Friday, June 24, 2011

ရောင်စုံ မီးပန်းတွေ



( ဘာတွေ လုပ်လို့ လုပ်မိမှန်းတောင် မသိတော့ပါဘူး ရှင်ရယ်...)

ဟိုမှာ တဖက်ကမ်း က ထွန်းညှိလိုက်တဲ့ ရောင်းစုံမီးပန်းတွေ...
ဘယ်အပွင့် ဟာ ဖြင့် ဘယ်သူ့ အတွက်လဲ ..
ဘယ်အရောင် ကဖြင့် ဘာကို ဆိုလိုလေသလဲ..
ဘယ်နှစ်ခက် ဖြာ ရင်တော့ ဘယ်လောက် ကြာကြာ လွမ်းနေသလဲ..
ဘယ်သူ တယောက်မှ သတိမထားမိသော်ငြားလေလဲ..
ဒီတယောက် ကတော့ဖြင့် အဲဒီ တပွင့်က အဲဒါ ကိုပြောတာလို့ သိကိုသိနေခဲ့ပါတယ်..

ခရီးက ဝေးနေတော့ တဖွားဖွား အသံ ကလေး ဖြင့် မကြား ရပေဘူး...
ရှင် ပစ်လွှတ်လိုက်တဲံ့မီး ပန်းကလေးတွေ .. .
ကျမ ရဲ့ ည ကောင်းကင် မှာရောင်စုံ တောက်ပလို့ပေါ့ .. ရှင်ရယ်...

ည ပိုးကောင် တွေ စီစီ ညံ အောင် ၀ိုင်း အော်တော့
ရုတ်တရက် နင့် နင့် သည်းသည်း... ရှင့် ကို .. လွမ်း မိပါတယ်....
မှောင် ရီ စွန်း စ တညနေခင်း..
ကျမ  .. ကျမ စာ စီရင်း လွမ်းထားတဲ့ ကဗျာ လေး ..
တလုံး စီကြွေ လို့.. ပုလဲ လုံးကလေး တွေ လို.. ရှင့် ဆီ လိမ့်လာ လိမ့် မယ်...
ဖမ်းယူ ကောက်သိမ်း ထား ပါ့ .. ကျမတို့ ဆုံ တဲ့ ထိ ပေါ့ .. ကွယ်...........။

မမသီရိ


Monday, June 20, 2011

You are the Wind Beneath My Wings


You're The "Wind Beneath My Wings"

Oh, oh, oh, oh, oh.
It must have been cold there in my shadow,
to never have sunlight on your face.
You were content to let me shine, that's your way.
You always walked a step behind.

So I was the one with all the glory,
while you were the one with all the strength.
A beautiful face without a name for so long.
A beautiful smile to hide the pain.

Did you ever know that you're my hero,
and everything I would like to be?
I can fly higher than an eagle,
'cause you are the wind beneath my wings.

It might have appeared to go unnoticed,
but I've got it all here in my heart.
I want you to know I know the truth, of course I know it.
I would be nothing without you.

Did you ever know that you're my hero?
You're everything I wish I could be.
I could fly higher than an eagle,
'cause you are the wind beneath my wings.

Did I ever tell you you're my hero?
You're everything, everything I wish I could be.
Oh, and I, I could fly higher than an eagle,
'cause you are the wind beneath my wings,
'cause you are the wind beneath my wings.

Oh, the wind beneath my wings.
You, you, you, you are the wind beneath my wings.
Fly, fly, fly away. You let me fly so high.
Oh, you, you, you, the wind beneath my wings.
Oh, you, you, you, the wind beneath my wings.

Fly, fly, fly high against the sky,
so high I almost touch the sky.
Thank you, thank you,
thank God for you, the wind beneath my wings.





