Wednesday, May 25, 2011

ခိုင်လွန်းသည့်ကြိုး

မမြင်ရပေလို့ပေပဲ..
ခိုင်မာလိုက်တဲ့ ကြိုးတမျှင်..
လွန်းတင်ထားခဲ့ တဲ့ ကြိုးပေါင်း က ၂၀၀၀ ကျော်.မို့.

မောင်ရေ...
၅၂၈ ပင် နဲ့ ချည် ထားခဲံ့
နောက်ထပ်ကြိုး ပေါင်း ၁၅၀၀ .. ထပ် ပြီး အားဖြည့်ထားမိမှတော့
ဘယ်သူတွေ ဘယ်လိုဖြည် ချင်လဲ ရတော့မယ် မထင်..

ကော်ဖီ တူတူ သောက်ချင်တယ်
စန္ဒယားတူတူတီးချင်တယ်
ဥယျာဉ်တူတူစိုက်ချင်တယ်
အဖျား နဲ့ချမ်း နေတဲ့ အခါ ဖက်ထားပေးမယ်
အိမ်အလွမ်း စိတ် တွေ တူတူ မျှဝေလို့..
နေညို ချိန်အတွေးတွေ ဖမ်းယူ စုတ်ချက်တင်ရင်း..
ညသန်းခေါင်ကျော် .. ကဗျာ တပုဒ် ရေးတဲ့အခါ ..
မောင့် ကို နှိုးပြီး ဖတ်ခိုင်း ရင် စိတ်မဆိုးပါနဲ့...
လူတွေက ရူးလိုက်တာလို့ ပြောရင် လဲ ကျမ က ပြုံးပဲ ပြုံးနေလိုက်မှာ...
အချစ်တွေ သေဆုံး တယ် ဆိုတာ မယုံ ကြည်သူမို့..
ဓား ထက်ထက် တွေ အလုပ်ပို ရှာ ရင်း မသွေးပါနဲ့ တော့ မောင်.....။


မမသီရိ
မေ ၂၀၁၁

Saturday, May 21, 2011

You're Still The One

 ဒီ ကနေဒီယံ အမျိုးသမီးကလေးကို နှစ်သက်မိတာ နှစ်တွေ အတော်ကြာခဲ့ပါပြီ..။
ကျက်သရေရှိလှတဲ့ သူ့ မျက်နှာ၊ ချစ်စဖွယ် သူ့ အပြုံး.. ၊ နှာခေါင်းသံ ကလေး သဲ့သဲ့ နဲ့ သူ့ အသံ ကို ဘယ်လို စွဲ မက်မိမှန်းမသိ..။ သူ့ ထွက်သမျှ အခွေတွေ လဲ ၀ယ်ဖြစ်တာပါပဲ..။ 
သူ့ သီချင်းတွေ အတော်များများ ကို စွဲစွဲလမ်းလမ်း ကြိုက်ပါတယ်..။ 
စိတ်တွေ ညစ်တဲ့အခါ တိုင်း... စိတ်ဖိစီးမှုတွေ များလာတိုင်းမှာ နားထောင်ဖြစ်တာ သူမကလေးရဲ့ သီချင်းတွေပါ.. ။ သီချင်းရေးတာရော.. ဆိုတာရော.. တီးတာပါ ရတဲ့ သူမရဲ့ ပါရမီ ကို အားကျမိတာလဲ အခါခါ..


ဒီသီချင်းက.. နှစ်သက်မိသာ သီချင်းများထဲ တပုဒ်ပါ............။



 





You're Still The One

Songwriters: Lange, Robert; Twain, Shania;

When I first saw you, I saw love
And the first time you touched me, I felt love
And after all this time, you're still the one I love

Looks like we made it
Look how far we've come my baby
We mighta took the long way
We knew we'd get there someday

They said, "I bet they'll never make it"
But just look at us holding on
We're still together still going strong

(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life

(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night

Ain't nothin' better
We beat the odds together
I'm glad we didn't listen
[- From :http://www.elyrics.net/read/s/shania-twain-lyrics/you_re-still-the-one-lyrics.html -]
Look at what we would be missin'

They said, "I bet they'll never make it"
But just look at us holding on
We're still together still going strong

(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life

(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night
You're still the one

(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life

(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night

I'm so glad we made it
Look how far we've come my baby

these lyrics are last corrected by kendal gunier

မမသီရိ

Tuesday, May 17, 2011

ခရမ်းရောင် ခမောင်းပန်းတို့ရဲ့အလယ်

နှစ်ချက် ပြတ်ချင်လို့
တချက်ခုတ်ခဲ့လေသလား
မမြင်ရတဲ့ ကြိုးတချောင်း ပြတ်သွားတဲ့အခါ..
တော်လဲ သွားခဲ့ပေါ့ ဒီမြေကမ္ဘာ...

