Saturday, December 19, 2015

အလွမ်းနဲ့နီးသော ညနေများ

ငါ လဲကျသွားတာ ငါ့အတ္တပေါ်မှာလား
အခြားလူတွေလိုပဲ ငါလဲ အကောင်းဆုံးကို ရချင်ခဲ့ရုံပါ
ရှေ့ဆက်လှမ်းရမဲ့ခြေလှမ်း တွေ ဆွံ့ အ
ရပ်နေတဲ့နေရာမှာ ပဲ လဲကျ
အေးစိမ့်စိမ့် ဆောင်းလေ မကူနိုင်တဲ့ သောက

ငါ .. ထွက်ခွာ ခဲ့ပြီလို့ သေချာချင်နေတဲ့ ညိုရီဝေ ညနေခင်း များ ဟာ.....။



မမသီရိ
၁၉  ဒီဇင်ဘာ ၂၀၁၅

Tuesday, December 08, 2015

အပ်ပ်တူဒိတ်

ပါလက်စတိုင်းကဗျာဆရာ သေမိန့်ချခံရပြီး
ဒေါ်နယ်ထရန့် က ဗိုဒီမော့ ဖြစ်သွား တဲ့ အခိုက်
စိန်မျောက်မျောက် တစ်ကောင် ပေါက်ရောက်သွားခဲ့

လက်စသတ်တော့ ဒီကမ္ဘာကြီးဟာ
ကိုယ့်ဗျာပါဒကို ကိုယ် အရည်ကြိုသောက်
ဒီနေ့သက်သာနိုးနိုး မနက်ဖြန်သက်သာနိုးနိုး။

မမသီရိ
၉ ဒီဇင်ဘာ ၂၀၁၅