We Love you So Much!!
We Thank You So Much!!!
All these are From our Hearts!!!
HAPPY BIRTHDAY, HAPPY BIRTHDAY, HAPPY BIRTHDAY





အတူတူ အလုပ်လုပ်ခဲ့တာ ၄ နှစ်ကျော်ပဲ ဖြစ်ပေမဲ့.. သိခဲ့ကြတာက ၈ နှစ်ကျော်ခဲ့ပြီ.. နှစ်လိုဖွယ်ရာ အပြုံးကို အမြဲ ပန်ဆင်ထားနိုင်ပြီး.. တွေ့သမျှ လူတိုင်းအတွက် မေတ္တာနဲ့ နားလည် ဆက်ဆံပေးနိုင်သူ.. မိမိ ကိုယ် ကို အမြဲ နှိမ့်ချ နေထိုင်ပြီး သူတပါး အတွက် ဘာပေးဆပ်ရမလဲ လို့ အမြဲ ကြံစည်နေတတ်သူ... အနေ အထိုင် အစား အသော် အားလုံး မှာ အမြဲ အနစ်နာခံတတ်သူ..။ အလုပမှာ အမြဲတိကျမှန်ကန်လွန်းလှ သော်လည်း၊ ဘ်လိုပ်ခြင်း မမျှတခြင်း၊ ဖုံးကွယ်ခြင်း ဘယ်တုန်းကမှ မရှိသော်လည်း  ဒေါသ ဆိုတာ ဘယ်တုန်းကမှ ကျမတို့ မမြင် မတွေ့ခဲ့ဖူး သူ.ပါ.။ ကျမ နဲ့ တခြား ၀န်ထမ်း ၂၀၀ ကျော်ရဲ့ဘ၀ တွေအတွက်.. အင်အား ဖြစ်စေခဲ့ပြီး .. ဘ၀ မှာ အလင်းရောင် ထွန်းလင်းအောင် စွမ်းဆောင်ပေနိုင်ခဲ့သူပါ... သူ့ကိုကျမတို့အားလုံး ချစ်တာထက် သူကကျမတို့အာလုံးကို ပိုပေးဆပ် ချစ်ခဲ့နိုင် တာပါ.. 

တကယ်ဆို သူ့ အသက်အရွယ်က အငြိမ်းစားယူပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းနေသွား ရဖို့ ဖြစ်ပေမဲ့.. အမေရိကား မှာ မိသားစုနဲ့ သမီးလေး ၂ ယောက်ရနေပြီ ဖြစ်တဲ့ တစ်ဦးတည်းသော သား က ဘယ်လိုပင်ခေါ်နေသော်ငြား... အာရှ နိုင်ငံတခုမှာ တယောက်တည်း နေ. နေရ တဲ့.. ဇနီးသည်က ပြန်လာပြီး သက်တောင့်သက်သာ နေစေလိုသော်ငြား...  သူတာဝန်ကျနေတဲ့ ဒီကျေးလက် က မိန်းကလေး ငယ်တွေ နဲ့ လူငယ်တွေ ရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သူ့ ဘ၀ကို ဆယ်စုနှစ် တခုစာလုံး ဇနပုဒ်ကလေးမှာ အလုံး စုံ မြှုပ်နှံထားခဲ့တဲ့.. ကျမတို့ ဆရာ..

သူ့ ကို ကျမတို့ချစ်တာ.. စီမံကိန်းဒါရိုက်တာ တယောက်ဖြစ်နေလို့ မဟုတ်ပဲ.. ဖခင်တယောက် ..သဖွယ်.. ခေါင်းဆောင်ကောင်း နဲ့ ဆရာကောင်းတယောက် လိုချစ်ကြတာမို့.. ကျမတို့ ကြားက သံယောဇဉ်တွေက..ခိုင်မြဲလွန်းလှပါတယ်.. မြန်မာပြည်ဖွား နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည့်နဲ့  တစ်နှစ်တည်း၊ တလတည်းမှာ ၂ ရက်ခြား ပြီး ဖွားခဲ့တဲ့ ဇွန် ၂၁ မှာ ကျရောက်တဲ့ ဆရာ့ မွေးနေ့ အတွက်.. ပါ...။


