ဟိုးဝေးဝေးက ပုလွေသံ
မိုးနှာင်းမိုးတွေလျှံခဲ့လို့
ဒီလောက်ထိ စိုစွတ်နေ၇သလား..
ခရေတွေကြွေတာကလဲ
လွန်လွန်းတယ်လို့ပြောမဲ့သူ မရှိလေတော့
အဲဒီလေပြေ ကပဲ ချွေချင်သလိုချွေ..
အုံလိုက် ကျင်းလိုက်
တက် တက်လာတတ်တဲ့ အလွမ်းတွေ အကြောင်း
ပြောသရွေ့ ဟောင်းမှာမှ မဟုတ်ပဲ ကွယ်...
ပျံနေတဲ့ငှက်ကို
ခြေရာတွေ မချန်နိုင်ရကောင်းလားလို့ တော့
မျက်မာန်တွေ မတက်လိုက်ပါနဲ့.....
အားတင်းထား ပါ မောင်ရဲ့
ခဏလေး .. ခဏကလေးပဲ စောင့်ပေးပါ
တို့ .... ဆုံ မဲ့ရက် နီးလာပြီ...။
မမသီရိ
၂.၉.၂၀၁၀
Monday, September 20, 2010
Thursday, September 16, 2010
အဆိပ်သင့်ချစ်သူ
တစ်ချက်..
တစ်ချက်လေးပဲ လှည့်ကြည့်..
အဲဒီမှာ ကျမ မျက်ရည်တွေရှိတယ်...
တာရာတွေဝန်းရံနေပါလျှက်
အပြည့်အ၀ မကြည်လင်နိုင်တဲ့ စန္ဒာလမင်းငယ်ဟာ
ကျမပေါ့မောင်ရေ...
အဖြူရောင်အဖူးလေးတွေ ရယ်..
အဖြူရောင်အပွင့်လေးတွေရယ်..
ရူးသွပ်ဖွယ်.. ရနံ့လေးကို ပိုင်တယ်..
တမ်းမက်စေမဲ့ အဆိပ်ရည်တွေနဲ့
စံပယ်ပင် အရွက်ဖားဖား.
စိမ်းကားတောက်တောက် လဲ့
အလွမ်းကို ရိုးမယ် ဖွဲ့.. ကျမပျိုးခဲ့တဲ့ အဆိပ်ပင်လေ..
မြေဆီသြဇာ ကျွေးစရာ မလိုပါပဲ
သန်စွမ်းကြီးထွား..
ကပ်ပါး ပင် တပင်ဟာ..
တတိတိ နဲ့စားသွား.. ကျမရဲ့ အတွေးများ..
ကျမရဲ့ အရောင်မထင် နှလုံးသား..
ကျမရဲ့ အချိန်များ..
ကျမရဲ့ပေါ့ပါးရီမောသံများ..
ကျမရဲ့ကြည်လင်အပြုံးပွင့်များ
ကျမရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းများ...
တဖြည်းဖြည်း ပါးလျှား လာခဲ့လိုက်တာ..
ပြာနှမ်းနှမ်းနှုတ်ခမ်း... မျက်ဝန်းတွေ ရီဝေ..
သွေးလှည့်ပတ်ခြင်းစံနစ်တခုလုံး
ချွတ်ခြုံ ဂျူံးဂျူံး ကျ
ခုတော့လဲလေ... ကျမ က.. ဖြေဆေး မနိုင်နိုင်တော့ တဲ့
အလွမ်းဆိပ်တွေ သင့်နေသူ...
မမသီရိ
တစ်ချက်လေးပဲ လှည့်ကြည့်..
အဲဒီမှာ ကျမ မျက်ရည်တွေရှိတယ်...
တာရာတွေဝန်းရံနေပါလျှက်
အပြည့်အ၀ မကြည်လင်နိုင်တဲ့ စန္ဒာလမင်းငယ်ဟာ
ကျမပေါ့မောင်ရေ...
အဖြူရောင်အဖူးလေးတွေ ရယ်..
အဖြူရောင်အပွင့်လေးတွေရယ်..
ရူးသွပ်ဖွယ်.. ရနံ့လေးကို ပိုင်တယ်..
တမ်းမက်စေမဲ့ အဆိပ်ရည်တွေနဲ့
စံပယ်ပင် အရွက်ဖားဖား.
စိမ်းကားတောက်တောက် လဲ့
အလွမ်းကို ရိုးမယ် ဖွဲ့.. ကျမပျိုးခဲ့တဲ့ အဆိပ်ပင်လေ..
မြေဆီသြဇာ ကျွေးစရာ မလိုပါပဲ
သန်စွမ်းကြီးထွား..
ကပ်ပါး ပင် တပင်ဟာ..
တတိတိ နဲ့စားသွား.. ကျမရဲ့ အတွေးများ..
ကျမရဲ့ အရောင်မထင် နှလုံးသား..
ကျမရဲ့ အချိန်များ..
ကျမရဲ့ပေါ့ပါးရီမောသံများ..
ကျမရဲ့ကြည်လင်အပြုံးပွင့်များ
ကျမရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းများ...
တဖြည်းဖြည်း ပါးလျှား လာခဲ့လိုက်တာ..
ပြာနှမ်းနှမ်းနှုတ်ခမ်း... မျက်ဝန်းတွေ ရီဝေ..
သွေးလှည့်ပတ်ခြင်းစံနစ်တခုလုံး
ချွတ်ခြုံ ဂျူံးဂျူံး ကျ
ခုတော့လဲလေ... ကျမ က.. ဖြေဆေး မနိုင်နိုင်တော့ တဲ့
အလွမ်းဆိပ်တွေ သင့်နေသူ...
မမသီရိ
Sunday, September 12, 2010
နှိုးစက်

မနိုးချင်လို့ အိပ်တာမျိုးမဟုတ်ပေမဲ့
အချိန်တန်နေမှန်းသိပါရက်
နဲနဲကလေးတော့ ဆက်မှိန်းချင်.......
ပိတ်နေဆဲ မျက်ခွံတွေ
လေးလံလွန်းပါဘိသနဲ့
ချစ်စရာ Tone ကလေးတွေ
အမျိုးမျိုး ပြောင်းနေတဲ့ ကြားမှာပဲ
မဖြစ်ညစ်ကျယ် မှတ်ဥာဏ်ကလေး တထွာ တမိုက်နဲ့
တာဝန်ကျေ ကျေပြနိုင်လွန်းတဲ့
ဒီ နှိုးစက်.... ငါ တကယ်မုန်းတယ်.....။
မမသီရိ
၎.၉.၂၀၁၀
Thursday, September 09, 2010
ရီနိုမာန် အတွက် မွေးနေ့ လက်ဆောင်
၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မဲ့ ချစ်တဲ့ တူလေး ငယ်ငယ် (မောင်ရီနိုမာန်) ရဲ့ ၂၉ နှစ်ပြည့် မွေးနေ့အတွက်မွေးနေ့လက်ဆောင်လေးပါ။
နှစ်သက်သဘောကျမယ်လို့ ထင်ပါတယ် နော် ငယ်ငယ် ရေ
နောင်မွေးနေ့ပေါင်းမြောက်များစွာ ကိုလဲပဲ မိခင်ကို ချစ်မြတ်နိုးပြီး ကျေးဇူးသိတတ်တဲ့ သားငယ်လေး တစ်ယောက်အဖြစ်၊ နိုင်ငံနဲ့လူမျိုးကို မမေ့တဲ့ သားကောင်းလေး တစ်ယောက်အဖြစ်နဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ကွယ် .။
ချစ်ခင်ခြင်းများနဲ့
အန်တီလေး
မမသီရိ
နှစ်သက်သဘောကျမယ်လို့ ထင်ပါတယ် နော် ငယ်ငယ် ရေ
နောင်မွေးနေ့ပေါင်းမြောက်များစွာ ကိုလဲပဲ မိခင်ကို ချစ်မြတ်နိုးပြီး ကျေးဇူးသိတတ်တဲ့ သားငယ်လေး တစ်ယောက်အဖြစ်၊ နိုင်ငံနဲ့လူမျိုးကို မမေ့တဲ့ သားကောင်းလေး တစ်ယောက်အဖြစ်နဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ကွယ် .။
ချစ်ခင်ခြင်းများနဲ့
အန်တီလေး
မမသီရိ
Thursday, September 02, 2010
ချန်ထားမယ်
စကားကို နဲနဲ ပြောပြီး..
