညိုညို...
ငါ လိုပါပဲ.. နိုင်ငံ တစ်နံတစ်လျား..
ဖုံးလွှမ်းသွားသော စိမ်းလဲ့အပျော်...  စိုနေသော မျက်ဝန်းများ...



မမသီရိ
၁၄ ဇန်န၀ါရီ ၂၀၁၂

Tuesday, January 10, 2012

I Miss You (3)

မအိုနိုင်တာ ဆိုလို့ အလွမ်း..
ပြို ကို ပြို နိုင်တာကလည်း အလွမ်း..
မလွမ်းပဲ မနေနိုင်အောင်..
တောင်ပုံ ယာပုံ ပုံလာတာ အလွမ်း..
မုန်း လောက်အောင် ပုန်း ပုန်း ပြီး
လာ.. လာ.. တိုက်တဲ့ ဒီအလွမ်း ..
ဇာတ်လမ်း မနာ ရအောင် လို့
ပတ်ကြမ်းတိုက် နှင်ထုတ်ချင်ပေမဲ့..
တောက်တဲ့ ကပ်သလို ခွာမရတော့တဲ့ ..အလွမ်း နဲ့
မင်း..ကို.. လွမ်း ရလိုက်တာဆို....။

မမသီရိ
၁၀ ဇန်န၀ါရီ ၂၀၁၂

Monday, January 02, 2012

ဇင်. လား... ကျမ ချစ်မိတဲ့ အလွမ်းတွေ..

လွမ်းလိုက်မယ် လို့ ကြံရုံ ရှိသေး..
နှင်းတွေ ဝေနေရတဲ့အထဲ..
မိုးပွင့်တို့ ပိန်းပိတ်အောင်ကြွေ....

နှစ်ကြိမ် နှစ်ခါ ဆုံဖူးလို့ လွမ်းရတဲ့ အလွမ်း
တစ်ကြိမ် တစ်ခါ ကြုံဖူးလို့ လွမ်းရတဲ့ အလွမ်း..
အချိန်အတော်ကြာ အတူနေဖူးလို့ လွမ်းရတဲ့ အလွမ်း..
တစ်ကြိမ် တစ်ခါတောင် မဆုံဖူးပဲ နဲ့ လွမ်းရတဲ့ အလွမ်း....

အလွမ်း အမျိုးအစားတွေ..
တန်းစီကြည့်လိုက်ရလို့ များ..
ဒါဇင်တောင် ကျော်လေ မလားရယ်.....

ညမွှေးပန်းကိုင်းညွတ်ကလေးပေါ်..
လာ ..လာ နားတတ်တဲ့.. အပြာရောင် ငှက်ကလေး ရဲ့ လေချွန်သံ..
ငှက်တစ်ကောင်ရဲ့ တေးသံဟာ..
လူတစ်ယောက် ရင် လာမှန်တာ လွန်တယ် ထင်လို့လား...

ကျမ ရဲ့ ညီမလေးကတော့ ပြောဖူးရဲ့..
မောင်စိန်ဝင်း ရဲ့ အလွမ်း ကဗျာတွေက.. ဇင်.. တဲ့..
သူ နဲ့ ကျမ စိတ်ဝမ်းကွဲ စရာ အကြောင်း မရှိခဲ့....

ညစဉ် ညစဉ်.. အိပ်မက်တွေ တိုင်း..
နွေးနေတဲ့.. သူ့ ရင်ခွင်...

ကျမ လွမ်း တ..မိတိုင်း...
သူ့ကိုယ်သင်း ရနံ့ကလေး.. ကျမ ကို ထွေးပွေ့...

နှင်းဝေေ၀ မိုး စွေ စွေ...
သူ့ အရိပ်ကလေး.. က အမြဲ အနားနားမှာ ..နေ..

ညီမလေး ရေ.. စိတ်မရှိပါ နဲ့..
ကိုယ်လိုရာ ကိုယ်ဆွဲတွေး....
ဇွတ်ပဲလို့ ဆိုကြ စေ.......
စိတ်ကလေး ကူး တိုင်း.. အနားမှာ သူရှိတယ် တကယ် ထင်မိ သူ အတွက်..
ဇင်... ပါ ပဲ... ကျမ ရဲ့ အလွမ်းတွေ..
ဇင် ပါ ပဲ... ကျမ ရဲ့ အချစ်တွေ......