ပန်းတွေ ပြာနေအောင်ပျံ့ကျဲ..
ရုတ်ရုတ်သဲသဲ ညဥ့်ငှက်တို့ ထပျံ..
နွေနှောင်း ခမောင်းပွင့်တွေ..
ခရမ်းရောင် မှိုင်းလို့ဖြင့် လွမ်းကျန်......

မျိုးဗီဇ ပြောင်းလဲလို့ စွင့်ကားတဲ့ နှင်းဆီရယ်..
တောင်စောင်းပေါ်က အလေ့ကျ နှင်းဆီ ရိုင်းရယ်...
ခံစား တတ်ခဲ့ရင်ဖြင့်..အလှချင်း က အတူတူ ပါပဲ..
မင်းတမ်းတဖူးတဲ့.. အပြာရောင် ကြယ်ဟာ..
မင့် ဘယ် ရင်အုံ ပေါ်က
အဖြူရောင် နှင်းဆီ ရိုင်းကလေးလောက်
မနွေးထွေးစေနိုင်မှန်း.. မင်းသိလာမဲ့ တနေ့ မရောက်ခင် ကလေး မှာပဲ.....
တောင်တကြော... လင်းပြာနေအောင် ပွင့်သော..
ခမောင်းတော.. တွေ ရဲ့ အလယ်.....

မမြင်ရတဲ့ ကြိုးတချောင်း..ပြတ်ခဲ့သော အခါ...
မင်း ခို နားမယောင် ပြုခဲ့ဖူးသော... ရင်ခွင်ငယ်ကလေး တခု... ဟာ........ ။


မမသီရိ
၁၇ မေ ၂၀၁၁



Wednesday, May 11, 2011

1.1.11-11.1.11-1.11.11-11.11.11

၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေနဲ့ ထူးခြားနေတဲ့ နှစ်ဖြစ်ပြီး တရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေ ပညာအလိုအရ ဒီနှစ်ကို ငွေအိတ်နှစ် လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ ဇူလိုင်လဟာ တနင်္ဂနွေ ၅ ရက်၊ စနေ ၅ ရက် နဲ့ သောကြာ ၅ ၇က်စီ ရှိနေပြီး ခုလို မျိုး တိုက်ဆိုင်ဖို့ အတွက် ၈၂၃ နှစ်ကြာမှ တစ်ကြိမ် တွေ့ နိုင်ပါသတဲ့။

၂၀၁၁ ခုနှစ် ထဲမှာ ပဲ ၁ ဂဏန်းတွေ ဆင့်နေတဲ့ နေ့ စွဲ ၄ ကြိမ် ရှိပါတယ်
၁-၁-၁၁ ။ ၁၁-၁-၁၁။ ၁-၁၁-၁၁ နဲ့ ၁၁-၁၁-၁၁ ရက်တွေ ပါပဲ ..

နောက်အထူးခြား ဆုံး အချက်ကတော့ မိမိမွေးတဲ့ မွေးသက္ကရာဇ် ခုနှစ် ရဲ့ နောက်ဆုံး ဂဏန်း နှစ်လုံး နဲ့ မိမိ  ရဲ့ ခု ရောက်ရှိနေတဲ့ အသက် ကိုပေါင်းလိုက်ရင် ၁၁၁ ရပါတယ်.. ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူတိုင်း အတူတူ ဖြစ်နေတဲ့ အချက်ပါ..  (ဥပမာ ၁၉၈၈ မှာမွေးတဲ့သူတယောက်က ခု ၂၃ နှစ် ရှိပြီး - ၈၈ နဲ့ ၂၃ ပေါင်းရင် ၁၁၁ ရပါတယ်..) ..

ဖော်ဝါ့မေးလ်က ရခဲ့တဲ့ အကြောင်းအရာလေး တခုပါ။ 


This is kind of interesting ..... read it all and do the birthday calculation! 
  