အသံကို တိုးတိုး ထိမ်းတယ်..
အစား ကို နဲနဲ စား လို့
ရေကိုဖြည်းဖြည်းသောက်တယ်
အသက်ကို ညှင်ညှင်း ရှူ ရင်း
လမ်းကို ဖွဖွ လျှောက်တယ်..
အလုပ်ပါးလာရင်..ငြိမ်ငြိမ်လေးထိုင်ပြီး
သီချင်းငြိမ့်ငြိမ့်လေး တွေ တိုးတိုးဖွင့်တယ်..
အပြင်သွားစရာရှိတော့
စူပါကပ် အိုအိုလေးကို
နံပါတ်သုံးဂီယာ အသေထားပြီး ဖြည်းဖြည်းမောင်းတယ်
ရီစရာ တွေ့ရင် ပြုံးရုံလေး ပြုံးလို့
ငိုစရာတွေ့တော့ မျက်ရည်ပဲ ၀ဲစေတယ်..
စိတ်အား လူအား.. ချန်ထားတဲ့ အင်အားတွေ ကိုတော့
သူနဲ့ အတူတူ ရှိတဲ့ခါ..
သူ့ကို ကော်ဖီဖျော်ပေးဖို့
သူ့ အ၀တ်တွေ လျှော်ပေးဖို့..
သူကြိုက်တတ်တာလေးတွေ ချက်ပေးဖို့..
သူနဲ့တူတူ ပန်းချီတွေဆွဲဖို့..
သူနဲ့ တူတူ သစ်ပင်တွေ စိုက်ဖို့..
သူပြုံးတဲ့ခါ.. ရီမောပေးဖို့..
သူဝမ်းနည်းရင် လိုက်ငိုပေးဖို့..
(ကိုယ်သန်ရာ သန်ရာပဲ ဆိုကြပါစို့ရဲ့..)
သူ့ကို ချစ်ဖို့နဲ့ လွမ်းဖို့ အတွက်သာ...
မမသီရိ
အသံကို တိုးတိုး ထိမ်းတယ်..
အစား ကို နဲနဲ စား လို့
ရေကိုဖြည်းဖြည်းသောက်တယ်
အသက်ကို ညှင်ညှင်း ရှူ ရင်း
လမ်းကို ဖွဖွ လျှောက်တယ်..
အလုပ်ပါးလာရင်..ငြိမ်ငြိမ်လေးထိုင်ပြီး
သီချင်းငြိမ့်ငြိမ့်လေး တွေ တိုးတိုးဖွင့်တယ်..
အပြင်သွားစရာရှိတော့
စူပါကပ် အိုအိုလေးကို
နံပါတ်သုံးဂီယာ အသေထားပြီး ဖြည်းဖြည်းမောင်းတယ်
ရီစရာ တွေ့ရင် ပြုံးရုံလေး ပြုံးလို့
ငိုစရာတွေ့တော့ မျက်ရည်ပဲ ၀ဲစေတယ်..
စိတ်အား လူအား.. ချန်ထားတဲ့ အင်အားတွေ ကိုတော့
သူနဲ့ အတူတူ ရှိတဲ့ခါ..
သူ့ကို ကော်ဖီဖျော်ပေးဖို့
သူ့ အ၀တ်တွေ လျှော်ပေးဖို့..
သူကြိုက်တတ်တာလေးတွေ ချက်ပေးဖို့..
သူနဲ့တူတူ ပန်းချီတွေဆွဲဖို့..
သူနဲ့ တူတူ သစ်ပင်တွေ စိုက်ဖို့..
သူပြုံးတဲ့ခါ.. ရီမောပေးဖို့..
သူဝမ်းနည်းရင် လိုက်ငိုပေးဖို့..
(ကိုယ်သန်ရာ သန်ရာပဲ ဆိုကြပါစို့ရဲ့..)
သူ့ကို ချစ်ဖို့နဲ့ လွမ်းဖို့ အတွက်သာ...
မမသီရိ
Saturday, August 28, 2010
နံနက်ခင်းဆုတောင်းများ....
ကိုယ်တိုင် အသက်မရှူဖြစ်တာတွေ
အခါခါ မေ့ထားခဲ့ပေမဲံ့..
သူ့ရဲ့ ရှင်သန်ရှင်များ အတွက်တော့
ပျော်ပြီးရင်ပျော်..
(သူ့ ငြိမ်သက်ခြင်းတွေကိုတော့
တကယ်ပဲဘ၀င်မကျ..
ကိုယ်က သူ့ ကို အမြဲတောက်ပစေချင်သူ)
ကိုယ့်ခြံမှာ အနီအပြာတွေမပွင့်နိုင်လဲ
သူ့မြေမှာ အဖြူအ၀ါတွေ တင့်နေတာ
မြင်နေရ . ကြည့်ရင်းနဲ့ကျေနပ်
ကိုယ့်မနိုင်ရင်ကန်တွေကျ..
အသာ ဖော့ ဖော့ တွေး
သူ့ ၀န်ထုပ်ဝန်ပိုးတွေ အတွက်ပဲ
ကိုယ်က လိုက် လေးပင်နေ..
ချစ်သူလေးရေ..
ချစ်သူကို ချစ်ခင်ခြင်းတွေနဲ့
ပြည့်နေတဲ့ ခြင်းတောင်းကလေးကိုမှ
ကျောပိုးထမ်းထားမိနေတဲ့
ဝင်ကစွတ်ကောင်လေး ဘဝ
ကျမ.. ဖြစ်ခဲ့ရတာ ကာလ အတော် ကြာခဲ့ပြီ..ကွဲ့
ကျမရဲ့ နံနက်ခင်း ဆုတောင်းများကတော့ မင်းအတွက်ပဲ သာ..
..........
သူ၏ရှင်သန်ခြင်းများကိုသာ ငါလိုလား၏..
သူ၏ဆိတ်ငြိမ်ခြင်းများအားငါ မလိုလားချေ..
သို့ပါသောကြောင့် ..
အို.. တန်ခိုးရှင်.. သူ့အား အစဉ်သဖြင့် ရှင်သန်ခွင့်သာ ပေးပါလေ..။
သူ၏နံနက်ခင်းများအား ကြည်နူးမှုများဖြင့် ထွေးပွေ့ပါလေ..။
သူ၏နေ့လည်ခင်းများအား.. တက်ကြွခြင်းများဖြင့် ပြည့်စုံပါစေ..။
သူ၏ ညနေခင်းများအား တမ်းမက်ခြင်းကင်းသော အဖြစ်သို့ရောက်ရပါစေ..။
သူ၏ ည များအားလရောင်များဖြင့်သာ ငြိမ်းချမ်းပါစေ...။
ငါ ၏ ချစ်ခြင်းတရားများ ...သူ့အား ထာဝရ အထောက်အပံ့ ဖြစ်ပါလေ...။
သူ၏ဆိတ်ငြိမ်ခြင်းများအားငါ မလိုလားချေ..
သို့ပါသောကြောင့် ..