မမသီရိ
၂၈.၁၂.၂၀၁၁




Sunday, December 25, 2011

I Miss You (2)

The Days are so long..
The Nights are too wrong..
Who took away asleep from my eye
Somebody's tearing is like a rhyme
Love you so much ..
and ..
Miss you so much ..
then...
Don't tell me that I can live without you.
Come back as soon as possible to me as I need you.
Miss you.. Miss you.. Miss you...



Ma Ma Thiri (24 December 2011)
 

Tuesday, December 13, 2011

လူလည်...

မောင့်ရွှေနွယ်ရိုး
မောင်မခိုးပါရစေနဲ့..
ခင်ချစ်တာ မှန်ရင်ဖြင့် ..
ခင်စံရာ မှန်အိမ်နန်းဆီက
မြန်မကြာဆင်းလာခဲ့ပါတော့..
ရင်ဖွင့်လို့ ကြို ပါ့မယ်....။


မမသီရိ
၁၄ ဒီဇင်ဘာ ၂၀၁၁

Wednesday, November 30, 2011

သတ်မှတ်ခဲ့တဲ့ နေရာ မှာ....

အမြဲ မမြဲသော သဘော အရ

သဲသဲ လှုပ်နေတာတွေ
တချိန်ကျ အေးစက် သွား မှာ..

ချွဲ ပျစ်ပျစ် ကျိ နေတာတွေ
တချိန်ကျ ခါးသက်ကုန် မှာ..

အဲသလို ချွဲ ကျိကျိ .. သဲသဲ လှုပ်
မောင်.. လိုအပ် နေတာ တွေ..
အဲဒါအဟုတ် သေချာ လို့လား ..

ကျမ ကူးခပ် ဖူးတဲ့
ပင်လယ်က သိမ်မွေ့ လှတယ်
ကျမ လမ်းလျှောက်ဖူးတဲ့ သက်တံ က..
အညှီအဟောက် ကင်းတယ်..
ကျမ ထိုင်ငေးဖူး တဲ့ ကောင်းကင် က
တည်ငြိမ် ခဲ့တယ်..

နဖူး ပေါ် လက်တင်..
ဘယ်လို ပင် စဉ်းစား စဉ်းစား..
သဲ သဲ မလှုပ် ချင်တာတော့ အသေအချာ..
ချွဲ ကျိကျိ မကြိုက်တာကတော့ အသေအချာ..

အချစ် ကို
အချစ် နေရာ မှာ
အချစ်လိုပဲ
မွန်မွန်မြတ်မြတ် သိမ်း ထုပ်..
ယုယု ယယ ထွေးပွေ့.. ..
သက်ဆိုင်သူ ရောက်လာမဲ့ နေ့ထိ..
စောင့်နေမယ့်သူ တယောက် မောင့်ဥယာဉ် အစွန်အဖျား နားမှာ ပဲ ရှိနေ. ... ။


မမသီရိ
၂၃ နိုဝင်ဘာ ၂၀၁၁

Sunday, November 27, 2011

ဂစ်တာသံ

ထူးဆန်းလိုက်တာ...
ကောင်းကင်က အဲသလောက် နက်တယ်လို့
ကျမ ထင် ကို.. မထင်ခဲ့မိရိုး...
ကြယ်စင်တွေ အကြား..
ကူးခပ် သွား လာရတာ.. ကျမ နှစ်သက်တယ်..

လမင်း ကို လိုက်.. လိုက်.. ဖမ်း ဖူးတဲ့ ညတွေ...
လေပြေ..
ညဥ့် ငှက်...
နှင်း... ကြွေ..
ငွေ ရောင်.. တံပိုး လွယ်ထားတဲ့.. နုမွမွ တိမ်စိုင် များ...
ရောင်နီကို.. ကြိုရမယ်..မှန်း.. မေ့ ခဲ့ ပြီ ရော..