မမသီရိ

Wednesday, June 15, 2011

If We Hold on Together

ဒီကမ္ဘာပေါ်မှာ လူတွေ ၊ ဆင်တွေ မျောက်ဝံတွေ မြေခွေး တွေ၊ ဝေလ ငါးတွေ မပေါ်ခင်တုန်းက ဒိုင်နိုဆောပဲ ဒီကမ္ဘာကြီးကို ကြီးစိုးခဲ့ကြတာ တဲ့....  သစ်ရွက်စိမ်းတွေ ပေါများပြီး အစာရေစာ ကြွယ်ဝတဲ့ မဟာလွင်ပြင်ကျယ် ကြီးဆီ ကို ခရီးချီ ခဲ့ကြတဲ့ ဒိုင်နိုဆော အုပ်စုအချို့ ရှိခဲ့ဖူးတယ်..

အဲဒီအချိန်က ဒိုင်နိုဆော မျိုးစိတ်တွေ မှာ.. သွားချွန်တဲ့ အသား စား မျိုးစိတ်နဲ့၊ အရွက်စား မျိုးစိတ် ရယ်လို့ အခြေခံ အုပ်စုကြီး ၂စု ရှိခဲ့ပါသတဲ့...

Little Foot လို့အမည်ရတဲ့ လည်ပင်းရှည်မျိုးစိတ် ဒိုင်နိုဆောကလေးငယ်လေး တယောက် ဟာ ဒိုင်နိုဆော ကမ္ဘာ ထဲမှာ မွေးဖွားခဲ့ပါတယ်.. သူ့ကိုမွေးတဲ့အချိန်နဲ့ မရှေးမနှောင်းမှာပဲ.. ရန်လိုပြီး မာနထောင်လွှား တဲံ ချို၃ ချောင်းမျိုးစိတ်က Cera အမည်ရတဲ့ ဒခိုင်နိုဆောမလေး တစ်ကောင်ကို မွေးဖွားခဲ့တယ်..



တနေ့မှာတော့ မဟာလွင်ပြင်ကျယ် စားကျက်ကြီး ကို သွားနေကြတုန်း.. Little Foot နဲ့ Cera တို့ဟာ အသားစား ဒိုင်နိုဆောကြီးရဲ့ ရန်ပြုတာခံခဲ့ရတဲံ အပြင်.. ကမ္ဘာဦးမြေလွှာ ပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်ခဲ့ ပြင်းထန်းတဲ့ ငလျင်ကြီးကြောင့် မိသားစု နဲ့ ဝေးခဲ့ကြတယ်.. Little Foot  ရဲ့အမေကတော့ အသားစား ဒိုင်နိုဆောကြီး နဲ့ တိုက်ခိုက်ခဲ့ရလို့ ရယ်၊ မြေငလျင်ဒဏ်ကြောင့်ရယ် မီးတောင်ပေါက်ကွဲတဲံ့ဒဏ်ကြောင့်ရယ် အသက်ဆုံးရှုံးခဲ့ရတယ်..။ အမေသေဆုံး လို့ စိတ်ဓါတ်ကျနေတုန်း လမ်းပျောက်ခဲံတဲံ Little Foot ကလေး ဟာ.. သူ့ အမေမှာကြားခဲ့၊ သင်ကြားခဲ့တဲံ စကားတွေ နဲ့ အမေ့ လက်ဆောင် သစ်ရွက်စိမ်းကလေး ကြောင့် အင်အားတွေ ပြန်ဖြစ်လာပြီး သူ့နဲ့ ဘ၀ တူ မိဘ ကလေး ငယ်တွေ ကို ဦးဆောင်ရင်းနဲ့ မဟာလွင်ပြင်ကျယ် ဆီ ကို အရောက်သွားခဲ့ကြတဲံ ဇာတ်လမ်းကလေး ပါ.... The Land Before Time လို့အမည်ရပါတယ်..။ အတော်များများလဲ ကြည့်ဖူးပြီးသား သိပြီးသား ဖြစ်မှာပါ။  ကလေးတွေ အတွက် ရည်ရွယ်ထုတ်ခဲ့တာပေမဲ့ လူငယ်တွေ နဲ့ လူကြီးတွေ အတွက်လဲ သင်ခန်းစာယူစရာတွေ အများ ကြီး ရှိတဲံ ဇာတ်လမ်းလေး ဖြစ်ပါတယ်..။
....................
၁၉၈၈ ခုမှာ Universal Studios က စီစဉ်ပြီး ဒါရိုက်တာ Don Bluth ၊ နဲ့ executive-producers တွေက Steven Spielberg, George Lucas, Kathleen Kennedy, နဲ့ Frank Marshall. ဖြစ်ပါတယ်။