အို.. တန်ခိုးရှင်.. သူ့အား အစဉ်သဖြင့် ရှင်သန်ခွင့်သာ ပေးပါလေ..။
သူ၏နံနက်ခင်းများအား ကြည်နူးမှုများဖြင့် ထွေးပွေ့ပါလေ..။
သူ၏နေ့လည်ခင်းများအား.. တက်ကြွခြင်းများဖြင့် ပြည့်စုံပါစေ..။
သူ၏ ညနေခင်းများအား တမ်းမက်ခြင်းကင်းသော အဖြစ်သို့ရောက်ရပါစေ..။
သူ၏ ည များအားလရောင်များဖြင့်သာ ငြိမ်းချမ်းပါစေ...။
ငါ ၏ ချစ်ခြင်းတရားများ ...သူ့အား ထာဝရ အထောက်အပံ့ ဖြစ်ပါလေ...။
မမသီရိ
၁၇.၈.၂၀၁၀
Wednesday, August 25, 2010
Nobody Nobody But You.
ပြီးခဲ့မေလ တုန်းက ရောက်ခဲ့တဲ့ နိုင်ငံတခုမှာ တလကျော်လုံးလုံး ဟိုနား ဒီနား တချိန်လုံးလိုလို ကြားခဲ့ရပြီး နားစွဲနေခဲ့တဲ့ သီချင်းလေး .. သင်တန်းထဲမှာ တောင် အသက်ကြီးကြီး တွေရော အသက်ငယ်ငယ်တွေရော တိုးတိုးလေး ငြီးကြ.. စိတ်ရှုပ်တဲ့ခါတွေမှာ စိတ်ပြေလက်ပျောက် အသံကျယ်ကျယ်နဲ့ အော်ကြ..နောက်ဆုံးတော့ ကိုယ်တိုင်လဲ နှစ်သက်တာမို့ ကိုယ့်ဘလော့လေးထဲမှာ အမှတ်တရ သိမ်းထားမလို့ပါ..။
မမသီရိ
Monday, August 23, 2010
မြီရှင်
ရှုံးမယ် မြတ်မယ်လို့ မသေချာ..
ရှုံး ဟယ် မြတ်ဟယ်လို့ လဲ မမျှော်ကိုး..
မေတ္တာကိုသာ တနင့်တပိုး ရင်းနှီးခဲ့ခြင်းမျိုးပါ့..
တိုးပွားလာခဲ့တာတွေကတော့..
အလွမ်းချင်းများ..
အတိုးတွေ ရော..
အရင်းတွေရော...
နေ့ပြန်တိုး ညပြန်တိုး.. ညပြန်တိုး နေ့ပြန်တိုး...
ဆထက်ထမ်းပိုး.. တိုးပြီးရင်းနဲ့ တိုးနေခဲ့..
ရာသီရဲ့ ဘဏ္ဍတော်တိုက်တွေမှာ....
ပြန်တောင်းလို့သာ ရ . ရ စတမ်းဆို..
ကျမရဲ့ ချစ်သူလေး ... မောင်...
ဒီသံသရာ ကိုလှည့်ပြန်ပြီး ပြေးလို့ဆုံးအောင် ဆပ် ပါ လဲ
အရင်းသော်မှ.. ကျေဖွယ်မမြင် ..
ကဲ... ပြောခဲ့ကြစမ်းပါအုံး ရှင်တို့ရယ်...
အချစ်မြီရှင် ဖြစ်ခဲ့တဲ့ ကျမ
သူ့ဆီက အကြွေးတွေ ပြန်တောင်းရမလား ရယ်လို့...။
မမသီ၇ိ
15.8.2010
ရှုံး ဟယ် မြတ်ဟယ်လို့ လဲ မမျှော်ကိုး..
မေတ္တာကိုသာ တနင့်တပိုး ရင်းနှီးခဲ့ခြင်းမျိုးပါ့..
တိုးပွားလာခဲ့တာတွေကတော့..
အလွမ်းချင်းများ..
အတိုးတွေ ရော..
အရင်းတွေရော...
နေ့ပြန်တိုး ညပြန်တိုး.. ညပြန်တိုး နေ့ပြန်တိုး...
ဆထက်ထမ်းပိုး.. တိုးပြီးရင်းနဲ့ တိုးနေခဲ့..
ရာသီရဲ့ ဘဏ္ဍတော်တိုက်တွေမှာ....
ပြန်တောင်းလို့သာ ရ . ရ စတမ်းဆို..
ကျမရဲ့ ချစ်သူလေး ... မောင်...
ဒီသံသရာ ကိုလှည့်ပြန်ပြီး ပြေးလို့ဆုံးအောင် ဆပ် ပါ လဲ
အရင်းသော်မှ.. ကျေဖွယ်မမြင် ..
ကဲ... ပြောခဲ့ကြစမ်းပါအုံး ရှင်တို့ရယ်...
အချစ်မြီရှင် ဖြစ်ခဲ့တဲ့ ကျမ
သူ့ဆီက အကြွေးတွေ ပြန်တောင်းရမလား ရယ်လို့...။
မမသီ၇ိ
15.8.2010
Thursday, August 19, 2010
ကျမရဲ့ သောင်မတင်ရေမကျကလေး
(((((ဟမ်))))
.....
ထားခဲ့ပါဆိုတော့လည်း
ပြည်လှည့်ပြန်လှည့် ကြည့်
မျက်ဝန်းမှာ သံယောဇဉ် အရိပ်အယာင်တွေ ရှိတယ်
လိုက်ခဲ့မယ်ဆိုတော့လဲ
ရှောင်ဖယ် ရှောင်ဖယ်ပုန်း
မပြုံးတတ် ပုံဖမ်း မုန်းချင်ယောင်ဆောင်တယ်
(((( အော် ))))
တွေးရကျပ်ပါဘိတော့..
မောင် .. မောင်.. မောင်.. ရဲ့...
လူသားပေါင်း သန်း ခြောက်ထောင်အလယ်..
လွယ်လွယ်နဲ့ ဆုံ ခဲ့ကြတာ မဟုတ်..
လွယ်လွယ် နဲ့ တွေ့ခဲ့ ကြတာ မဟုတ်...
လွယ်လွယ် နဲ့ ချစ်ခဲ့ရတာ မဟုတ်...
ကံတရား ရယ်..
ရေစက်ရယ် ဆိုတာ ရှိခဲ့တယ်...
ဆူးတွေ ငုတ်တွေ ရှိတယ်
လျှိုတွေ မြောင်တွေ ရှိတယ်...
နံရံတွေ တောင်တွေ မြင့်တယ်..
နွေမုန်းတိုင်း.. သဲနေတဲ့ ရက်တွေ မှာပဲ..
ကံ့ကော် ၀တ်ဆံတွေ တုတူ မွှေး..
အိုအေစစ် ရေကြည်အေးကို အတူတူဖော်..
တိမ်ပြာပြာတွေ အတူတူစီး...
လောကဓံ ဆိုတာတွေ ခါး ဆည်း ခံ...
ဒဏ်ရာ ဒဏ်ချက်တွေ နာကျင်နေပါလျှက်
ငို ခါငို.. ပြုံးခါပြုံး..ကုန်းရုန်း ဖြတ်သန်း လာခဲ့ကြရတာ..
ဇာတ်လမ်း အလယ် ရောက်ပြီးနေခါမှ...
အကျယ်ချဲ့တာတွေ လုပ်မနေပါနဲ့တော့
ကျမ ရဲ့ သောင်မတင်ရေမကျကလေး ရေ..
ကျမက ရိုးရိုးလေး ပဲ ပြောချင်တယ်..
ချစ်မှာလား ရှင်..ရဲရဲ ချစ်ပေါ့..
ထားမှာလား ရှင်.. ထားခဲံ့လိုက်တော့..
ထာခဲ့ မှာလား.. တကယ် ပြန်လှည့်မကြည့်နဲ့တော့ ရှင်....။
မမသီရိ
၁၅.၈.၂၀၁၀
.....