ဆည်းဆာ အရိပ် ရှည်မျောမျောတွေ ကျမ ချစ်တယ်...
သန်းခေါင်ယံ ..သူ့ ဂစ်တာသံတွေ..
ကျမ နဲ့ တူတူ လိုက်ကြို ပေးတာ ကို.........။


မမသီရိ
၁၉ နိုဝင်ဘာ ၂၀၁၁

Monday, November 21, 2011

အလွမ်းအိုး

အထပ်အထပ်
ဟော....ဟိုက ရိုးမပေါ်....


နှင်းတွေ...
သဲလိုက်တာဆို..
ခါးသီးစွာ...စိမ့်..စိမ့်ပြီးအေး....

မနက်စောစော..ထ
လမ်း  မလျှောက်ချင်တော့ဘူး..

အလွမ်းအပြည့်နဲ့.. အဲ သည်အိုး..
ငါ.. ဆွဲဖွင့်မိမှာ စိုး..တယ်...။


မမသီရိ
၁၉ နိုဝင်ဘာ ၂၀၁၁

Wednesday, November 16, 2011

အရည်မရ အဖတ်မရ ကဗျာ

ကြားရ တာတွေ အရည်မရ အဖတ်မရ..
မြင်ရတာတွေ အရည်မရ အဖတ်မရ


အရည်မရ အဖတ်မရ စကား
အရည်မရ အဖတ်မရ ကဗျာ
အရည်မရ အဖတ်မရ .. စာတမ်းများ
အရည်မရ အဖတ်မရ.. လမ်း မထက်မှာ..
လေဖမ်း ငါးချဉ်သုတ် အကြင်နာ
လေပွား လေယား caring
အရည်မရ အဖတ်မရ အချစ်တွေ နဲ့
အရည်မရ အဖတ်မရ အဟုတ်ကြီး မှတ်
အရည် မရ အဖတ်မရ ဟေးလား ၀ါးလား..
အရည်မရ အဖတ် မရ ကုန်လွန်သွား မှာ သိနေရက်..
အရည်မရ အဖတ်မရ အချိန်တွေ ဖြုန်း
အရည်မရ မဖတ်မရ.. လပ်လျား လပ်လျား
ကိုယ့်ထမင်း ကိုယ်စား .. လူတကာ မျက်စိစပါးမွေး စူးအောင် လမ်းသလား
ဟီရိ နဲ့ သြတ္တပ  အရည်မရ အဖတ်မရ ဖြစ်သွား


တကယ်ဆို..
တွေးနေမိတာကိုက အရည်မရ အဖတ် မရ ပါလား..
ငါ့ အရည်မရ အဖတ်မရ .. ကဗျာ...



မမသီရိ
၁၆ နိုဝင်ဘာ ၂၀၁၁

Sunday, November 13, 2011

တစ်ဆောင်းသစ်ပြန်ပြီ

မှုံပြာရီ..
ရာသီတွေပြောင်း..
တစ်ဆောင်းသစ်ပြန်ပြီ..... တဲ့....
ရင်ဆီက လာတဲ့အသံ
ကြေကွဲဟန်အပြည့်..ဆွေးရိလှိုက်မော..
လေထဲ မှာ လွင့်မျောခဲ့..
ကိုသန်းလှိုင် ရဲ့ ခံစားချက်..
လွမ်းအသက်.. တမ်း လျှက် ဆိုနေ...


မောင်.. ရေ...
ကျမတို့ တစ်တွေမတော့..
အေးမြတဲ့ အတိတ်.. နိမိတ်ပုံ ဒီဆောင်း...
ပြန်ပြောင်းလို့ တွေးမိတိုင်း..
အချစ် ကိုင်း အချစ်ပင် အစ ပျိုး
အချစ်မိုး စွေ.. အချစ်တွေ ဆတိုး..
တစ်မိုးအောက် တစ်ယောက်
အချစ်သာတစ် ဘ၀.. နှလုံးသား အလှ... စချစ်ခဲ့ကြ...
ခုလို.. အေးမြမြ.. ဟေမန္တ ... ဒီလို ဆောင်း အစ မှာ မဟုတ်လား...

နှင်းရည်စိုလူး.. ရာသီ ဦး မှာ..
ဖူးပုရစ်ချီ .. ဝေစည် သီခဲ့...
ပန်းတွေ ရဲ့ ဘုရင်မ.. ပင်မြင့်စံ.. သဇင်အလှ..
မြတ်နိုးခြင်းသင်္ကေတ ...
မောင်............ ကျမ ကို
ရှာကာ ပန်ပေး...
အဲဒိ ရနံ့ ကလေး...
ရင်ထဲ မှာ .. မွှေး နေဆဲ ပါ .. မောင်....

