Thursday, December 30, 2010

မင်းခြေရာတွေ ငါတွေ့တယ်..

လှစ်ကနဲ .. တွေ့လိုက်မိသလိုပါပဲ
နောက်ကလိုက်ကြည့်တော့ ပျောက်သွား ပြီ...

သဲသောင်ခုံ မွမွ ပေါ်မှာတော့
လွမ်းစရာ့ သူ့ ခြေရာတွေ ထင်လျှက်ကျန်နေ..

ပုန်းညက်တွေမွှေးတာ ကို
မွှေးတဲ့ အကြောင်းပြောဖို့ ..
စဉ်းစား ရမယ်လို့ ထင်နေသူကလေး..

 တိမ်ပြာပြာတွေ နှစ်သက်တာ ..
နှစ်သက်တဲ့အကြောင်း ပြောပြ ဖို့
ခဲခဲယဉ်းယဉ်း လို့ ထင်နေသူကလေး..

ချစ်သူ့ လက်ကလေး.. ဆွဲယူ ထွေးပွေ့ ဖို့အရေး
ဘာတွေကြောင့် ဘယ်လို တုန့်နှေး..
အဝေး ကို ထွက် ထွက် ပြေးရတာလဲ..

အုန်းလက်ညိုညို .
အကြို အကြား အနောက်ဖက်ဆီက
အပြာရောင် အရိပ်ကလေး ရေ...
မင်း မျက်နှာ မမြင်ရအောင်..
မင်း ပုန်းရှောင်နေပေမဲ့...
မင့် အသက်ရှူသံ သဲ့သဲ့ က တော့
မင့် ချစ်သူ့ ရင်... လာ လာမှန် တယ် ရှင်.... ။

မမသီရိ
၁၀.၁၂.၂၀၁၀

Thursday, December 23, 2010

ထောင့်ချိုးအကွယ် ...

ပြာပြာလွှင် နေတဲ့
ကောင်းကင်ကြီးရဲ့ အောက်မှာ ..
တောင်စဉ် ညိုပြာပြာတွေ ရှိတယ် ..

တောင်စဉ်ညိုတွေရဲ့အနောက်
မိုးကုပ်စက်ဝိုင်း အကြားမှာ ပင်လယ်တစင်း ရှိတယ် ..

အဲဒီ ပင်လယ်ရဲ့ ဘေးအစွန်းနားမှာ
အနောက်ဖက်ကမ်းခြေ ရှိတယ် ..

အနောက်ဖက်ကမ်းခြေ အလွန်မှာ ..
ချစ်သူ့ မြို့ကလေး ရှိတယ် ..
 
အဲဒီ မြို့ကလေး အစွန်မှာ ..
တောင်ကုန်းကလေး တခု ရှိတယ်

အဲဒီတောင်ကုန်းလေး နံဘေးမှာ..
ပန်းခြံကလေး တခု ရှိတယ်..

ပန်းခြံကလေး မနီး မဝေးမှာ..
ရေကန်ကလေး တခု ရှိတယ်..

အဲဒီရေကန် လေး အဆုံးမှာ
လမ်းသွယ်ကလေး တခု ရှိတယ်

အဲဒီလမ်းသွယ်ကလေး ထဲမှာ
ချစ်သူ့ ကားကလေး ရှိတယ်..

အဲဒီ ကားကလေးထဲမှာ..
Music Player ကလေး တလုံးရှိတယ်..

အဲဒီ Music Player ကလေးထဲမှာ
ကဗျာကလေးတွေ ရှိတယ်..

အဲဒီကဗျာတွေ ထဲမှာ ..
ကဗျာ ဆရာ ရဲ့ ချစ်သူ ရှိတယ်..

အဲဒီ အမျိုးသမီးကလေးရဲ့ ရင်ထဲမှာ ..
သူ့ ချစ်သူ အမျိုးသား တယောက် ပဲ ရှိတယ်..

အဲဒီ အမျိုးသား ကလေး ရဲ့ ရင်ထဲမှာတော့
ဘယ်သူ ရှိသလဲ ဘယ်သူ မှ မသိနိုင်တယ်....။

မမသီရိ
၂၂.၁၂.၂၀၁၀

Wednesday, December 15, 2010

အဲဒိလက်ကလေးတွေ

နူးညံ့နေမလားဆိုတာ
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေတဲ့
အဲဒီ လက်ကလေး တစုံ..

ကျမအတွက် ပန်းတွေ.. သူ..
အဲဒီ လက်ကလေး နဲ့..
စိုက်ထားပေးခဲ့ဖူး ...

ကျမအတွက် လမ်းတွေ .. သူ..
အဲဒီလက်ကလေး နဲ့ ..
ဖောက်ထားပေးခဲ့ဖူးတယ်..