ထားခဲ့ပါဆိုတော့လည်း
ပြည်လှည့်ပြန်လှည့် ကြည့်
မျက်ဝန်းမှာ သံယောဇဉ် အရိပ်အယာင်တွေ ရှိတယ်
လိုက်ခဲ့မယ်ဆိုတော့လဲ
ရှောင်ဖယ် ရှောင်ဖယ်ပုန်း
မပြုံးတတ် ပုံဖမ်း မုန်းချင်ယောင်ဆောင်တယ်
(((( အော် ))))
တွေးရကျပ်ပါဘိတော့..
မောင် .. မောင်.. မောင်.. ရဲ့...
လူသားပေါင်း သန်း ခြောက်ထောင်အလယ်..
လွယ်လွယ်နဲ့ ဆုံ ခဲ့ကြတာ မဟုတ်..
လွယ်လွယ် နဲ့ တွေ့ခဲ့ ကြတာ မဟုတ်...
လွယ်လွယ် နဲ့ ချစ်ခဲ့ရတာ မဟုတ်...
ကံတရား ရယ်..
ရေစက်ရယ် ဆိုတာ ရှိခဲ့တယ်...
ဆူးတွေ ငုတ်တွေ ရှိတယ်
လျှိုတွေ မြောင်တွေ ရှိတယ်...
နံရံတွေ တောင်တွေ မြင့်တယ်..
နွေမုန်းတိုင်း.. သဲနေတဲ့ ရက်တွေ မှာပဲ..
ကံ့ကော် ၀တ်ဆံတွေ တုတူ မွှေး..
အိုအေစစ် ရေကြည်အေးကို အတူတူဖော်..
တိမ်ပြာပြာတွေ အတူတူစီး...
လောကဓံ ဆိုတာတွေ ခါး ဆည်း ခံ...
ဒဏ်ရာ ဒဏ်ချက်တွေ နာကျင်နေပါလျှက်
ငို ခါငို.. ပြုံးခါပြုံး..ကုန်းရုန်း ဖြတ်သန်း လာခဲ့ကြရတာ..
ဇာတ်လမ်း အလယ် ရောက်ပြီးနေခါမှ...
အကျယ်ချဲ့တာတွေ လုပ်မနေပါနဲ့တော့
ကျမ ရဲ့ သောင်မတင်ရေမကျကလေး ရေ..
ကျမက ရိုးရိုးလေး ပဲ ပြောချင်တယ်..
ချစ်မှာလား ရှင်..ရဲရဲ ချစ်ပေါ့..
ထားမှာလား ရှင်.. ထားခဲံ့လိုက်တော့..
ထာခဲ့ မှာလား.. တကယ် ပြန်လှည့်မကြည့်နဲ့တော့ ရှင်....။
မမသီရိ
၁၅.၈.၂၀၁၀
Friday, August 13, 2010
အတွင်းကြေ
တကယ်တော့...
ပင်လယ်ကမ်းစပ်က လေနုအေး ရယ်
တောင်တန်းတွေပေါ်က လေပြေလေးရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
လတ်ဆတ်ခြင်းကတော့ အတူတူပါပဲ...
ပြီးတော့..
အိုအေစစ်ထဲက စမ်းရေအေးရယ်
ရိုးမပေါ်က စိမ့်ရေလေးရယ်
ဘာများကွာခြားလို့လဲ ကွယ်
ကြည်လင်ခြင်းကတော့ အတူတူ ပါပဲ
ကြည့်လိုက်အုံး...
ဆာဟာရက နှင်းဆီ ပွင့်ရယ်..
ဥရောပ က နှင်းဆီ ပွင့်ရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်..
မွှေးပျံ့ ရနံ့ က အတူတူ ပါပဲ...
တွေးကြည့်လိုက်တော့..
အချစ်ပုခုံး ပေါ်က လရောင်ရိပ်ရယ်..
အချစ်ပါးပေါ်က ရှက်ပြုံးလေးရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်...
ကြည့်နူးမှု ကတော့ တူခဲ့တာပဲ
အတူတူပါပဲ..
အာကာအစွန်အဖျားနားက တိမ်နုနုလေး တဆုပ်ရယ်
မှန်ပြတင်းတံခါး တခုနောက် ချစ်သူ့ အရိပ်ကလေးရယ်
ဘာများကွာခြားလို့လဲကွယ်
ထိတွေ့ ထွေးပွေ့ လို့မှ မရနိုင်တာပဲ..
ဒီလိုနဲ့ပဲ ..
မှိတ်ထားတဲ့ မျက်လုံးပေါ်က အိပ်မက်ကလေးရယ်
ပျော်စရာ ကောင်းတဲ့ အတိတ်ဘ၀ ဆိုတာရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
ဖမ်းယူ ဆုပ်ကိုင်လို့မှ မရနိုင်တာပဲ..
ရင်ထဲမှာ..
နာကျင် လွမ်းဆွတ်မှုတွေ နဲ့ ကြေကွဲနေပါတယ် အချစ်ရယ်.....။
မမသီရိ
ပင်လယ်ကမ်းစပ်က လေနုအေး ရယ်
တောင်တန်းတွေပေါ်က လေပြေလေးရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
လတ်ဆတ်ခြင်းကတော့ အတူတူပါပဲ...
ပြီးတော့..
အိုအေစစ်ထဲက စမ်းရေအေးရယ်
ရိုးမပေါ်က စိမ့်ရေလေးရယ်
ဘာများကွာခြားလို့လဲ ကွယ်
ကြည်လင်ခြင်းကတော့ အတူတူ ပါပဲ
ကြည့်လိုက်အုံး...
ဆာဟာရက နှင်းဆီ ပွင့်ရယ်..
ဥရောပ က နှင်းဆီ ပွင့်ရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်..
မွှေးပျံ့ ရနံ့ က အတူတူ ပါပဲ...
တွေးကြည့်လိုက်တော့..
အချစ်ပုခုံး ပေါ်က လရောင်ရိပ်ရယ်..
အချစ်ပါးပေါ်က ရှက်ပြုံးလေးရယ်..
ဘာများ ကွာခြားလို့လဲ ကွယ်...
ကြည့်နူးမှု ကတော့ တူခဲ့တာပဲ
အတူတူပါပဲ..
အာကာအစွန်အဖျားနားက တိမ်နုနုလေး တဆုပ်ရယ်
မှန်ပြတင်းတံခါး တခုနောက် ချစ်သူ့ အရိပ်ကလေးရယ်
ဘာများကွာခြားလို့လဲကွယ်
ထိတွေ့ ထွေးပွေ့ လို့မှ မရနိုင်တာပဲ..
ဒီလိုနဲ့ပဲ ..
မှိတ်ထားတဲ့ မျက်လုံးပေါ်က အိပ်မက်ကလေးရယ်
ပျော်စရာ ကောင်းတဲ့ အတိတ်ဘ၀ ဆိုတာရယ်
ဘာများ ကွာခြားလို့လဲ ကွယ်..
ဖမ်းယူ ဆုပ်ကိုင်လို့မှ မရနိုင်တာပဲ..
ရင်ထဲမှာ..
နာကျင် လွမ်းဆွတ်မှုတွေ နဲ့ ကြေကွဲနေပါတယ် အချစ်ရယ်.....။
မမသီရိ
Tuesday, August 03, 2010
အိပ်မက် နှင်းဆီ
နှင်းဆီ အိပ်မက် ဆူးတွေယှက်ရံ
...
အသံတိတ်ဆိတ် .. အိပ်နေတဲ့ ည
လောက အလှ မြင်မရမီ
မွှေးတဲ့ ရနံ့.. သင်းပျံ့ ချိုအီ..
ထုံကြည် ရီအေး... ပန်းကလေး ကို..
ရင်ဝယ် ထွေးပိုက်.. ခူးပစ်လိုက်ချင်
ရည်ရွယ် စိတ်ကူး အရူး အတွေး
လက်လေး လှမ်းအကြည့်..