ဟော... ခု.. တစ်ခါ... တစ်ဆောင်း သစ်လာတော့..
နှင်းကဗ္မလာနဲ့.. ပွင့်လာမဲ့..
အချစ်သဇင်.. ကျမ ပန်ချင်သေးတယ်....
မိန်းကလေး သဘာဝ.. ပန်း ကြိုက်တတ် ပါရဲ့..
ဒါပေမဲ့.. မောင် .. ရေ..
သဇင်.. ဆို.. သဇင်မှ.. ပါ ပဲ ကွယ်....

နှင်းနုလွှာ ခြုံဆိုင်း.. ချစ်စရာ...ဆောင်း အရိုင်း တစ်ခု
မောင်.. နဲ့... ခဏ ဝေး... ကာလကလေး ကြုံ တုန်းကပေါ့..
နှလုံးသား ကြွေ ပြုန်းမတတ်..
အလွမ်း .. ညတွေ.. ရှည်ခဲံ့ လိုက်တာများ... ဆို...
မဲဇာ ကို.. ရောက်ခဲ့ ရသလိုမျိုး...
ဒွေးချိုး ကလေး တွေ.. လေးချိုး ကလေးတွေ...
ကဗျာ ပန်းပွင့်.. ကာရံ ဆင့်ချွေ....
အလွမ်းကလေး တွေ..မောင့်.. ရဲ့ ရှေ့ မှောက်...
တောင်ပံ ပေါက်လို့ ..ရောက်ခဲ့ ဖူးတာ.. နော်....

ည.. အရိပ်...
နှင်းသိပ် တိုး ကြွေ...ပြည့်နေတဲ့ လ.. ၀င်းပ ပ လှ..
ဒီ ဆောင်းကာလ.. လပြည့် ည တစ်ခု မှာပဲ ပေါ့..
မောင်... မှတ်မိ ရဲ့လား...
ရွှန်းလဲ့ တောက်တောက်.. လ.. ရောင် အောက်မှာ...
နှင်းတွေ စို လက်..မြက်ခင်း ထက်မှာ..
လက်ချင်း တွဲ ယှက်.. ချစ်တဲ့ အကြောင်း
အပ်ကြောင်း ထပ်ထပ်.. လုပြောခဲ့ ကြ ... မေတ္တာခြုံ
မောင့် ရင်ငွေ့ လှုံ.. လုံလိုက် ပုံ များ..
အသဲကလေး တွေ အရည်ပျော်..
အလွမ်း နဲ့ အမုန်း.. ဘယ်မှာ. ပုန်းနေသလဲ..
အဲဒီ တုန်း က.. ကျမ သိပ်ပျော်ခဲ့ တာပဲ ကွယ်...



ဟော................
တိုးညှင်း သဲ့..သဲ့...
ဝေ့ ၀ဲ လာတဲ့ အသံ...
မှုံ ပြာရီ... ရာသီတွေ.. ပြောင်း.... တစ်ဆောင်း သစ်ပြန်ပြီ....... တဲ့..
အဲဒိအဆိုတော် ကလေး.. လွမ်း လို့ ငို နေ...
ကျ မတော့.. မောင့် အချစ် နဲ့ ..ပျော်နေ......။


မမသီရိ
၁၃.၁၁.၁၉၉၀
(edited on 13.11.2011)

Sunday, October 30, 2011

ညီမလေး ရဲ့ ဟိုမရောက် ဒီမရောက် အလွမ်းတွေ

ညီမလေး ရဲ့ စပယ်ရုံတောင် မပွဲသေး
ဆောင်း က အပြေးကလေး လာခဲ့ပြီ..
နှင်း နှမ သူဇာ... ပုဝါ ကဖြင့် ပါးဆဲ....
ဖိတ်လျှံကျလာနေ တဲ့.. မြောက်လေအေး