ဒီအခွေလေး ကို ကျမတို့ ရဲ့ လူငယ်ပရောဂျက်မှာ သင်ခန်းစား တခု အနေနဲ့ ထည့်သွင်း အသုံးပြုခဲ့တာပါ..။ အဲဒီ ဇာတ်လမ်းရဲ့ ဇာသိမ်းပိုင်းမှာ Diana Ross သီဆိုထားတဲ့ နာမည်ကျော်သီချင်း If We hold on Together ကလဲ အဓိပါယ် အလွန်ပြည့်ဝတဲ့ သီချင်းလေးတပုဒ်ပါ။ ကျမတို့သင်တန်းတွေရဲ့အဓိကအသုံးပြုတဲ့ သီချင်းတပုဒ်လဲ ဖြစ်ပါတယ်..။

ဒီဇာတ်ကား ကလေး ကို လူငယ်တွေကိုပြသပြီး.. ကောက်ချက်ကလေး ဆွဲ နှုတ်တိုင်း ကျမရဲ့ မျက်စိ နဲ့ အတွေးထဲမှာ.. ကျမတို့ ရဲ့ လူထုခေါင်းဆောင် ကို အမြဲ အမှတ်ရမိပါတယ်..။

သူမအနေနဲ့ ခုနေချိန်ခါ အခက်အခဲတွေ နဲ့ ဆင်မပြေမှုတွေနဲ့ မီးတောင်တွေ ကျော်နေရသော်လည်း သူမချစ်တဲံ မြန်မာပြည်သူလူထု အတွက် ဆက်လက် ဦးဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်..။ 

တဆက်တည်းမှာပဲ.. ၁၉၈၈ မျိုးဆက်ကျောင်းသား တွေ လဲ ပဲ If We Hold On Together သီချင်းလေးနဲ့ ဆက်လက်ပြီး ပန်းတိုင်ရောက်တဲ့ လက်တွဲ မဖြုတ်ကြဖို့ တိုက်တွန်းရင်း နဲ့ .. လူထုခေါင်းဆောင် ရဲ့ ဇွန်လ ၁၉ ရက်နေ့ မွေးနေ့ ကို ဂုဏ်ပြု လိုက်ပါတယ်..။ 

 

Theme to: The Land Before Time
IF WE HOLD ON TOGETHER - Diana Ross

Don't lose your way
With each passing day
You've come so far
Don't throw it away
Live believing
Dreams are for weaving
Wonders are waiting to start
Live your story
Faith, hope & glory
Hold to the truth in your heart

If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I

Souls in the wind
Must learn how to bend
Seek out a star
Hold on to the end
Valley, mountain
There is a fountain
Washes our tears all away
Words are swaying
Someone is praying
Please let us come home to stay

If we hold on together
I know our dreams will never die
Dreams see us through to forever
Where clouds roll by
For you and I

When we are out there in the dark
We'll dream about the sun
In the dark we'll feel the light
Warm our hearts, everyone

If we hold on together
I know our dreams will never die
Dreams see us through to forever
As high as souls can fly
The clouds roll by
For you and I



အားလုံးကိုချစ်ခင်လေးစားတဲ့
မမသီရိ
၁၅.၆.၂၀၁၁
 

Monday, June 06, 2011

မြတ်နိုးဖွယ်ရာ အစိမ်းရောင်

ဆဲလ် အသေတွေနဲ့
မာကျစ်နေခဲ့ပြီဖြစ်တဲ့ နှလုံးသား..
ဆတ် ကနဲ ခါအောင်.. လှုပ်နှိုးလိုက်တာ... ဘယ်သူလဲ...