ရှမိ တော့ မဲ့..
အိုး..... သူ့ဘေးမှာ ဆူး ကလေးတွေ...
.....
ရင်ဝယ် ရှိုက်မက် တသက်သက် နဲ့
နှင်းဆီ ရနံ့ သင်းပျံ့ပျံ့ ကို
နမ်းရှိုက်နေရင်း ပျော်ခင်းတွေစုံ
ပန်းသာ ဘုံနန်း လျှောက်တက်လှမ်း လို့..
သက်တန့် တံတား ဖြတ်သွား တဲ့ခါ..
ကြယ်တွေ နှုတ်ဆက် ဝှေ့ရမ်းလက်ပြ
ပန်းတွေ ကပျော်..
အော်သည့်ကျေးငှက် တောင်ပံယှက်လို့
သာယာတဲ့တေး.. ဖြည်းလေးစွာ ဆို..
အို... ဒီလောက ပျော်စရာအလှနဲ့
သာယာလိုက်တာ
ဝေဒနာတွေ.. ဘေးကို ဖယ်ထွက်
ရင်ထက် အပျော် သိပ်ပျော်ပေမဲ့..
ဆူးတွေ နဲ့ ပန်း
လက်လှမ်းမရ.. နမ်းမ၀ တာ
ရင်ဝယ်တင်းကျပ် မကျေနပ်ဖူး
ပျော်ခွင့်တွေ ကြုံ ကမ္ဘာဘုံမှ
ရနံ့မွှေးမွှေး.. နှင်းဆီလေးကို..
မရမဖြစ် ပန်ပစ်လိုက်မယ်
ရည်ရွယ်လက်လှမ်း မျက်ကန်းအတွေး
မဆုံးသေမီ....
...
..........................
ပန်းကလေးက
တို့ဘေးမှာ ဆူး.. စူးနစ်ဥိးမယ်
မရူးစမ်းနဲ့ ကလေးရယ်..တဲ့
........
ရယူလိုဇော စိတ်မနော နဲ့
လှမ်းမိတဲ့ လက်.. လမ်းထက် ရပ်တန့်
ရင်မဆန့်အောင်
မွန်းကျပ်ခံစား ပန်းစကား က
မျှားကလေးသဖွယ် .. အသဲ ၀ယ်လာမှန်..
အပျော်ဟန်ပျောက်.. ရေကြည်နောက်ပြီ
ငှက်ကလေး ငို.. နေလဲ ညိုပြီ
အလွမ်းတာရာ ဝေဒနာ နဲ့
အိပ်မက် အပြင် လှမ်းထွက်ချင်တယ်
ဆူးတွေ ၀န်းယှက်
အိပ်မက်နှင်းဆီ
မပီ ၀ိုးဝါး
ဖြစ်သွားစေချင်
ရင်မှာ တိတ်ဆိတ်.. နိုးတ၀က်စိတ်နဲ့
နှင်းဆီ အိပ်မက်..
အိပ်မက်ပေါ်မှာ.
..
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
နှင်းဆီ အိပ်မက်..အိပ်မက်ပေါ်မှာ.
မမသီရိ
မှတ်ချက်။ ။ Draft နေ့စွဲပြန်ကြည့်မိတော့ ဒီကဗျာ ခေါင်းစဉ်တပ်ထားခဲ့တာ တနှစ်ကျော်ရှိခဲ့ပါပြီ.. ကဗျာစာကြောင်း တစ်ကြောင်းနဲ့ စထားတုန်း ရွာသားလေး(YTU) ဆီမှာ နှင်းဆီပန်းပုံတွေ တွေ့လို့ ဆူးပါတဲ့ နှင်းဆီ ပန်း ပုံ တွေလှမ်းတောင်းခဲ့တော့. သူကလဲ မတွန့်မတို ပို့ပေးခဲ့ပါတယ်.. ဒီ ဓါတ်ပုံ ရထားခဲ့တာလဲ တနှစ်ကျော် ကြာခဲ့ပါပြီ.. စတုန်းက ရေးဖို့စိတ်ကူးထားတွေပဲ ရေးဖြစ်သလားဆိုတာ မသေချာပေမဲ့ နောက်ဆုံး တော့ ခေတ်ဟောင်းပုံစံ ကဗျာလေး တပုဒ် ဖြစ်လာခဲ့ပါပြီ.. အမှန်တော့ ဒီကဗျာ ခေါင်းစဉ်ကလဲ ကျမ စိတ်ထဲ ကလေးဘ၀ ထဲ စွဲလမ်းခဲ့ဖူးတဲ့ ဒါရိုက်တာဦးဝင်းဖေရဲ့ အကယ်ဒမီလက်ရာ နှင်းဆီနီ အိပ်မက်.. ကို နှစ်သက်လွန်းလို့ ပေးမိတဲ့ အမည်လေးပါ..
ဓါတ်ပုံ အတွက် ရွာသားလေး ကို ကျေးဇူးမှတ်တမ်း တင်ပါတယ်။
Saturday, July 24, 2010
ဘာအကူအညီမှ မလို
စာစောင်တွေပေါ်
နေးလ် အတ်တ် (Nail Art) တွေ တွေ့တော့မှ
အော- လက်သည်းလေးတွေ ပြင်အုံးမှ လို့ တွေးမိ...
လှတ ပတ ကြွနေတဲ့
ကောင်မလေးတွေ မြင်မိ မှ
ငါ လဲ.. အလှပြင်ဆိုင် သွား အုံးမှ လို့ တွေးမိ
ကက်သရင်းဇီတာဂျူံး
ပြုံးနေတာ တွေ့တော့မှ
အော်.. အလှအပ တွေ ထိမ်း အုံးမှလေ.. လို့ စဉ်းစား မိ
ရေကူးဝတ်စုံ နဲ့
မော်ဒယ်လေးတွေ တွေ့တော့မှ
ခါး က အဆီ ပိုတွေ လျှော့အုံးမှ လို့ တွေး မိ
ကြော်လှော် ချက်ပြုတ်နံ့တွေ ရတော့မှ
တခုခု တော့ စားအုံးမှ ပဲလေ လို့ သတိရမိ
ပန်းရနံ့ တချို့
နှာခေါင်းနား လာတို့ တော့မှ
ရေမွှေးလေး တပုလင်းလောက် ၀ယ်အုံးမှ လို့ စဉ်းစားမိ..
ဘုရားကျောင်းဖက်ဆီက
ခေါင်းလောင်းသံတွေ ကြားမိမှ
အော်.. ဘုရား တရားလေးတော့ လုပ်အုံးမှ လို့ တွေးမိ
အဲသလောက်ထိ မှိုင်းမိမှုန်မှုန်ဝေနေခဲ့ပြီး မှ...
သူ့ ကို့ လွမ်းဖို့ အရေးကျတော့..
ဘာပဲ လုပ်လုပ် မလုပ်လုပ်
သတိရခြင်း သံပတ်တွေ တင်းနေတဲ့
တမ်းတ ဆွတ်ပျံ့ ခြင်းတွေ ပြည့်နှက်နေတဲ့ ရင်အုံ တအုံက..
ဘာကိုမှ
မြင်စရာ မလို..
ကြားစရာ မလို..
မွှေးစရာ မလို ..
ထိတွေ့ စရာ မလို..
အချိန်မရွေး
နေရာမရွေး
ရာသီမရွေး..
သူ့ ကိုချစ်ခြင်း တွေ နဲ့.သာ. လျှံ လျှံ စိမ်း စိမ်းစို........။
မမသီရိ
နေးလ် အတ်တ် (Nail Art) တွေ တွေ့တော့မှ
အော- လက်သည်းလေးတွေ ပြင်အုံးမှ လို့ တွေးမိ...