အဲဒီလရောင် ကို ၀တ်ရုံချုပ် ..
ကြယ်စင်တွေ ဆံထိုး လုပ်ချင် တယ် .. ကိုကို..
နှင်းမှုန်တဲ့ ညခင်းတွေ ညီမလေး သိပ် ချစ်တယ်.
.ညီမလေး ဆံပင်တွေ ကိုကို.. သပ်တင်ပေးပါ..
ညီမလေး စံပါယ်ကုံး.. .. ကိုကို ထုံးပေးပါ..
နှင်းတွေ သိပ်မသဲ ခင်မှာ

ပြတင်းဘေး နား သစ်ပင်က ရှဥ့်ညိုကလေးပေါ့
သူ ခဏခဏ ခိုး ကြည့်တယ်..
ကိုကို လာ.. ဖမ်းပေးပါ လား.. ညီမလေး တစ်ချက် လောက် ပွေ့ထားချင်

တောင်ကမူ အဆုံးမှာ... ရေစီးသံ ညင်သာလာတဲ့ စမ်းချောင်းကလေး
ညီမလေး ဆင်းကြည့်တော့.. ခြေထောက်ကလေးတွေ အေးစိမ့်
ကြည်ကြည်နူးနူး နှစ်သိမ့်.. အဲဒိ ရေသွင်သွင်ထဲ.. ကိုကို့ အချစ်တွေ

ကိုကို့ အတွက် လက်အိတ်ကလေး ထိုးနေတယ်..
ဆောင်းအလယ် မတိုင်ခင်တော့ ပြီးတန်ကောင်းလေ ရဲ့..
ဘေးက ၀က်ဝံရုပ်ကလေး 
မျက်လုံး ပြူးကလေး နဲ့ လှောင် လှောင် ကြည့်
ဒီ ကောင်.. တခုခု ကို သိနေသလို..
(ညီမလေး ကိုကို့ ကို ချစ်နေတဲ့ အကြောင်း..)
သူ့ ကို ပွေ့ထား ရုံ နဲ့ အလွမ်း မပြေပါ.. ကိုကို..

ဒီဆောင်းအမှီ.. ပန်ချီကား တချပ်..
ကိုကို့ ပါးနား ကပ်.. တိုးတိုးရှပ်ရှပ် ကလေး ပြောမယ့်စကား..ရှိနေ..
ကိုကို.. အရောက်လာခဲ့ပါတော့လား.. ချစ်တဲ့ ညီမလေး.. ဆီ...


 (ညီမလေး.. အတွက်.. )

မမသီရိ
၃၀ အောက်တိုဘာ ၂၀၁၁


Saturday, October 22, 2011

ဝိုင်နီ တွေ

မေမေ ဖုတ်လေ့ ရှိတဲ့
ဆောင်းဦးအကြို ကိတ်မုန့် ရနံ့ က နှာခေါင်းထဲ တိုးဝင်လာတယ်...
အညိုရောင်စပျစ် ခြောက် လေး တလုံးနှစ်လုံး
ဝါးတောင်မကြည့်ရသေးပဲ ချိုမြနေတယ်ရော....
ကျမ ကိုယ်တိုင် တိုက်ထားတဲ့ သစ်သား ကြမ်းခင်း ပြောင်လက်လက်မှာ..
သူ့ မျက်နှာ ပေါ် ပေါ်လာ တယ် မေမေ
စာကျက်ရတာလဲ စိတ်က တယ် မဖြောင့်ချင်ဘူး..
အိမ်ရှေ့ဥယျာဉ် ပိစိ ကလေးမှာ.. နှင်းဆီပန်းဝါ၀ါ တွေ ဖူးနေကြတယ်..
စာကလေး ပိစိ နှစ်ကောင်လဲ ခဏခဏ အလည် ရောက်တာပေါ့..
ကော်ဖီ ကျဆိမ့် လေးက တောင်.. လွမ်းတဲ့ ရနံ့တွေ ထွက်နေတော့..
..ကျမ ဘာလုပ်ရမလဲ မေမေ ရယ်...
ကောင်လေးတွေ ရီးစား များတာ.. သူတို့ တော်လို့ တဲ့...
ကောင်မလေးတွေ လွမ်း တတ်တာ.. အသုံး မကျ လို့ ဆိုပဲ...
မေမေ့ သမီး ရှပ်တေးမ လေ...
ရှပ်ပျာ .. ရှပ်ပျာနဲ့.. 
ဒီ အသက် အရွယ် မကြီး မငယ် မှာ.မှ....
ဝိုင်နီ ပုလင်း ကလေး တလုံး လွတ်ကျ ခွဲလိုက်ပြန်တယ်....