  

THIS IS THE ONLY TIME WE WILL SEE AND LIVE THIS EVENT  
Calendar for July 2011  

July

Sun
Mon
Tue
Wed
Thu
Fri
Sat
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31


Money bags

This year, July has 5 Fridays, 5 Saturdays and 5 Sundays. This happens
Once every 823 years. This is called money bags. So, forward this to
Your friends and money will arrive within 4 days. Based on Chinese
Feng Shui. The one who does not forward.....will be without money.
Interesting - read on!!!


This year we're going to experience four unusual dates.

1/1/11, 1/11/11, 11/1/11, 11/11/11 and that's not all...

Take the last two digits of the year in which you were born - now add
The age you will be this year,

The results will be 111 for everyone in whole world. This is the year of
The Money!!!

The proverb goes that if you send this to eight good friends money will
Appear in next four days as it is explained in Chinese FENGSHUI.

Those who don't continue the chain won't receive.......

Its a mystery, but its worth a try. Good luck.


မမသီရိ
၁၁.၅.၁၁

Saturday, May 07, 2011

မာယာတောင်တန်းများ.. နဲ့.. အဆုံးရှာမရခဲ့ တဲ့ ကဗျာ

စိတ်ကူးယဉ်ခဲ့ဖူးတာပေါ့..
ဘယ်ပြောကောင်းပါ့မလဲ..
သူကောက်ကောက် သီခဲ့တဲ့.. ပန်းခြောက်တွေ.
ကိုယ့် အတွက် သာ.. လေ လား.....

ကြည်နူးဖူးခဲ့တာပေါ့...
တနေ့လုံး တည လုံး.. တရာသီလုံး...
အဆုံး မရှိ ချစ်ခြင်းများနဲ့.. ရယ်မော ရွှင်ပြုံး..
သူ့ နှလုံးသား ပိုင် ဆိုင် ခဲ့ ရပြီ ထင်လို့...

တကယ်တော့ .. ကျ မချစ်သူ က..
ဟို ဝေးဝေး က တောင် တန်း ပြာ...

အဲဒီ တောင်တန်းတွေ မှာ..
အဲ သလောက် မာယာ များတဲ့ အကြောင်း..
ခုမှ ကောင်းကောင်း သိခဲ့ရတော့ တာ..

ညိုမလို.. ပြာ မလို.. အမြဲရီဝေချိုနေတတ်တာ မို့လဲ..
တကဲ့.. မသိတတ် မိနိုင်ခဲ့ ရိုး အမှန်...

မကြာ မကြာ.. သူ့ အနား အခါခါ ရောက်မိတော့မှ
အဲဒီ တောင်တန်း တွေ ပေါ့..

ကောင်းကင်မှာ.. တိမ်ညို ပြီ ဆိုတာနဲ့.. သူ က လိုက် ညို့....
မိုး ကလေး တဖွဲဖွဲ စလိုက်ပြီ ဆို... သူ.. .ရေ တံခွန် တွေ နဲ့.. ရင်ကွဲ ပြ...
မိုးကလေး နဲနဲ သဲ မိလို့ကတော့... ပြို နေအောင် လွမ်း....
နှင်းတွေ ဝေတဲ့ အခါ မျိုး မှာ.. ဟန်ချီ ပိတ် ပိတ် ဖုံး......

မုန်းလိုက် ချင်လို့ ဆို ပြီး..... အဲဒီ တောင်တန်းတွေ ကျောခိုင်း...
ဟိုး ကွင်းပြင် တွေ ဆီ... ငါ လှည့်အော်တော့....
မြစ်လယ် က လှိုင်းကြက်ခွပ် ကလေးတွေ... ခိုးခိုး ခစ်ခစ် ငါ့ ကို လှောင် ရီ တယ်.....။


မမသီရိ
၇.၅.၂၀၁၁

Monday, May 02, 2011

စီးမျောခြင်းများ...

မြစ်တွေစီးဆင်းသွား ကြတယ်...
တိမ်တွေ လွင့်မျော သွားကြတယ်...
ငှက်တွေ ပျံသန်းသွားကြတယ.်....
ပန်းတွေကြွေကျသွားကြတယ်.....

အရာရာ ဟာ....
မတည်မြဲခြင်း သဘောတရား နဲ့
တောက်ပ လင်းလက်လို့...

မှုန်ကုပ်ကုပ် လုပ်ပြီး...
မတုန်လှုပ်တာဆိုလို့..
သင်္ခါရ အစို့ အညှောင့်တွေသာ...
ဟိုမှာ... ဒီမှာ... ဒီမှာ... ဟို မှာ.... နေရာ တိုင်းမှာ.........။


မမသီရိ
၃.၅.၂၀၁၁