ဒီလောက် ညီညာ ချောမွေ့ တည်ည် ငြိမ်ငြိမ် လမ်းကလေး..
အက်မွ ကြွေကျ.. အလဲလဲ.. အကွဲ ကွဲ ....
လေထဲ မိုးထဲ... ထီး မဆောင်းပဲ လျှောက်သွားခဲ့တာ..
ဘယ်သူ့ ကိုလွမ်းလို့လဲ.. မင်း မေးကြည့်ရဲပါရဲ့လား...


ကျမ ရဲ့ အညိုရောင်တောင်ကြား ကလေး.. ပြန်စိမ်းနေပြီ...
စိန်ပန်းနီနီတွေ .. ဖြန့်ကျဲ ချထားသော.. မြက်ခင်း စိမ်း..
သစ်ရွက်တွေ စိမ်းလန်းလွန်းနေတာ..
မိုးရေစက်တွေ တခုတည်းကြောင့်တော့ မဟုတ်တန်ရာ...
သူ တို့ ကိုယ်တိုင် စိမ်း လို့ လဲ စိမ်း တာပေါ့....

မိုးကြို ရင်ငွေ့.. ဖွဲ လိုက် သဲ လိုက် အောက်မှာ...
ပြန်လည် ရှင်သန် ထမြောက် ခဲ့သော နှလုံးသား.....

လန်း ဆတ်နေလိုက် တာဆို.......
သူ့ ကို ချစ်ခြင်းတွေ ကြောင့်ပါပဲ... စိမ်းစိမ်းကို လဲ့ လို့............။


မမသီရိ
ဇွန် ၃၊ ၂၀၁၁

Thursday, June 02, 2011

ရွှေနဖူးစာ




ချစ်သူတို့ လျှောက်သောလမ်း ..
ဆူးကြမ်းချင်လဲ ကြမ်းမယ်...
ပန်းလွှမ်း ရင် လဲ လွှမ်းမယ်...

နှစ်ယောက် အတူတူ တဘ၀..
ထူထောင်ကြစို့ လို့ ..
ရည် ရွယ် လက်တွဲ ပြီး ကြမှတော့....

မိုးရွာသော နေ့ မှာ မိုး နဲ့ ပျော်စေ..
နှင်းဝေသော မနက်တွေ နှင်းနဲ့ ပျော်စေ..
နွေထူသော နေ့ခင်းတွေ... ချွေးနဲ့ ပျော်စေ...

မှောင်လွန်းသော.. ညများ.. တွဲလက်နဲ့ ဖြတ်စေ..
ရှည်လွန်းသော ညများ... ရင်ငွေ့လှုံ ကျော်စေ..

ပြုခဲ့ဖူး သော.. သစ္စာ.... ကမ္ဘာတည်သရွေ့ တိုင်ပါစေ.......။




မောင်ငယ် အရင်းအချာ တယောက်လိုချစ်ခင်ရတဲ့ မောင်ငယ်ကလေး .. အမှတ်တမဲ...............နှင်း ဘလော့ပိုင်ရှင်... ကဗျာဆရာကလေး ဘုန်းနေသွန်း နဲ့ ချစ်သူ မီ တို့ ရဲ့ မင်္ဂလာ ၂ လ ပြည့် အမှတ်တရ ပါ..
ကဗျာရေးဖြစ်တာ အတော်ကြာနေပေမဲ့ အကြောင်းကြောင်း ကြောင့် တင်မပေး နိုင်ခဲ့ဘူး...

မင်္ဂလာပွဲ ကို အရောက်မလာ နိုင်ခဲ့တဲ့အတွက်လဲ နားလည်ပေးစေလိုပါတယ် မောင်လေး နဲ့ ညီမလေး ရေ..။

ချစ်တဲ့

မမသီရိ