မစိုး ရိမ်ပါနဲ့ မေမေ

ကော်ဖီ ညိုညို ပဲ စွဲ လမ်းခဲ့တာမို့.. ၀ိုင် နီချိုတာတွေ မသိချင်တော့ပါဘူး..
သူ့ဖာ သာ မွှေး .. တာ..  မွှေး ချင်သလောက်သာ မွှေး ပါစေ...


မမသီရိ
၂၂.၁၀.၂၀၁၁


Thursday, October 20, 2011

ပုန်ကန်သူ


ကျမအတွေးတွေ သူကျူးကျော်ခဲ့တယ်..
ကျမ ညတွေ သူ ကျူးကျော်ခဲ့တယ်..
ကျမ နန်းမြို့ သူမို့ သိမ်းပိုက်နိုင်တယ်...

အကြင်နာအကြည့်..
မြတ်နိုးခြင်း မျက်ဝန်း..
နွေးထွေးသော အပြုံး..
နူးညံ့သော လက်ကလေး တစုံနဲ့..
ရင်ခုန်ခြင်း.. တီးဝိုင်း တစုံ နဲ့...
စစ်အင်္ဂါ လေးပါး ပြည့်စုံစွာ.. ချီတက်လာခဲ့သူ..
ကျမ စိတ်ကောက် ခြေဆောင့်တာလဲ မငြူစူ..
ကျမ နှုတ်ခမ်းထော် ရန်ထောင်တာလဲ.. ကြည်ဖြူ..
ခဲလုံးတွေ ပိတ်ကန်.. တံခါး ဆောင့်ပိတ်တာလဲ.. အပြုံးမပျက်တဲ့သူ..
ဂရုဏာ.. အကြင်နာ.. မြတ်နိုးတာ..ခွင့်လွှတ်တာ
အဲဒီ အကူ တပ်တွေ ကြောင့်ပဲ..
ကျမ အင်ပါယာ ထဲ... သူခွဲဖောက်.. တိုးဝင်း ကျူးကျော်လို့...

ချစ်ခြင်း ကို... ချဉ်ခြင်း တပ်ဖို့.. စိုးရွံ့ နေခဲ့တဲ့သူ..
လက်မြှောက်အရှုံးပေးဖို့ ကိုလဲ.. မတွေးလို...
ဘ၀.. ကလေး တွေ ဒီလောက် တို နေတဲ့ဟာ.. ချိုရုံကလေးပဲ ဆက်နေချင်လို့..
ကျမ စိတ်ဓါတ်အင်အားတွေ စုဆောင်းခဲ့တယ်..သူ့ကို ပုန်ကန်ဖို့..
ကျမ ဥပေက္ခာ စွမ်းအား တွေ စုစည်း..
မေ့လျော့ နိုင်ခြင်း တွေ တိုးပွားအောင် .. စွမ်းဆောင်...
အလံဖြူ တကယ်မတင်ချင်... ပုန်ကန်သူ ပဲ ဖြစ်ပါရစေတော့ ရှင်.......။


မမသီရိ
၁၅ စက်တင်ဘာ ၂၀၁၁

Friday, October 14, 2011

ဒုံးဒုံးချ


ခွဲသွားမလား.. ဆွဲမထားချင်သူ
ချန်ထားခဲ့မလား.. စိတ်မများချင်သူ..
နီးနီးဝေးဝေး.. စိတ်မလေး ပဲ...
ချစ်မိတဲ့နောက်.. ခရီးဆုံးလျှောက်မှာမို့ ..



ရင်ခတ်အလွမ်း
မနွမ်းစေချင်...
အချစ်မြစ်များ..
ခမ်းမသွားစေချင်...
စီးဆင်းခဲ့သော အကြင်နာ..
အမြဲသာ.. ဝေဖြာပါစေချင်....


မမသီရိ
၁၄ အောက်တိုဘာ ၂၀၁၁