လှတ ပတ ကြွနေတဲ့
ကောင်မလေးတွေ မြင်မိ မှ
ငါ လဲ.. အလှပြင်ဆိုင် သွား အုံးမှ လို့ တွေးမိ
ကက်သရင်းဇီတာဂျူံး
ပြုံးနေတာ တွေ့တော့မှ
အော်.. အလှအပ တွေ ထိမ်း အုံးမှလေ.. လို့ စဉ်းစား မိ
ရေကူးဝတ်စုံ နဲ့
မော်ဒယ်လေးတွေ တွေ့တော့မှ
ခါး က အဆီ ပိုတွေ လျှော့အုံးမှ လို့ တွေး မိ
ကြော်လှော် ချက်ပြုတ်နံ့တွေ ရတော့မှ
တခုခု တော့ စားအုံးမှ ပဲလေ လို့ သတိရမိ
ပန်းရနံ့ တချို့
နှာခေါင်းနား လာတို့ တော့မှ
ရေမွှေးလေး တပုလင်းလောက် ၀ယ်အုံးမှ လို့ စဉ်းစားမိ..
ဘုရားကျောင်းဖက်ဆီက
ခေါင်းလောင်းသံတွေ ကြားမိမှ
အော်.. ဘုရား တရားလေးတော့ လုပ်အုံးမှ လို့ တွေးမိ
အဲသလောက်ထိ မှိုင်းမိမှုန်မှုန်ဝေနေခဲ့ပြီး မှ...
သူ့ ကို့ လွမ်းဖို့ အရေးကျတော့..
ဘာပဲ လုပ်လုပ် မလုပ်လုပ်
သတိရခြင်း သံပတ်တွေ တင်းနေတဲ့
တမ်းတ ဆွတ်ပျံ့ ခြင်းတွေ ပြည့်နှက်နေတဲ့ ရင်အုံ တအုံက..
ဘာကိုမှ
မြင်စရာ မလို..
ကြားစရာ မလို..
မွှေးစရာ မလို ..
ထိတွေ့ စရာ မလို..
အချိန်မရွေး
နေရာမရွေး
ရာသီမရွေး..
သူ့ ကိုချစ်ခြင်း တွေ နဲ့.သာ. လျှံ လျှံ စိမ်း စိမ်းစို........။
မမသီရိ
Sunday, July 18, 2010
မမေ့ပါနိုင်
မမေ့ပါနိုင် ဇူလိုင် ၁၉
မျက်ရည်မိုးစွေ
နှစ်ရှည်လများ.. ကာလ ကား ရှည်..
ရာသီ တရွေ့ရွေ့.. နှစ်ဟောင်းရွှေ့လည်း..
ချစ်ခင်မြတ်နိုး .. အားကိုး အားထား.
ဇာနည်ဘွားတို့ .. သက်စွန့် ပြန်သွား
ဤနေ့အားလျှင် ဘ၀င်စိတ်ထဲ
သွေးစိမ်းရှင်ဆဲ.. ထင်မြဲ ကို...။
မမသီရိ (၁၈.၇.၂၀၁၀)
အခဲမကျေသော၊ မွန်းကျပ်နေသော၊ ခြေကုန်လက်ပမ်းကျနေသော ခံစားချက်များအတွက်.. စာဖွဲ့ရန်အင်အား မရှိတော့ပါ .. စစ်မှန်ခဲ့သည်ဟု မဆိုသာသော်လည်း . အာဇာနည်များအား လွတ်လပ်စွာ ဂုဏ်ပြုခွင့်၊ တမ်းတခွင့်၊ လေးစားခွင့်၊ အားကျခွင့် ရှိခဲ့ဖူးသော လွတ်လပ်ခဲ့သော. အချိန်ကာလတခုဆီ ကို လှမ်းမျှေိာကြည့်မိသောအခါ.. အတိတ်ဆီမှာ မှုန်ဝါးဝါးမျှသာ။ အာဇာနည်နေ့ကို နတ်ဒေ၀ါ တွေကတောင် သိနေသလားမသိဘူးနော်.. မနက် ၁၀ နာရီပတ်ဝန်းကျင်ဆို နေဘယ်လောက်ပဲ သာနေသာနေ မိုးကလေးက စွေလာတတ်တယ်လို့.. ငယ်ငယ်တုန်းက မေမေ ပြောခဲ့တာလဲ သတိရမိပါသေး.. တဆက်တည်း ပဲ ရေဒီယိုက ဥသြဆွဲသံ ကို ရွာသားတွေကပါ လာရောက်နာခံပြီး ၀မ်းနည်းကြောင်း အသံတွေတိတ်ဆိတ်ပြီးငြိမ်သက်နေခဲ့ကြတဲ့ ငယ်ကာလတွေကို တမ်းတနေမိပါတယ်.. ညပိုင်း ၈နာ၇ီ သတင်းပြီးတဲ့အခါမှာတော့ ဗိုလ်ချုပ်ရဲ့ ထက်မြက်တဲ့ မိန့်ခွန်းများ ကို ရေဒီယိုကလေးဘေးနား ၀ိုင်းအုံ လို့ နားထောင်ကြ၊
ကဗျာဆရာလေး မိုးလှိုင်ည ဘလော့မှာ တင်ထားတဲ့ အာဇာနည်နေ့တို့မေ့သွားခြင်း ဆိုတဲ့ ကဗျာလေး ဖတ်မိတော့ ပိုခံစားရပါတယ်. အဲဒီကဗျာလေး က ဒီခေတ်လူငယ်လေးတွေရဲ့ အာဇာနည်နေ့ ခံစားချက်တွေ ကို မီးမောင်းထိုးပြနေသလားလို့...
ဒီနေ့ရက်ရောက်တိုင်း ဘယ်တော့မှ မရိုးနိုင်တဲ့ အဆိုတော် မေလှမြိုင် ရဲ့ အာဇာနည်နေ့ အမှတ်တရ တေးသီချင်းများ ကို ပြန်လည် ဖော်ထုတ်တင်ပြရင်း နဲ့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုလိုက်ပါတယ်..။
အလေးပြုပါတယ်
အာဇာနည်နေ့ မမေ့အပ်ပေ
အာဇာနည်နေ့ တို့မမေ့
Monday, July 12, 2010
ချစ်ပန်းနေကြာ
ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ အလွန်တရာ လှပတဲ့ သမီးတော်လေး တပါး ကို မွေးဖွားထားတဲ့ ဘုရင်ကြီး တပါး အုပ်ချုပ်သတဲ့..။ ဘုရင်ကြီးဟာ သမီးတော်လေးကို မြတ်နိုးလွန်းတာမို့ သမီးတော်လေး စိတ်သဘော ဆန္ဒရှိတဲ့အတိုင်း လိုရာ ကို ဆောင်ကျဉ်း စီစဉ်ပေးတတ်တယ်။
သမီးတော်လေးဟာ ရုပ်ဆင်းရူပကာ ချောမောလှပတာနဲ့အမျှ နှလုံးသားကလဲ အင်မတန်မှ ဖြူစင်နူးညံ့သူလေး ဖြစ်တယ်.။ မင်းသမီးလေးက ပန်းပွင့်လေးတွေကို ချစ်မြတ်နိုးတယ်၊ လိပ်ပြာလေးတွေကို နှစ်သက်တယ်.. သစ်ပင်ပန်းမာလ်တွေရဲ့ အလယ်မှာနေရတာ နှစ်သက်သူလေးဖြစ်တဲ့အတွက်. သူမရဲ့ အချိန်တော်တော်များများကို သူမအတွက်ဖခမည်းတော်သီးသန့် ဆောက်လုပ်ပေးထားတဲ့ ဥယာဉ်လေးထဲ မှာပဲ ကုန်လွန်စေသတဲ့..