ကျမ အတွက် သီချင်းတွေ .. သူ..
အဲဒီလက်ကလေးတွေနဲ့ ..
တီးခတ် သီဖွဲ့ပေးဖူး...

ဝက်သစ်ချပင်တွေ စီတန်းနေတဲ့
ကျူးလစ်ပန်းခင်းကြားလမ်းကလေး ပေါ်
ကဗျာတွေစီရင်း လမ်းလျှောက်နေတတ်သူကလေး ရဲ့
အဲဒီလက်ကလေးတွေ..

နူးညံ့နေမလားဆိုတာ..
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေလို့..
အဲဒီ.... လက်ကလေးတွေ.......
တနေ့နေ့တော့.. ကျမ ပါးပြင်.. ဆွဲယူ ကပ်ထား ချင်သေးတယ်..။


မမသီရိ

Monday, December 13, 2010

ရင်ရိပ်အဝေးဆီမှာ

ဖောချင်း သောချင်း
လင်းချင်တိုင်း လင်းနေတဲ့ တန်ဆောင်မုန်း ရဲ့ လ အရောင်..

နှင်း မှုန်မှုန်တွေ ကလဲ
အင်တိုက် အားတိုက် ပါပဲ
ခရမ်းရောင် ရင့်တဲ့ထိ ဖြိုက်ဖြိုက်ကျ လို့...

သဇင်အဦးတွေ
နတ်တော် ပြာသို ကူးအမီ
ပွင့်ဖို့ အားယူ ဖူးကြပြီ ...

အေးစက်စက် ဆောင်းလေ..
အလွမ်းတွေ ချွေချွေ ချ..
အညှိုးကြီးလှချည်ရရဲ့...

(ဒင်း တို့ တတွေ.. )
နေနှင့် အုံး...

ချစ်သူ့ ရင် အလွှာ.. ခြုံပ၀ါ ခြုံ ရတဲ့ ည
နှစ်လွှာ တစ်ရွက် တူစုံ ဖက်ရတဲ့ ည
ရောက် ကို ရောက်ရအုံး မှာ ကွဲ့...

ခေါင်းမော့ လို့ တေး...
အေး ထား နှင့် အုံး..  အေး ချင် သလောက် အေး ပါလေ့..
လမင်း ရေ.. လင်းချင်သလောက် လင်း ပါလေ့..
ရင်ငွေ့ အလှုံ ယုံကြည်ချက်ကလေး မပျက်သရွေ့ ..
ရင်ရိပ်အဝေး မှာပေမဲ့.. အားတင်း ခေါင်းမော့.. အလွမ်းတွေ ကိုချော့ ..
ဒီ ဆောင်းညကျော့ကွင်း မှာ .. ကျမ အမိ မခံတော့... .


မမသီရိ

Monday, December 06, 2010

မင်းသိထားဖို့












ဘယ်လို အကြောင်းမျိုးနဲ့မှ
မင်း ကို ငါ မဖြားယောင်းခဲ့ဖူး..

ရူးမတတ် လွမ်းနေခဲ့တာတောင်..

ချစ်တဲ့ အကြောင်းတွေ
ထောင်သောင်းဖွဲ့ ပြောပြောနေခဲ့တာ
အဲဒါ အချစ် သက်သက်..

မင်း လမ်း ကို မင်းလျှောက်တယ်
မင်းပုလင်းကို မင်းဖောက်တယ်..
မင်း အပင်တွေ မင်း စိုက်တယ်..
မင်း တံ လျှပ် ကို မင်း လိုက်တယ်..
မင်း တံခါး ကို မင်း ပိတ်တယ်..
မင်း အခန်းမီး မင်း မှိတ်တယ်..

မင်း မွန်းကျပ်မှု မင်းလှောင်တယ်
မင်း အတ္တတွေ မင်းမွေး မြူတယ်..

မင်း ဆက်ထုံး တွေ အကြောင်း မင်း ဆွေးမြေ့တယ်..
မင်း ရိုးသားတဲ့ အကြောင်း မင်း အရောင်တင်ဖို့ ကြိုးစား တယ်..
ဒီလိုနဲ့ပဲ ငါ က မင်းကို မချစ်ရရိုး တဲ့လား... 
ဒီလိုနဲ့ပဲ ငါ က မင်းကို မလွမ်းရရိုး တဲ့လား... 


မှတ် ထားလိုက်ပါ့ ကွဲ့ ...

ငါ (မင်း ကို) လွမ်း တယ်.... လွမ်း ရုံ သက်သက်..
ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..
ငါ (မင်း ကို) သတိရတယ်.. သတိရ ရုံ သက်သက်..

ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..

ဆူးတွေ ၀ှက်ထားသူ ကို လာလာ မနှဲ့ ပါနဲ့
နောင်တ.. မှာ အုပ်ထိမ်းသူ မဲ့ တယ်..............။

မမသီရိ