မင်းသမီးလေး ရဲ့ ဥယာဉ်လေးထဲမှာ.. ချစ်စရာကောင်းတဲံ့ ငှက်ကလေး တွေ က အမြဲ တေးသီချင်းတွေ ကို သီကြွေး နေတတ်ပြီးတော့..၁၂ လ ရာသီလုံး လိုလို အမြဲ မပြတ်ပွင့်နေတတ်တဲ့ ရောင်စုံပန်းပွင့် တွေ အမျိုးမျိုး အထွေအထွေ ရဲ့ ကြားထဲမှာတော့ လိပ်ပြာလေးတွေ မြောက်များစွားဟာလဲ လူးလာခေါက်တုန့် ပန်းဝတ်မှုန်တွေကို သောက်သုံးရင်းနဲ့ နေခြည်ဖြာ လင်းလက်တဲ့မိုးကောင်းကင်အောက်မှာ ပျော်ရွှင် မြူးတူး နေကြတာပေါ့..။ အဲဒီဥယာဉ်လေးထဲမှာသစ်သီးတွေကလဲ အပြွတ်လိုက် အခိုင်လိုက်သီးမှည့်နေပြီး ..တောသတ္တ၀ါလေးတွေကိုဘေးမဲ့ပေးထားတဲ့နေရာလေးဖြစ်လို့...သမင်ပေါက်စလေးတွေ၊ ယုန်ကလေး တွေ၊ ဒရယ်ကလေးတွေ အစ ရှိတဲ့ တော သတ္တ၀ါလေးတွေ အတွက် အလွန်အဆင်ပြေတဲ့ ဥယျာဉ်ကလေး ပဲ ပေါ့..။
မင်းသမီးကလေးရဲ့အဲဒီ ဥယျာဉ်ကလေးကလေးဟာ.. အလွန်တရာကြည်လင်လှပတဲ့ ရေအလျင်တွေ တသွင်သွင် စီးနေတဲ့ မြစ်ပြင်ကျယ်ကြီး ရဲ့ဘေးနား တခု ဆီမှာ ရှိနေတာတဲ့... နံနက်တိုင်း နံနက်တိုင်း နေထွက်လာတဲ့ မနက်ခင်း နေခြည်နုနု အောက်မှာ မင်းသမီးလေးက ပန်းပွင့်လေးတွေနဲ့ စကားပြောတယ်.။ လိပ်ပြာလေးတွေ နဲ့ ငှက်လေးတွေ သမင်၊ ဒရယ်၊ ယုန်ကလေးတွေ ကို တော့ ပုံပြင်လေးတွေ ပြောပြတတ်သေးသတဲ့..။
နေရောင်ရင့်လာတဲ့ နေ့လည်ခင်း အချိန်တွေ ရောက်လာတဲ့ ချိန်မှာတော့.. သစ်သီးပင်တွေ အောက်မှာ .. အရိပ်ခိုရင်း.. သူမ ရဲ့ လေ့လာ သင်အံစရာတွေကို သင်ယူကျက်မှတ်တာ တဲ့... မင်းသမီးလေး ဟာ ဥာဏ်ကောင်းသူ လေးလဲဖြစ်တာမို့လို့.. ပညာရှိတွေ သင်ပေးတဲ့ ကျမ်းဂန်စာပေတွေကို လျင်မြန်လွယ်ကူ စွာ သင်ယူတတ်မြောက်လေ့ ရှိသတဲ့..။ မင်းသမီးလေး ထိုးထားတဲ့ အနုလက်ရာ ပန်း နဲ့ ပန်းချီ တွေဟာ ဆိုရင်လဲ ပြိုင်စံရှား သတဲ့... ။ မြစ်ပြင်ကျယ်ကြီးရဲ့ ကမ်းနဖူး ဆီ မှာ မေးတင်ရင်း နောက်ကမ္ဘာ တဖက်ခြမ်း ဆီထွက်ခွာတော့မဲ့နေလုံးကြီးကို ကြည့်ရင်း ဆည်းဆာချိန်တွေမှာရေးသီဖွဲ့တဲံ့မင်းသမီးလေးရဲ့ တေးကဗျာ တွေကတော့ .. တိုင်းပြည်အနှံ့မှာလူတွေနှုတ်ဖျား သီဆိုကြတဲ့ တေးကဗျာတွေပဲပေါ့..။ ပုဇွန်ဆီ ပုဇွန်သွေး နဲ့ပန်းရောင်ပြေးနေတဲ့ ညနေဆည်းဆာ အလှဟာ မင်းသမီးလေးကို အမြဲတမ်းပဲ ဖမ်းစားထားတတ်သတဲ့..။ မြစ်ပြင်ပေါ်မှာ ဟိုကို သည်ကို ပျံ သွားနေကြတဲ့ စင်ရော်ငှက်ကလေးတွေဟာလဲ မင်းသမီးလေးရဲ့ ဇာတ်လိုက်တွေပဲပေါ့..။
ဒီလိုနဲ့.. မိုးတိမ်တွေထူထပ်တဲ့ ရာသီတခုကိုရောက်ရှိလာခဲ့တယ်.. မိုးရိပ်တွေအုံဆိုင်းနေတဲ့ နေ့တနေ့ မှာတော့ နေရောင်မလင်းတာကြောင့် ဥယျာဉ် တော် အဆောင်လေးမှာ ပျင်းပျင်းတွဲ့တွဲ့ ထိုင်ပြီးငေးနေတဲ့ မင်းသမီးလေးရဲ့ ရှေ့မှောက်ဆီမှာ အလွန်တရာ ခန့်ညားလှပချောမောပြီး လေးစား အားကိုးဖွယ်ကောင်းတဲ့ လုင်ပျိုလေး တယောက် ရောက်ရှိလာခဲ့သတဲ့.. သစ်ပင်တွေ ပန်းပင်တွေ နဲ့ ငှက်ကလေးတွေ ရဲ့အလယ်မှာ လှပတဲ့မင်းသမီးလေးကို တအံ့ တသြ ငေးမောကြည့်နေတဲ့လုင်ပျိုလေးနဲ့ မင်းသမီးလေးဟာ မကြာမီ အတောအတွင်းမှာပဲ ခင်မင် သွားခဲ့ကြသတဲ့..
ဒီလိုနဲ့.. မိုးတိမ်တွေ ထူထပ်တဲ့နေ့တွေ တိုင်းလိုလိုမှာပဲ မင်းသားလေးဟာ မငိးသမီးလေးနဲ့ အတူတူ ရှိနေခဲ့တယ်.. သူတို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကလဲ တနေ့ထက်တနေ့ ပိုပြီး ခိုင်မြဲလာခဲ့တာပေါ့..
သူတို့နှစ်ယောက်လုံးက တယောက်မျက်နှာ တယောက် မမြင်ရင် မနေနိုင်တော့ထိ ချစ်ခဲ့ကြတော့တယ်..
ပြီးတော့ ဒီတသက် ဘယ်တော့မှ မခွဲကြဘူး.. ဘာပဲ ဖြစ်ဖြစ် တသက်လုံး အတူတူ နေသွားကြမယ်လို့ ကတိတွေ အပြန်အလှန်ပေးခဲ့ကြသတဲ့..
မိုးတိမ်တွေထူထပ်တဲ့ ရက်ကလေး တွေ လွန်မြောက်လာခဲ့ပြီ...
သဘာဝ ပတ်ဝန်ကျင်းမှာ . အလင်းရောင်တွေ ပြန်လည်တောက်ပလာခဲ့ပြီ....
နေခြည်တွေ ဖြာလာတဲ့ မနက်ခင်းတခုမှာတော့.. အလှဆုံး အ၀တ်အစားတွေ .၀တ်ဆင် . အလှဆုံး မှုံ နံ့သာတွေ ချယ်သပြီး.. ချစ်သူအလာ ကို မျှော်နေတဲ့ မင်းသမီးလေး..က စိတ်တွေ လန်းဆန်း ကြည်နူးလို့ ပြူတင်းမှာ မြင်နေရတဲ့ လိပ်ပြာလေးတွေကိုတောင် လှမ်းကြွားလိုက်သေးသတဲ့ .. မင်းတို့ချည်းပဲချစ်သူရှိတာ မဟုတ်ဖူး ကွဲ့... ကျမ မှာရော... ကျမ ကို သိပ်ချစ်တဲ့သူ ရှိနေပြီ .. တဲ့...
အဲဒီ အခိုက်မှာ.. ပဲ ကသုတ်ကရက်နဲ့.. မင်သားလေး ရောက်လာခဲ့တယ်.. သူ့ ဖခမည်းတော်ပေးအပ်တဲံ့ ကြီးလေးတဲ့ တာဝန်တရပ်ကို ခုချက်ချင်းမဖြစ်မနေထမ်းဆောင်ရမှာမို့.. မင်းသမီးလေးနဲ့အတူ ရှိနိုင်မှာမဟုတ်ဖူး တဲ့.. ဒါပေမဲ့ တနေ့နေ့ မှာ မင်းသမီးလေးဆီ အရောက်ပြန်ခဲ့ပါ့မယ် လို့.. ကတိတွေ အထပ်ထပ်ပေးရင်း...အဝေးကို ထွက်ခွာ သွားခဲ့တော့တယ်...
အဲဒီအချိန်ကစပြီး .. ချစ်တဲ့သူ မင်းသားလေးပြန်အလာကို မင်းသမီးလေးဟာ.. နေ့စဉ်ရက်ဆက် အလွမ်းတွေ စက်လက်နဲ့မျှော်နေခဲ့တော့သတဲ့. တနေ့မှာတော့.. သူ့ချစ်သူ မင်းသားလေးဟာ.. သာမန်လူ တယောက်မဟုတ်ပဲ.. ကမ္ဘာလောက ကြီးကို အလင်းဆောင်ပေးနေတဲ့ နေမိမင်းကြီးရဲ့ သားတော် တပါးဖြစ်နေခဲ့ပြီး.. ဖခင်ရဲ့တာဝန်ကိုထာဝရလက်လွှဲပြောင်း ထမ်းဆောင်ရမဲ့သူတယောက်ဖြစ်တဲ့ အကြောင်း.. လိပ်ပြာလေးတွေရဲ့ ပြောစကား အရ သိသွား ခဲ့သတဲ့..
ဒါပေမဲ့လဲ.. သူ့ကိုပေးထားခဲ့တဲ့ကတိကို မင်းသားလေးမေ့မှာ မဟုတ်ဖူးဆိုတဲ့ယုံကြည်ချက်နဲ့.. မြစ်ကမ်းနဘေး ဆီ နေ့စဉ် နေ့စဉ် သွားရင်း... မနက်ခင်း နေထွက်တဲ့ အချိန်က စလို့.. နေ၀င်တဲ့ ထိ... ချစ်သူ နေမင်းရဲ့ မျက်နှာကို ငေးမော တမ်းတနေခဲ့ သတဲ့... နေရာကမထ . အလွမ်းတွေနဲ့ ငြိတွယ် နေသူလေးဟာ. .နောက်ဆုံးမတော့.. ခြေတွေလှုပ်မရဖြစ်လာခဲ့တယ်.. သူမလေးရဲ့ ခြေထောက်တွေဟာ ထူးဆန်းစွာ ပဲ အမြစ်လေး ဖြစ်နေခဲ့ပြီ တဲ့... နောက်တနေ့ မှာ တော့ မင်းသမီးလေးဟာ နေကြာပန်းလေး ဘ၀ ကို ရောက်နေခဲ့တော့တယ်....... သူ့ချစ်သူ နေမင်းသား ရဲ့ မျက်နှာ ကို တစိုက်မတ်မတ် နေထွက်က နေ၀င် တဲ့ထိ ကြည့်နေတာမို့... နေကြာပန်းတွေ ဟာ အမြဲတမ်းပဲ နေရှိရာကို မျက်နာမူ ထားသတဲ့......
..........................x..........x............x.............x................x..............................
ငယ်ငယ်က ရွှေသွေးမှာလာ တေဇ မှာလား မသိ ဖတ်ခဲ့ရပြီး အသက် ၆ နှစ် ၇ နှစ် မှာတောင် လွမ်းရကောင်းမှန်း သိနေခဲ့ရတဲ့ ပုံပြင်ကလေးပါ..။ နေကြာပန်းတွေ မြင်တိုင်း အဲဒီ ပုံပြင်လေး ကို အမြဲ သတိရနေခဲ့ပါတယ်..။ ဖတ်ဖူးခဲ့တဲ့ ပုံပြင်လေး ကို ကိုယ့်ဖာသာ တန်ဆာဆင် ပြီး ပြန်ချရေးကြည့်မိတာပါ..။ ဓါတ်ပုံတွေကတော့ ၂၀၀၉ နွေ ရာသီ တုန်းက မွေးရပ်မြေ ပြန်တုန်း က .. ဆွေမျိုးတွေ ရဲ့ လယ်ကွင်းထဲ လိုက်သွား ရင်းရလာတဲ့ ပုံတွေ ပါ...။ အဖူး မှ အငုံ အငုံ မှ အပွင့်.. အဆင့်ဆင့်ကို ကံကောင်းစွာနဲ့ ရခဲ့တာ ...
တချို့တွေက နေကြာ စိုက်မှ အနေကြာမှာ.. ဆိုလို့.. မစိုက်မနေရ .. စိုက်နေရတဲ့ နေကြာတွေ ..တဲ့....
တနေ့တနေ့ ရယ်နဲ့
တရွေ့ရွေ့ ကြာသထက်ကြာ
မယ့်ရင်ကို အပိုင်သိမ်းနိုင်ခဲ့
ချစ်ရသူ လူညိုနွဲ့ရယ်
ပေါ်မလာ ဆုံမှာဝေးတာမို့
ရွှေမျက်နှာ ငေးကာသာ မှန်းပါရ
လွမ်းအနာ ဒဏ်ရာတွေ အနန္တနဲ့.. ချစ်ပန်းနေကြာ..။
မမသီရိ
Sunday, July 04, 2010
မောင် ဂျီ
ယုံပါ ယုံပါ ဆိုတော့..
ယုံကို မယုံ ဘူး .တဲ့....
မယုံချင်လဲ နေကွာ.. ပြောတော့
ယုံချင်နေပြန်ရော ..ဆိုပဲ..
ယုံချင် ယုံ မယုံ ချင်နေ..လို့ ဘုတောမိတော့
မင်း က ဘာအချိုး ချိုးတာလဲ တဲ့..
ကဲ ..မခက်ပေဘူးလား..
မောင်.ဂျီ.. ကျမရဲ့ အချစ်တုံး ကလေးရယ်
ယုံချင် ယုံ မယုံချင်ရင်လဲ တကယ်နေပါတော့..
ရှင့် ကို ကျမ ချစ်တယ်....
ယုံကို မယုံ ဘူး .တဲ့....
မယုံချင်လဲ နေကွာ.. ပြောတော့
ယုံချင်နေပြန်ရော ..ဆိုပဲ..
ယုံချင် ယုံ မယုံ ချင်နေ..လို့ ဘုတောမိတော့
မင်း က ဘာအချိုး ချိုးတာလဲ တဲ့..
ကဲ ..မခက်ပေဘူးလား..
မောင်.ဂျီ.. ကျမရဲ့ အချစ်တုံး ကလေးရယ်
ယုံချင် ယုံ မယုံချင်ရင်လဲ တကယ်နေပါတော့..
ရှင့် ကို ကျမ ချစ်တယ်....
မမသီရိ
၂၅.၆.၂၀၁၀
Subscribe to:
Posts (Atom)








